IMDB က ေရြးခ်ယ္တဲ့ အာရွတိုက္ရဲ့ အေကာင္းဆံုးရုပ္ရွင္ပညာရွင္ (၅)ေယာက္

[Zawgyi]

IMDB က ေရြးခ်ယ္တဲ့ အာရွတိုက္ရဲ့ အေကာင္းဆံုးရုပ္ရွင္အနုပညာရွင္ (၅)ေယာက္

အာရွမွာလည္း အႏုပညာအရ ေအာင္ျမင္ခဲ့တဲ့ လက္ရာေတြ အမ်ားၾကီး ထြက္ေပၚခဲ့ပါတယ္။ ဒီလက္ရာေတြထဲမွာ ရုပ္ရွင္ကားေတြလည္း အမ်ားအျပားပါဝင္ခဲ့ျပီး အာရွရဲ့ ရုပ္ရွင္ပညာရွင္ေတြဟာလည္း မေခေၾကာင္း ဒီဇာတ္ကားေတြက သက္ေသျပေနပါတယ္။ အာရွရဲ့ အႏုပညာ၊ စံႏႈန္းေတြကုိ ကမာၻသိေအာင္ သက္ေသျပႏုိင္ခဲ့တဲ့ ရုပ္ရွင္အႏုပညာရွင္ေတြကေတာ့..

HUAWEI Nova 2i
HUAWEI Nova 2i

 HUAWEI Nova 2i အေၾကာင္း အေသးစိတ္သိရွိရန္

၁။ Akira Kurosawa


ပန္းခ်ီသမားတစ္ေယာက္အေနနဲ႔ ျဖတ္သန္းမႈေတြ ျပဳလုပ္အျပီးမွာ လက္ေထာက္ဒါရုိက္တာအေနနဲ႔ ၁၉၃၆ ခုႏွစ္မွာ ရုပ္ရွင္ေလာကကို ဝင္ေရာက္ခဲ့ျပီး Sanshiro Sugata ဆိုတဲ့ ရုပ္ရွင္ဇာတ္ကားကို ၁၉၄၃ ခုႏွစ္မွာ စတင္ရုိက္ကူးခဲ့ပါတယ္။ သူရုိက္ကူးခဲ့တဲ့ ကားေတြဟာ အစမွ အဆံုးတုိင္ပ်င္းရိျငီးေငြ႔ဖြယ္မေကာင္းဘဲ စြဲေဆာင္မႈရွိခဲ့ပါတယ္။

သူဟာ အေရးပါထင္ရွားျပီး ေအာင္ျမင္တဲ့ ဒါရုိက္တာအေတာ္မ်ားမ်ားက သေဘာက်ရသူျဖစ္ျပီး သူ႔ကို သေဘာက်သူေတြထဲမွာ Steven SpielbergMartin Scorsese နဲ႔ Francis Ford Coppola တို႔ေတာင္ ပါဝင္ပါတယ္။ သူဟာ ဒါရုိက္တာတစ္ေယာက္ဆုိတာထက္ ဒါရိုက္တာဆိုတာ ဘယ္လိုလူမ်ိဳးလဲဆိုတာ ဖြင့္ဆိုျပႏုိင္သူပါ။ သူ႔ရုပ္ရွင္ထဲမွာ မၾကည့္မျဖစ္ၾကည့္ရမယ့္ကားကေတာ့ Seven Samurai ျဖစ္ျပီး အဲဒီဇာတ္လမ္းရဲ့ အဖြင့္ဇာတ္ဝင္ခန္းၾကည့္လိုက္မိရင္ ေမ့ေပ်ာက္ေတာ့မွာ မဟုတ္ပါဘူး။

၂။ Takeshi Kitano

Takeshi ဟာ အစတုန္းက အင္ဂ်င္နီယာတစ္ေယာက္ျဖစ္ဖို႔ သင္ၾကားခဲ့တာျဖစ္ျပီး သူ႔ရဲ့ က်ိဳးႏြံမႈမရွိတဲ့ အမူအက်င့္ေတြေၾကာင့္ ေက်ာင္းက ထြက္ခဲ့ရသူျဖစ္ပါတယ္။ သူဟာ ဟာသ၊ အဆိုအကေတြကို Comedian တစ္ေယာက္ျဖစ္တဲ့ Senzaburo Fukami ဆီက သင္ယူခဲ့ျပီး Takeshi Kitano ဟာ သရုပ္ေဆာင္လည္းျဖစ္၊ ဒါရိုက္တာတစ္ေယာက္လည္းျဖစ္ပါတယ္။

သူ႔ရုပ္ရွင္အမ်ားစုဟာ Yakuza ဂိုဏ္းစတားေတြ ဒါမွမဟုတ္ ရဲတပ္ဖြဲ႔ဝင္ေတြအေၾကာင္းျဖစ္ပါတယ္။ သူ႔ကို ဂ်ပန္မွာ ဒါရို္က္တာအျဖစ္ အသိအမွတ္ျပဳခဲ့တဲ့ ဇာတ္ကားကေတာ့ Hana-bi ျဖစ္ျပီး ၁၉၉၇ ခုႏွစ္မွာ ဒီကားနဲ႔ Golden Lion ဆုကို ဆြတ္ခူးခဲ့ပါတယ္။ သရုပ္ေဆာင္မႈအေနနဲ႔ဆိုရင္လည္း သူ႔ရဲ့ စူးရွတဲ့ အၾကည့္နဲ႔ ဂိုဏ္းစတားပံုစံဟာ ၁၉၉၀ ခုႏွစ္မ်ားဆီက ဂ်ပန္အက္ရွင္ဇာတ္ကားမ်ားရဲ့ ျပယုဂ္တစ္ခုအျဖစ္ထိ လႊမ္းမိုးခဲ့ပါတယ္။

၃။ Chan-wook Park

Chan-wook Park ကိုေတာ့ ကိုရီးယားႏုိင္ငံ ဆိုးလ္ျမိဳ႕မွာ ၾသဂုတ္လ ၂၃ ရက္ ၊ ၁၉၆၃ က ေမြးဖြားခဲ့တာျဖစ္ပါတယ္။ သူဟာ စာေရးဆရာတစ္ေယာက္ေရာ၊ ဒါရုိက္တာတစ္ေယာက္ေရာျဖစျ္ပီး The Handmaiden (၂၀၁၆)၊ Thirst (၂၀၀၉) နဲ႔ Sympathy of Mr.Vengeance (၂၀၀၂) တို႔နဲ႔ လူသိမ်ားခဲ့သူျဖစ္ပါတယ္။

Chan-wook Park ကို အရမ္းအရည္အခ်င္းရွိတဲ့ ဒါရုိက္တာလို႔ သတ္မွတ္ၾကျပီး သူ႔ကားေတြ ၾကည့္လိုက္တာနဲ႔ သူရိုက္ထားမွန္းသိေလာက္ေအာင္ ကိုယ္ပုိင္ Style ရွိသူျဖစ္ပါတယ္။ အစဥ္အလာကို ဆန္႔က်င္တဲ့ ရုိက္ခ်က္ေတြ၊ ထူးျခားတဲ့ Color Tones ေတြ အသံုးျပဳတတ္သူလညး္ျဖစ္ပါတယ္။

၄။ Ang Lee

Ang Lee ကုိေတာ့ ၁၉၅၄ ခုႏွစ္မွာ ထုိင္ဝမ္မွာ ေမြးဖြားခဲ့ျပီး ဒီေန႔ေခတ္ရဲ့ အၾကီးက်ယ္ဆံုး ေခတ္ေပၚ ရုပ္ရွင္အႏုပညာေတြထဲက တစ္ေယာက္ျဖစ္ပါတယ္။ ၁၉၇၅ ခုႏွစ္မွာ ထုိင္ဝမ္အမ်ိဳးသားေကာလိပ္က အႏုပညာဘြဲ႔ရယူခဲ့ျပီး အေမရိကန္ႏုိင္ငံမွာလည္း အႏုပညာနဲ႔ ပက္သက္လို႔ ဆက္လက္ဆည္းပူးခဲ့ပါတယ္။

Ang Lee ရဲ့ အႏုပညာလက္ရာေတြကို ရွာေဖြခ်င္ရင္ေတာ့ Crouching Tiger Hidden Dragon နဲ႔ Brokeback Mountain တို႔မွာ ရွာေဖြၾကည့္ရႈႏုိင္ပါတယ္။

၅။ Joon-ho Bong

Jooh-ho Bong ကိုလည္း ေတာင္ကိုရီးယားႏုိင္ငံမွာ ၁၉၆၉ ခုႏွစ္ စက္တင္ဘာလက ေမြးဖြားခဲ့တာျဖစ္ပါတယ္။ သူ႔ကို လူသိမ်ားေစခဲ့တာကေတာ့ Okja (၂၀၁၇)၊ Mother (၂၀၀၉) နဲ႔ Snowpiercer (၂၀၁၃) ဇာတ္ကားေတြျဖစ္ပါတယ္။ Bong ရဲ့ ရုိက္ကူးပံုေတြက ေျပာျပတဲ့ ဇာတ္လမ္းေတြဟာ ေျခာက္ခ်ားဆန္းၾကယ္ဖြယ္ေကာင္းျပီး စိတ္ကူးဥာဏ္ကြန္႔ျမဴးလို႔လည္း အရမ္းေကာင္းပါတယ္။

ဒီရုပ္ရွင္အႏုပညာရွင္ေတြကေတာ့ အာရွတုိက္ရဲ့ ရုပ္ရွင္အႏုပညာရွင္၊ အတတ္ပညာရွင္ေတြထဲက IMDB ရဲ့ ေဆာင္းပါးရွင္စိတ္ၾကိဳက္ေရြးခ်ယ္ထားတာျဖစ္ျပီး အျခားအရမ္းေကာင္းတဲ့ အႏုပညာရွင္ေတြလည္း ရွိေသးတဲ့အတြက္ အလ်ဥ္းသင့္သလို ဆက္လက္ေဖာ္ျပေပးသြားပါဦးမယ္။

ရိုးလူ (အခရာ)

www.akhayar.com

Ref : IMDB
[Unicode]

IMDB က ရွေးချယ်တဲ့ အာရှတိုက်ရဲ့ အကောင်းဆုံးရုပ်ရှင်အနုပညာရှင် (၅)ယောက်

အာရှမှာလည်း အနုပညာအရ အောင်မြင်ခဲ့တဲ့ လက်ရာတွေ အများကြီး ထွက်ပေါ်ခဲ့ပါတယ်။ ဒီလက်ရာတွေထဲမှာ ရုပ်ရှင်ကားတွေလည်း အများအပြားပါဝင်ခဲ့ပြီး အာရှရဲ့ ရုပ်ရှင်ပညာရှင်တွေဟာလည်း မခေကြောင်း ဒီဇာတ်ကားတွေက သက်သေပြနေပါတယ်။ အာရှရဲ့ အနုပညာ၊ စံနှုန်းတွေကို ကမ္ဘာသိအောင် သက်သေပြနိုင်ခဲ့တဲ့ ရုပ်ရှင်အနုပညာရှင်တွေကတော့..

HUAWEI Nova 2i
HUAWEI Nova 2i

 HUAWEI Nova 2i အကြောင်း အသေးစိတ်သိရှိရန်

၁။ Akira Kurosawa


ပန်းချီသမားတစ်ယောက်အနေနဲ့ ဖြတ်သန်းမှုတွေ ပြုလုပ်အပြီးမှာ လက်ထောက်ဒါရိုက်တာအနေနဲ့ ၁၉၃၆ ခုနှစ်မှာ ရုပ်ရှင်လောကကို ဝင်ရောက်ခဲ့ပြီး Sanshiro Sugata ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကို ၁၉၄၃ ခုနှစ်မှာ စတင်ရိုက်ကူးခဲ့ပါတယ်။ သူရိုက်ကူးခဲ့တဲ့ ကားတွေဟာ အစမှ အဆုံးတိုင်ပျင်းရိငြီးငွေ့ဖွယ်မကောင်းဘဲ စွဲဆောင်မှုရှိခဲ့ပါတယ်။

သူဟာ အရေးပါထင်ရှားပြီး အောင်မြင်တဲ့ ဒါရိုက်တာအတော်များများက သဘောကျရသူဖြစ်ပြီး သူ့ကို သဘောကျသူတွေထဲမှာ Steven SpielbergMartin Scorsese နဲ့ Francis Ford Coppola တို့တောင် ပါဝင်ပါတယ်။ သူဟာ ဒါရိုက်တာတစ်ယောက်ဆိုတာထက် ဒါရိုက်တာဆိုတာ ဘယ်လိုလူမျိုးလဲဆိုတာ ဖွင့်ဆိုပြနိုင်သူပါ။ သူ့ရုပ်ရှင်ထဲမှာ မကြည့်မဖြစ်ကြည့်ရမယ့်ကားကတော့ Seven Samurai ဖြစ်ပြီး အဲဒီဇာတ်လမ်းရဲ့ အဖွင့်ဇာတ်ဝင်ခန်းကြည့်လိုက်မိရင် မေ့ပျောက်တော့မှာ မဟုတ်ပါဘူး။

၂။ Takeshi Kitano

Takeshi ဟာ အစတုန်းက အင်ဂျင်နီယာတစ်ယောက်ဖြစ်ဖို့ သင်ကြားခဲ့တာဖြစ်ပြီး သူ့ရဲ့ ကျိုးနွံမှုမရှိတဲ့ အမူအကျင့်တွေကြောင့် ကျောင်းက ထွက်ခဲ့ရသူဖြစ်ပါတယ်။ သူဟာ ဟာသ၊ အဆိုအကတွေကို Comedian တစ်ယောက်ဖြစ်တဲ့ Senzaburo Fukami ဆီက သင်ယူခဲ့ပြီး Takeshi Kitano ဟာ သရုပ်ဆောင်လည်းဖြစ်၊ ဒါရိုက်တာတစ်ယောက်လည်းဖြစ်ပါတယ်။

သူ့ရုပ်ရှင်အများစုဟာ Yakuza ဂိုဏ်းစတားတွေ ဒါမှမဟုတ် ရဲတပ်ဖွဲ့ဝင်တွေအကြောင်းဖြစ်ပါတယ်။ သူ့ကို ဂျပန်မှာ ဒါရိုက်တာအဖြစ် အသိအမှတ်ပြုခဲ့တဲ့ ဇာတ်ကားကတော့ Hana-bi ဖြစ်ပြီး ၁၉၉၇ ခုနှစ်မှာ ဒီကားနဲ့ Golden Lion ဆုကို ဆွတ်ခူးခဲ့ပါတယ်။ သရုပ်ဆောင်မှုအနေနဲ့ဆိုရင်လည်း သူ့ရဲ့ စူးရှတဲ့ အကြည့်နဲ့ ဂိုဏ်းစတားပုံစံဟာ ၁၉၉၀ ခုနှစ်များဆီက ဂျပန်အက်ရှင်ဇာတ်ကားများရဲ့ ပြယုဂ်တစ်ခုအဖြစ်ထိ လွှမ်းမိုးခဲ့ပါတယ်။

၃။ Chan-wook Park

Chan-wook Park ကိုတော့ ကိုရီးယားနိုင်ငံ ဆိုးလ်မြို့မှာ သြဂုတ်လ ၂၃ ရက် ၊ ၁၉၆၃ က မွေးဖွားခဲ့တာဖြစ်ပါတယ်။ သူဟာ စာရေးဆရာတစ်ယောက်ရော၊ ဒါရိုက်တာတစ်ယောက်ရောဖြြစ်ပီး The Handmaiden (၂၀၁၆)၊ Thirst (၂၀၀၉) နဲ့ Sympathy of Mr.Vengeance (၂၀၀၂) တို့နဲ့ လူသိများခဲ့သူဖြစ်ပါတယ်။

Chan-wook Park ကို အရမ်းအရည်အချင်းရှိတဲ့ ဒါရိုက်တာလို့ သတ်မှတ်ကြပြီး သူ့ကားတွေ ကြည့်လိုက်တာနဲ့ သူရိုက်ထားမှန်းသိလောက်အောင် ကိုယ်ပိုင် Style ရှိသူဖြစ်ပါတယ်။ အစဉ်အလာကို ဆန့်ကျင်တဲ့ ရိုက်ချက်တွေ၊ ထူးခြားတဲ့ Color Tones တွေ အသုံးပြုတတ်သူလည်းဖြစ်ပါတယ်။

၄။ Ang Lee

Ang Lee ကိုတော့ ၁၉၅၄ ခုနှစ်မှာ ထိုင်ဝမ်မှာ မွေးဖွားခဲ့ပြီး ဒီနေ့ခေတ်ရဲ့ အကြီးကျယ်ဆုံး ခေတ်ပေါ် ရုပ်ရှင်အနုပညာတွေထဲက တစ်ယောက်ဖြစ်ပါတယ်။ ၁၉၇၅ ခုနှစ်မှာ ထိုင်ဝမ်အမျိုးသားကောလိပ်က အနုပညာဘွဲ့ရယူခဲ့ပြီး အမေရိကန်နိုင်ငံမှာလည်း အနုပညာနဲ့ ပက်သက်လို့ ဆက်လက်ဆည်းပူးခဲ့ပါတယ်။

Ang Lee ရဲ့ အနုပညာလက်ရာတွေကို ရှာဖွေချင်ရင်တော့ Crouching Tiger Hidden Dragon နဲ့ Brokeback Mountain တို့မှာ ရှာဖွေကြည့်ရှုနိုင်ပါတယ်။

၅။ Joon-ho Bong

Joon-ho Bong ကိုလည်း တောင်ကိုရီးယားနိုင်ငံမှာ ၁၉၆၉ ခုနှစ် စက်တင်ဘာလက မွေးဖွားခဲ့တာဖြစ်ပါတယ်။ သူ့ကို လူသိများစေခဲ့တာကတော့ Okja (၂၀၁၇)၊ Mother (၂၀၀၉) နဲ့ Snowpiercer (၂၀၁၃) ဇာတ်ကားတွေဖြစ်ပါတယ်။ Bong ရဲ့ ရိုက်ကူးပုံတွေက ပြောပြတဲ့ ဇာတ်လမ်းတွေဟာ ခြောက်ချားဆန်းကြယ်ဖွယ်ကောင်းပြီး စိတ်ကူးဉာဏ်ကွန့်မြူးလို့လည်း အရမ်းကောင်းပါတယ်။

ဒီရုပ်ရှင်အနုပညာရှင်တွေကတော့ အာရှတိုက်ရဲ့ ရုပ်ရှင်အနုပညာရှင်၊ အတတ်ပညာရှင်တွေထဲက IMDB ရဲ့ ဆောင်းပါးရှင်စိတ်ကြိုက်ရွေးချယ်ထားတာဖြစ်ပြီး အခြားအရမ်းကောင်းတဲ့ အနုပညာရှင်တွေလည်း ရှိသေးတဲ့အတွက် အလျဉ်းသင့်သလို ဆက်လက်ဖော်ပြပေးသွားပါဦးမယ်။

ရိုးလူ (အခရာ)

www.akhayar.com

Ref : IMDB