[Zawgyi]

Hacking ကို ေလ့လာခ်င္သူေတြအတြက္ အသံုးဝင္မယ့္ Website အခ်ိဳ႕

Hacking ဆိုတာနဲ႔ လူအေတာ္မ်ားမ်ားက စိတ္ဝင္စားၾကမွာပါ။ Hacking ဟာ အရမ္းကို က်ယ္ျပန္႔တဲ့ အေၾကာင္းအရာေပမယ့္ ဒီမွာေတာ့ Gmail Recovery ေခၚျပီး သူမ်ား Facebook Account ဝင္တတ္ရုံနဲ႔ ဟက္ကာလို႔ ေခၚဆုိေနၾကပါတယ္။

တကယ္ေတာ့ Hacking ဆိုတာ Cyber Security အတြက္လည္း တအားအေရးၾကီးတဲ့အတြက္ Hacking ကို ေလ့လာလိုသူေတြအတြက္ အသံုးတည့္မယ့္ Websites အခ်ိဳ႕ကို အခရာက ခုလို မွ်ေဝလိုက္ပါတယ္။

Cybrary

Cybrary မွာ Course နဲ႔ သင္တန္းအမ်ားၾကီးရွိျပီး အေျခခံ Networking ကေန အဆင့္ျမင့္ Web Penetration Testing ေတြအထိ ေလ့လာႏုိင္ပါတယ္။ သက္ဆိုင္ရာနယ္ပယ္မွာ ပေရာ္ဖက္ရွင္နယ္ျဖစ္ေနသူေတြ ဦးေဆာင္ပို႔ခ်ေပးတာ ျဖစ္ျပီး Hacking အတြက္ Ethical Hacking ၊ Penetration Testing ၊ Cryptography ၊ Forensics နဲ႔ အျခား Certification Courses အမ်ားအျပားလည္း ပါဝင္မွာ ျဖစ္ပါတယ္။ ဒီ Site ဟာ အခမဲ့လည္း ျဖစ္တဲ့အတြက္ Hacking ကို စတင္ေလ့လာမယ့္သူေတြေရာ၊ ဆရာသဘာ Level ေတြအတြက္ပါ ကၽြမ္းက်င္မႈ ေနာက္တစ္ဆင့္ျမွင့္ဖို႔ ကူညီႏုိင္မွာပါ။

SecurityTube

SecurityTube ဟာ Security Industry ထဲက Professional တစ္ေယာက္ျဖစ္တဲ့ Security Researcher Vivek Ramachandran က ဖန္တီးခဲ့တာ ျဖစ္ပါတယ္။ အမ်ိဳးအစားကြဲျပားတဲ့ Hacking Tool ေတြကို လမ္းညႊန္ထားသလို Security Courses ေတြလည္း ဒါဇင္နဲ႔ခ်ီရွိေနပါတယ္။ ဒါအ့ျပင္ Security ၊ Vulnerability နဲ႔ Hacking နဲ႔ ပက္သက္တဲ့ အေၾကာင္းအရာေတြလည္း တင္ထားေပးျပီး Site ကလည္း အခမဲ့ ျဖစ္ပါတယ္။

Harvard/EDX

Hacking ကိုေလ့လာလို႔ ရတဲ့ Websites ေတြထဲမွာ EDX ပါတယ္ဆို မအံ့ၾသပါနဲ႔။ တျခား အေၾကာင္းအရာေတြကို ေလ့လာႏုိင္သလိုပဲ Hacking နဲ႔ ပက္သက္ျပီးလည္း EDX မွာ ေကာလိပ္အဆင့္ Course ေတြ တက္ႏုိင္ပါတယ္။ Certificates ေတြဆိုရင္လည္း ေဒၚလာ ၁၀၀ ကေန ၂၀၀ ၾကားနဲ႔ ရယူႏုိင္မွာ ျဖစ္ပါတယ္။ အမ်ားဆံုး Popular ျဖစ္တာကေတာ့ Harvard ရဲ့ Introduction to Computer Science ပါပဲ။

SANS Cyber Aces

The SANS Institue ဆိုတာ သတင္းအခ်က္အလက္လံုျခံဳေရးနဲ႔ Cybersecurity ပိုင္းနဲ႔ ပက္သက္ျပီး အထူးျပဳေလ့က်င့္ေပးတဲ့ Company ျဖစ္ပါတယ္။ Security ပိုင္းနဲ႔ ပက္သက္လို႔ ေလ့က်င့္ေပးတဲ့ ကုမၸဏီေတြထဲမွာ The SANS ဟာ ထိပ္တန္းကုမၸဏီလည္း ျဖစ္ပါတယ္။ အခ်ိန္နဲ႔အမွ် Update လုပ္ေပးေနျပီး Cyber-Security ကို စိတ္ဝင္စားရင္ေတာ့ The SANS Institute ကုိလည္း ေစာင့္ၾကည့္ေနသင့္ပါတယ္။

LEAP

LEAP ဟာလည္း အခမဲ့ Websites တစ္ခုျဖစ္ျပီး Cyber-security Courses ေတြကို မွ်ေဝေပးထားပါတယ္။ Cyber Security Fundamentals ၊ Cyber Forensics Fundamentals ၊ Cyber Law နဲ႔ Countering Cyber Attacks လို Topic ေတြပါဝင္ျပီး Cyber Security Fundamentals ဆိုရင္ စတင္ေလ့လာသူေတြအတြက္ အေျခခံကေန ေလ့လာႏုိင္မယ့္ Course လည္း ျဖစ္ပါတယ္။ ဒါ့အျပင္ Certificates လိုခ်င္ရင္လည္း ေငြနည္းနည္းသြင္းျပီး စာေမးပြဲေျဖလို႔ အရည္အခ်င္းျပည့္တဲ့အခါ Certificates ရရွိႏုိင္တဲ့ အေကာင္းစား Resource Website တစ္ခုပဲ ျဖစ္ပါတယ္။

www.akhayar.com

Ref : www.freedomhacker.net
[Unicode]

Hacking ကို လေ့လာချင်သူတွေအတွက် အသုံးဝင်မယ့် Website အချို့

Hacking ဆိုတာနဲ့ လူအတော်များများက စိတ်ဝင်စားကြမှာပါ။ Hacking ဟာ အရမ်းကို ကျယ်ပြန့်တဲ့ အကြောင်းအရာပေမယ့် ဒီမှာတော့ Gmail Recovery ခေါ်ပြီး သူများ Facebook Account ဝင်တတ်ရုံနဲ့ ဟက်ကာလို့ ခေါ်ဆိုနေကြပါတယ်။

တကယ်တော့ Hacking ဆိုတာ Cyber Security အတွက်လည်း တအားအရေးကြီးတဲ့အတွက် Hacking ကို လေ့လာလိုသူတွေအတွက် အသုံးတည့်မယ့် Websites အချို့ကို အခရာက ခုလို မျှဝေလိုက်ပါတယ်။

Cybrary

Cybrary မှာ Course နဲ့ သင်တန်းအများကြီးရှိပြီး အခြေခံ Networking ကနေ အဆင့်မြင့် Web Penetration Testing တွေအထိ လေ့လာနိုင်ပါတယ်။ သက်ဆိုင်ရာနယ်ပယ်မှာ ပရော်ဖက်ရှင်နယ်ဖြစ်နေသူတွေ ဦးဆောင်ပို့ချပေးတာ ဖြစ်ပြီး Hacking အတွက် Ethical Hacking ၊ Penetration Testing ၊ Cryptography ၊ Forensics နဲ့ အခြား Certification Courses အများအပြားလည်း ပါဝင်မှာ ဖြစ်ပါတယ်။ ဒီ Site ဟာ အခမဲ့လည်း ဖြစ်တဲ့အတွက် Hacking ကို စတင်လေ့လာမယ့်သူတွေရော၊ ဆရာသဘာ Level တွေအတွက်ပါ ကျွမ်းကျင်မှု နောက်တစ်ဆင့်မြှင့်ဖို့ ကူညီနိုင်မှာပါ။

SecurityTube

SecurityTube ဟာ Security Industry ထဲက Professional တစ်ယောက်ဖြစ်တဲ့ Security Researcher Vivek Ramachandran က ဖန်တီးခဲ့တာ ဖြစ်ပါတယ်။ အမျိုးအစားကွဲပြားတဲ့ Hacking Tool တွေကို လမ်းညွှန်ထားသလို Security Courses တွေလည်း ဒါဇင်နဲ့ချီရှိနေပါတယ်။ ဒါအ့ပြင် Security ၊ Vulnerability နဲ့ Hacking နဲ့ ပက်သက်တဲ့ အကြောင်းအရာတွေလည်း တင်ထားပေးပြီး Site ကလည်း အခမဲ့ ဖြစ်ပါတယ်။

Harvard/EDX

Hacking ကိုလေ့လာလို့ ရတဲ့ Websites တွေထဲမှာ EDX ပါတယ်ဆို မအံ့သြပါနဲ့။ တခြား အကြောင်းအရာတွေကို လေ့လာနိုင်သလိုပဲ Hacking နဲ့ ပက်သက်ပြီးလည်း EDX မှာ ကောလိပ်အဆင့် Course တွေ တက်နိုင်ပါတယ်။ Certificates တွေဆိုရင်လည်း ဒေါ်လာ ၁၀၀ ကနေ ၂၀၀ ကြားနဲ့ ရယူနိုင်မှာ ဖြစ်ပါတယ်။ အများဆုံး Popular ဖြစ်တာကတော့ Harvard ရဲ့ Introduction to Computer Science ပါပဲ။

SANS Cyber Aces

The SANS Institue ဆိုတာ သတင်းအချက်အလက်လုံခြုံရေးနဲ့ Cybersecurity ပိုင်းနဲ့ ပက်သက်ပြီး အထူးပြုလေ့ကျင့်ပေးတဲ့ Company ဖြစ်ပါတယ်။ Security ပိုင်းနဲ့ ပက်သက်လို့ လေ့ကျင့်ပေးတဲ့ ကုမ္ပဏီတွေထဲမှာ The SANS ဟာ ထိပ်တန်းကုမ္ပဏီလည်း ဖြစ်ပါတယ်။ အချိန်နဲ့အမျှ Update လုပ်ပေးနေပြီး Cyber-Security ကို စိတ်ဝင်စားရင်တော့ The SANS Institute ကိုလည်း စောင့်ကြည့်နေသင့်ပါတယ်။

LEAP

LEAP ဟာလည်း အခမဲ့ Websites တစ်ခုဖြစ်ပြီး Cyber-security Courses တွေကို မျှဝေပေးထားပါတယ်။ Cyber Security Fundamentals ၊ Cyber Forensics Fundamentals ၊ Cyber Law နဲ့ Countering Cyber Attacks လို Topic တွေပါဝင်ပြီး Cyber Security Fundamentals ဆိုရင် စတင်လေ့လာသူတွေအတွက် အခြေခံကနေ လေ့လာနိုင်မယ့် Course လည်း ဖြစ်ပါတယ်။ ဒါ့အပြင် Certificates လိုချင်ရင်လည်း ငွေနည်းနည်းသွင်းပြီး စာမေးပွဲဖြေလို့ အရည်အချင်းပြည့်တဲ့အခါ Certificates ရရှိနိုင်တဲ့ အကောင်းစား Resource Website တစ်ခုပဲ ဖြစ်ပါတယ်။

www.akhayar.com

Ref : www.freedomhacker.net