[Zawgyi]

(၁) ၂၀၁၇ ခုႏွစ္အတြင္းမွာ ျမန္မာႏုိင္ငံမွာ အမ်ားဆံုး မူးယစ္ေဆးဝါးပမာဏကို ရွမ္းျပည္နယ္အေရွ႕ပိုင္းတာခ်ီလိတ္ျမိဳ႕မွာ ၾသဂုတ္လ ၈ရက္ ည၁၀နာရီမွာ ဖမ္းဆီးရမိခဲ့တယ္လို႔ သိရပါတယ္။ စိတ္ၾကြေဆးျပား ၈၅ အိတ္အပါအဝင္ ဘိန္းျဖဴဘေလာက္တံုးအမ်ားအျပား၊ အျခားမူးယစ္ေဆးဝါးမ်ားနဲ႔ ေသနတ္မ်ားကိုပါ ဖမ္းဆီးရမိျပီး ဖမ္းဆီးရမိတဲ့အေရအတြက္ဟာ မ်ားလြန္းတဲ့အတြက္ ေရတြက္ေနဆဲျဖစ္လုိ႔ အမႈေတာင္ မဖြင့္ႏုိင္ေသးဘူးလို႔ ဆိုပါတယ္။

(၂) အဆိုေတာ္ခိုင္ထူးဟာ ၾသဂုတ္လ ၉ရက္၊ ေန႔လည္ ၃နာရီ ၂၄မိနစ္မွာ ရန္ကုန္ၿမိဳ႕၊ ပါရမီေဆး႐ံုမွာ ကြယ္လြန္အနိစၥေရာက္ခဲ့ပါတယ္။ ခိုင္ထူးကြယ္လြန္္ခ်ိန္မွာေတာ့ ပရိသတ္အမ်ားအျပားဟာ သူ႔အတြက္ လူမႈကြန္ရက္ကေနတဆင့္ ဆုမြန္ေကာငး္ေတာင္းေပးခဲ့ၾကပါတယ္။

(၃) ရာသီတုပ္ေကြးေရာဂါနဲ႔ ေဆးရုံတက္ေရာက္ကုသေနတဲ့ အသက္ ၅ ႏွစ္ေအာက္ကေလးငယ္ႏွစ္ဦး ထပ္မံေသဆံုးခဲ့တယ္လို႔ သိရပါတယ္။ ေရာဂါစတင္ျဖစ္ပြားခ်ိန္မွ ၾသဂုတ္လ ၉ ရက္ေန႔အထိ ရာသီတုပ္ေကြးသံသယလူနာ ၄၇၄ ဦး၊ ပိုးေတြ႔လူနာ ၁၈၃ ဦးနဲ႔ ေသဆံုးသူ ၁၉ ဦးရွိျပီျဖစ္တယ္လို႔ သိရပါတယ္။

(၄) စစ္စခန္းမေတြအေပၚနဲ႔ စစ္စခန္းေတြအနီး ပ်ံသန္းေနတဲ့ ေမာင္းသူမဲ့ေလယာဥ္ေတြကုိ ပစ္ခ်မွာျဖစ္ေၾကာင္း အေမရိကန္ကာကြယ္ေရးဌာနခ်ဳပ္ ပင္တဂြန္ (Pentagon) က ညႊန္ၾကားလုိက္ပါတယ္။

(၅) ၂၀၁၇-၂၀၁၈ ပရီးမီးယားလိဂ္ၿပိဳင္ပြဲကို ၁၁.၈.၂၀၁၇ (ေသာၾကာေန႔) မွာ စတင္က်င္းပေတာ့မွာပါ။ မႏွစ္က ခ်န္ပီယံခ်ဲလ္ဆီးလ္အေနနဲ႔ ခ်န္ပီယံဘြဲ႕ကို ခက္ခက္ခဲခဲ ကာကြယ္ရဖြယ္ရွိေနပါတယ္။

HGID_KV_Ads_Square

www.akhayar.com

[Unicode]

(၁) ၂၀၁၇ ခုနှစ်အတွင်းမှာ မြန်မာနိုင်ငံမှာ အများဆုံး မူးယစ်ဆေးဝါးပမာဏကို ရှမ်းပြည်နယ်အရှေ့ပိုင်းတာချီလိတ်မြို့မှာ သြဂုတ်လ ၈ရက် ည၁၀နာရီမှာ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။ စိတ်ကြွဆေးပြား ၈၅ အိတ်အပါအဝင် ဘိန်းဖြူဘလောက်တုံးအများအပြား၊ အခြားမူးယစ်ဆေးဝါးများနဲ့ သေနတ်များကိုပါ ဖမ်းဆီးရမိပြီး ဖမ်းဆီးရမိတဲ့အရေအတွက်ဟာ များလွန်းတဲ့အတွက် ရေတွက်နေဆဲဖြစ်လို့ အမှုတောင် မဖွင့်နိုင်သေးဘူးလို့ ဆိုပါတယ်။

(၂) အဆိုတော်ခိုင်ထူးဟာ သြဂုတ်လ ၉ရက်၊ နေ့လည် ၃နာရီ ၂၄မိနစ်မှာ ရန်ကုန်မြို့၊ ပါရမီဆေးရုံမှာ ကွယ်လွန်အနိစ္စရောက်ခဲ့ပါတယ်။ ခိုင်ထူးကွယ်လွန်ချိန်မှာတော့ ပရိသတ်အများအပြားဟာ သူ့အတွက် လူမှုကွန်ရက်ကနေတဆင့် ဆုမွန်ကောင်းတောင်းပေးခဲ့ကြပါတယ်။

(၃) ရာသီတုပ်ကွေးရောဂါနဲ့ ဆေးရုံတက်ရောက်ကုသနေတဲ့ အသက် ၅ နှစ်အောက်ကလေးငယ်နှစ်ဦး ထပ်မံသေဆုံးခဲ့တယ်လို့ သိရပါတယ်။ ရောဂါစတင်ဖြစ်ပွားချိန်မှ သြဂုတ်လ ၉ ရက်နေ့အထိ ရာသီတုပ်ကွေးသံသယလူနာ ၄၇၄ ဦး၊ ပိုးတွေ့လူနာ ၁၈၃ ဦးနဲ့ သေဆုံးသူ ၁၉ ဦးရှိပြီဖြစ်တယ်လို့ သိရပါတယ်။

(၄) စစ်စခန်းမတွေအပေါ်နဲ့ စစ်စခန်းတွေအနီး ပျံသန်းနေတဲ့ မောင်းသူမဲ့လေယာဉ်တွေကို ပစ်ချမှာဖြစ်ကြောင်း အမေရိကန်ကာကွယ်ရေးဌာနချုပ် ပင်တဂွန် (Pentagon) က ညွှန်ကြားလိုက်ပါတယ်။

(၅) ၂၀၁၇-၂၀၁၈ ပရီးမီးယားလိဂ်ပြိုင်ပွဲကို ၁၁.၈.၂၀၁၇ (သောကြာနေ့) မှာ စတင်ကျင်းပတော့မှာပါ။ မနှစ်က ချန်ပီယံချဲလ်ဆီးလ်အနေနဲ့ ချန်ပီယံဘွဲ့ကို ခက်ခက်ခဲခဲ ကာကွယ်ရဖွယ်ရှိနေပါတယ်။

HGID_KV_Ads_Square

www.akhayar.com