[Zawgyi]
(၁) Camera App အသစ္ထုတ္လုပ္လုိက္တဲ့ Google
HGID_KV_Ads_Square
www.akhayar.com
[Unicode]
(၁) Camera App အသစ်ထုတ်လုပ်လိုက်တဲ့ Google
Google ဟာ Camera App အသစ်ဖြစ်တဲ့ Selfie Flash Feature ကိုထုတ်လုပ်ခဲ့တယ်လို့ သိရပါတယ်။ ဒီ Feature ဟာ အလင်းရောင်နည်းတဲ့အချိန် ဓာတ်ပုံရိုက်တဲ့အခါ ပုံထွက်ကောင်းအောင် ကူညီပေးတဲ့ App တစ်ခုဖြစ်ပါတယ်။ ဓာတ်ပုံရိုက်တဲ့အချိန် Flash ကို Automatic ဒါမှမဟုတ် On ထားပေးဖို့လိုပါတယ်။ ဒီ Feature ကို Android 7.11 နဲ့အထက်သာ အသုံးပြုနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။
(၂) 256GB Version ထွက်လာမယ့် Samsung Galaxy Note 8
Samsung ဟာ Galaxy Note 8 အတွက် 256 GB Version ထုတ်လုပ်မှာဖြစ်ကြောင်းသိရပါတယ်။ ဒါပေမယ့်အသစ်ထွက်လာမယ့် Version ကို နိုင်ငံတကာမှာ ရောင်းချမှာမဟုတ်ပဲ ကန့်သတ်ထားတဲနိုင်ငံတွေမှာပဲရရှိမှာဖြစ်ပါတယ်။ Samsung Galaxy S8 ကို လက်ရှိမှာ 128GB Storage , 6GB Ram ထိထုတ်လုပ်ပေးထားတာဖြစ်ပါတယ်။ အွန်လိုင်းမှာထွက်ပေါ်နေတဲ့သတင်းတွေအရ အသစ်ထွက်လာမယ့် Galaxy Note 8 ရဲ့ မျက်နှာပြင်အကျယ်အဝန်းဟာ ၆.၃ လက်မရှိပြီး AMOLED Infinity Display, RAM 6GB, Internal Storage 64GB , Qualcomm Snapdragon 835 , 12MP Dual Rear Cameras တို့ တပ်ဆင်ထားမှာဖြစ်ပါတယ်။ အမေရိကန် ၊ ကိုရီးယား တို့အပါအဝင် တချို့နိုင်ငံတွေမှာ Note 8 ကို စက်တင်ဘာပထမပတ်မှာ ရောင်းချပေးမှာဖြစ်ပြီး ဒုတိယအသုတ်ကိုတော့ အောက်တိုဘာမှာ ရောင်းချမှာဖြစ်တယ်လို့ သိရပါတယ်။
(၃) Android “O” ရဲ့တရားဝင်နာမည်ကို August 21 မှာထုတ်ဖော်မည်
အသစ်ထွက်လာမယ့် Google ရဲ့ Android Operating System တစ်ခုဖြစ်တဲ့ “Android O” ရဲ့ တရားဝင်နာမည်ပေးခြင်းကို August 21 မှာထုတ်ဖော်မှာဖြစ်ကြောင်းသိရပါတယ်။ August 21 ဟာ နေကြတ်မယ့်နေ့ရက်ဖြစ်တာကြောင့် Google ဟာ အဲဒီနေ့နဲ့ဆက်စပ်ပြီး ကြီးကြီးမားမားတစ်ခုခု ပြုလုပ်သွားမှာဖြစ်တယ်လို့ ခန့်မှန်းထားကြောင်းသိရပါတယ်။ တစ်ချျို့ကတော့ အသစ်ထွက်လာမယ့် “Android O” ရဲ့ နာမည်ကို “OREO” ဖြစ်မယ်လို့ ခန့်မှန်းထားကြောင်းသိရပါတယ်။
(၄) Google ကနေ ဒေါ်လာ ၂၀၀ အထိ ဈေးနှုန်းလျှော့ချပေးမယ်ဆိုတဲ့ Pixel ဖုန်းများ
Google က Google Pixel ၏ 32 GB နှင့် 128 GB ဗားရှင်းနှစ်မျိုးစလုံးကို ၁၂၅ ဒေါ်လာစီ လျှော့ချခဲ့သောကြောင့် ယခုအခါ Google က Original Smart Phone များကို 524 ဒေါ်လာနဲ့ 624 ဒေါ်လာအသီးသီးသာ ကျသင့်တော့မည်ဖြစ်ပါသည်။
(၅) မြန်မာနိုင်ငံမှာ ကျင်းပခဲ့သည့် Mobile Legend Tournament ပြိုင်ပွဲတွင် TA2 အသင်းမှအနိုင်ရရှိ
Mobile Legend Tournament ပွဲကို August လ ၅ ရက်နေ့က Junction Square တွင် ကျင်းပပြုလုပ်ခဲ့ပါတယ်။ ထိုပွဲမှာ TA2 အနေနဲ့ က ပထမ ၊ Mega Myanmar အနေနဲ့ ဒုတိယရရှိပြီး တတိယဆုကို WRI အသင်းနှင့် စတုတ္ထ ဆုကို RAVE အစရှိတဲ့အသင်းများက ဆွတ်ခူးရရှိသွားပါတယ်။
HGID_KV_Ads_Square
www.akhayar.com