[Zawgyi]

အာဖရိကတိုက္ရဲ႕ အေကာင္းဆံုးတိုက္စစ္မွဴး (၅)ဦး

ေဘာလံုးေလာကမွာ အာဖရိကတိုက္ဟာ ၾကီးမားတဲ႔ ေအာင္ျမင္မႈေတြ မရရိွေပမယ္႔ နာမည္ေက်ာ္ ေဘာလံုးသမားေတြကိုေတာ႔ ေမြးထုတ္ေပးေလ႔ရိွတဲ႔ ေနရာတစ္ခုလို႔ဆိုရမွာပါ။ အာဖရိက ကစားသမားေတြရဲ႕ အေကာင္းဆံုးအခ်က္ကေတာ႔ မခိုမကပ္ဘဲ ၾကိဳးစားလိုစိတ္အျပည္႔နဲ႔ ကစားတာပဲျဖစ္ပါတယ္။ ကမၻာ႔ေဘာလံုးေလာကရဲ႕ နာမည္အၾကီးဆံုးလိဂ္ျပိဳင္ပြဲကေန ဖြံျဖိဳးဆဲႏိုင္ငံေတြရဲ႕ လိဂ္ျပိဳင္ပြဲေတြအထိ အာဖရိကကစားသမားေတြကို ျမင္ေတြ႕ရမွာပဲျဖစ္ပါတယ္။ ျဖန္႔က်က္မႈအားေကာင္းတဲ႔ အာဖရိကကစားသမားေတြလို႔ ေျပာရမွာျဖစ္ျပီး အခု Akhayar Sports ပရိသတ္ေတြ အတြက္ အာဖရိကတိုက္ရဲ႕ အေကာင္းဆံုးတိုက္စစ္မွဴး (၅)ဦးကိုေဖာ္ျပေပးလိုက္ပါတယ္။ ဒီတိုက္စစ္မွဴး (၅)ဦးဟာ ပရိသတ္ေတြရဲ႕ အၾကိဳက္နဲ႔ ထပ္တူက်မယ္လို႔လည္း ယံုၾကည္ပါတယ္။

(၅) ဂ်ဳ႕ဖ္ Diouf

Diouf

Diouf

၂၀၀၂ ကမၻာ႔ဖလားျပိဳင္ပြဲမွာ ဆီနီေဂါအသင္းနဲ႔ အတူစတင္ေတာက္ပခဲ႔ျပီး လီဗာပူးလ္အသင္းမွာ ကစားခဲ႔တဲ႔ တိုက္စစ္မွဴး  ဂ်ဳ႕ဖ္ Diouf ဟာ အာဖရိကတိုက္ရဲ႕ အေကာင္းဆံုးတိုက္စစ္မႈးတစ္ေယာက္ပါ။ ဂ်ဳ႕ဖ္ဟာ စည္းကမ္းပိုင္းဆိုင္ရာ အားနည္းတာေၾကာင္႔ ကစားသမားဘ၀ရဲ႕ အေကာင္းဆံုးအခ်ိန္ေတြ တိုေတာင္းခဲ႔သူပါ။  ဂ်ဳ႕ဖ္ဟာ လီဗာပူးလ္ ၊ ေဘာ္လ္တန္ ၊ ဆန္းဒါးလန္း ၊ လိဒ္စ္ ၊ ဘလက္ဘန္း ၊ ရိန္းဂ်ားစ္ အစရိွတဲ႔ အသင္းေတြမွာ ကစားခဲ႔ပါတယ္။

(၄) ကႏူး Kanu

Kanu

Kanu

ႏိုက္ဂ်ီးရီးယားတိုက္စစ္မွဴး ကႏူး Kanu ဟာ အာဆင္နယ္ပရိသတ္ေတြရဲ႕ ရင္ထဲမွာ ဒီေန႔ထက္ထိ ရိွေနဦးမယ္႔ သူပါ။ ကႏူး Kanu ဟာ သူ႔ရဲ႕ေျခစြမ္းေကာင္းေတြကို အာဆင္နယ္ ၊ ၀က္စ္ဘရြန္း ၊ ပို႔ေမာက္စ္အသင္းေတြနဲ႔ အတူ ျပသခဲ႔ျပီး အာဆင္နယ္ ၊ ပို႔ေမာက္စ္အသင္းေတြနဲ႔ ဆုဖလားေအာင္ျမင္မႈေတြ ရရိွခဲ႔သူလည္း ျဖစ္ပါတယ္။

(၃) ဒေရာ႔ဘာ Drogba

Drogba

Drogba

ခ်ယ္လ္ဆီးအသင္းရဲ႕ ဂႏၳ၀င္တိုက္စစ္မွဴး ဒေရာ႔ဘာ Drogba ကိုေတာ႔ ပရိသတ္ေတြ ဒီေန႔အထိေမ႔လို႔ရမွာမဟုတ္ဖူးလို႔ထင္ပါတယ္။ ဒေရာ႔ဘာ ဟာ ေျပးအား ၊ တိုးအား ၊ ႐ုန္းအား ၊ ေခါင္းတိုက္စြမ္းရည္ နဲ႔ အဆံုးသတ္ပိုင္း အရာအားလံုးေကာင္းမြန္တဲ႔ တိုက္စစ္မွဴးပါ။ ဒေရာ႔ဘာဟာ ကစားသမားဘ၀မွာ ေအာင္ျမင္မႈမ်ားစြာရရိွခဲ႔သူျဖစ္ျပီး ခ်ယ္လ္ဆီးအသင္းနဲ႔အတူ ပရီးမီးယားလိဂ္ခ်န္ပီယံဆု (၄)ၾကိမ္ ၊ ခ်န္ပီယံလိဂ္ခ်န္ပီယံဆု (၁)ၾကိမ္ အပါအ၀င္ တျခားဆုဖလားေပါင္းမ်ားစြာလည္း ရရိွခဲ႔သူျဖစ္ပါတယ္။

(၂) အီတိုး Eto’o

Etoo

Etoo

လာလီဂါမွာ ဘာစီလိုနာအသင္း ေခတ္တစ္ေခတ္ျဖစ္ခဲ႔တဲ႔ အခ်ိန္က အီတိုး Eto’o ဟာ အဓိကေနရာကေနပါ၀င္ခဲ႔သူပါ။ ေရာ္နယ္ဒင္ဟို Ronaldinho ၊ အီတိုး Eto’o နဲ႔ မက္ဆီ Messi တို႔ရဲ႕ သံုးေယာက္တြဲ တိုက္စစ္ကိုလည္း ပရိသတ္ေတြအေနနဲ႔ ဒီေန႔ ဒီအခ်ိန္ထိလြမ္းေမာေနၾကဦးမွာပါ။ အီတိုး ဟာ ဘာစီလိုနာ ၊ အင္တာမီလန္အသင္းေတြနဲ႔ အတူ စပိန္နဲ႔ အီတလီေျမက ဆုဖလားေတြအားလံုးကို ရယူႏိုင္ခဲ႔သလို ဒီႏွစ္သင္းလံုးနဲ႔လည္း ခ်န္ပီယံလိဂ္ခ်န္ပီယံဆုကို ရရိွခဲ႔ပါတယ္။

(၁) ေဂ်ာ႔၀ီယာ George Weah

George-Weah

George-Weah

လက္ရိွ လိုက္ေဘးရီးယား သမၼတ ေဂ်ာ႔၀ီယာ George Weah ဟာ ကစားသမားဘ၀မွာ ကစားခဲ႔တဲ႔ ကလပ္အသင္းတိုင္းလိုလိုနဲ႔ ေအာင္ျမင္မႈရရိွခဲ႔သူပါ။ ေဂ်ာ႔၀ီယာဟာ မိုနာကို ၊ PSG ၊ ေအစီမီလန္အသင္းေတြမွာ အေကာင္းဆံုးေျခစြမ္းကို ျပသႏိုင္ခဲ႔သူျဖစ္ျပီး Ballon d’Or ဆုနဲ႔ ဖီဖာကမၻာ႔ အေကာင္းဆံုးေဘာလံုးသမားဆုေတြကိုလည္း ရရိွခဲ႔တဲ႔ တစ္ဦးတည္းေသာ အာဖရိကတိုက္စစ္မွဴးပဲ ျဖစ္ပါတယ္။

Ref: Sportskeeda
Photo: Tribuna.com , BBC , SPORTbible , Goal.com , Cerebral Lemon , FIFA.com
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

အာဖရိကတိုက်ရဲ့ အကောင်းဆုံးတိုက်စစ်မှူး (၅)ဦး

ဘောလုံးလောကမှာ အာဖရိကတိုက်ဟာ ကြီးမားတဲ့ အောင်မြင်မှုတွေ မရရှိပေမယ့် နာမည်ကျော် ဘောလုံးသမားတွေကိုတော့ မွေးထုတ်ပေးလေ့ရှိတဲ့ နေရာတစ်ခုလို့ဆိုရမှာပါ။ အာဖရိက ကစားသမားတွေရဲ့ အကောင်းဆုံးအချက်ကတော့ မခိုမကပ်ဘဲ ကြိုးစားလိုစိတ်အပြည့်နဲ့ ကစားတာပဲဖြစ်ပါတယ်။ ကမ္ဘာ့ဘောလုံးလောကရဲ့ နာမည်အကြီးဆုံးလိဂ်ပြိုင်ပွဲကနေ ဖွံဖြိုးဆဲနိုင်ငံတွေရဲ့ လိဂ်ပြိုင်ပွဲတွေအထိ အာဖရိကကစားသမားတွေကို မြင်တွေ့ရမှာပဲဖြစ်ပါတယ်။ ဖြန့်ကျက်မှုအားကောင်းတဲ့ အာဖရိကကစားသမားတွေလို့ ပြောရမှာဖြစ်ပြီး အခု Akhayar Sports ပရိသတ်တွေ အတွက် အာဖရိကတိုက်ရဲ့ အကောင်းဆုံးတိုက်စစ်မှူး (၅)ဦးကိုဖော်ပြပေးလိုက်ပါတယ်။ ဒီတိုက်စစ်မှူး (၅)ဦးဟာ ပရိသတ်တွေရဲ့ အကြိုက်နဲ့ ထပ်တူကျမယ်လို့လည်း ယုံကြည်ပါတယ်။

(၅) ဂျု့ဖ် Diouf

Diouf

Diouf

၂၀၀၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဆီနီဂေါအသင်းနဲ့ အတူစတင်တောက်ပခဲ့ပြီး လီဗာပူးလ်အသင်းမှာ ကစားခဲ့တဲ့ တိုက်စစ်မှူး  ဂျု့ဖ် Diouf ဟာ အာဖရိကတိုက်ရဲ့ အကောင်းဆုံးတိုက်စစ်မှုးတစ်ယောက်ပါ။ ဂျု့ဖ်ဟာ စည်းကမ်းပိုင်းဆိုင်ရာ အားနည်းတာကြောင့် ကစားသမားဘဝရဲ့ အကောင်းဆုံးအချိန်တွေ တိုတောင်းခဲ့သူပါ။  ဂျု့ဖ်ဟာ လီဗာပူးလ် ၊ ဘော်လ်တန် ၊ ဆန်းဒါးလန်း ၊ လိဒ်စ် ၊ ဘလက်ဘန်း ၊ ရိန်းဂျားစ် အစရှိတဲ့ အသင်းတွေမှာ ကစားခဲ့ပါတယ်။

(၄) ကနူး Kanu

Kanu

Kanu

နိုက်ဂျီးရီးယားတိုက်စစ်မှူး ကနူး Kanu ဟာ အာဆင်နယ်ပရိသတ်တွေရဲ့ ရင်ထဲမှာ ဒီနေ့ထက်ထိ ရှိနေဦးမယ့် သူပါ။ ကနူး Kanu ဟာ သူ့ရဲ့ခြေစွမ်းကောင်းတွေကို အာဆင်နယ် ၊ ဝက်စ်ဘရွန်း ၊ ပို့မောက်စ်အသင်းတွေနဲ့ အတူ ပြသခဲ့ပြီး အာဆင်နယ် ၊ ပို့မောက်စ်အသင်းတွေနဲ့ ဆုဖလားအောင်မြင်မှုတွေ ရရှိခဲ့သူလည်း ဖြစ်ပါတယ်။

(၃) ဒရော့ဘာ Drogba

Drogba

Drogba

ချယ်လ်ဆီးအသင်းရဲ့ ဂန္ထဝင်တိုက်စစ်မှူး ဒရော့ဘာ Drogba ကိုတော့ ပရိသတ်တွေ ဒီနေ့အထိမေ့လို့ရမှာမဟုတ်ဖူးလို့ထင်ပါတယ်။ ဒရော့ဘာ ဟာ ပြေးအား ၊ တိုးအား ၊ ရုန်းအား ၊ ခေါင်းတိုက်စွမ်းရည် နဲ့ အဆုံးသတ်ပိုင်း အရာအားလုံးကောင်းမွန်တဲ့ တိုက်စစ်မှူးပါ။ ဒရော့ဘာဟာ ကစားသမားဘဝမှာ အောင်မြင်မှုများစွာရရှိခဲ့သူဖြစ်ပြီး ချယ်လ်ဆီးအသင်းနဲ့အတူ ပရီးမီးယားလိဂ်ချန်ပီယံဆု (၄)ကြိမ် ၊ ချန်ပီယံလိဂ်ချန်ပီယံဆု (၁)ကြိမ် အပါအဝင် တခြားဆုဖလားပေါင်းများစွာလည်း ရရှိခဲ့သူဖြစ်ပါတယ်။

(၂) အီတိုး Eto’o

Etoo

Etoo

လာလီဂါမှာ ဘာစီလိုနာအသင်း ခေတ်တစ်ခေတ်ဖြစ်ခဲ့တဲ့ အချိန်က အီတိုး Eto’o ဟာ အဓိကနေရာကနေပါဝင်ခဲ့သူပါ။ ရော်နယ်ဒင်ဟို Ronaldinho ၊ အီတိုး Eto’o နဲ့ မက်ဆီ Messi တို့ရဲ့ သုံးယောက်တွဲ တိုက်စစ်ကိုလည်း ပရိသတ်တွေအနေနဲ့ ဒီနေ့ ဒီအချိန်ထိလွမ်းမောနေကြဦးမှာပါ။ အီတိုး ဟာ ဘာစီလိုနာ ၊ အင်တာမီလန်အသင်းတွေနဲ့ အတူ စပိန်နဲ့ အီတလီမြေက ဆုဖလားတွေအားလုံးကို ရယူနိုင်ခဲ့သလို ဒီနှစ်သင်းလုံးနဲ့လည်း ချန်ပီယံလိဂ်ချန်ပီယံဆုကို ရရှိခဲ့ပါတယ်။

(၁) ဂျော့ဝီယာ George Weah

George-Weah

George-Weah

လက်ရှိ လိုက်ဘေးရီးယား သမ္မတ ဂျော့ဝီယာ George Weah ဟာ ကစားသမားဘဝမှာ ကစားခဲ့တဲ့ ကလပ်အသင်းတိုင်းလိုလိုနဲ့ အောင်မြင်မှုရရှိခဲ့သူပါ။ ဂျော့ဝီယာဟာ မိုနာကို ၊ PSG ၊ အေစီမီလန်အသင်းတွေမှာ အကောင်းဆုံးခြေစွမ်းကို ပြသနိုင်ခဲ့သူဖြစ်ပြီး Ballon d’Or ဆုနဲ့ ဖီဖာကမ္ဘာ့ အကောင်းဆုံးဘောလုံးသမားဆုတွေကိုလည်း ရရှိခဲ့တဲ့ တစ်ဦးတည်းသော အာဖရိကတိုက်စစ်မှူးပဲ ဖြစ်ပါတယ်။

Ref: Sportskeeda
Photo: Tribuna.com , BBC , SPORTbible , Goal.com , Cerebral Lemon , FIFA.com
Ko Kyue(Akhayar)
www.akhayar.com