[Zawgyi]

(၁) Gucci၊ Saint Laurentနဲ႔ အျခားေသာတန္ဖိုးျမင္႔ပစၥည္းေတြရဲ႕ လုပ္ငန္းစုၾကီးျဖစ္တဲ႔ Kering ဟာ နာမည္ၾကီးေစ်းေရာင္းေစ်းဝယ္ဝက္ဘ္ဆိုက္ၾကီးျဖစ္တဲ႔ Alibaba ကို ပစၥည္းတုေတြေရာင္းခ်မႈနဲ႔ ၂၀၁၅ ခုနစ္က တရားစြဲဆုိဖို႔လုပ္ခဲ႔ပါတယ္။ ဒီေန႔မွာေတာ႔ ဒီလိုတရားစြဲဆိုမႈကိုျပန္လည္ရုပ္သိမ္းျပီး ပစၥည္းတုေရာင္းခ်မႈေတြကို ပူးေပါင္းတိုက္ဖ်က္သြားေတာ႔မယ္လို႔ဆိုခဲ႔ပါတယ္။

(၂) ရုရွားစိန္တူးေဖာ္ေရးကုမၸဏီ Alrosa ဟာ ႏိုင္ငံအတြင္းမွာတူးေဖာ္ရရွိခဲ့တဲ့ စိန္ပြင့္ႀကီးကို ႏိုဝင္ဘာလအတြင္း အြန္လိုင္းကေန ေလလံတင္ေရာင္းခ်မွာျဖစ္ပါတယ္။ အဆိုပါစိန္ပြင့္ႀကီးဟာ အခ်င္း ၂.၅ စင္တီမီတာရွိၿပီး ၅၁.၃၈ ကာရက္ေလးပါတယ္။ ဒီစိန္ပြင့္ႀကီးကို ရုရွားႏိုင္ငံသမိုင္းတေလွ်ာက္တန္ဖိုးအႀကီးဆံုး ျဖစ္လာဖို႔လည္း ေမွ်ာ္လင့္ထားၾကပါတယ္။

(၃) ေနမာအတြက္ PSG အသင္းအေနနဲ႔ ေျပာင္းေရႊ႕ေၾကးေပါင္ ၁၉၈သန္း (ယူရုိ၂၂၂သန္း) ကုိ ဘာစီလုိနာအသင္းအား ေပးေခ်ရမယ္လုိ႔ သိရပါတယ္။

(၄) ဟဲဗီးဝိတ္လက္ေဝွ႕ခ်န္ပီယံေဟာင္း ကလစ္ခ်္ကို ဟာ လက္ေဝွ႕ေလာကမွအနားယူေတာ႔မယ္လို႔ ေၾကညာလိုက္ျပီျဖစ္ပါတယ္။

(၅) ဒီေန႔ေတာ့ ရန္ကုန္၊ ေက်ာက္ေျမာင္းထဲမွာ Bar အသစ္တစ္ခုဖြင့္ပြဲရွိပါတယ္ဗ်ာ။ Bar နာမည္က 90’s Bar ျဖစ္ျပီးေတာ့ အမွတ္ ၁၂၊ ေအာင္မဂၤလာလမ္းနဲ႔ ဒဂံုသီရိလမ္းေထာင့္၊ ေက်ာက္ေျမာင္းမွာ တည္ရွိပါတယ္။ သူတို႔ Page မွာ ေၾကညာထားတာကေတာ့ ဖြင့္ပြဲဆိုတဲ့အတြက္ ညေန ၆နာရီကေန ၈နာရီအတြင္း Beer Free Flow နဲ႔ Buffet အစားအေသာက္ေတြနဲ႔  ၾကိဳဆိုမယ္လို႔ သိရပါတယ္။ ဘားမွာ ၉၀ခုႏွစ္ဝန္းက်င္ ေမြးခဲ့ၾကတဲ့သူေတြနဲ႔ အၾကိဳက္ခ်င္းဖလွယ္ဖို႔၊ အားလံုးၾကိဳက္ခဲ့တဲ့သီခ်င္းေတြၾကားထဲမွာ ဆံုၾကဖို႔လို႔ လက္တို႔ေၾကာ္ျငာထားပါတယ္။

HGID_KV_Ads_Square2

www.akhayar.com

[Unicode]

(၁) Gucci၊ Saint Laurentနဲ့ အခြားသောတန်ဖိုးမြင့်ပစ္စည်းတွေရဲ့ လုပ်ငန်းစုကြီးဖြစ်တဲ့ Kering ဟာ နာမည်ကြီးဈေးရောင်းဈေးဝယ်ဝက်ဘ်ဆိုက်ကြီးဖြစ်တဲ့ Alibaba ကို ပစ္စည်းတုတွေရောင်းချမှုနဲ့ ၂၀၁၅ ခုနစ်က တရားစွဲဆိုဖို့လုပ်ခဲ့ပါတယ်။ ဒီနေ့မှာတော့ ဒီလိုတရားစွဲဆိုမှုကိုပြန်လည်ရုပ်သိမ်းပြီး ပစ္စည်းတုရောင်းချမှုတွေကို ပူးပေါင်းတိုက်ဖျက်သွားတော့မယ်လို့ဆိုခဲ့ပါတယ်။

(၂) ရုရှားစိန်တူးဖော်ရေးကုမ္ပဏီ Alrosa ဟာ နိုင်ငံအတွင်းမှာတူးဖော်ရရှိခဲ့တဲ့ စိန်ပွင့်ကြီးကို နိုဝင်ဘာလအတွင်း အွန်လိုင်းကနေ လေလံတင်ရောင်းချမှာဖြစ်ပါတယ်။ အဆိုပါစိန်ပွင့်ကြီးဟာ အချင်း ၂.၅ စင်တီမီတာရှိပြီး ၅၁.၃၈ ကာရက်လေးပါတယ်။ ဒီစိန်ပွင့်ကြီးကို ရုရှားနိုင်ငံသမိုင်းတလျှောက်တန်ဖိုးအကြီးဆုံး ဖြစ်လာဖို့လည်း မျှော်လင့်ထားကြပါတယ်။

(၃) နေမာအတွက် PSG အသင်းအနေနဲ့ ပြောင်းရွှေ့ကြေးပေါင် ၁၉၈သန်း (ယူရို၂၂၂သန်း) ကို ဘာစီလိုနာအသင်းအား ပေးချေရမယ်လို့ သိရပါတယ်။

(၄) ဟဲဗီးဝိတ်လက်ဝှေ့ချန်ပီယံဟောင်း ကလစ်ချ်ကို ဟာ လက်ဝှေ့လောကမှအနားယူတော့မယ်လို့ ကြေညာလိုက်ပြီဖြစ်ပါတယ်။

(၅) ဒီနေ့တော့ ရန်ကုန်၊ ကျောက်မြောင်းထဲမှာ Bar အသစ်တစ်ခုဖွင့်ပွဲရှိပါတယ်ဗျာ။ Bar နာမည်က 90’s Bar ဖြစ်ပြီးတော့ အမှတ် ၁၂၊ အောင်မင်္ဂလာလမ်းနဲ့ ဒဂုံသီရိလမ်းထောင့်၊ ကျောက်မြောင်းမှာ တည်ရှိပါတယ်။ သူတို့ Page မှာ ကြေညာထားတာကတော့ ဖွင့်ပွဲဆိုတဲ့အတွက် ညနေ ၆နာရီကနေ ၈နာရီအတွင်း Beer Free Flow နဲ့ Buffet အစားအသောက်တွေနဲ့ ကြိုဆိုမယ်လို့ သိရပါတယ်။ ဘားမှာ ၉၀ခုနှစ်ဝန်းကျင် မွေးခဲ့ကြတဲ့သူတွေနဲ့ အကြိုက်ချင်းဖလှယ်ဖို့၊ အားလုံးကြိုက်ခဲ့တဲ့သီချင်းတွေကြားထဲမှာ ဆုံကြဖို့လို့ လက်တို့ကြော်ငြာထားပါတယ်။

HGID_KV_Ads_Square2

www.akhayar.com