[Zawgyi]

မန္ယူသမိုင္းတစ္ေလွ်ာက္ အသင္းအတြက္အက်ိဳးရိွေစခဲ႔တဲ႔ ကစားသမားေခၚယူမႈမ်ား

ကမၻာ႔ေဘာလံုးေလာကမွာ မွန္ကန္တဲ႔အေျပာင္းအေရႊ႕ကိုလုပ္ေဆာင္ႏိုင္ဖို႔ဆိုတာ တကယ္႔ကိုအေရးၾကီးတဲ႔အရာပါ။ ေအာင္ျမင္တဲ႔ကစားသမား အေျပာင္းအေရႊ႕ဟာ အသင္းအေပၚမ်ားစြာ အက်ိဳးျပဳသလို ၊ မထင္မွတ္ဘဲ ကစားသမား အေျပာင္းအေရႊ႕ဟာ က်ရံႈးခဲ႔ရင္လည္း အသင္းအေနနဲ႔ ေပးဆပ္မႈၾကီးမားေစပါတယ္။ ကမၻာ႔ေဘာလံုးေလာကမွာ မန္ယူအသင္းဟာ ေအာင္ျမင္မႈအစဥ္အလာၾကီးမားတဲ႔ အသင္းျဖစ္ျပီး ပရိသတ္အားေပးႏႈန္းလည္းျမင္႔တဲ႔အသင္းျဖစ္တာေၾကာင္႔ ပရိသတ္ေတြအတြက္ မန္ယူသမိုင္းတစ္ေလွ်ာက္ အသင္းအတြက္အက်ိဳးရိွေစခဲ႔တဲ႔ ကစားသမားေခၚယူမႈေတြကို ေဖာ္ျပေပးလိုက္ပါတယ္။

(၁) စီၤေရာ္နယ္လ္ဒို Cristiano Ronaldo

Cristiano-Ronaldo

Cristiano-Ronaldo

ဒီစာရင္းရဲ႕ နံပါတ္(၁)ေနရာမွာ စီၤေရာ္နယ္လ္ဒို Cristiano Ronaldo ရိွေနတာဟာ သိပ္ထူးဆန္းတဲ႔ အရာေတာ႔မဟုတ္ပါဘူး။ စီၤေရာ္နယ္လ္ဒို Cristiano Ronaldo ဟာ နည္းျပဖာဂူဆန္ Ferguson လက္ေအာက္မွာ ကမၻာ႔အေကာင္းဆံုးကစားသမားျဖစ္ခဲ႔တဲ႔ အထိတိုးတက္ခဲ႔တာပါ။ စီၤေရာ္နယ္လ္ဒို Cristiano Ronaldo ဟာ မန္ယူအသင္းမွာသမိုင္းတစ္ခု ဖန္တီးႏိုင္ခဲ႔သလို အသင္းနဲ႔အတူဆုဖလားမ်ားစြာရယူခဲ႔ပါတယ္။

စီၤေရာ္နယ္လ္ဒို Cristiano Ronaldo ရဲ႕ မန္ယူကစားသမားဘ၀ ေအာင္ျမင္မႈမ်ား

Premier League: 2006–07, 2007–08, 2008–09
FA Cup: 2003–04
Football League Cup: 2005–06, 2008–09
FA Community Shield: 2007
UEFA Champions League: 2007–08
FIFA Club World Cup: 2008

(၂) ကန္တိုနာ Cantona

Cantona

Cantona

မန္ယူအသင္းရဲ႕ ပရီးမီးယားလိဂ္ေခတ္ဦးကာလ ေအာင္ျမင္မႈမွာ ကန္တိုနာ Cantona ဟာ အဓိကေနရာမွာရိွခဲ႔သူပါ။ စိတ္ဆတ္တဲ႔ကစားသမားတစ္ဦးျဖစ္တဲ႔ ကန္တိုနာ Cantona ဟာ နည္းျပဖာဂူဆန္ Ferguson အားထားရတဲ႔ ကစားသမားျဖစ္ျပီး ေကာ္လံေထာင္ကစားတဲ႔ သူ႔ရဲ႕ပံုစံဟာလည္း မန္ယူပရိသတ္ေတြရဲ႕ အၾကိဳက္ျဖစ္ခဲ႔ပါတယ္။

ကန္တိုနာ Cantona ရဲ႕ မန္ယူကစားသမားဘ၀ ေအာင္ျမင္မႈမ်ား

Premier League: 1992–93, 1993–94, 1995–96, 1996–97
FA Charity Shield: 1993, 1994, 1996
FA Cup: 1993–94, 1995–96

(၃) George Best ေဂ်ာ႔ခ်္ဘတ္စ္

George-Best

George-Best

ေဂ်ာ႔ခ်္ဘတ္စ္ George Best ဟာ ဒီေန႔ေခတ္ပရိသတ္ေတြနဲ႔ အနည္းငယ္အလွမ္းေ၀းတဲ႔သူ ျဖစ္ေပမယ္႔ သူ႔ရဲ႕အေကာင္းဆံုးအခ်ိန္ေတြကို မန္ယူအသင္းအတြက္ေပးဆပ္ခဲ႔သူပါ။ ၁၉၆၃ ခုႏွစ္ကေန ၁၉၇၄ ခုႏွစ္အထိ ေဂ်ာ႔ခ်္ဘတ္စ္ George Best  ဟာ မန္ယူအသင္းမွာကစားခဲ႔ျပီး ၂၀၀၅ ခုႏွစ္အေရာက္ အသက္(၅၉)ႏွစ္အရြယ္မွာေတာ႔ ကြယ္လြန္ခဲ႔ပါတယ္။

George Best ေဂ်ာ႔ခ်္ဘတ္စ္ ရဲ႕ မန္ယူကစားသမားဘ၀ ေအာင္ျမင္မႈမ်ား

FA Youth Cup: 1964
Football League First Division : 1964–65, 1966–67
Charity Shield : 1965, 1967
European Cup: 1968

(၄) ရြန္နီ Rooney

Rooney

Rooney

ဒီစာရင္းရဲ႕နံပါတ္(၄)ေနရာမွာေတာ႔ ရြန္နီ Rooney ရိွေနပါတယ္။ ရြန္နီ Rooney နံပါတ္(၄)ေနရာမွာရိွေနတာေၾကာင္႔ မေက်နပ္တဲ႔ပရိသတ္ေတြ ရိွေကာင္းရိွႏိုင္ပါတယ္။ ဘာလို႔လဲဆိုေတာ႔ ရြန္နီ Rooney ဟာ မန္ယူအသင္းမွာ အရာရာအားလံုးေပးဆပ္ခဲ႔ျပီး အသင္းအတြက္ က်ရာေနရာကေနပါ၀င္ အသံုးေတာ္ခံခဲ႔တာပါ။ ရြန္နီ Rooney ဟာလက္ရိွမွာ ေမဂ်ာလိဂ္မွာကစားေနေပမယ္႔ မန္ယူပရိသတ္ေတြရဲ႕ ရင္ထဲမွာထာ၀ရ ရိွေနမယ္႔ ကစားသမားတစ္ဦးပါ။

ရြန္နီ Rooney ရဲ႕ မန္ယူကစားသမားဘ၀ ေအာင္ျမင္မႈမ်ား

Premier League: 2006–07, 2007–08, 2008–09, 2010–11, 2012–13
FA Cup: 2015–16
Football League Cup: 2005–06, 2009–10, 2016–17
FA Community Shield: 2007, 2010, 2011, 2016
UEFA Champions League: 2007–08
UEFA Europa League: 2016–17
FIFA Club World Cup: 2008

(၅) ဖာဒီနန္ Ferdinand

Ferdinand

Ferdinand

အေကာင္းဆံုးတိုက္စစ္ဟာ အေကာင္းဆံုးခံစစ္ဆိုတဲ႔ စကားရိွေပမယ္႔ ဖာဒီနန္ Ferdinand လိုေနာက္ခံလူေကာင္း မရိွဘဲနဲ႔ ဒီစကားဟာျဖစ္လာစရာ အေၾကာင္းမရိွပါဘူး။ မန္ယူအသင္းကို ေနာက္ခံလူေတြထဲမွာ အဲဒီအခ်ိန္က ကမၻာ႔စံခ်ိန္တင္ေၾကးနဲ႔ ေရာက္ရိွခဲ႔သူ ဖာဒီနန္ Ferdinand ဟာ မန္ယူအသင္းရဲ႕ခံစစ္ကို အေကာင္းဆံုးလံုျခံဳမႈေပးႏိုင္ခဲ႔သူပါ။ ဖာဒီနန္ Ferdinand ဟာ မန္ယူအသင္းရဲ႕ခံစစ္မွာ နွစ္ကာလ ေတာ္ေတာ္ၾကာတဲ႔အထိ အေကာင္းဆံုးစြမ္းေဆာင္ရည္ေတြကို ျပသႏိုင္ခဲ႔ပါတယ္။

ဖာဒီနန္ Ferdinand ရဲ႕ မန္ယူကစားသမားဘ၀ ေအာင္ျမင္မႈမ်ား

Premier League: 2002–03, 2006–07, 2007–08, 2008–09, 2010–11, 2012–13[109]
Football League Cup: 2005–06, 2008–09
FA Community Shield: 2003, 2007, 2008, 2011
UEFA Champions League 2007–08
FIFA Club World Cup: 2008

အခု စာရင္းဟာ Ronaldo.com အားကစား၀က္ဘ္ဆိုက္က ေဖာ္ျပေပးခဲ့တာကုိ ပရိသတ္ေတြအတြက္ ျပန္လည္ေဖာ္ျပေပးခဲ့တာပါ။ ပရိသတ္ေတြလည္း မန္ယူသမိုင္းတစ္ေလွ်ာက္ အသင္းအတြက္အက်ိဳးရိွေစခဲ႔တဲ႔ ကစားသမားေခၚယူမႈေတြကို သိခဲ႔ရလို႔ ေက်နပ္မယ္လို႔ ယံုၾကည္မိပါတယ္။

Ref: Ronaldo.com
Photo: Dream Team , chinaSMACK , telegraph.co.uk , YouTube , www.tvnz.co.nz , ParisFans
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

မန်ယူသမိုင်းတစ်လျှောက် အသင်းအတွက်အကျိုးရှိစေခဲ့တဲ့ ကစားသမားခေါ်ယူမှုများ

ကမ္ဘာ့ဘောလုံးလောကမှာ မှန်ကန်တဲ့အပြောင်းအရွှေ့ကိုလုပ်ဆောင်နိုင်ဖို့ဆိုတာ တကယ့်ကိုအရေးကြီးတဲ့အရာပါ။ အောင်မြင်တဲ့ကစားသမား အပြောင်းအရွှေ့ဟာ အသင်းအပေါ်များစွာ အကျိုးပြုသလို ၊ မထင်မှတ်ဘဲ ကစားသမား အပြောင်းအရွှေ့ဟာ ကျရှုံးခဲ့ရင်လည်း အသင်းအနေနဲ့ ပေးဆပ်မှုကြီးမားစေပါတယ်။ ကမ္ဘာ့ဘောလုံးလောကမှာ မန်ယူအသင်းဟာ အောင်မြင်မှုအစဉ်အလာကြီးမားတဲ့ အသင်းဖြစ်ပြီး ပရိသတ်အားပေးနှုန်းလည်းမြင့်တဲ့အသင်းဖြစ်တာကြောင့် ပရိသတ်တွေအတွက် မန်ယူသမိုင်းတစ်လျှောက် အသင်းအတွက်အကျိုးရှိစေခဲ့တဲ့ ကစားသမားခေါ်ယူမှုတွေကို ဖော်ပြပေးလိုက်ပါတယ်။

(၁) စီၤရော်နယ်လ်ဒို Cristiano Ronaldo

Cristiano-Ronaldo

Cristiano-Ronaldo

ဒီစာရင်းရဲ့ နံပါတ်(၁)နေရာမှာ စီၤရော်နယ်လ်ဒို Cristiano Ronaldo ရှိနေတာဟာ သိပ်ထူးဆန်းတဲ့ အရာတော့မဟုတ်ပါဘူး။ စီၤရော်နယ်လ်ဒို Cristiano Ronaldo ဟာ နည်းပြဖာဂူဆန် Ferguson လက်အောက်မှာ ကမ္ဘာ့အကောင်းဆုံးကစားသမားဖြစ်ခဲ့တဲ့ အထိတိုးတက်ခဲ့တာပါ။ စီၤရော်နယ်လ်ဒို Cristiano Ronaldo ဟာ မန်ယူအသင်းမှာသမိုင်းတစ်ခု ဖန်တီးနိုင်ခဲ့သလို အသင်းနဲ့အတူဆုဖလားများစွာရယူခဲ့ပါတယ်။

စီၤရော်နယ်လ်ဒို Cristiano Ronaldo ရဲ့ မန်ယူကစားသမားဘ၀ အောင်မြင်မှုများ

Premier League: 2006–07, 2007–08, 2008–09
FA Cup: 2003–04
Football League Cup: 2005–06, 2008–09
FA Community Shield: 2007
UEFA Champions League: 2007–08
FIFA Club World Cup: 2008

(၂) ကန်တိုနာ Cantona

Cantona

Cantona

မန်ယူအသင်းရဲ့ ပရီးမီးယားလိဂ်ခေတ်ဦးကာလ အောင်မြင်မှုမှာ ကန်တိုနာ Cantona ဟာ အဓိကနေရာမှာရှိခဲ့သူပါ။ စိတ်ဆတ်တဲ့ကစားသမားတစ်ဦးဖြစ်တဲ့ ကန်တိုနာ Cantona ဟာ နည်းပြဖာဂူဆန် Ferguson အားထားရတဲ့ ကစားသမားဖြစ်ပြီး ကော်လံထောင်ကစားတဲ့ သူ့ရဲ့ပုံစံဟာလည်း မန်ယူပရိသတ်တွေရဲ့ အကြိုက်ဖြစ်ခဲ့ပါတယ်။

ကန်တိုနာ Cantona ရဲ့ မန်ယူကစားသမားဘ၀ အောင်မြင်မှုများ

Premier League: 1992–93, 1993–94, 1995–96, 1996–97
FA Charity Shield: 1993, 1994, 1996
FA Cup: 1993–94, 1995–96

(၃) George Best ဂျော့ချ်ဘတ်စ်

George-Best

George-Best

ဂျော့ချ်ဘတ်စ် George Bes ဟာ ဒီနေ့ခေတ်ပရိသတ်တွေနဲ့ အနည်းငယ်အလှမ်းဝေးတဲ့သူ ဖြစ်ပေမယ့် သူ့ရဲ့အကောင်းဆုံးအချိန်တွေကို မန်ယူအသင်းအတွက်ပေးဆပ်ခဲ့သူပါ။ ၁၉၆၃ ခုနှစ်ကနေ ၁၉၇၄ ခုနှစ်အထိ ဂျော့ချ်ဘတ်စ် George Bestဟာ မန်ယူအသင်းမှာကစားခဲ့ပြီး ၂၀၀၅ ခုနှစ်အရောက် အသက်(၅၉)နှစ်အရွယ်မှာတော့ ကွယ်လွန်ခဲ့ပါတယ်။

George Best ဂျော့ချ်ဘတ်စ် ရဲ့ မန်ယူကစားသမားဘ၀ အောင်မြင်မှုများ

FA Youth Cup: 1964
Football League First Division : 1964–65, 1966–67
Charity Shield : 1965, 1967
European Cup: 1968

(၄) ရွန်နီ Rooney

Rooney

Rooney

ဒီစာရင်းရဲ့နံပါတ်(၄)နေရာမှာတော့ ရွန်နီ Rooney ရှိနေပါတယ်။ ရွန်နီ Rooney နံပါတ်(၄)နေရာမှာရှိနေတာကြောင့် မကျေနပ်တဲ့ပရိသတ်တွေ ရှိကောင်းရှိနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ ရွန်နီ Rooney ဟာ မန်ယူအသင်းမှာ အရာရာအားလုံးပေးဆပ်ခဲ့ပြီး အသင်းအတွက် ကျရာနေရာကနေပါဝင် အသုံးတော်ခံခဲ့တာပါ။ ရွန်နီ Rooney ဟာလက်ရှိမှာ မေဂျာလိဂ်မှာကစားနေပေမယ့် မန်ယူပရိသတ်တွေရဲ့ ရင်ထဲမှာထာဝရ ရှိနေမယ့် ကစားသမားတစ်ဦးပါ။

ရွန်နီ Rooney ရဲ့ မန်ယူကစားသမားဘ၀ အောင်မြင်မှုများ

Premier League: 2006–07, 2007–08, 2008–09, 2010–11, 2012–13
FA Cup: 2015–16
Football League Cup: 2005–06, 2009–10, 2016–17
FA Community Shield: 2007, 2010, 2011, 2016
UEFA Champions League: 2007–08
UEFA Europa League: 2016–17
FIFA Club World Cup: 2008

(၅) ဖာဒီနန် Ferdinand

Ferdinand

Ferdinand

အကောင်းဆုံးတိုက်စစ်ဟာ အကောင်းဆုံးခံစစ်ဆိုတဲ့ စကားရှိပေမယ့် ဖာဒီနန် Ferdinand လိုနောက်ခံလူကောင်း မရှိဘဲနဲ့ ဒီစကားဟာဖြစ်လာစရာ အကြောင်းမရှိပါဘူး။ မန်ယူအသင်းကို နောက်ခံလူတွေထဲမှာ အဲဒီအချိန်က ကမ္ဘာ့စံချိန်တင်ကြေးနဲ့ ရောက်ရှိခဲ့သူ ဖာဒီနန် Ferdinand ဟာ မန်ယူအသင်းရဲ့ခံစစ်ကို အကောင်းဆုံးလုံခြုံမှုပေးနိုင်ခဲ့သူပါ။ ဖာဒီနန် Ferdinand ဟာ မန်ယူအသင်းရဲ့ခံစစ်မှာ နှစ်ကာလ တော်တော်ကြာတဲ့အထိ အကောင်းဆုံးစွမ်းဆောင်ရည်တွေကို ပြသနိုင်ခဲ့ပါတယ်။

ဖာဒီနန် Ferdinand ရဲ့ မန်ယူကစားသမားဘ၀ အောင်မြင်မှုများ

Premier League: 2002–03, 2006–07, 2007–08, 2008–09, 2010–11, 2012–13[109]
Football League Cup: 2005–06, 2008–09
FA Community Shield: 2003, 2007, 2008, 2011
UEFA Champions League 2007–08
FIFA Club World Cup: 2008

အခု စာရင်းဟာ Ronaldo.com အားကစားဝက်ဘ်ဆိုက်က ဖော်ပြပေးခဲ့တာကို ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးခဲ့တာပါ။ ပရိသတ်တွေလည်း မန်ယူသမိုင်းတစ်လျှောက် အသင်းအတွက်အကျိုးရှိစေခဲ့တဲ့ ကစားသမားခေါ်ယူမှုတွေကို သိခဲ့ရလို့ ကျေနပ်မယ်လို့ ယုံကြည်မိပါတယ်။

Ref: Ronaldo.com
Photo: Dream Team , chinaSMACK , telegraph.co.uk , YouTube , www.tvnz.co.nz , ParisFans
Ko Kyue(Akhayar)
www.akhayar.com