[Zawgyi]

မွင္သက္သြားေလာက္ေအာင္လွလြန္းတဲ့ ကမ္းေျခမ်ား

ေန႔စဥ္လႈပ္ရွားေနရတဲ့ ဘဝၾကီးကို စိတ္ကုန္ေနျပီလား။ ဒါဆိုရင္ေတာ့ အလွတရားေတြကို ရွာေဖြဖို႔အခ်ိန္တန္ေနျပီေနာ္။ ကမာၻေပၚမွာ အလွတရားေတြအမ်ားၾကီးရွိပါတယ္။ သစ္္ပင္ေလးေတြ၊ လိပ္ျပာေလးေတြ၊ ပန္းပြင့္ေလးေတြ၊ ေတာင္တန္းေတြ အစရွိသျဖင့္ အလွတရားေတြ မ်ားစြာရွိပါတယ္။ အဲဒီအလွတရားေတြတစ္ေနရာတည္းမွာ စုစည္းျပီး နိဗၺာန္ဘံုလားလို႔ေတာင္ ထင္မွားရေလာက္ေအာင္ လွလြန္းတဲ့ ကမ္းေျခ ၅ ခုရွိပါတယ္။ အဲဒီကမ္းေျခ ၅ခုကို ကိုယ့္ရဲ႕ လူ႔သက္တမ္းမကုန္ခင္ သြားျဖစ္ေအာင္သြားသင့္ပါတယ္။

၁။ Lindquist Beach. St. Thomas

Lindquist-Beach.-St.-Thomas

Source : https://www.cntraveler.com

နံပါတ္ ၅ ေနရာမွာ ရပ္တည္ေနတဲ့ Lindquist Beach က Smith Bay Road မွာ တည္ရွိေနတာျဖစ္ပါတယ္။ ျပာလဲ့ဲလဲ့ပင္လယ္ေရအေရာင္နဲ႔ ေဖြးဥေနတဲ့သဲေသာင္ေတြက တကယ္ကို မွင္သက္ေစတာပါ။ ပင္လယ္တစ္ဝိုက္ ဝန္းရံထားတဲ့ ေတာင္တန္းေတြကစိမ္းစိုေနျပီး တကယ့္ကို ပန္းခ်ီကားတစ္ခ်ပ္အလား လွလြန္းေနပါတယ္။ ကမ္းေျခတစ္ခုလံုးဟာ တိတ္ဆိတ္လြန္းလွျပီး ပင္လယ္ေရဟာၾကည္လြန္းတဲ့အတြက္ အျပည့္အဝအနားယူလို႔လည္း ရပါတယ္။ တည္းခိုဖို႔အတြက္ Hotel ဒီ Link မွာၾကည့္နိုင္ပါတယ္ေနာ္။

၂။ Orient Bay Beach. St.Martin

Orient-Bay-Beach-St.-Martin

Source : https://www.cntraveler.com

နံပါတ္ ၄ မွာ ရပ္တည္ေနတာကေတာ့ ကမ္းေျခမွာ အနားယူအပန္းေျဖတာအျပင္ ေပ်ာ္လို႔ကဲလို႔လည္းရနိင္တဲ့ Orient Bay Beach ျဖစ္ပါတယ္။ ေဖြးဥေနတဲ့ သဲေသာင္ျပင္နဲ႔ ၾကည္ျပီး စိမ္းျပာေရာင္ သန္းေနတဲ့ပင္လယ္ျပင္္ၾကီးအျပင္ ကဲလို႔ရနုိင္ေအာင္ Bar ေတြနဲ႔ DJ ေတြရဲ ႔ေဖ်ာ္ေျဖတင္ဆက္မႈေတြနဲ႔ ျပည္႔ႏွက္ေနတာျဖစ္ပါတယ္။ Orient Bay Beach ကုိ ေရာက္ရွိဖို႔အတြက္ ေလဆိပ္ကေန ၂မိနစ္ခန္႔သာ ၾကာပါတယ္။ တည္းခိုဖို႔အတြက္ ဒီ Hotel ေတြရွိပါတယ္။

၃။ El Nido, Palawan, Philippines

El-Nido-Palawan-Philippines

Source : https://www.cntraveler.com

El Nido ကေတာ့ နံပါတ္ ၃ ေနရာမွာရပ္တည္ေနပါတယ္။ စိမ္းညိဳညိဳ အပင္ေတြနဲ႔ ၾကီးမားျပီး ထုထည္အျပည့္နဲ႔ ပင္လယ္မွာ ရပ္တည္ေနတဲ့ ေတာင္တန္းေတြနဲ႔ ေက်ာက္စိမ္းအလား စိမ္းျပီး ၾကည္ေနတဲ့ပင္လယ္ေရက အသက္ရွဴမွားေလာက္ေစပါတယ္။ Scuba Diving လုပ္လို႔အေကာင္းဆံုး ပင္လယ္ဆိုလည္း မမွားပါဘူး။ El Nido မွာ တည္းလို႕ရႏိုင္တဲ့ Resorts ေတြကေတာ့ ဒီ Link မွာ ၾကည့္နုိင္ပါတယ္။

၄။ Sunset Beach. Oahu, Hawaii

Sunset-Beach.-Oahu-Hawaii

Source : https://www.cntraveler.com

ေနထြက္ခ်ိန္ထက္ ေနဝင္ခ်ိန္က အလွဆံုးပန္းခ်ီကားတစ္ခ်ပ္ပါ။ ေနဝင္ခ်ိန္မွာ ေတာင္တန္းေတြ၊ ပင္လယ္ေတြနဲ႔ သဲေသာင္ေတြ ဝန္းရံထားရင္ ပိုျပီး ျပီးျပည့္စံုျပီး လစ္ဟာမႈမရွိတဲ့ ပန္းခ်ီကားတစ္ခ်ပ္ျဖစ္မသြားေပဘူးလား။ ဒီလိုပန္းခ်ီကားကို မ်က္ျမင္ကိုယ္ေတြ႔ ျမင္ခ်င္ရင္ေတာ့ Hawaii မွာ ရွိတဲ့ Sunset Beach ကိုသြားဖို႔တိုက္တြန္းလိုက္ပါတယ္။ တစ္သက္လံုးသာ Sunset Beach မွာ ေစာက္ခ်ေနခ်င္စိတ္ေတြပါျဖစ္ေစေလာက္ေအာင္ လွလြန္းေနပါတယ္။ တည္းခိုဖို႔အတြက္ဆိုရင္ေတာ့ Hotel ေရြးခ်ယ္မယ္ဆိုရင္ေတာ့ ဒီ Link မွာ ဝင္ၾကည္႔့နိုင္ပါတယ္ေနာ္။

၅။ Honokalani Beach, Wai’anapanapa State Park, Maui, Hawaii

honokalani-beach-maui-hawaii

Source : https://www.cntraveler.com

သဲေသာင္ေလးေတြကို အမည္းေရာင္ေလးေတြနဲ႔ ျမင္ဖူးလား။ ရွိတယ္လို႔ေရာ ထင္မိလား။ Black Sand ဆိုတာ တစ္ကယ္ရွိပါတယ္။ Hawaii မွာတည္ရွိေနတဲံ Honokalani Beach မွာ ေတြ႔ရနိုင္ပါတယ္။ အမည္းေရာင္ သဲေသာင္နဲ႔ ေက်ာက္စိမ္းေရာင္သန္းေနတဲ့ပင္လယ္ၾကီးႏွစ္ခု ေပါင္းစပ္မႈက Honokalani Beach ကိုလာေရာက္အပန္းေျဖၾကတဲ့ သူေတြအတြက္ အိပ္မက္အလား နိဗၺာန္အလား ထင္ေရာင္ထင္မွားျဖစ္ေစပါတယ္။ သြားေရာက္လည္ပတ္ခ်င္တယ္ဆိုရင္ေတာ့ ဒီ Hotel မွာ Booking လုပ္နိုင္ပါတယ္။

Redrose (Akhayar)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

မှင်သက်သွားလောက်အောင်လှလွန်းတဲ့ ကမ်းခြေများ

နေ့စဉ်လှုပ်ရှားနေရတဲ့ ဘဝကြီးကို စိတ်ကုန်နေပြီလား။ ဒါဆိုရင်တော့ အလှတရားတွေကို ရှာဖွေဖို့အချိန်တန်နေပြီနော်။ ကမ္ဘာပေါ်မှာ အလှတရားတွေအများကြီးရှိပါတယ်။ သစ်ပင်လေးတွေ၊ လိပ်ပြာလေးတွေ၊ ပန်းပွင့်လေးတွေ၊ တောင်တန်းတွေ အစရှိသဖြင့် အလှတရားတွေ များစွာရှိပါတယ်။ အဲဒီအလှတရားတွေတစ်နေရာတည်းမှာ စုစည်းပြီး နိဗ္ဗာန်ဘုံလားလို့တောင် ထင်မှားရလောက်အောင် လှလွန်းတဲ့ ကမ်းခြေ ၅ ခုရှိပါတယ်။ အဲဒီကမ်းခြေ ၅ခုကို ကိုယ့်ရဲ့ လူ့သက်တမ်းမကုန်ခင် သွားဖြစ်အောင်သွားသင့်ပါတယ်။

၁။ Lindquist Beach. St. Thomas

Lindquist-Beach.-St.-Thomas

Source : https://www.cntraveler.com

နံပါတ် ၅ နေရာမှာ ရပ်တည်နေတဲ့ Lindquist Beach က Smith Bay Road မှာ တည်ရှိနေတာဖြစ်ပါတယ်။ ပြာလဲ့ဲလဲ့ပင်လယ်ရေအရောင်နဲ့ ဖွေးဥနေတဲ့သဲသောင်တွေက တကယ်ကို မှင်သက်စေတာပါ။ ပင်လယ်တစ်ဝိုက် ဝန်းရံထားတဲ့ တောင်တန်းတွေကစိမ်းစိုနေပြီး တကယ့်ကို ပန်းချီကားတစ်ချပ်အလား လှလွန်းနေပါတယ်။ ကမ်းခြေတစ်ခုလုံးဟာ တိတ်ဆိတ်လွန်းလှပြီး ပင်လယ်ရေဟာကြည်လွန်းတဲ့အတွက် အပြည့်အဝအနားယူလို့လည်း ရပါတယ်။ တည်းခိုဖို့အတွက် Hotel ဒီ Link မှာကြည့်နိုင်ပါတယ်နော်။

၂။ Orient Bay Beach. St.Martin

Orient-Bay-Beach-St.-Martin

Source : https://www.cntraveler.com

နံပါတ် ၄ မှာ ရပ်တည်နေတာကတော့ ကမ်းခြေမှာ အနားယူအပန်းဖြေတာအပြင် ပျော်လို့ကဲလို့လည်းရနိင်တဲ့ Orient Bay Beach ဖြစ်ပါတယ်။ ဖွေးဥနေတဲ့ သဲသောင်ပြင်နဲ့ ကြည်ပြီး စိမ်းပြာရောင် သန်းနေတဲ့ပင်လယ်ပြင်ကြီးအပြင် ကဲလို့ရနိုင်အောင် Bar တွေနဲ့ DJ တွေရဲ့ဖျော်ဖြေတင်ဆက်မှုတွေနဲ့ ပြည့်နှက်နေတာဖြစ်ပါတယ်။ Orient Bay Beach ကို ရောက်ရှိဖို့အတွက် လေဆိပ်ကနေ ၂မိနစ်ခန့်သာ ကြာပါတယ်။ တည်းခိုဖို့အတွက် ဒီ Hotel တွေရှိပါတယ်။

၃။ El Nido, Palawan, Philippines

El-Nido-Palawan-Philippines

Source : https://www.cntraveler.com

El Nido ကတော့ နံပါတ် ၃ နေရာမှာရပ်တည်နေပါတယ်။ စိမ်းညိုညို အပင်တွေနဲ့ ကြီးမားပြီး ထုထည်အပြည့်နဲ့ ပင်လယ်မှာ ရပ်တည်နေတဲ့ တောင်တန်းတွေနဲ့ ကျောက်စိမ်းအလား စိမ်းပြီး ကြည်နေတဲ့ပင်လယ်ရေက အသက်ရှူမှားလောက်စေပါတယ်။ Scuba Diving လုပ်လို့အကောင်းဆုံး ပင်လယ်ဆိုလည်း မမှားပါဘူး။ El Nido မှာ တည်းလို့ရနိုင်တဲ့ Resorts တွေကတော့ ဒီ Link မှာ ကြည့်နိုင်ပါတယ်။

၄။ Sunset Beach. Oahu, Hawaii

Sunset-Beach.-Oahu-Hawaii

Source : https://www.cntraveler.com

နေထွက်ချိန်ထက် နေဝင်ချိန်က အလှဆုံးပန်းချီကားတစ်ချပ်ပါ။ နေဝင်ချိန်မှာ တောင်တန်းတွေ၊ ပင်လယ်တွေနဲ့ သဲသောင်တွေ ဝန်းရံထားရင် ပိုပြီး ပြီးပြည့်စုံပြီး လစ်ဟာမှုမရှိတဲ့ ပန်းချီကားတစ်ချပ်ဖြစ်မသွားပေဘူးလား။ ဒီလိုပန်းချီကားကို မျက်မြင်ကိုယ်တွေ့ မြင်ချင်ရင်တော့ Hawaii မှာ ရှိတဲ့ Sunset Beach ကိုသွားဖို့တိုက်တွန်းလိုက်ပါတယ်။ တစ်သက်လုံးသာ Sunset Beach မှာ စောက်ချနေချင်စိတ်တွေပါဖြစ်စေလောက်အောင် လှလွန်းနေပါတယ်။ တည်းခိုဖို့အတွက်ဆိုရင်တော့ Hotel ရွေးချယ်မယ်ဆိုရင်တော့ ဒီ Link မှာ ဝင်ကြည့့်နိုင်ပါတယ်နော်။

၅။ Honokalani Beach, Wai’anapanapa State Park, Maui, Hawaii

honokalani-beach-maui-hawaii

Source : https://www.cntraveler.com

သဲသောင်လေးတွေကို အမည်းရောင်လေးတွေနဲ့ မြင်ဖူးလား။ ရှိတယ်လို့ရော ထင်မိလား။ Black Sand ဆိုတာ တစ်ကယ်ရှိပါတယ်။ Hawaii မှာတည်ရှိနေတဲံ Honokalani Beach မှာ တွေ့ရနိုင်ပါတယ်။ အမည်းရောင် သဲသောင်နဲ့ ကျောက်စိမ်းရောင်သန်းနေတဲ့ပင်လယ်ကြီးနှစ်ခု ပေါင်းစပ်မှုက Honokalani Beach ကိုလာရောက်အပန်းဖြေကြတဲ့ သူတွေအတွက် အိပ်မက်အလား နိဗ္ဗာန်အလား ထင်ရောင်ထင်မှားဖြစ်စေပါတယ်။ သွားရောက်လည်ပတ်ချင်တယ်ဆိုရင်တော့ ဒီ Hotel မှာ Booking လုပ်နိုင်ပါတယ်။

Redrose (Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။