[Zawgyi]

Smokey Eye နဲ႔ အလိုက္ဖက္ဆံုး Hollywood Celebrity ၅ဦး

Smokey ဆိုတာက Red Carpet ေတြ၊ Event ေတြ၊ တျခားခမ္းခမ္းနားနားက်င္းပၾကတဲ့ Party ေတြနဲ႔ အလိုက္ဖက္ဆံုး Night Makeup look မ်ိဳးပါ။ Smokey Eye ခ်ယ္ဖို႔ အမဲ၊ ခဲ အေရာင္နက္ေတြအဆင့္ဆင့္ ေရြးခ်ယ္ ျခယ္သရသလို အေသးစိတ္အဆင့္ဆင့္လိမ္းျခယ္မႈေတြေၾကာင့္လည္း အခ်ိန္ေတာ္ေတာ္ေပးရၿပီး ေတာ္ရံုပြဲလမ္းအခမ္းအနားေတြအတြက္ ျပင္ဆင္ေလ့မရွိၾကပါဘူး။ ဒါ့အျပင္ Smokey Eyeshadow Look ေတြဟာ မ်က္ႏွာေခ်မိုးမိုးနဲ႔ အၾကည့္ကအစ မာေက်ာၿပီး မာနခပ္ႀကီးႀကီး ရဲဝင့္တဲ့ အမ်ိဳးသမီးတစ္ေယာက္အသြင္ကို ေဖာ္တာမို႔ ေတာ္ရံုအမ်ိဳးသမီးေတာ္ေတာ္မ်ားမ်ားနဲ႔ မလိုက္ဖက္ၾကပါဘူး။ အေရာင္စပ္မႈ၊ လိမ္းျခယ္ပံု မကြ်မ္းက်င္တဲ့အခါမွာလည္း မိတ္ကပ္အလွကိုပါပ်က္ၿပီး ဆိုးဆိုးရြားရြားကို ႐ုပ္ဆိုးသြားေစတာမို႔ ေတာ္ရံုမင္းသမီးေတြ မစြန္႔စားဝံ့တဲ့ မိတ္ကပ္ျပင္ဆင္မႈပါ။

ဒါေပမယ့္ Smokey Eye Look ရဲ႕ သေဘာသဘာဝအေနအထားကို နားလည္ၿပီး ကိုယ့္မ်က္ႏွာအသြင္ျပင္ေပၚ ျခယ္သလိုက္တဲ့အခါ ၂ခါျပန္ေငးၾကည့္ရေလာက္ေအာင္ ဆြဲေဆာင္မႈရွိလြန္းတဲ့ Hollywood ရဲ႕ မင္းသမီးေခ်ာ ၅ဦးလည္း ရွိပါေသးတယ္။ သူတို႔ေတြကေတာ့-

(၁) Kristen Steward

Twilight ရဲ႕ မင္းသမီးေခ်ာေလး Kristen Steward က Hollywood မင္းသမီးေတြထဲမွာေတာ့ တကယ့္ ေယာက္်ားဆန္ဆန္ ေနထိုင္တတ္သူတစ္ေယာက္ပါ။ Bisexual လို႔လည္း ဝန္ခံထားတဲ့ သူမကေတာ့ လံုးဝသံသယဝင္စရာမလိုေအာင္ကို Smokey Eyeshadow Look နဲ႔ အလွဆံုးျဖစ္တဲ့အျပင္ သူမရဲ႕ ပြဲတိုင္းျပင္တဲ့ Makeup Look ျဖစ္ခဲ့ပါတယ္။

(၂) Cara Delevigne

Smokey Eye Look နဲ႔ ဒုတိယအလွဆံုး ေမာ္ဒယ္လ္ မင္းသမီးပါပဲ။ ေရႊအိုေရာင္ဆံပင္ေတြနဲ႔ Smokey Eye Look ဟာ Cara အတြက္ေတာ့ အလိုက္ဖက္ညီဆံုး မိတ္ကပ္အသြင္အျပင္ပါ။

(၃) Rita Ora

ဒီဂ်စ္ကန္ကန္ မ်က္ႏွာအသြင္ျပင္နဲ႔ အဆိုေတာ္မေခ်ာေခ်ာေလးကလည္း သူမရဲ႕ Smokey Eye Look နဲ႔လူသိမ်ားနာမည္ႀကီးသူပါ။ ေတာ္ရံုလူနဲ႔လိုက္ဖက္ခဲတဲ့ ဒီ မ်က္လံုးျခယ္သမႈဟာ သူမရဲ႕ ေလးကိုင္းမ်က္ခံုးလွလွေအာက္မွာေတာ့ တကယ္ကို ညိဳ႕ဓါတ္အျပည့္ရွိေနသူပါ။

(၄) Adriana Lima

Victoria Secret ရဲ႕ ဒိတ္ဒိတ္ႀကဲေမာ္ဒယ္တစ္ဦးျဖစ္တဲ့ Adriana Lima ကလည္း Smokey Eye Makeup Look နဲ႔ ပုရိသေတြေႂကြေလာက္ေအာင္ ညိဳ႕တတ္သူပါ။ သူမပြဲေတြတက္တိုင္း အမ်ားဆံုးလိမ္းျခယ္ျဖစ္တဲ့ပံုစံလည္း ျဖစ္ပါေသးတယ္။

(၅) Victoria Beckham

အၿမဲတမ္းတည္ေနတဲ့မ်က္ႏွာနဲ႔ မာန္မာနႀကီးလြန္းသူ Fashion ဘုရင္မတစ္ပါးျဖစ္တဲ့ Victoria Beckham ဟာလည္း ေတာ္ရံုလူေတြ မျခယ္သ ရဲတဲ့ Smokey Eyeshadow နဲ႔ ပြဲတိုင္း ေမာ္ႂကြားေနေအာင္ လွရက္သူတစ္ဦးပါ။ Smokey Eye ဟာ Victoria ရဲ႕ အထိမ္းအမွတ္လို႔ေတာင္ ေျပာလို႔ရပါတယ္။

ဒီမင္းသမီးေတြကေတာ့ Smokey Eye Look နဲ႔ အထာက်က်လွေနႀကတဲ့ Hollywood ရဲ႕ နာမည္ႀကီးေတြလို႔ဆိုရင္ မမွားပါဘူး။

EiEiKhineMinn (Akhayar)

[Unicode]

Smokey Eye နဲ့ အလိုက်ဖက်ဆုံး Hollywood Celebrity ၅ဦး

Smokey ဆိုတာက Red Carpet တွေ၊ Event တွေ၊ တခြားခမ်းခမ်းနားနားကျင်းပကြတဲ့ Party တွေနဲ့ အလိုက်ဖက်ဆုံး Night Makeup look မျိုးပါ။ Smokey Eye ချယ်ဖို့ အမဲ၊ ခဲ အရောင်နက်တွေအဆင့်ဆင့် ရွေးချယ် ခြယ်သရသလို အသေးစိတ်အဆင့်ဆင့်လိမ်းခြယ်မှုတွေကြောင့်လည်း အချိန်တော်တော်ပေးရပြီး တော်ရုံပွဲလမ်းအခမ်းအနားတွေအတွက် ပြင်ဆင်လေ့မရှိကြပါဘူး။ ဒါ့အပြင် Smokey Eyeshadow Look တွေဟာ မျက်နှာချေမိုးမိုးနဲ့ အကြည့်ကအစ မာကျောပြီး မာနခပ်ကြီးကြီး ရဲဝင့်တဲ့ အမျိဴးသမီးတစ်ယောက်အသွင်ကို ဖော်တာမို့ တော်ရုံအမျိုးသမီးတော်တော်များများနဲ့ မလိုက်ဖက်ကြပါဘူး။ ဒါ့အပြင် အရောင်စပ်မှု၊ လိမ်းခြယ်ပုံ မကျွမ်းကျင်တဲ့အခါမှာလည်း မိတ်ကပ်အလှကိုပါပျက်ပြီး ဆိုးဆိုးရွားရွားကို ရုပ်ဆိုးသွားစေတာမို့ တော်ရုံမင်းသမီးတွေ မစွန့်စားဝံ့တဲ့ မြိတကပ်ပြင်ဆင်မှုပါ။

ဒါပေမယ့် Smokey Eye Look ရဲ့ သဘောသဘာဝအနေအထားကို နားလည်ပြီး ကိုယ့်မျက်နှာအသွင်ပြင်ပေါ် ခြယ်သလိုက်တဲ့အခါ ၂ခါပြန်ငေးကြည့်ရလောက်အောင် ဆွဲဆောင်မှုရှိလွန်းတဲ့ Hollywood ရဲ့ မင်းသမီးချော ၅ဦးလည်း ရှိပါသေးတယ်။ သူတို့တွေကတော့-

(၁) Kristen Steward

Twilight ရဲ့ မင်းသမီးချောလေး Kristen Steward ကတော့ Hollywood မင်းသမီးတွေထဲမှာတော့ တကယ့် ယောက်ျားဆန်ဆန် နေထိုင်တတ်သူတစ်ယောက်ပါ။ Bisexual လို့လည်း ဝန်ခံထားတဲ့ သူမကတော့ လုံးဝသံသယဝင်စရာမလိုအောင်ကို Smokey Eyeshadow Look နဲ့ အလှဆုံးဖြစ်တဲ့အပြင် သူမရဲ့ ပွဲတိုင်းပြင်တဲ့ Makeup Look ဖြစ်ခဲ့ပါတယ်။

(၂) Cara Delevigne

Smokey Eye Look နဲ့ ဒုတိယအလှဆုံး မော်ဒယ်လ် မင်းသမီးပါပဲ။ ရွှေအိုရောင်ဆံပင်တွေနဲ့ Smokey Eye Look ဟာ Cara အတွက်တော့ အလိုက်ဖက်ညီဆုံး မိတ်ကပ်အသွင်အပြင်ပါ။

(၃) Rita Ora

ဒီဂျစ်ကန်ကန် မျက်နှာအသွင်ပြင်နဲ့ အဆိုတော်မချောချောလေးကလည်း သူမရဲ့ Smokey Eye Look နဲ့လူသိများနာမည်ကြီးသူပါ။ တော်ရုံလူနဲ့လိုက်ဖက်ခဲတဲ့ ဒီ မျက်လုံးခြယ်သမှုဟာ သူမရဲ့ လေးကိုင်းမျက်ခုံးလှလှအောက်မှာတော့ တကယ်ကို ညို့ဓါတ်အပြည့်ရှိနေသူပါ။

(၄) Adriana Lima

Victoria Secret ရဲ့ ဒိတ်ဒိတ်ကြဲမော်ဒယ်တစ်ဦးဖြစ်တဲ့ Adriana Lima ကလည်း Smokey Eye Makeup Look နဲ့ ပုရိသတွေကြွေလောက်အောင် ညို့တတ်သူပါ။ သူမပွဲတွေတက်တိုင်း အများဆုံးလိမ်းခြယ်ဖြစ်တဲ့ပုံစံလည်း ဖြစ်ပါသေးတယ်။

(၅) Victoria Beckham

အမြဲတမ်းတည်နေတဲ့မျက်နှာနဲ့ မာန်မာနကြီးလွန်းသူ Fashion ဘုရင်မတစ်ပါးဖြစ်တဲ့ Victoria Beckham ဟာလည်း တော်ရုံလူတွေ မခြယ်သ ရဲတဲ့ Smokey Eyeshadow နဲ့ ပွဲတိုင်း မော်ကြွားနေအောင် လှရက်သူတစ်ဦးပါ။ Smokey Eye ဟာ Victoria ရဲ့ အထိမ်းအမှတ်လို့တောင် ပြောလို့ရပါတယ်။

ဒီမင်းသမီးတွေကတော့ Smokey Eye Look နဲ့ အထာကျကျလှနေကြတဲ့ Hollywood ရဲ့ နာမည်ကြီးတွေလို့ဆိုရင် မမှားပါဘူး။

EiEiKhineMinn (Akhayar)