[Zawgyi]

ျမန္မာလူငယ္ေတြၾကား ေခတ္စားေနတဲ့ Viu ေပၚက အမိုက္စား ေဘာလီးဝုဒ္ဇာတ္ကား (၅) ကား

အခုေခတ္မွာဆိုရင္ အသက္ ၁၈နွစ္ကေန ၃၄ ႏွစ္ၾကား ျမန္မာလူငယ္ေတြဟာ သူတို႔ရဲ့ ဖုန္းကေန Viu App ကို အသံုးျပဳျပီး ရုပ္ရွင္ၾကည့္ၾကတာ မ်ားပါတယ္။ အဲဒီအရြယ္ရဲ့ ၇၀ % ေသာ Viu အသံုးျပဳသူေတြဟာ သူတို႔ရဲ႕ အခ်ိန္ပိုေတြကို အိမ္ျပန္ကားပိတ္ေနတဲ့အခ်ိန္မွာျဖစ္ျဖစ္၊ ရံုးရဲ့ Break Time ေတြမွာ ျဖစ္ျဖစ္၊ ဒါမွ မဟုတ္လည္း အလုပ္ျပီးလို႔ အိမ္မွာနားေနတဲ့အခ်ိန္မွာ အိပ္ရာေပၚမွာ ေအးေဆးႏွပ္ရင္းျဖစ္ျဖစ္ ရုပ္ရွင္ေတြ ၾကည့္ၾကတာ အမ်ားဆုံးပါပဲ။

ဒီလို အသံုးျပဳသူေတြမ်ားတယ္ဆိုတာလည္း Viu App ကို လြယ္လြယ္ကူကူနဲ႔ ရယူအသံုးျပဳႏုိင္လို႔ ျဖစ္သလို ခုမွ စတင္အသံုးျပဳမယ္ဆိုရင္လည္း ဒီ Viu App Link မွာ ေဒါင္းလုတ္ရယူႏုိင္ပါတယ္။

ဒီလို လူငယ္ေတြအတြက္ ထိပ္တန္းေဘာလီးဝုဒ္ဇာတ္ကားေကာင္း (၅) ကားနဲ႔ သံုးသပ္ခ်က္ေလးေတြကို အခုလို ညႊန္းေပးပါရေစ။

၁) Sarkar (ဆာခါး)

Sarkar

ေဘာလီးဝုဒ္ရဲ့ မီဂါစတားျဖစ္တဲ့ အမီတာဘဂ်မ္း ဦးေဆာင္ပါဝင္ထားတဲ့ ဇာတ္ကားၾကီး

သံုးသပ္ခ်က္ : Sarkar ဆိုတာ မင္းသားၾကီး အမီတာဘဂ်မ္းက အဓိကဇာတ္ေကာင္ေနရာပါဝင္ထားတဲ့ မႈခင္းဇာတ္ကားေကာင္းတစ္ကားျဖစ္ပါတယ္။ ကၽြန္ေတာ္ရုပ္ရွင္ကို ၾကည့္ေနတုန္း ဇာတ္ကားေတာ့ စျပီလို႔ နားလည္လိုက္တဲ့အခ်ိန္မွာပဲ ဇာတ္ကားက အဆံုးသတ္သြားပါျပီ။ ရုိက္ကြင္းရုိက္ကြက္ေတြဟာ ခ်ီးက်ဴးရေလာက္ေအာင္ ေကာင္းျပီး ဇာတ္ေကာင္စရိုက္အားလံုးပီျပင္တာလည္း ေတြ႔ရမွာ ျဖစ္ပါတယ္။ ဒီဇာတ္ကားမွာ Amitabh Bachchan နဲ႔အတူသူ႔ရဲ့သားျဖစ္တဲဲ့ Abhishek Bachchan လည္းပါတဲ့အတြက္ သားအဖႏွစ္ေယာက္ အတြဲညီညီသရုပ္ေဆာင္တာကိုလည္း ေတြ႔ရမွာ ျဖစ္ပါတယ္။

ဇာတ္လမ္းအက်ဥ္း : Subhash Nagre (Amitabh Bachchan) က ခ်မ္းသားျပီး ၾသဇာၾကီးမားတဲဲ့ ဘံုေဘျမိဳ႕သားတစ္ေယာက္ျဖစ္ပါတယ္။ သူဟာ အေမရိကန္ႏုိင္ငံက ၾကီးမားခန္႔ထည္လွတဲ့ အိမ္ေတာ္ၾကီးမွာ ဇနီး Pushpa ၊ သားအၾကီး Vishnu နဲ႔ မိန္းမ Amrita နဲ႔ သားအငယ္ Shankar တို႔ေနထုိင္ခဲ့ရာမွာ တစ္ရက္ၾကမၼာငင္လာပါေတာ့တယ္။ ႏုိင္ငံေရးသားတစ္ေယာက္ျဖစ္တဲ့ Motilal Khurana ဟာ အသတ္ခံခဲ့ရျပီး လူသတ္သမားက Molital ကို လုပ္ၾကံဖို႔ သူ႔ကို ငွားရမ္းတာဟာ Subbash ျဖစ္ေၾကာင္းထြက္ဆိုခဲ့ပါတယ္။

Subhash ဟာ အဖမ္းခံရျပီး အက်ဥ္းက်ခဲ့တဲ့အခါ သူ႔အတြက္ တရားရုံးမွာလည္း ေမွ်ာ္လင့္ခ်က္မရွိသေလာက္နည္းေနခဲ့ပါတယ္။ ဘာလို႔လဲဆိုေတာ့ သူဟာ ဒီလူသတ္မႈကိစၥအတြက္မဟုတ္ဘဲ တရားဥပေဒမစုိးမိုးတဲ့အခါမ်ိဳးမွာ Godfather Mafia တစ္ေယာက္လို ကုိယ့္အာဏာစက္နဲ႔ ကို္ယ္ေျဖရွင္းခဲ့တဲ့အတြက္ ျဖစ္ပါတယ္။ ဒီလိုမ်ိဳး ၾသဇာအာဏာကင္းမဲ့ျပီး အကူအညီမဲ့ေနတဲ့ Subhash ကို ဘယ္လိုအရာေတြ ဖိအားေပးလာဦးမွာလဲ၊ သားအငယ္ Shankar ကို သတ္ဖို႔ ၾကံစည္ေနတဲ့သူကလည္း သားအၾကီး Vishnu ျဖစ္ေနတဲ့အခါ ဇာတ္လမ္းကို ဆက္လက္ၾကည့္ရႈရမွာပါ။

၂) Nishabd (တိတ္တိတ္ပုန္း)

Nishabd

Amitabh Bachchan ရဲ့ Masterpiece ဇာတ္ကားေတြထဲက တစ္ကားျဖစ္ျပီး အသက္ ၆၀ အရြယ္အမ်ိဳးသားတစ္ေယာက္ဟာ သူ႔ရဲ့ အသက္ ၁၈ႏွစ္အရြယ္ သမီးၾကီးရဲ့ သူငယ္ခ်င္းနဲ႔ ခ်စ္ၾကိဳးသြယ္မိတဲ့ ဒရာမာဇာတ္ကားေကာင္းျဖစ္ပါတယ္။

သံုးသပ္ခ်က္ : Amitabh Bachchan လို Genius တစ္ေယာက္ရဲ့ အႏုပညာအရည္အေသြးကို ဥေပကၡာျပဳဖို႔ဆိုတာ ခက္ခဲလြန္းပါတယ္။ ရုပ္ရွင္မရုိက္တာၾကာေပမယ့္လည္း အမီတာဘဂ်မ္းေခတ္ကုန္သြားျပီလို႔ ေျပာလို႔ မရပါဘူး။ Nishabd ကိုပဲ ၾကည့္ရင္ သူ႔ဟာနဲ႔သူ ေကာင္းလြန္းေနပါတယ္။ ကန္႔သတ္ခ်က္ေတြအားလံုးကို ေက်ာ္ျဖတ္ျပီး လက္ေတြ႔ဘဝမွာ ရွိေနတတ္တဲ့ အခ်စ္ဇာတ္လမ္းတစ္ပုဒ္ကို ၾကည့္ရမွာပါ။ ရုပ္ရွင္ၾကည့္နာတဲ့သူေတြကေတာ့ ဒီရုပ္ရွင္ကို လက္ခံၾကမွာ ျဖစ္ျပီး Amitabh ရဲ့ သရုပ္ေဆာင္မႈေတြအတြက္ဆိုရင္ ကၽြန္ေတာ့္မွာ ေဖာ္ျပစရာစကားလံုးေတာင္မရွိေအာင္ သေဘာက်မိပါတယ္။ သူ႔ဇာတ္ရုပ္အတုိင္းအတိအက်သရုပ္ေဆာင္ႏုိင္သလို အရင္က သူ႔ရဲ့ဒီေလာက္ သဘာဝက်တဲ့ သရုပ္ေဆာင္မႈမ်ိဳးကို မေတြ႔ခဲ့ရဖူးသလိုေတာင္ ျဖစ္ေနပါတယ္။ သူဟာ အျမဲသဘာဝက်က်သရုပ္ေဆာင္တတ္ေပမယ့္ Nishabd မွာေတာ့ သူ႔ရဲ့ အေကာင္းဆံုးပံုစံကို ျမင္ခဲ့ရပါတယ္။ သူ႔ရဲ့ ပရိသတ္ေတြအတြက္ေတာ့ ဒီဇာတ္ကားကို (လံုးဝ) လက္မလႊတ္ဘဲ ၾကည့္သင့္တယ္လို႔ ေျပာပါရေစ။

ဇာတ္လမ္းအက်ဥ္း : Vijay (Amitabh Bachchan) ဟာ သူ႔ဇနီး Amrita နဲဲ႔ အတူ ခ်မ္းခ်မ္းသာသာၾကြယ္ၾကြယ္ဝဝနဲ႔ အိႏိၵယမွာ ေနထိုင္ေနၾကပါတယ္။ သူတို႔ရဲ့ အိမ္ေထာင္သက္က ၂၇ ႏွစ္ေလာက္ရွိျပီ ျဖစ္ျပီး သူတို႔ရဲ့ သမီးေလး Ritu ေတာင္ အသက္ ၁၈ ႏွစ္ရွိေနျပီျဖစ္ပါတယ္။ သူတို႔မွာ ဧရာမျခံအက်ယ္ၾကီးရွိျပီး Vijay ရဲ့ ဝါသနာတစ္ခုျဖစ္တဲ့ ဓာတ္ပံုေလွ်ာက္ရိုက္ရာေနရာလည္း ျဖစ္ပါတယ္။ Vijay ရဲ့ ဇနီး Amrita ကေတာ့ Kuchipudi လို႔ ေခၚတဲ့ အိႏိၵယရုိးရာအကမယ္တစ္ဦးျဖစ္ျပီး ေရႊတံဆိပ္ႏွစ္ခုေတာင္ ဒီအကနဲ႔ ဆြတ္ခူးခဲ့ေပမယ့္ မိသားစုကို ၾကည့္ရႈေစာင့္ေရွာက္ဖို႔အတြက္ သူ႔ဝါသနာကို စြန္႔လႊတ္ခဲ့သူျဖစ္ပါတယ္။ အားလပ္ရက္တစ္ရက္မွာ သူတို႔ရဲ့ သမီး Ritu ဟာ Jia လို႔ ေခၚတဲ့ သူငယ္ခ်င္းေကာင္မေလးကို အိမ္အလည္ေခၚလာခဲ့ပါတယ္။ Jia ဟာ ၾသစေၾတးလ်ႏိုင္ငံ၊ ဘရစၥဘိန္းျမိဳ႕မွာ အိမ္ေထာင္ကြဲအေမနဲ႔ တူတူေနတဲ့ ကေလးအရမ္းဆန္တဲ့ ေကာင္မေလးျဖစ္ပါတယ္။ Ritu တစ္ေယာက္ေျခက်င္းဝတ္လည္သြားတဲ့အခါမွာေတာ့ Vijay နဲ႔ Jia ၾကားအေျခအေနေတြ ေျပာင္းလဲကုန္ပါေတာ့တယ္။

Amrita ဟာ Vijay ရုတ္တရက္ ရႊင္ရႊင္ျမဴးျမဴးရယ္ရယ္ေမာေမာေတြ ျဖစ္လာတာ၊ သီခ်င္းေလးတေအးေအး ျဖစ္လာတာေတြကို သတိထားမိလာပါေတာ့တယ္။ ရုတ္တရက္ Ritu က Jia ကို အိမ္ကထြက္သြားဖို႔ ေမာင္းထုတ္တဲ့အခါ Vijay က ဟန္႔တားခဲ့ပါတယ္။ Amrita ရဲ့ အကို Shridar က ဒီမိသားစုဆီကို ခဏအလည္လာတဲ့အခါမွာေတာ့ ဘာေတြ ဆက္ျဖစ္လာမလဲဆိုတာ…

၃) Janatha Garage ( မတရားမႈကို ရင္ဆုိင္ျခင္း)

Janatha Garage

စူပါစတားေတြျဖစ္တဲ့ NTR နဲ႔ Mohanlal တို႔ရဲ့ အံ့မခန္းသရုပ္ေဆာင္မႈေတြနဲ႔ စိတ္လႈပ္ရွားစရာ ဇာတ္ဝင္ခန္းေတြနဲ႔ ဖြဲ႔စည္းထားတဲ့ ဇာတ္ကား

သံုးသပ္ခ်က္ :Janatha Garage ဟာ အပတ္စဥ္ ၾကည့္ေနၾက  Bollywood ဇာတ္ကားေတြနဲ႔ မတူဘဲ ကြဲထြက္ပါတယ္။ ဒီဇာတ္ကားဟာ အက္ရွင္ဒရာမာအမ်ိဳးအစားျဖစ္ျပီး ဇာတ္ေကာင္ေတြက ျပင္းျပတဲ့ခံစားခ်က္ေတြကို ပံုေဖာ္ေပးစြမ္းပါလိမ့္မယ္။ သဘာဝပတ္ဝန္းက်င္ကို ခ်စ္ျမတ္ႏုိးတဲ့ ေက်ာင္းသားတစ္ေယာက္နဲ႔ လူေတြကို ကူညီရတာသေဘာက်တဲ့ မကၠင္းနစ္တစ္ေယာက္ေတြ႔ဆံုပူးေပါင္းမိၾကပါတယ္။ သူတို႔ႏွစ္ေယာက္လံုးဟာ သူတို႔ရဲ့ ကားျပင္အလုပ္ရံုက လူေတြကို ကူညီကယ္တင္ဖို႔ ေၾကာက္စရာေကာင္းတဲ့ လုပ္ငန္းရွင္တစ္ေယာက္နဲ႔ ထိပ္တုိက္ေတြ႔ရပံုျဖစ္ပါတယ္။

ဇာတ္လမ္းအက်ဥ္း : Sathyam ဟာ ေက်းရြာတစ္ရြာက ဝပ္ေရွာ့ေလးတစ္ခုရဲ့ ပိုင္ရွင္ျဖစ္ပါတယ္။ သူ႔ရဲ့ အကို ျဖစ္တဲ့ Shiva ကေတာ့ ဟုိက္ဒရာဘတ္မွာ အလုပ္လုပ္ေနျပီး Sathyam အတြက္ ဒီဝပ္ေရွာ့ကို ဖြင့္ထားေပးတာ ျဖစ္ပါတ္။ အဲဒီညီအကိုေတြနဲ႔ သူငယ္ခ်င္းတစ္စုဟာ Janatha Gargae လို႔နာမည္ေပးထားတဲ့ အဲဒီဝပ္ေရွာ့လုပ္ငန္းကို ေပ်ာ္ေပ်ာ္ရႊင္ရႊင္လုပ္ေဆာင္ေနၾကတာပါ။ တစ္ရက္မွာ Sathayma ရဲ့ အသိမိတ္ေဆြ တစ္ေယာက္ျဖစ္တဲ့ ဆင္းရဲသားလူၾကီးတစ္ေယာက္ရဲ့ ေကာလိပ္ေက်ာင္းသြားတက္ေနတဲ႔ သမီးေလးဟာ Accident တစ္ခုျဖစ္ျပီး ေသဆံုးသြားခဲ့ပါတယ္။ Sathyam နဲ႔ သူ႔သူငယ္ခ်င္းေတြ သိလိုက္ၾကတာက အဲဒီေကာင္မေလးဟာ ေၾကးစားလူမိုက္ေတြရဲ့ မုဒိမ္းက်င့္သတ္ျဖတ္တာကို ခံလိုက္ရတယ္ဆိုတာပါပဲ။

ဒီကိစၥအတြက္ Shiva ရဲ့ သူငယ္ခ်င္းျဖစ္တဲ့ ရဲမႈး Chandrashekar ရဲ့ အကူအညီကို ယူခဲ့ေပမယ့္လည္း ဘာသက္ေသမွ မရွိတာေရာ၊ ဟုိဘက္က ၾသဇာၾကီးမားတဲ့ အသိုင္းအဝိုင္းျဖစ္တာေၾကာင့္ေရာ အကူအညီမဲ့ေနခဲ့ပါတယ္။ ဒါနဲ႔ပဲ Janatha Garage က ညီအစ္ကုိေတြဟာ ေၾကးစားလူမိုက္ေတြကို ကုိယ့္နည္းကိုယ့္ဟန္နဲ႔ လက္စားေခ်ျပီး မေတာ္တဆမႈအသြင္ဇာတ္လမ္းဆင္ခဲ့ပါတယ္။ Chandrashekar က ဒီကိစၥကို သိရွိျပီး ေနာက္ဆက္တြဲျဖစ္လာမယ့္ အက်ိဳးဆက္ေတြကို သူတို႔ကိ သတိေပးခဲ့တဲ့အခါ…

၄) Bobby Jasoos ( စံုေထာက္ေဘာ္ဘီ)

Bobby Jasoos

လူသိအမ်ားဆံုးေဘာလီးဝုဒ္ဟာသဇာတ္ကားေတြထဲက တစ္ကား၊ မိသားစု တစ္စုလံုး အတူထုိင္ၾကည့္ရႈလို႔ ရမယ့္ ဇာတ္ကား

သံုးသပ္ခ်က္ : Jasoos ကို ၾကည့္ဖို႔ အခ်ိန္ကုန္ရတာ တန္ပါတယ္။ ပထမဆံုး ဇာတ္ဝင္ခန္းမွာတင္  ဒီဥာဏ္ေကာင္းလွတဲ့ စံုေထာက္မေလးဟာ အၾကီးၾကီးေတြ ထုတ္ေဖာ္ဖို႔ ဆႏၵရွိေပမယ့္ လက္ရွိမွာေတာ့ လင္ခန္းမယားခန္းနဲ႔ ဆုိင္တဲ့ ကိစၥေတြနဲ႔ အတြဲလိုက္ေခ်ာင္းတဲ့ ကိစၥမ်ိဳးေတြပဲ လုပ္ေနရပါတယ္။

ဇာတ္လမ္းအက်ဥ္း : သမီးၾကီးျဖစ္တဲ့ Bobby (Vidya Balan) ဟာ ဟုိက္ဒရာဘတ္ျမိဳ႕မွာ မိသားစုနဲ႔အတူ ေနထိုင္ေနျပီး ေနာက္ေယာင္ခံလိုက္ရတာ၊ စံုစမ္းေထာက္လွမ္းရတာကို ဝါသနာထံုသူပါ။ သူ႔အေဖက ခြင့္မျပဳေပမယ့္ စံုေထာက္တစ္ေယာက္ျဖစ္ဖို႔ ၾကံစည္ေနသူလည္း ျဖစ္ပါတယ္။ သူ႔ရဲ႕စြန္႔စားခန္းေတြထဲက တစ္ခုကေတာ့ သူရဲ့ သူငယ္ခ်င္း Afreen အတင္းအၾကပ္မိဘေပးစားမဂၤလာေဆာင္ခံရတဲ့ ကိစၥလည္းပါပါတယ္။

တစ္ခါမွာေတာ့ ခ်မ္းသာတဲ့ လူတစ္ေယာက္က Bobby ကို အလုပ္တာဝန္ေစခုိင္းခဲ့ပါတယ္။ ကေလးမေလးနွစ္ေယာက္ရဲ့ အသက္၊ နာမည္နဲ႔ ေမြးရာပါအမွတ္အသားေတြ ေျပာျပျပီး ဟုိက္ဒရာဘတ္ျမိဳ႕ထဲ ရွာခုိင္းတာပါ။ အဲ့ဒါအျပင္ ေနာက္ဆံုးအလုပ္တာဝန္အေနနဲ႔ လူတစ္ေယာက္ကိုလည္း ထပ္ရွာခုိင္းခဲ့ပါေသးတယ္။

အဲဒီလို အခ်ိန္မ်ွာ Tasawur (Ali) လို႔ ေခၚတဲ့ ခပ္ေခ်ာေခ်ာ တီဗြီအစီအစဥ္တင္ဆက္သူတစ္ေယာက္ဟာ တျခားသူေတြရဲ့ လက္ထပ္ခြင့္ကို ျငင္းပယ္ျပီး ေဘာ္္ဘီကို လက္ထပ္ခြင့္ရဖို႔ သူ႔မိသားစုကို ခ်ဥ္းကပ္ခဲ့ပါတယ္။ ေဘာ္ဘီကေတာ့ သူ႔ကို ျငင္းမယ္လို႔ ထင္တဲ့အတြက္ ဒီလို ခ်ဥ္းကပ္တာလည္း ျဖစ္ပါတယ္။ လူခ်မ္းသာ သူေဌးၾကီးက ကေလးမႏွစ္ေယာက္ကို ဘာေတြလုပ္ခဲ့ပါသလဲ? Bobby ကေရာ Tasawur နဲ႔ ကိစၥကို ဘယ္လို ေျဖရွင္းမွာလဲ ဆက္ၾကည့္ရမွာပါ။

၅) JaanEmann (သံုးပြင့္ဆုိင္)

Jaanemann

Salman Khan ပါတဲ့ သံုးပြင့္ဆိုင္အခ်စ္ဇာတ္ကားေကာင္းတစ္ကား

သံုးသပ္ခ်က္ : Jaanemann ဇာတ္ကားဟာ Salman khan ရဲ့ သရုပ္ေဆာင္မႈကို အေကာင္းတကာ့ အေကာင္းဆံုးျမင္ရမယ့္ ဇာတ္ကားျဖစ္ပါတယ္။ မူလဇာတ္လမ္းထဲမွာမွ ဇာတ္လမ္းတစ္ခုထပ္ပ်ိဳးထားသလို ေနာက္ထပ္ဇာတ္ဝင္ခန္းက ဘာျဖစ္လာမလဲဆိုတာ အျမဲတမ္းသိေစခ်င္ေနမွာပါ။ Salman Khan နဲ႔ Akshay တို႔ဟာ Preity Zinta ဆိုတဲ့ အမ်ိဳးသမီးတစ္ေယာက္တည္းအေပၚခ်စ္မိတဲ့အခါ ဘယ္လို အတက္အက်ေတြနဲ႔ ဒီသံုးပြင့္ဆုိင္အခ်စ္ဇာတ္လမ္းကို ဖြဲ႔စည္းထားသလဲ။ သူ႔ရဲ႕ဇနီးေဟာင္းကို မယားစရိတ္အမ်ားၾကီးေထာက္ပံ့ရတဲ့ ဘဝကေန လြတ္ကင္းေအာင္လို႔ ဘယ္လို ျပန္ခ်စ္လာေအာင္ လုပ္မလဲ။

ဇာတ္လမ္းအက်ဥ္းခ်ဳပ္ : Jaan-E-Mann ဟာ ရိုမန္တစ္ဆန္တဲ့ ေဘာင္ထဲမွာ Suhaan နဲ႔ Piya တို႔ရဲ့ မဂၤလာပြဲကေန ကြာရွင္းမႈကို ဦးတည္သြားတဲ့ အျဖစ္အပ်က္ေတြ Priya ဟာ သူ႔ရဲ႕ ေကာလိပ္ေက်ာင္းသူငယ္ခ်င္း Agastya နဲ႔ ေစ့စပ္သြားတဲ့ ျဖစ္ရပ္ကို ဦးတည္သြားခဲ့ပါတယ္။ Agastya ဟာ Piya တစ္ေယာက္ Suhaan ကိုပဲ ဆက္ခ်စ္ေနျပီး သူ႔ကို မခ်စ္ဘူးဆိုတာ သိရတဲ့အခါ…

တကယ္လို႔မ်ား ဒီအားလပ္ရက္မွာ Movie Marathon ကို မေမာတမ္းၾကည့္မယ္ဆုိရင္ေတာ့ Viu ကေနျပီး ေမလ ၂၅ ရက္ေန ၂၇ ရက္ေန႔ထိ ေပးထားတဲ့ FREE BOLLYWOOD WEEKEND အစီအစဥ္ေလးရွိေနပါတယ္။ Viu မွာ ရွိသမွ် ေဘာလီးဝုဒ္ဇာတ္ကားမွန္သမွ်ကို အခမဲ့ၾကည့္ႏုိင္တဲ့အတြက္ ဒီအခြင့္အေရးကို လံုးဝလက္မလႊတ္သင့္ပါဘူး။

ဒါတင္မဟုတ္ဘဲ Viu မွာ အလန္းဆံုး အာရွဇာတ္ကားနဲ႔ စီးရီးေတြမ်ိဳးစံု၊ ထိုင္း၊ အိႏိၵယ၊ ဂ်ပန္၊ ကိုရီးယားနဲ႔ ျမန္မာျပည္ကေန ရိုက္ကူးတင္ဆက္တဲ့ Comedy ၊ Horror ၊ Romance ၊ Action နဲ႔ Drama ဇာတ္ကားေတြလည္း ရွိေနပါတယ္။ ေန႔တုိင္းနီးပါး ဇာတ္ကားအသစ္ေတြ တင္ေပးေနတဲ့အတြက္လည္း ေရြးခ်ယ္စရာေတြ အမ်ားအျပားရွိမွာပါ။ ျပီးေတာ့ တျခား Apps ေတြနဲ႔မတူျခားနားတဲ့ Viu ရဲ့ အေကာင္းဆံုးအခ်က္ကေတာ့ Viu မွာ ရွိတဲ့ Video အားလံုးဟာ ၁၀၀% ျမန္မာစာတမ္းထုိးေပးထားတာျဖစ္ပါတယ္။

ဒီလို အရမ္းမိုက္တဲ့ အခြင့္အေရးကို ရယူဖို႔ ဘာေတြ ေစာင့္ေနဦးမွာလဲ။ Viu App ကို ခင္ဗ်ားရဲ့ Android ဖုန္းမွာ Google Play Store ကေန ခုပဲ ေဒါင္းလုတ္ရယူလိုက္ျပီး Viu မွာရွိတဲ့ အလန္းဆံုး အာရွရုပ္ရွင္နဲ႔ စီးရီးေတြကို ၾကည့္ရႈခံစားခြင့္ကို ရယူလိုက္ပါ။ Facebook Account နဲ႔ Sign up လုပ္ျပီး တစ္လ အခမဲ့ စမ္းသပ္ၾကည့္ရႈခြင့္ (One- month free trial) ကို ရယူႏုိင္သလို ေငြ ၁၅၀၀ က်ပ္တည္းနဲ႔ Viu Premium ကို Subscribe လုပ္ျပီး ေနာက္ထပ္ဇာတ္ကားနဲ႔ စီးရီးစ္ေတြကို ၾကည့္ရႈခြင့္ကိုလည္း ရယူႏုိင္ပါတယ္။

Viu အေၾကာင္းထပ္သိခ်င္ေသးတယ္ဆိုရင္ေတာ့ Viu ဆုိတာ over-the-top (OTT) video service တစ္ခုျဖစ္ျပီး Vuclip ရဲ့ ထုတ္ကုန္တစ္ခုျဖစ္ပါတယ္။ Viu ကို စင္ကာပူ၊ မေလးရွား၊ အိႏိၵယ၊ အင္ဒိုနီးရွား၊ ဖိလစ္ပုိင္၊ ထုိင္း၊ ျမန္မာ၊ ေဟာင္ေကာင္နဲ႔ အေရွ႕အလယ္ပိုင္းက ႏုိင္ငံ ၈ ႏုိင္ငံအပါအဝင္ ေစ်းကြက္ ၁၆ ခုမွာ စတင္မိတ္ဆက္ခဲ့ပါတယ္။ စျပီးခ်ျပတည္းက ခ်ီးက်ဴးဂုဏ္ျပဳမႈေတြ အမ်ားၾကီး ရရွိထားျပီး ၂၀၁၆ ခုႏွစ္ရဲ့ HKICT Awards မွာ အေကာင္းဆံုး မုိဘုိင္းလ္ App ဆုကေန ၂၀၁၇  ဒီဇင္ဘာမွာ အေရွ႕အလယ္ပိုင္းေဒသတြင္း အသံုးအမ်ားဆံုး App အေနနဲ႔ Google က အသိအမွတ္ျပဳထားတဲ့အထိ ပါပါတယ္။

ျမန္မာႏုိင္ငံမွာေတာ့ Viu ဟာ Beta Version အေနနဲ႔ ဧျပီလ ၂၀၁၈ ခုနွစ္မွာ စတင္ဖြင့္လွစ္ခဲ့ပါတယ္။ Viu ရဲ့ ရပ္တည္ခ်က္ကေတာ့ ျမန္မာေစ်းကြက္နဲ႔ သင့္ေတာ္တဲ့ အာရွရဲ့ အေကာင္းဆံုး Content ေတြေပၚမွာ အေျချပဳရပ္တည္ဖို႔ျဖစ္ပါတယ္။ ဒီေစ်းကြက္မွာရွိတဲ့ ၾကည့္ရွဳသူေဖာက္သည္ေတြအတြက္္ ခုိင္မာျပီး စိတ္ဝင္စားဖို႔ ေကာင္းတဲ့ ရပ္တည္ခ်က္ရွိတယ္လို႔ ယံုၾကည္ထားျပီး ေစ်းကြက္ညႊန္းကိန္းေတြအားလံုးရဲ့ ညႊန္ျပခ်က္အရ ျမန္မာေစ်းကြက္ဟာ Viu လို အေရွ႕ေတာင္အာရွမွာ ဦးေဆာင္ေနတဲ့ Content/ broadcast houses ေတြရဲ့ အစဥ္မျပတ္ထုတ္လႊင့္ေနတဲဲ့ အစီအစဥ္ေတြနဲ႔ Freemium ထုတ္ကုန္ေပါင္းစပ္ထားတဲ့အရာကို သံုးစြဲဖို႔ အသင့္ရွိေနျပီလို႔ သိထားပါတယ္။

Vuclip လို႔ ေခၚတဲ့ PCCW Media Company ဟာ ကယ္လီဖိုးနီီးယား၊ ဆီလီကြန္ Valley မွာ ရုံးစုိက္ထားတဲ့ ကမာၻတဝွမ္း ႏုိင္ငံ ၂၂ ေက်ာ္မွာ ဦးေဆာင္ေနတဲ့ Video – on- demand service provider ျဖစ္ပါတယ္။ PCCW Limited ဟာေတာ့ Telecommunications ၊ Media ၊ IT Solutions ၊ Property Development and Investment နဲ႔ အျခားလုပ္ငန္းေတြမွာ ျမွဳပ္ႏွံထားတဲ့ ေဟာင္ေကာင္အေျခစုိက္ ကမာၻလံုးဆိုင္ရာကုမၸဏီတစ္ခုျဖစ္ပါတယ္။ PCCW Media ဟာ အၾကီးဆံုးနယ္ေျမခံ pay-TV လုပ္ငန္းေတြနဲ႔ Now TV လုပ္ငန္းေဆာင္ရြက္ေနတာေတြအျပင္ Vuclip ကတဆင့္ over-the-top (OTT) video service Viu ရဲ့ သတ္မွတ္ျပဌာန္းခ်က္အတြင္း လုပ္ကုိင္ေဆာင္ရြက္ေနပါတယ္။

www.akhayar.com

[Unicode]

မြန်မာလူငယ်တွေကြား ခေတ်စားနေတဲ့ Viu ပေါ်က အမိုက်စား ဘောလီးဝုဒ်ဇာတ်ကား (၅) ကား

အခုခေတ်မှာဆိုရင် အသက် ၁၈နှစ်ကနေ ၃၄ နှစ်ကြား မြန်မာလူငယ်တွေဟာ သူတို့ရဲ့ ဖုန်းကနေ Viu App ကို အသုံးပြုပြီး ရုပ်ရှင်ကြည့်ကြတာ များပါတယ်။ အဲဒီအရွယ်ရဲ့ ၇၀ % သော Viu အသုံးပြုသူတွေဟာ သူတို့ရဲ့ အချိန်ပိုတွေကို အိမ်ပြန်ကားပိတ်နေတဲ့အချိန်မှာဖြစ်ဖြစ်၊ ရုံးရဲ့ Break Time တွေမှာ ဖြစ်ဖြစ်၊ ဒါမှ မဟုတ်လည်း အလုပ်ပြီးလို့ အိမ်မှာနားနေတဲ့အချိန်မှာ အိပ်ရာပေါ်မှာ အေးဆေးနှပ်ရင်းဖြစ်ဖြစ် ရုပ်ရှင်တွေ ကြည့်ကြတာ အများဆုံးပါပဲ။

ဒီလို အသုံးပြုသူတွေများတယ်ဆိုတာလည်း Viu App ကို လွယ်လွယ်ကူကူနဲ့ ရယူအသုံးပြုနိုင်လို့ ဖြစ်သလို ခုမှ စတင်အသုံးပြုမယ်ဆိုရင်လည်း ဒီ Viu App Link မှာ ဒေါင်းလုတ်ရယူနိုင်ပါတယ်။

ဒီလို လူငယ်တွေအတွက် ထိပ်တန်းဘောလီးဝုဒ်ဇာတ်ကားကောင်း (၅) ကားနဲ့ သုံးသပ်ချက်လေးတွေကို အခုလို ညွှန်းပေးပါရစေ။

၁) Sarkar (ဆာခါး)

Sarkar

ဘောလီးဝုဒ်ရဲ့ မီဂါစတားဖြစ်တဲ့ အမီတာဘဂျမ်း ဦးဆောင်ပါဝင်ထားတဲ့ ဇာတ်ကားကြီး

သုံးသပ်ချက် : Sarkar ဆိုတာ မင်းသားကြီး အမီတာဘဂျမ်းက အဓိကဇာတ်ကောင်နေရာပါဝင်ထားတဲ့ မှုခင်းဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ ကျွန်တော်ရုပ်ရှင်ကို ကြည့်နေတုန်း ဇာတ်ကားတော့ စပြီလို့ နားလည်လိုက်တဲ့အချိန်မှာပဲ ဇာတ်ကားက အဆုံးသတ်သွားပါပြီ။ ရိုက်ကွင်းရိုက်ကွက်တွေဟာ ချီးကျူးရလောက်အောင် ကောင်းပြီး ဇာတ်ကောင်စရိုက်အားလုံးပီပြင်တာလည်း တွေ့ရမှာ ဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ Amitabh Bachchan နဲ့အတူသူ့ရဲ့သားဖြစ်တဲ့ Abhishek Bachchan လည်းပါတဲ့အတွက် သားအဖနှစ်ယောက် အတွဲညီညီသရုပ်ဆောင်တာကိုလည်း တွေ့ရမှာ ဖြစ်ပါတယ်။

ဇာတ်လမ်းအကျဉ်း : Subhash Nagre (Amitabh Bachchan) က ချမ်းသားပြီး သြဇာကြီးမားတဲ့ ဘုံဘေမြို့သားတစ်ယောက်ဖြစ်ပါတယ်။ သူဟာ အမေရိကန်နိုင်ငံက ကြီးမားခန့်ထည်လှတဲ့ အိမ်တော်ကြီးမှာ ဇနီး Pushpa ၊ သားအကြီး Vishnu နဲ့ မိန်းမ Amrita နဲ့ သားအငယ် Shankar တို့နေထိုင်ခဲ့ရာမှာ တစ်ရက်ကြမ္မာငင်လာပါတော့တယ်။ နိုင်ငံရေးသားတစ်ယောက်ဖြစ်တဲ့ Motilal Khurana ဟာ အသတ်ခံခဲ့ရပြီး လူသတ်သမားက Molital ကို လုပ်ကြံဖို့ သူ့ကို ငှားရမ်းတာဟာ Subbash ဖြစ်ကြောင်းထွက်ဆိုခဲ့ပါတယ်။

Subhash ဟာ အဖမ်းခံရပြီး အကျဉ်းကျခဲ့တဲ့အခါ သူ့အတွက် တရားရုံးမှာလည်း မျှော်လင့်ချက်မရှိသလောက်နည်းနေခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ သူဟာ ဒီလူသတ်မှုကိစ္စအတွက်မဟုတ်ဘဲ တရားဥပဒေမစိုးမိုးတဲ့အခါမျိုးမှာ Godfather Mafia တစ်ယောက်လို ကိုယ့်အာဏာစက်နဲ့ ကိုယ်ဖြေရှင်းခဲ့တဲ့အတွက် ဖြစ်ပါတယ်။ ဒီလိုမျိုး သြဇာအာဏာကင်းမဲ့ပြီး အကူအညီမဲ့နေတဲ့ Subhash ကို ဘယ်လိုအရာတွေ ဖိအားပေးလာဦးမှာလဲ၊ သားအငယ် Shankar ကို သတ်ဖို့ ကြံစည်နေတဲ့သူကလည်း သားအကြီး Vishnu ဖြစ်နေတဲ့အခါ ဇာတ်လမ်းကို ဆက်လက်ကြည့်ရှုရမှာပါ။

၂) Nishabd (တိတ်တိတ်ပုန်း)

Nishabd

Amitabh Bachchan ရဲ့ Masterpiece ဇာတ်ကားတွေထဲက တစ်ကားဖြစ်ပြီး အသက် ၆၀ အရွယ်အမျိုးသားတစ်ယောက်ဟာ သူ့ရဲ့ အသက် ၁၈နှစ်အရွယ် သမီးကြီးရဲ့ သူငယ်ချင်းနဲ့ ချစ်ကြိုးသွယ်မိတဲ့ ဒရာမာဇာတ်ကားကောင်းဖြစ်ပါတယ်။

သုံးသပ်ချက် : Amitabh Bachchan လို Genius တစ်ယောက်ရဲ့ အနုပညာအရည်အသွေးကို ဥပေက္ခာပြုဖို့ဆိုတာ ခက်ခဲလွန်းပါတယ်။ ရုပ်ရှင်မရိုက်တာကြာပေမယ့်လည်း အမီတာဘဂျမ်းခေတ်ကုန်သွားပြီလို့ ပြောလို့ မရပါဘူး။ Nishabd ကိုပဲ ကြည့်ရင် သူ့ဟာနဲ့သူ ကောင်းလွန်းနေပါတယ်။ ကန့်သတ်ချက်တွေအားလုံးကို ကျော်ဖြတ်ပြီး လက်တွေ့ဘဝမှာ ရှိနေတတ်တဲ့ အချစ်ဇာတ်လမ်းတစ်ပုဒ်ကို ကြည့်ရမှာပါ။ ရုပ်ရှင်ကြည့်နာတဲ့သူတွေကတော့ ဒီရုပ်ရှင်ကို လက်ခံကြမှာ ဖြစ်ပြီး Amitabh ရဲ့ သရုပ်ဆောင်မှုတွေအတွက်ဆိုရင် ကျွန်တော့်မှာ ဖော်ပြစရာစကားလုံးတောင်မရှိအောင် သဘောကျမိပါတယ်။ သူ့ဇာတ်ရုပ်အတိုင်းအတိအကျသရုပ်ဆောင်နိုင်သလို အရင်က သူ့ရဲ့ဒီလောက် သဘာဝကျတဲ့ သရုပ်ဆောင်မှုမျိုးကို မတွေ့ခဲ့ရဖူးသလိုတောင် ဖြစ်နေပါတယ်။ သူဟာ အမြဲသဘာဝကျကျသရုပ်ဆောင်တတ်ပေမယ့် Nishabd မှာတော့ သူ့ရဲ့ အကောင်းဆုံးပုံစံကို မြင်ခဲ့ရပါတယ်။ သူ့ရဲ့ ပရိသတ်တွေအတွက်တော့ ဒီဇာတ်ကားကို (လုံးဝ) လက်မလွှတ်ဘဲ ကြည့်သင့်တယ်လို့ ပြောပါရစေ။

ဇာတ်လမ်းအကျဉ်း : Vijay (Amitabh Bachchan) ဟာ သူ့ဇနီး Amrita နဲ့ အတူ ချမ်းချမ်းသာသာကြွယ်ကြွယ်ဝဝနဲ့ အိန္ဒိယမှာ နေထိုင်နေကြပါတယ်။ သူတို့ရဲ့ အိမ်ထောင်သက်က ၂၇ နှစ်လောက်ရှိပြီ ဖြစ်ပြီး သူတို့ရဲ့ သမီးလေး Ritu တောင် အသက် ၁၈ နှစ်ရှိနေပြီဖြစ်ပါတယ်။ သူတို့မှာ ဧရာမခြံအကျယ်ကြီးရှိပြီး Vijay ရဲ့ ဝါသနာတစ်ခုဖြစ်တဲ့ ဓာတ်ပုံလျှောက်ရိုက်ရာနေရာလည်း ဖြစ်ပါတယ်။ Vijay ရဲ့ ဇနီး Amrita ကတော့ Kuchipudi လို့ ခေါ်တဲ့ အိန္ဒိယရိုးရာအကမယ်တစ်ဦးဖြစ်ပြီး ရွှေတံဆိပ်နှစ်ခုတောင် ဒီအကနဲ့ ဆွတ်ခူးခဲ့ပေမယ့် မိသားစုကို ကြည့်ရှုစောင့်ရှောက်ဖို့အတွက် သူ့ဝါသနာကို စွန့်လွှတ်ခဲ့သူဖြစ်ပါတယ်။ အားလပ်ရက်တစ်ရက်မှာ သူတို့ရဲ့ သမီး Ritu ဟာ Jia လို့ ခေါ်တဲ့ သူငယ်ချင်းကောင်မလေးကို အိမ်အလည်ခေါ်လာခဲ့ပါတယ်။ Jia ဟာ သြစတြေးလျနိုင်ငံ၊ ဘရစ္စဘိန်းမြို့မှာ အိမ်ထောင်ကွဲအမေနဲ့ တူတူနေတဲ့ ကလေးအရမ်းဆန်တဲ့ ကောင်မလေးဖြစ်ပါတယ်။ Ritu တစ်ယောက်ခြေကျင်းဝတ်လည်သွားတဲ့အခါမှာတော့ Vijay နဲ့ Jia ကြားအခြေအနေတွေ ပြောင်းလဲကုန်ပါတော့တယ်။

Amrita ဟာ Vijay ရုတ်တရက် ရွှင်ရွှင်မြူးမြူးရယ်ရယ်မောမောတွေ ဖြစ်လာတာ၊ သီချင်းလေးတအေးအေး ဖြစ်လာတာတွေကို သတိထားမိလာပါတော့တယ်။ ရုတ်တရက် Ritu က Jia ကို အိမ်ကထွက်သွားဖို့ မောင်းထုတ်တဲ့အခါ Vijay က ဟန့်တားခဲ့ပါတယ်။ Amrita ရဲ့ အကို Shridar က ဒီမိသားစုဆီကို ခဏအလည်လာတဲ့အခါမှာတော့ ဘာတွေ ဆက်ဖြစ်လာမလဲဆိုတာ…

၃) Janatha Garage ( မတရားမှုကို ရင်ဆိုင်ခြင်း)

Janatha Garage

စူပါစတားတွေဖြစ်တဲ့ NTR နဲ့ Mohanlal တို့ရဲ့ အံ့မခန်းသရုပ်ဆောင်မှုတွေနဲ့ စိတ်လှုပ်ရှားစရာ ဇာတ်ဝင်ခန်းတွေနဲ့ ဖွဲ့စည်းထားတဲ့ ဇာတ်ကား

သုံးသပ်ချက် :Janatha Garage ဟာ အပတ်စဉ် ကြည့်နေကြ  Bollywood ဇာတ်ကားတွေနဲ့ မတူဘဲ ကွဲထွက်ပါတယ်။ ဒီဇာတ်ကားဟာ အက်ရှင်ဒရာမာအမျိုးအစားဖြစ်ပြီး ဇာတ်ကောင်တွေက ပြင်းပြတဲ့ခံစားချက်တွေကို ပုံဖော်ပေးစွမ်းပါလိမ့်မယ်။ သဘာဝပတ်ဝန်းကျင်ကို ချစ်မြတ်နိုးတဲ့ ကျောင်းသားတစ်ယောက်နဲ့ လူတွေကို ကူညီရတာသဘောကျတဲ့ မက္ကင်းနစ်တစ်ယောက်တွေ့ဆုံပူးပေါင်းမိကြပါတယ်။ သူတို့နှစ်ယောက်လုံးဟာ သူတို့ရဲ့ ကားပြင်အလုပ်ရုံက လူတွေကို ကူညီကယ်တင်ဖို့ ကြောက်စရာကောင်းတဲ့ လုပ်ငန်းရှင်တစ်ယောက်နဲ့ ထိပ်တိုက်တွေ့ရပုံဖြစ်ပါတယ်။

ဇာတ်လမ်းအကျဉ်း : Sathyam ဟာ ကျေးရွာတစ်ရွာက ဝပ်ရှော့လေးတစ်ခုရဲ့ ပိုင်ရှင်ဖြစ်ပါတယ်။ သူ့ရဲ့ အကို ဖြစ်တဲ့ Shiva ကတော့ ဟိုက်ဒရာဘတ်မှာ အလုပ်လုပ်နေပြီး Sathyam အတွက် ဒီဝပ်ရှော့ကို ဖွင့်ထားပေးတာ ဖြစ်ပါတ်။ အဲဒီညီအကိုတွေနဲ့ သူငယ်ချင်းတစ်စုဟာ Janatha Gargae လို့နာမည်ပေးထားတဲ့ အဲဒီဝပ်ရှော့လုပ်ငန်းကို ပျော်ပျော်ရွှင်ရွှင်လုပ်ဆောင်နေကြတာပါ။ တစ်ရက်မှာ Sathayma ရဲ့ အသိမိတ်ဆွေ တစ်ယောက်ဖြစ်တဲ့ ဆင်းရဲသားလူကြီးတစ်ယောက်ရဲ့ ကောလိပ်ကျောင်းသွားတက်နေတဲ့ သမီးလေးဟာ Accident တစ်ခုဖြစ်ပြီး သေဆုံးသွားခဲ့ပါတယ်။ Sathyam နဲ့ သူ့သူငယ်ချင်းတွေ သိလိုက်ကြတာက အဲဒီကောင်မလေးဟာ ကြေးစားလူမိုက်တွေရဲ့ မုဒိမ်းကျင့်သတ်ဖြတ်တာကို ခံလိုက်ရတယ်ဆိုတာပါပဲ။

ဒီကိစ္စအတွက် Shiva ရဲ့ သူငယ်ချင်းဖြစ်တဲ့ ရဲမှုး Chandrashekar ရဲ့ အကူအညီကို ယူခဲ့ပေမယ့်လည်း ဘာသက်သေမှ မရှိတာရော၊ ဟိုဘက်က သြဇာကြီးမားတဲ့ အသိုင်းအဝိုင်းဖြစ်တာကြောင့်ရော အကူအညီမဲ့နေခဲ့ပါတယ်။ ဒါနဲ့ပဲ Janatha Garage က ညီအစ်ကိုတွေဟာ ကြေးစားလူမိုက်တွေကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ လက်စားချေပြီး မတော်တဆမှုအသွင်ဇာတ်လမ်းဆင်ခဲ့ပါတယ်။ Chandrashekar က ဒီကိစ္စကို သိရှိပြီး နောက်ဆက်တွဲဖြစ်လာမယ့် အကျိုးဆက်တွေကို သူတို့ကိ သတိပေးခဲ့တဲ့အခါ…

၄) Bobby Jasoos ( စုံထောက်ဘော်ဘီ)

Bobby Jasoos

လူသိအများဆုံးဘောလီးဝုဒ်ဟာသဇာတ်ကားတွေထဲက တစ်ကား၊ မိသားစု တစ်စုလုံး အတူထိုင်ကြည့်ရှုလို့ ရမယ့် ဇာတ်ကား

သုံးသပ်ချက် : Jasoos ကို ကြည့်ဖို့ အချိန်ကုန်ရတာ တန်ပါတယ်။ ပထမဆုံး ဇာတ်ဝင်ခန်းမှာတင်  ဒီဉာဏ်ကောင်းလှတဲ့ စုံထောက်မလေးဟာ အကြီးကြီးတွေ ထုတ်ဖော်ဖို့ ဆန္ဒရှိပေမယ့် လက်ရှိမှာတော့ လင်ခန်းမယားခန်းနဲ့ ဆိုင်တဲ့ ကိစ္စတွေနဲ့ အတွဲလိုက်ချောင်းတဲ့ ကိစ္စမျိုးတွေပဲ လုပ်နေရပါတယ်။

ဇာတ်လမ်းအကျဉ်း : သမီးကြီးဖြစ်တဲ့ Bobby (Vidya Balan) ဟာ ဟိုက်ဒရာဘတ်မြို့မှာ မိသားစုနဲ့အတူ နေထိုင်နေပြီး နောက်ယောင်ခံလိုက်ရတာ၊ စုံစမ်းထောက်လှမ်းရတာကို ဝါသနာထုံသူပါ။ သူ့အဖေက ခွင့်မပြုပေမယ့် စုံထောက်တစ်ယောက်ဖြစ်ဖို့ ကြံစည်နေသူလည်း ဖြစ်ပါတယ်။ သူ့ရဲ့စွန့်စားခန်းတွေထဲက တစ်ခုကတော့ သူရဲ့ သူငယ်ချင်း Afreen အတင်းအကြပ်မိဘပေးစားမင်္ဂလာဆောင်ခံရတဲ့ ကိစ္စလည်းပါပါတယ်။

တစ်ခါမှာတော့ ချမ်းသာတဲ့ လူတစ်ယောက်က Bobby ကို အလုပ်တာဝန်စေခိုင်းခဲ့ပါတယ်။ ကလေးမလေးနှစ်ယောက်ရဲ့ အသက်၊ နာမည်နဲ့ မွေးရာပါအမှတ်အသားတွေ ပြောပြပြီး ဟိုက်ဒရာဘတ်မြို့ထဲ ရှာခိုင်းတာပါ။ အဲ့ဒါအပြင် နောက်ဆုံးအလုပ်တာဝန်အနေနဲ့ လူတစ်ယောက်ကိုလည်း ထပ်ရှာခိုင်းခဲ့ပါသေးတယ်။

အဲဒီလို အချိန်မျှာ Tasawur (Ali) လို့ ခေါ်တဲ့ ခပ်ချောချော တီဗွီအစီအစဉ်တင်ဆက်သူတစ်ယောက်ဟာ တခြားသူတွေရဲ့ လက်ထပ်ခွင့်ကို ငြင်းပယ်ပြီး ဘော်ဘီကို လက်ထပ်ခွင့်ရဖို့ သူ့မိသားစုကို ချဉ်းကပ်ခဲ့ပါတယ်။ ဘော်ဘီကတော့ သူ့ကို ငြင်းမယ်လို့ ထင်တဲ့အတွက် ဒီလို ချဉ်းကပ်တာလည်း ဖြစ်ပါတယ်။ လူချမ်းသာ သူဌေးကြီးက ကလေးမနှစ်ယောက်ကို ဘာတွေလုပ်ခဲ့ပါသလဲ? Bobby ကရော Tasawur နဲ့ ကိစ္စကို ဘယ်လို ဖြေရှင်းမှာလဲ ဆက်ကြည့်ရမှာပါ။

၅) JaanEmann (သုံးပွင့်ဆိုင်)

Jaanemann

Salman Khan ပါတဲ့ သုံးပွင့်ဆိုင်အချစ်ဇာတ်ကားကောင်းတစ်ကား

သုံးသပ်ချက် : Jaanemann ဇာတ်ကားဟာ Salman khan ရဲ့ သရုပ်ဆောင်မှုကို အကောင်းတကာ့ အကောင်းဆုံးမြင်ရမယ့် ဇာတ်ကားဖြစ်ပါတယ်။ မူလဇာတ်လမ်းထဲမှာမှ ဇာတ်လမ်းတစ်ခုထပ်ပျိုးထားသလို နောက်ထပ်ဇာတ်ဝင်ခန်းက ဘာဖြစ်လာမလဲဆိုတာ အမြဲတမ်းသိစေချင်နေမှာပါ။ Salman Khan နဲ့ Akshay တို့ဟာ Preity Zinta ဆိုတဲ့ အမျိုးသမီးတစ်ယောက်တည်းအပေါ်ချစ်မိတဲ့အခါ ဘယ်လို အတက်အကျတွေနဲ့ ဒီသုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းကို ဖွဲ့စည်းထားသလဲ။ သူ့ရဲ့ဇနီးဟောင်းကို မယားစရိတ်အများကြီးထောက်ပံ့ရတဲ့ ဘဝကနေ လွတ်ကင်းအောင်လို့ ဘယ်လို ပြန်ချစ်လာအောင် လုပ်မလဲ။

ဇာတ်လမ်းအကျဉ်းချုပ် : Jaan-E-Mann ဟာ ရိုမန်တစ်ဆန်တဲ့ ဘောင်ထဲမှာ Suhaan နဲ့ Piya တို့ရဲ့ မင်္ဂလာပွဲကနေ ကွာရှင်းမှုကို ဦးတည်သွားတဲ့ အဖြစ်အပျက်တွေ Priya ဟာ သူ့ရဲ့ ကောလိပ်ကျောင်းသူငယ်ချင်း Agastya နဲ့ စေ့စပ်သွားတဲ့ ဖြစ်ရပ်ကို ဦးတည်သွားခဲ့ပါတယ်။ Agastya ဟာ Piya တစ်ယောက် Suhaan ကိုပဲ ဆက်ချစ်နေပြီး သူ့ကို မချစ်ဘူးဆိုတာ သိရတဲ့အခါ…

တကယ်လို့များ ဒီအားလပ်ရက်မှာ Movie Marathon ကို မမောတမ်းကြည့်မယ်ဆိုရင်တော့ Viu ကနေပြီး မေလ ၂၅ ရက်နေ ၂၇ ရက်နေ့ထိ ပေးထားတဲ့ FREE BOLLYWOOD WEEKEND အစီအစဉ်လေးရှိနေပါတယ်။ Viu မှာ ရှိသမျှ ဘောလီးဝုဒ်ဇာတ်ကားမှန်သမျှကို အခမဲ့ကြည့်နိုင်တဲ့အတွက် ဒီအခွင့်အရေးကို လုံးဝလက်မလွှတ်သင့်ပါဘူး။

ဒါတင်မဟုတ်ဘဲ Viu မှာ အလန်းဆုံး အာရှဇာတ်ကားနဲ့ စီးရီးတွေမျိုးစုံ၊ ထိုင်း၊ အိန္ဒိယ၊ ဂျပန်၊ ကိုရီးယားနဲ့ မြန်မာပြည်ကနေ ရိုက်ကူးတင်ဆက်တဲ့ Comedy ၊ Horror ၊ Romance ၊ Action နဲ့ Drama ဇာတ်ကားတွေလည်း ရှိနေပါတယ်။ နေ့တိုင်းနီးပါး ဇာတ်ကားအသစ်တွေ တင်ပေးနေတဲ့အတွက်လည်း ရွေးချယ်စရာတွေ အများအပြားရှိမှာပါ။ ပြီးတော့ တခြား Apps တွေနဲ့မတူခြားနားတဲ့ Viu ရဲ့ အကောင်းဆုံးအချက်ကတော့ Viu မှာ ရှိတဲ့ Video အားလုံးဟာ ၁၀၀% မြန်မာစာတမ်းထိုးပေးထားတာဖြစ်ပါတယ်။

ဒီလို အရမ်းမိုက်တဲ့ အခွင့်အရေးကို ရယူဖို့ ဘာတွေ စောင့်နေဦးမှာလဲ။ Viu App ကို ခင်ဗျားရဲ့ Android ဖုန်းမှာ Google Play Store ကနေ ခုပဲ ဒေါင်းလုတ်ရယူလိုက်ပြီး Viu မှာရှိတဲ့ အလန်းဆုံး အာရှရုပ်ရှင်နဲ့ စီးရီးတွေကို ကြည့်ရှုခံစားခွင့်ကို ရယူလိုက်ပါ။ Facebook Account နဲ့ Sign up လုပ်ပြီး တစ်လ အခမဲ့ စမ်းသပ်ကြည့်ရှုခွင့် (One- month free trial) ကို ရယူနိုင်သလို ငွေ ၁၅၀၀ ကျပ်တည်းနဲ့ Viu Premium ကို Subscribe လုပ်ပြီး နောက်ထပ်ဇာတ်ကားနဲ့ စီးရီးစ်တွေကို ကြည့်ရှုခွင့်ကိုလည်း ရယူနိုင်ပါတယ်။

Viu အကြောင်းထပ်သိချင်သေးတယ်ဆိုရင်တော့ Viu ဆိုတာ over-the-top (OTT) video service တစ်ခုဖြစ်ပြီး Vuclip ရဲ့ ထုတ်ကုန်တစ်ခုဖြစ်ပါတယ်။ Viu ကို စင်ကာပူ၊ မလေးရှား၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ထိုင်း၊ မြန်မာ၊ ဟောင်ကောင်နဲ့ အရှေ့အလယ်ပိုင်းက နိုင်ငံ ၈ နိုင်ငံအပါအဝင် ဈေးကွက် ၁၆ ခုမှာ စတင်မိတ်ဆက်ခဲ့ပါတယ်။ စပြီးချပြတည်းက ချီးကျူးဂုဏ်ပြုမှုတွေ အများကြီး ရရှိထားပြီး ၂၀၁၆ ခုနှစ်ရဲ့ HKICT Awards မှာ အကောင်းဆုံး မိုဘိုင်းလ် App ဆုကနေ ၂၀၁၇  ဒီဇင်ဘာမှာ အရှေ့အလယ်ပိုင်းဒေသတွင်း အသုံးအများဆုံး App အနေနဲ့ Google က အသိအမှတ်ပြုထားတဲ့အထိ ပါပါတယ်။

မြန်မာနိုင်ငံမှာတော့ Viu ဟာ Beta Version အနေနဲ့ ဧပြီလ ၂၀၁၈ ခုနှစ်မှာ စတင်ဖွင့်လှစ်ခဲ့ပါတယ်။ Viu ရဲ့ ရပ်တည်ချက်ကတော့ မြန်မာဈေးကွက်နဲ့ သင့်တော်တဲ့ အာရှရဲ့ အကောင်းဆုံး Content တွေပေါ်မှာ အခြေပြုရပ်တည်ဖို့ဖြစ်ပါတယ်။ ဒီဈေးကွက်မှာရှိတဲ့ ကြည့်ရှုသူဖောက်သည်တွေအတွက် ခိုင်မာပြီး စိတ်ဝင်စားဖို့ ကောင်းတဲ့ ရပ်တည်ချက်ရှိတယ်လို့ ယုံကြည်ထားပြီး ဈေးကွက်ညွှန်းကိန်းတွေအားလုံးရဲ့ ညွှန်ပြချက်အရ မြန်မာဈေးကွက်ဟာ Viu လို အရှေ့တောင်အာရှမှာ ဦးဆောင်နေတဲ့ Content/ broadcast houses တွေရဲ့ အစဉ်မပြတ်ထုတ်လွှင့်နေတဲ့ အစီအစဉ်တွေနဲ့ Freemium ထုတ်ကုန်ပေါင်းစပ်ထားတဲ့အရာကို သုံးစွဲဖို့ အသင့်ရှိနေပြီလို့ သိထားပါတယ်။

Vuclip လို့ ခေါ်တဲ့ PCCW Media Company ဟာ ကယ်လီဖိုးနီးယား၊ ဆီလီကွန် Valley မှာ ရုံးစိုက်ထားတဲ့ ကမ္ဘာတဝှမ်း နိုင်ငံ ၂၂ ကျော်မှာ ဦးဆောင်နေတဲ့ Video – on- demand service provider ဖြစ်ပါတယ်။ PCCW Limited ဟာတော့ Telecommunications ၊ Media ၊ IT Solutions ၊ Property Development and Investment နဲ့ အခြားလုပ်ငန်းတွေမှာ မြှုပ်နှံထားတဲ့ ဟောင်ကောင်အခြေစိုက် ကမ္ဘာလုံးဆိုင်ရာကုမ္ပဏီတစ်ခုဖြစ်ပါတယ်။ PCCW Media ဟာ အကြီးဆုံးနယ်မြေခံ pay-TV လုပ်ငန်းတွေနဲ့ Now TV လုပ်ငန်းဆောင်ရွက်နေတာတွေအပြင် Vuclip ကတဆင့် over-the-top (OTT) video service Viu ရဲ့ သတ်မှတ်ပြဌာန်းချက်အတွင်း လုပ်ကိုင်ဆောင်ရွက်နေပါတယ်။

www.akhayar.com