[Zawgyi]

(၁) မ်ိဳးဗီဇအရျပဳျပင္ေျပာင္းလဲထားတဲ႔ ဝက္ေတြရဲ႕ကိုယ္တြင္းအဂၤါေတြနဲ႔ လူေတြကိုအစားထိုးကုသႏိုင္ေျခရွိတယ္လို႔ သိရပါတယ္။ စမ္းသပ္ေလ႔လာမႈေတြအရ ဒါဟာ အဆင္ေျပႏိုင္ဖို႔ ေသခ်ာသေလာက္ရွိျပီး လက္ရွိအခ်ိန္မွာေတာ႔ စမ္းသပ္မႈေတြရဲ႕ ကနဦးအဆင္႔ပဲရွိေသးတယ္လို႔ သိရပါတယ္။

(၂) YBS ဘတ္စ္ကားေတြမွာ ယာဥ္စီးခကိုကတ္နဲ႔ေပးေခ်ႏိုင္ဖို႔အတြက္ လုပ္ကိုင္လိုတဲ႔ကုမၸဏီေတြကို ရန္ကုန္တိုင္းေဒသၾကီးအစိုးရအဖြဲ႕က တင္ဒါစတင္ေခၚယူလိုက္ျပီလို႔ သိရပါတယ္။

(၃) ဆက္သြယ္ေရးဥပေဒ ၆၆(ဃ) ကို ျပင္ဆင္ေရးလႈပ္ရွားေနရာတြင္ ျပည္သူ႔လႊတ္ေတာ္ေကာ္မတီဥကၠဌ ဦးထြန္းထြန္းဟိန္ကလည္း ဆက္သြယ္ေရးဥပေဒပုဒ္မ ၆၆ နဲ႔ တရားစြဲဆုိမႈမ်ား အာမခံရရွိႏုိင္ဖို႔ ျပစ္ဒဏ္မ်ားကို ေထာင္ဒဏ္သံုးႏွစ္အစား သံုးႏွစ္ေအာက္ေထာင္ဒဏ္ဆိုျပီး ေျပာင္းလဲျပင္ဆင္သင့္တယ္လို႔ အၾကံျပဳပါတယ္။ ဒီလိုျပင္ဆင္လိုက္ရင္ ပုဒ္မ ၆၆ နဲ႔ ဆက္စပ္တဲ့ျပစ္မႈေတြကို အာမခံေပးႏုိင္တဲ့ ျပစ္မႈေတြအျဖစ္ ေျပာင္းလဲသြားႏုိင္တယ္လို႔ ေျပာၾကားသြားပါတယ္။

(၄) ၂၀၁၇-၁၈ အဂၤလန္ ပရီးမီးယားလိဂ္ ေဘာလံုုးရာသီအဖြင့္ပြဲအျဖစ္ အာဆင္နယ္နဲ႔ လက္စတာစီးတီးတို႔ ကစားၾကမွာပါ။ အဂၤလန္ႏိုင္ငံရဲ႕စံေတာ္ခ်ိန္ ၇ နာ ၄၅ မိနစ္မွာ က်င္းပမွာျဖစ္ေပမယ့္ ျမန္မာႏိုင္ငံစံေတာ္ခ်ိန္နဲ႔ ဆိုရင္ေတာ့ စေနေန႔မနက္ ၁ နာရီ ၁၅ မိနစ္ျဖစ္ပါလိမ့္မယ္။

(၅) ထုိင္းႏုိင္ငံမွာ ၉၁ႏွစ္အရြယ္ရွိတဲ့ အဖြားအုိ ကင္လန္ဂ်ီနာကူ (Kimlan Jinakul) ဟာ ဆူခိုထိုင္းသမၼာသီရတ္ တကၠသိုလ္ (Sukhothai Thammathirat Open University) မွာ လူသားႏွင့္ မိသားစုဖြံ႕ၿဖိဳးေရး အထူးျပဳဘာသာရပ္ (Human and Family Development) နဲ႔ ဝိဇၨာဘြဲ႕ကုိ ဗုဒၶဟူးေန႔က ရရွိခဲ့ပါတယ္။

HGID_KV_Ads_Square

www.akhayar.com

[Unicode]

(၁) မျိုးဗီဇအရပြုပြင်ပြောင်းလဲထားတဲ့ ဝက်တွေရဲ့ကိုယ်တွင်းအင်္ဂါတွေနဲ့ လူတွေကိုအစားထိုးကုသနိုင်ခြေရှိတယ်လို့ သိရပါတယ်။ စမ်းသပ်လေ့လာမှုတွေအရ ဒါဟာ အဆင်ပြေနိုင်ဖို့ သေချာသလောက်ရှိပြီး လက်ရှိအချိန်မှာတော့ စမ်းသပ်မှုတွေရဲ့ ကနဦးအဆင့်ပဲရှိသေးတယ်လို့ သိရပါတယ်။

(၂) YBS ဘတ်စ်ကားတွေမှာ ယာဉ်စီးခကိုကတ်နဲ့ပေးချေနိုင်ဖို့အတွက် လုပ်ကိုင်လိုတဲ့ကုမ္ပဏီတွေကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က တင်ဒါစတင်ခေါ်ယူလိုက်ပြီလို့ သိရပါတယ်။

(၃) ဆက်သွယ်ရေးဥပဒေ ၆၆(ဃ) ကို ပြင်ဆင်ရေးလှုပ်ရှားနေရာတွင် ပြည်သူ့လွှတ်တော်ကော်မတီဥက္ကဌ ဦးထွန်းထွန်းဟိန်ကလည်း ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ နဲ့ တရားစွဲဆိုမှုများ အာမခံရရှိနိုင်ဖို့ ပြစ်ဒဏ်များကို ထောင်ဒဏ်သုံးနှစ်အစား သုံးနှစ်အောက်ထောင်ဒဏ်ဆိုပြီး ပြောင်းလဲပြင်ဆင်သင့်တယ်လို့ အကြံပြုပါတယ်။ ဒီလိုပြင်ဆင်လိုက်ရင် ပုဒ်မ ၆၆ နဲ့ ဆက်စပ်တဲ့ပြစ်မှုတွေကို အာမခံပေးနိုင်တဲ့ ပြစ်မှုတွေအဖြစ် ပြောင်းလဲသွားနိုင်တယ်လို့ ပြောကြားသွားပါတယ။်

(၄) ၂၀၁၇-၁၈ အင်္ဂလန် ပရီးမီးယားလိဂ် ဘောလုံုးရာသီအဖွင့်ပွဲအဖြစ် အာဆင်နယ်နဲ့ လက်စတာစီးတီးတို့ ကစားကြမှာပါ။ အင်္ဂလန်နိုင်ငံရဲ့စံတော်ချိန် ၇ နာ ၄၅ မိနစ်မှာ ကျင်းပမှာဖြစ်ပေမယ့် မြန်မာနိုင်ငံစံတော်ချိန်နဲ့ ဆိုရင်တော့ စနေနေ့မနက် ၁ နာရီ ၁၅ မိနစ်ဖြစ်ပါလိမ့်မယ်။

(၅) ထိုင်းနိုင်ငံမှာ ၉၁နှစ်အရွယ်ရှိတဲ့ အဖွားအို ကင်လန်ဂျီနာကူ (Kimlan Jinakul) ဟာ ဆူခိုထိုင်းသမ္မာသီရတ် တက္ကသိုလ် (Sukhothai Thammathirat Open University) မှာ လူသားနှင့် မိသားစုဖွံ့ဖြိုးရေး အထူးပြုဘာသာရပ် (Human and Family Development) နဲ့ ဝိဇ္ဇာဘွဲ့ကို ဗုဒ္ဓဟူးနေ့က ရရှိခဲ့ပါတယ်။

HGID_KV_Ads_Square

www.akhayar.com