[Zawgyi]






HGID_KV_Ads_Square2

www.akhayar.com

[Unicode]

(၁) ၂၀၁၇ ဂျာမန်စူပါဖလားပွဲမှာ ဘိုင်ယန်မြူးနစ်က ဒေါ့မွန်ကို ပင်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ရဗိုလ်စွဲသွားပါတယ်။

(၂) မနေ့က Junction City Promotion ဧရိယာမှာ နီနီခင်ဇော် ရဲ့ Super Red နှုတ်ခမ်းနီ အမျိုးအစားအသစ်များကို မိတ်ဆက်ပေးခဲ့ပါတယ်။ Floral Matte , Limited Edition တို့အပါအဝင် နှုတ်ခမ်းနီသစ်အမျိုးအစားငါးမျိုး နဲ့မျက်တောင်တု ခြောက်မျိုးကို မိတ်ဆက်ပေးခဲ့ပါတယ်။

(၃) မော်လမြိုင်ပြည်သူ့ဆေးရုံကြီးကြပ်ဆေးဆိုင်က ပြင်ပဆေးဆိုင်များထက် ဈေးပိုရောင်းနေတာကြောင့် ဆေးရုံကြီးကြပ်ရေးကော်မတီက တစ်လတစ်ကြိမ် စစ်ဆေးပါတော့မယ်။

(၄) မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်(ဗဟို)နဲ့ အသားတိုးကြက်မွေးမြူထုတ်လုပ်ရောင်းချသူများအသင်းတို့ ပူးပေါင်းကျင်းပတဲ့ ကြက်သားနဲ့ကြက်ဥများ အန္တရာယ်ကင်းစွာချက်ပြုတ်စားသုံးနိုင်ရေး ကြက်သားစားပွဲတော်ကို ဒီနေ့ မနက် 9 နာရီကနေ 12 နာရီထိ People’s Park မှာကျင်းပမှာ ဖြစ်ပါတယ်။

(၅) WHO ရဲ့ဦးဆောင်မှုနဲ့ ဖိလစ်ပိုင်နိုင်ငံမှာ ကျင်းပတဲ့ မိခင်နို့တိုက်ကျွေးရေးအခမ်းအနားကို နို့တိုက်မိခင် 2000 ကျော်နဲ့ ကလေးအမြောက်အမြား တက်ရောက်ဆင်နွှဲခဲ့တယ်လို့ သိရပါတယ်။

HGID_KV_Ads_Square2

www.akhayar.com