[Zawgyi]

ပရီးမီးယားလိဂ္ သမိုင္းတစ္ေလွ်ာက္ ကိုယ္႔ဂိုးကိုယ္သြင္းယူမႈအမ်ားဆံုး ကစားသမားမ်ား

ေဘာလံုးပြဲေတြမွာ ကိုယ္႔ဂိုးကိုယ္သြင္းတာဟာ သိပ္ျပီးထူးျခားတဲ႔ အရာေတာ႔မဟုတ္ပါဘူး။ ျပိဳင္ဘက္ရဲ႕ တိုက္စစ္ဆင္မႈကို ဟန္႔တားရင္း ကိုယ္႔ဂိုးကိုယ္သြင္းမိတာ ၊ ေခါင္းတိုက္ဖ်က္ထုတ္ျပီး သြင္းမိတာ စသျဖင္႔ေပါ႔။ ေျပာရရင္ေတာ႔ ကိုယ္႔အသင္း ဂိုးမေပးရဖို႔အတြက္ ၾကိဳးစားရင္း မေတာ္တဆျဖစ္သြားခဲ႔ရတာပါပဲ။ ဒါေၾကာင္႔ ပရိသတ္ေတြ သည္းေျခၾကိဳက္လိဂ္ျပိဳင္ပြဲတစ္ခုျဖစ္တဲ႔ ပရီးမီးယားလိဂ္ရဲ႕ သမိုင္းတစ္ေလွ်ာက္ ကိုယ္႔ဂိုးကိုယ္သြင္းယူမႈအမ်ားဆံုး ကစားသမားေတြကို ေဖာ္ျပေပးလိုက္ပါတယ္။

(၅) စကာတယ္လ္ Skrtel

Skrtel

Skrtel

လီဗာပူးလ္အသင္းရဲ႕ အဓိကေနာက္ခံလူေဟာင္းတစ္ဦးျဖစ္တဲ႔ စကာတယ္လ္ Skrtel ဟာ ပရီးမီးယားလိဂ္မွာ ကိုယ္႔ဂိုးကိုယ္(၆)ဂိုးသြင္းယူထားပါတယ္။ စကာတယ္လ္ ဟာ မာမာထန္ထန္ကစားတဲ႔ ကစားသမားျဖစ္ျပီး သူ႔ရဲ႕ လိုက္လံဖ်က္ထုတ္မႈ ၊ ေထာင္႔ကန္ေဘာေတြမွာ ေခါင္းတိုက္ရွင္းထုတ္မႈ စတဲ႔ တားဆီးပံုေတြမွာ မေတာ္တဆျဖစ္ျပီး အခုလို ကိုယ္႔ဂိုးကိုယ္ သြင္းယူမိခဲ႔တာပဲျဖစ္ပါတယ္။

(၄) မက္ေအာ္ေလ McAuley

McAuley

McAuley

၀က္စ္ဘရြန္းအသင္းေနာက္ခံလူ မက္ေအာ္ေလ McAuley ဟာလည္း ပရီးမီးယားလိဂ္မွာ ကိုယ္႔ဂိုးကိုယ္(၆)ဂိုးသြင္းယူထားသူပါ။ မက္ေအာ္ေလရဲ႕ ဂိုးအမ်ားစုဟာလည္း ဖ်က္ထုတ္ရင္းျဖစ္ခဲ႔ရတာပါပဲ။

(၃) ကာေရဂါ Carragher

Carragher

Carragher

လီဗာပူးလ္ ဂႏၳ၀င္ေနာက္ခံလူ ကာေရဂါ Carragher ဟာလည္း ဒီစာရင္းမွာပါ၀င္ေနပါတယ္။ ကာေရဂါ ဟာ တစ္ခါတစ္ေလမွာ မထင္မွတ္တဲ႔ အမွားေတြျပဳလုပ္တတ္ျပီး မထင္မွတ္ဘဲ ကိုယ္႔ဂိုးကိုယ္သြင္းယူတတ္သူပါ။ ကာေရဂါ ဟာ လီဗာပူးလ္အသင္းအတြက္ ပရီးမီးယားလိဂ္(၅၀၈)ပြဲမွာ ကိုယ္႔ဂိုးကိုယ္(၇)ဂိုးသြင္းယူခဲ႔ပါတယ္။

(၂) ဇက္ႏိုက္ Zat Knight

Zat-Knight

Zat-Knight

ေဘာ္လ္တန္အသင္းရဲ႕ ေနာက္ခံလူေဟာင္း ဇက္ႏိုက္ Zat Knight ဟာလည္း ပရီးမီးယားလိဂ္မွာ ကိုယ္႔ဂိုးကိုယ္(၇)ဂိုးသြင္းယူခဲ႔ပါတယ္။ ဇက္ႏိုက္ဟာ ဒီဂိုးေတြကို ေဘာ္လ္တန္ ၊ ဗီလာ ၊ ဖူလ္ဟမ္အသင္းေတြမွာ ကစားတုန္းကသြင္းယူခဲ႔တာပါ။

(၁) ရစ္ခ်က္ဒန္း Richard Dunne

Richard-Dunne

Richard-Dunne

နံပါတ္(၁)ေနရာမွာေတာ႔ မန္စီးတီးအသင္းေခါင္းေဆာင္ေဟာင္း ရစ္ခ်က္ဒန္း Richard Dunne ကရိွေနပါတယ္။ ရစ္ခ်က္ဒန္းဟာ ကိုယ္႔ဂိုးကိုယ္သြင္းယူမႈေတြနဲ႔ ကံလိုက္တဲ႔ ကစားသမားလို႔ပဲေျပာရမွာပါ။ ရစ္ခ်က္ဒန္းဟာ အဲဗာတန္ ၊ မန္စီးတီး ၊ ဗီလာ နဲ႔ QPR အသင္းေတြမွာကစားခဲ႔ျပီး ပရီးမီးယားလိဂ္မွာ ကိုယ္႔ဂိုးကိုယ္(၁၀)ဂိုးအထိသြင္းယူခဲ႔ပါတယ္။

Ref: Sportskeeda
Photo: Goal.com , Express & Star , The Football Addict , Burgundy Wave , Dream Team 
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက် ကိုယ့်ဂိုးကိုယ်သွင်းယူမှုအများဆုံး ကစားသမားများ

ဘောလုံးပွဲတွေမှာ ကိုယ့်ဂိုးကိုယ်သွင်းတာဟာ သိပ်ပြီးထူးခြားတဲ့ အရာတော့မဟုတ်ပါဘူး။ ပြိုင်ဘက်ရဲ့ တိုက်စစ်ဆင်မှုကို ဟန့်တားရင်း ကိုယ့်ဂိုးကိုယ်သွင်းမိတာ ၊ ခေါင်းတိုက်ဖျက်ထုတ်ပြီး သွင်းမိတာ စသဖြင့်ပေါ့။ ပြောရရင်တော့ ကိုယ့်အသင်း ဂိုးမပေးရဖို့အတွက် ကြိုးစားရင်း မတော်တဆဖြစ်သွားခဲ့ရတာပါပဲ။ ဒါကြောင့် ပရိသတ်တွေ သည်းခြေကြိုက်လိဂ်ပြိုင်ပွဲတစ်ခုဖြစ်တဲ့ ပရီးမီးယားလိဂ်ရဲ့ သမိုင်းတစ်လျှောက် ကိုယ့်ဂိုးကိုယ်သွင်းယူမှုအများဆုံး ကစားသမားတွေကို ဖော်ပြပေးလိုက်ပါတယ်။

(၅) စကာတယ်လ် Skrtel

Skrtel

Skrtel

လီဗာပူးလ်အသင်းရဲ့ အဓိကနောက်ခံလူဟောင်းတစ်ဦးဖြစ်တဲ့ စကာတယ်လ် Skrtel ဟာ ပရီးမီးယားလိဂ်မှာ ကိုယ့်ဂိုးကိုယ်(၆)ဂိုးသွင်းယူထားပါတယ်။ စကာတယ်လ် ဟာ မာမာထန်ထန်ကစားတဲ့ ကစားသမားဖြစ်ပြီး သူ့ရဲ့ လိုက်လံဖျက်ထုတ်မှု ၊ ထောင့်ကန်ဘောတွေမှာ ခေါင်းတိုက်ရှင်းထုတ်မှု စတဲ့ တားဆီးပုံတွေမှာ မတော်တဆဖြစ်ပြီး အခုလို ကိုယ့်ဂိုးကိုယ် သွင်းယူမိခဲ့တာပဲဖြစ်ပါတယ်။

(၄) မက်အော်လေ McAuley

McAuley

McAuley

ဝက်စ်ဘရွန်းအသင်းနောက်ခံလူ မက်အော်လေ McAuley ဟာလည်း ပရီးမီးယားလိဂ်မှာ ကိုယ့်ဂိုးကိုယ်(၆)ဂိုးသွင်းယူထားသူပါ။ မက်အော်လေရဲ့ ဂိုးအများစုဟာလည်း ဖျက်ထုတ်ရင်းဖြစ်ခဲ့ရတာပါပဲ။

(၃) ကာရေဂါ Carragher

Carragher

Carragher

လီဗာပူးလ် ဂန္ထဝင်နောက်ခံလူ ကာရေဂါ Carragher ဟာလည်း ဒီစာရင်းမှာပါဝင်နေပါတယ်။ ကာရေဂါ ဟာ တစ်ခါတစ်လေမှာ မထင်မှတ်တဲ့ အမှားတွေပြုလုပ်တတ်ပြီး မထင်မှတ်ဘဲ ကိုယ့်ဂိုးကိုယ်သွင်းယူတတ်သူပါ။ ကာရေဂါ ဟာ လီဗာပူးလ်အသင်းအတွက် ပရီးမီးယားလိဂ်(၅၀၈)ပွဲမှာ ကိုယ့်ဂိုးကိုယ်(၇)ဂိုးသွင်းယူခဲ့ပါတယ်။

(၂) ဇက်နိုက် Zat Knight

Zat-Knight

Zat-Knight

ဘော်လ်တန်အသင်းရဲ့ နောက်ခံလူဟောင်း ဇက်နိုက် Zat Knight ဟာလည်း ပရီးမီးယားလိဂ်မှာ ကိုယ့်ဂိုးကိုယ်(၇)ဂိုးသွင်းယူခဲ့ပါတယ်။ ဇက်နိုက်ဟာ ဒီဂိုးတွေကို ဘော်လ်တန် ၊ ဗီလာ ၊ ဖူလ်ဟမ်အသင်းတွေမှာ ကစားတုန်းကသွင်းယူခဲ့တာပါ။

(၁) ရစ်ချက်ဒန်း Richard Dunne

Richard-Dunne

Richard-Dunne

နံပါတ်(၁)နေရာမှာတော့ မန်စီးတီးအသင်းခေါင်းဆောင်ဟောင်း ရစ်ချက်ဒန်း Richard Dunne ကရှိနေပါတယ်။ ရစ်ချက်ဒန်းဟာ ကိုယ့်ဂိုးကိုယ်သွင်းယူမှုတွေနဲ့ ကံလိုက်တဲ့ ကစားသမားလို့ပဲပြောရမှာပါ။ ရစ်ချက်ဒန်းဟာ အဲဗာတန် ၊ မန်စီးတီး ၊ ဗီလာ နဲ့ QPR အသင်းတွေမှာကစားခဲ့ပြီး ပရီးမီးယားလိဂ်မှာ ကိုယ့်ဂိုးကိုယ်(၁၀)ဂိုးအထိသွင်းယူခဲ့ပါတယ်။

Ref: Sportskeeda
Photo: Goal.com , Express & Star , The Football Addict , Burgundy Wave , Dream Team 
Ko Kyue(Akhayar)
www.akhayar.com