[Zawgyi]

ေမာ္ဒန္ေဘာလံုးေလာကရဲ႕ ဂိုးသြင္းေကာင္းတဲ႔ ေနာက္ခံလူမ်ား

ေနာက္ခံကစားသမားတစ္ဦးရဲ႕ အဓိကတာ၀န္ဟာ ကိုယ္႔အသင္းဂိုးမေပးရေရးပါ။ ဒါေပမယ္႔ ေျပာင္းလဲတိုးတက္လာတဲ႔ ေဘာလံုးကစားဟန္အရ ကစားသမားတိုင္းလိုလိုဟာ သာမန္ထက္ပိုတဲ႔ တာ၀န္ကိုယူေနရတာကိုလည္း အားလံုးအသိပါပဲ။ ဒီလိုအေနအထားေတြေၾကာင္႔ ခံစစ္ကစားသမားေတြဟာလည္း အရင္ကထက္ပိုျပီး ဂိုးေတြသြင္းယူလာႏိုင္တာကို ျမင္ေတြ႕ၾကရမွာပါ။ ဒါေၾကာင္႔ Akhayar Sports ပရိသတ္ေတြအတြက္ ေမာ္ဒန္ေဘာလံုးေလာကရဲ႕ ဂိုးသြင္းေကာင္းတဲ႔ ေနာက္ခံလူေတြကို ေဖာ္ျပေပးလုိက္ပါတယ္။

(၅) ဘိန္းစ္ Baines

Baines

Baines

အဲဗာတန္အသင္းရဲ႕ ၀ါရင္႔ဘယ္ေနာက္ခံလူ ဘိန္းစ္ Baines ဟာ ဂိုးသြင္းေကာင္းတဲ႔ ေနာက္ခံလူတစ္ဦးပါ။ ဘိန္းစ္ ဟာ Free Kick ကန္သြင္းတာေကာင္းတဲ႔ ကစားသမားျဖစ္သလို အသင္းရရိွတဲ႔ ပယ္နယ္တီေတြကိုလည္း အေကာင္းဆံုး ကန္သြင္းေနသူျဖစ္တာေၾကာင္႔ သြင္းဂိုးအေရအတြက္မ်ားေနတာပဲျဖစ္ပါတယ္။ ဘိန္းစ္ ဟာ ကစားသမားဘ၀မွာ လက္ရိွအခ်ိန္ထိ သြင္းဂိုး (၄၃)ဂိုးသြင္းယူထားပါတယ္။

(၄) စေမာလင္း Smalling

Smalling

Smalling

စေမာလင္း Smalling ကေတာ႔ မန္ယူအသင္း အခက္အခဲေတြနဲ႔ ၾကံဳေတြ႕ေနရခ်ိန္မွာ သူ႔ရဲ႕သြင္းဂိုးေတြနဲ႔ ကယ္တင္ေပးေနတဲ႔ ကစားသမားဆိုတာ အားလံုးအသိပါပဲ။ စေမာလင္း ရဲ႕ အားသာခ်က္ကေတာ႔ ျပစ္ဒဏ္ေဘာေတြနဲ႔ ေထာင္႔ကန္ေဘာေတြကေန ရရိွလာတဲ႔ အခြင္႔အေရးေတြကို အေကာင္းဆံုးအသံုးခ်ႏိုင္စြမ္းရိွတာပဲျဖစ္ပါတယ္။ စေမာလင္း ဟာ ကစားသမားဘ၀မွာ လက္ရိွအခ်ိန္ထိ သြင္းဂိုး (၁၉)ဂိုးသြင္းယူထားပါတယ္။

(၃) ကားလို႔စ္ Carlos

Carlos

Carlos

ဘရာဇီးလ္နဲ႔ ရီးယဲလ္ဂႏၳ၀င္ကားလို႔စ္ Carlos သြင္းယူခဲ႔တဲ႔ ဂိုးအေရအတြက္ဟာ (၁၁၃)ဂိုးထိရိွပါတယ္။ ေနာက္ခံလူတစ္ယာက္ အေနနဲ႔ ေတာ္ေတာ္ကိုမ်ားျပားတဲ႔ ပမာဏပဲျဖစ္ပါတယ္။ ကားလို႔စ္ ဟာ တိုက္စစ္လိုက္ပါမႈအားေကာင္းျပီး Free Kick ကန္သြင္းယူရာမွာလည္း ထူးခၽြန္တာေၾကာင္႔ အခုလိုသြင္းဂိုးေတြမ်ားေနရတာပဲျဖစ္ပါတယ္။

(၂) ပီေကး Pique

Pique

Pique

ဒီစာရင္းမွာေတာ႔ ဘာစီလိုနာေနာက္ခံလူ ပီေကး Pique လည္းပါ၀င္ေနပါတယ္။ ပီေကးရဲ႕ သြင္းဂိုးအမ်ားစုကေတာ႔ ေထာင္႔ကန္ေဘာ ၊ ျပစ္ဒဏ္ေဘာေတြကေန ေခါင္းတိုက္သြင္းယူတာနဲ႔ ခံစစ္ကေန တိုက္စစ္ကိုလိုက္ပါျပီး သြင္းယူခဲ႔တဲ႔ဂိုးေတြပဲျဖစ္ပါတယ္။ လက္ရိွအခ််ိန္ထိ ကစားသမားဘ၀မွာ ပီေကး ဟာသြင္းဂိုး(၅၂)ဂိုးထိသြင္းယူထားပါတယ္။

(၁) ရာမို႔စ္ Ramos

Ramos

Ramos

တိုက္စစ္အားသန္တဲ႔ ေနာက္ခံလူတစ္ဦးျဖစ္တဲ႔ ရာမို႔စ္ Ramos အေနနဲ႔ ဒီစာရင္းမွာပါ၀င္ေနတာဟာ သိပ္ျပီးေတာ႔မထူးဆန္းပါဘူး။ ရာမို႔စ္ ရဲ႕သြင္းဂိုးအေရအတြက္ဟာလည္း တကယ္႔ကို အားရစရာေကာင္းလြန္းပါတယ္။ လက္ရိွအခ််ိန္ထိ ကစားသမားဘ၀မွာ ရာမို႔စ္ဟာ သြင္းဂိုး(၉၈)ဂိုးထိသြင္းယူထားျပီး ဒီႏွစ္ေဘာလံုးရာသီမွာ ရီးယဲလ္အသင္းရဲ႕ ပယ္နယ္တီေတြကိုလည္း ပင္တိုင္ကန္သြင္းေနတာေၾကာင္႔ ဂိုးအေရအတြက္ တျဖည္းျဖည္းနဲ႔မ်ားျပားလာမွာကေတာ႔ အေသအခ်ာပါပဲ။ ရာမို႔စ္ ဟာ ရီးယဲလ္အသင္းကိုစေရာက္လာတဲ႔ ၂၀၀၅ – ၂၀၀၆ ေဘာလံုးရာသီကစျပီး လက္ရိွအခ်ိန္ထိ လာလီဂါရာသီတိုင္းမွာ ဂိုးသြင္းယူႏိုင္တဲ႔ ေနာက္တန္းကစားသမားအျဖစ္လည္း မွတ္တမ္း၀င္ထားသူျဖစ္ပါတယ္။

Ref: Sportskeeda
Photo: Tribuna.com , SPORTbible , Goal.com , Sport.net , Joburg Post
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

မော်ဒန်ဘောလုံးလောကရဲ့ ဂိုးသွင်းကောင်းတဲ့ နောက်ခံလူများ

နောက်ခံကစားသမားတစ်ဦးရဲ့ အဓိကတာဝန်ဟာ ကိုယ့်အသင်းဂိုးမပေးရရေးပါ။ ဒါပေမယ့် ပြောင်းလဲတိုးတက်လာတဲ့ ဘောလုံးကစားဟန်အရ ကစားသမားတိုင်းလိုလိုဟာ သာမန်ထက်ပိုတဲ့ တာဝန်ကိုယူနေရတာကိုလည်း အားလုံးအသိပါပဲ။ ဒီလိုအနေအထားတွေကြောင့် ခံစစ်ကစားသမားတွေဟာလည်း အရင်ကထက်ပိုပြီး ဂိုးတွေသွင်းယူလာနိုင်တာကို မြင်တွေ့ကြရမှာပါ။ ဒါကြောင့် Akhayar Sports ပရိသတ်တွေအတွက် မော်ဒန်ဘောလုံးလောကရဲ့ ဂိုးသွင်းကောင်းတဲ့ နောက်ခံလူတွေကို ဖော်ပြပေးလိုက်ပါတယ်။

(၅) ဘိန်းစ် Baines

Baines

Baines

အဲဗာတန်အသင်းရဲ့ ဝါရင့်ဘယ်နောက်ခံလူ ဘိန်းစ် Baines ဟာ ဂိုးသွင်းကောင်းတဲ့ နောက်ခံလူတစ်ဦးပါ။ ဘိန်းစ် ဟာ Free Kick ကန်သွင်းတာကောင်းတဲ့ ကစားသမားဖြစ်သလို အသင်းရရှိတဲ့ ပယ်နယ်တီတွေကိုလည်း အကောင်းဆုံး ကန်သွင်းနေသူဖြစ်တာကြောင့် သွင်းဂိုးအရေအတွက်များနေတာပဲဖြစ်ပါတယ်။ ဘိန်းစ် ဟာ ကစားသမားဘဝမှာ လက်ရှိအချိန်ထိ သွင်းဂိုး (၄၃)ဂိုးသွင်းယူထားပါတယ်။

(၄) စမောလင်း Smalling

Smalling

Smalling

စမောလင်း Smalling ကတော့ မန်ယူအသင်း အခက်အခဲတွေနဲ့ ကြုံတွေ့နေရချိန်မှာ သူ့ရဲ့သွင်းဂိုးတွေနဲ့ ကယ်တင်ပေးနေတဲ့ ကစားသမားဆိုတာ အားလုံးအသိပါပဲ။ စမောလင်း ရဲ့ အားသာချက်ကတော့ ပြစ်ဒဏ်ဘောတွေနဲ့ ထောင့်ကန်ဘောတွေကနေ ရရှိလာတဲ့ အခွင့်အရေးတွေကို အကောင်းဆုံးအသုံးချနိုင်စွမ်းရှိတာပဲဖြစ်ပါတယ်။ စမောလင်း ဟာ ကစားသမားဘဝမှာ လက်ရှိအချိန်ထိ သွင်းဂိုး (၁၉)ဂိုးသွင်းယူထားပါတယ်။

(၃) ကားလို့စ် Carlos

Carlos

Carlos

ဘရာဇီးလ်နဲ့ ရီးယဲလ်ဂန္ထဝင်ကားလို့စ် Carlos သွင်းယူခဲ့တဲ့ ဂိုးအရေအတွက်ဟာ (၁၁၃)ဂိုးထိရှိပါတယ်။ နောက်ခံလူတစ်ယာက် အနေနဲ့ တော်တော်ကိုများပြားတဲ့ ပမာဏပဲဖြစ်ပါတယ်။ ကားလို့စ် ဟာ တိုက်စစ်လိုက်ပါမှုအားကောင်းပြီး Free Kick ကန်သွင်းယူရာမှာလည်း ထူးချွန်တာကြောင့် အခုလိုသွင်းဂိုးတွေများနေရတာပဲဖြစ်ပါတယ်။

(၂) ပီကေး Pique

Pique

Pique

ဒီစာရင်းမှာတော့ ဘာစီလိုနာနောက်ခံလူ ပီကေး Pique လည်းပါဝင်နေပါတယ်။ ပီကေးရဲ့ သွင်းဂိုးအများစုကတော့ ထောင့်ကန်ဘော ၊ ပြစ်ဒဏ်ဘောတွေကနေ ခေါင်းတိုက်သွင်းယူတာနဲ့ ခံစစ်ကနေ တိုက်စစ်ကိုလိုက်ပါပြီး သွင်းယူခဲ့တဲ့ဂိုးတွေပဲဖြစ်ပါတယ်။ လက်ရှိအချျိန်ထိ ကစားသမားဘဝမှာ ပီကေး ဟာသွင်းဂိုး(၅၂)ဂိုးထိသွင်းယူထားပါတယ်။

(၁) ရာမို့စ် Ramos

Ramos

Ramos

တိုက်စစ်အားသန်တဲ့ နောက်ခံလူတစ်ဦးဖြစ်တဲ့ ရာမို့စ် Ramos အနေနဲ့ ဒီစာရင်းမှာပါဝင်နေတာဟာ သိပ်ပြီးတော့မထူးဆန်းပါဘူး။ ရာမို့စ် ရဲ့သွင်းဂိုးအရေအတွက်ဟာလည်း တကယ့်ကို အားရစရာကောင်းလွန်းပါတယ်။ လက်ရှိအချျိန်ထိ ကစားသမားဘဝမှာ ရာမို့စ်ဟာ သွင်းဂိုး(၉၈)ဂိုးထိသွင်းယူထားပြီး ဒီနှစ်ဘောလုံးရာသီမှာ ရီးယဲလ်အသင်းရဲ့ ပယ်နယ်တီတွေကိုလည်း ပင်တိုင်ကန်သွင်းနေတာကြောင့် ဂိုးအရေအတွက် တဖြည်းဖြည်းနဲ့များပြားလာမှာကတော့ အသေအချာပါပဲ။ ရာမို့စ် ဟာ ရီးယဲလ်အသင်းကိုစရောက်လာတဲ့ ၂၀၀၅ – ၂၀၀၆ ဘောလုံးရာသီကစပြီး လက်ရှိအချိန်ထိ လာလီဂါရာသီတိုင်းမှာ ဂိုးသွင်းယူနိုင်တဲ့ နောက်တန်းကစားသမားအဖြစ်လည်း မှတ်တမ်းဝင်ထားသူဖြစ်ပါတယ်။

Ref: Sportskeeda
Photo: Tribuna.com , SPORTbible , Goal.com , Sport.net , Joburg Post
Ko Kyue(Akhayar)
www.akhayar.com