မန်ယူအသင်းမှာ ဖာဂူဆန် Ferguson ဟာ အပြောင်းအရွှေ့မျိုးစုံကို ပြုလုပ်ခဲ့ပါတယ်။ ဒီအထဲမှာ အောင်မြင်တဲ့ အပြောင်းအရွှေ့တွေပါဝင်သလို ကျရှုံးခဲ့တဲ့ အပြောင်းအရွှေ့တွေလည်းရှိနေပါတယ်။ အခု ဒီ Article မှာ အဓိကဖော်ပြပေးသွားချင်တာကတော့ မန်ယူအသင်းမှာ ဖာဂူဆန် လုပ်ဆောင်ခဲ့တဲ့ တန်ဖိုးနည်းပြီး အောင်မြင်ခဲ့တဲ့ ကစားသမား အပြောင်းအရွှေ့တွေပဲဖြစ်ပါတယ်။ ဒီစာရင်းထဲမှာ ပါဝင်နေတဲ့ ကစားသမားတွေကလည်း မန်ယူအသင်းမှာ အောင်မြင်ခဲ့ကြပြီး ပရိသတ်အကြိုက်ကစားသမားတွေလည်းဖြစ်နေပါတယ်။ ကဲ ပရိသတ်ကြီးရေ ဒီကစားသမားတွေက ဘယ်သူတွေဖြစ်မလဲဆိုတာကို ကြည့်လိုက်ကြရအောင် …

Solskjaer – £1.6 million

လက်ရှိမန်ယူအသင်းရဲ့နည်းပြဆိုးလ်ရှား Solskjaer ကို ကစားသမားဘ၀တုန်းက မန်ယူအသင်းဟာ မိုလ်ဒီအသင်းကနေ ၁၉၉၆ ခုနှစ်တုန်းက ခေါ်ယူခဲ့တာဖြစ်ပါတယ်။ ဆိုးလ်ရှား အတွက် မန်ယူအသင်း အသုံးပြုခဲ့ရတဲ့ ပြောင်းရွှေ့ကြေးကတော့ ပေါင်(၁.၆)သန်းသာဖြစ်ပါတယ်။ မန်ယူအသင်း သုံးခဲ့ရတဲ့ ပြောင်းရွှေ့ကြေးနဲ့ ဆိုးလ်ရှားဟာ ထိုက်တန်တဲ့ ခြေစွမ်းမျိုးကို ပြသနိုင်ခဲ့ပါတယ်။ မန်ယူအသင်းနဲ့ ဆိုးလ်ရှား ဟာ ဆုဖလားအောင်မြင်မှုများစွာရရှိခဲ့သလို သွင်းဂိုး(၁၂၆)ဂိုးထိ သွင်းယူခဲ့ပြီး ဒီအထဲမှာ အားလုံးအမှတ်ရမေနယ့် ဂိုးကတော့ ၁၉၉၉ ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ ဘိုင်ယန်မြူးနစ်အသင်းဘက်ကို သွင်းယူခဲ့တဲ့ နောက်ကျအနိုင်ဂိုးပဲဖြစ်ပါတယ်။

Solskjaer ရဲ့ မန်ယူကစားသမားဘ၀ အောင်မြင်မှုများ

Premier League: 1996–97, 1998–99, 1999–2000, 2000–01, 2002–03, 2006–07
FA Cup: 1998–99, 2003–04
FA Charity/Community Shield: 1996, 2003
UEFA Champions League: 1998–99
Intercontinental Cup: 1999

Steve Bruce – £825.000

လက်ရှိနယူးကာဆယ်အသင်းရဲ့နည်းပြသစ် စတိဗ်ဘရုစ် Steve Bruce ဟာ သူ့ရဲ့ကစားသမားဘ၀ အကောင်းဆုံးအချိန်တွေကို မန်ယူအသင်းနဲ့ ပိုင်ဆိုင်ခဲ့သူဖြစ်ပါတယ်။ စတိဗ်ဘရုစ် ဟာ မန်ယူအသင်းမှာ (၉)နှစ်ကြာကစားခဲ့ပြီး အသင်းရဲ့ခံစစ်ပိုင်းကို အကောင်းဆုံးဦးဆောင်ခဲ့ပြီး ဆုဖလားအောင်မြင်မှုများစွာရရှိခဲ့ပါတယ်။ ဒီလိုမျိုး စွမ်းဆောင်ရည်ကောင်းတွေပြခဲ့တဲ့ စတိဗ်ဘရုစ် ကို မန်ယူအသင်း နောဝှစ်အသင်းကနေ ခေါ်ယူတုန်းက ပေါင်(၈)သိန်းကျော်သာ သုံးခဲ့ရပါတယ်။

Steve Bruce ရဲ့ မန်ယူကစားသမားဘ၀ အောင်မြင်မှုများ

Premier League: 1992–93, 1993–94, 1995–96
FA Cup: 1989–90,1993–94, 1995–96
Football League Cup: 1991–92
FA Charity Shield: 1990 (shared),1993,1994
European Cup Winners’ Cup: 1990–91
European Super Cup: 1991

Van der Sar – £2 million

မန်ယူအသင်းကိုတော့ ဗန်ဒါးဆား Van der Sar ဟာ အသက်ကြီးမှရောက်ရှိလာခဲ့တာပါ။ ဗန်ဒါးဆား ဟာ တည်ငြိမ်တဲ့ လက်စွမ်းတွေကို ပိုင်ဆိုင်ထားတဲ့သူဖြစ်တာကြောင့် အသင်းကြီးဖြစ်တဲ့ မန်ယူအသင်းကို ရောက်ရှိလာခဲ့ချိန်မှာ အရင်ကထက်ပိုသာတဲ့ လက်စွမ်းတွေကို ပြသနိုင်ခဲ့ပါတယ်။ မန်ယူအသင်းရဲ့ သမိုင်းတစ်လျှောက် အကောင်းဆုံး ဂိုးသမားတစ်ဦးအဖြစ် သတ်မှတ်ခံခဲ့ရတဲ့ ဗန်ဒါဆား ကို မန်ယူအသင်းခေါ်ယူတုန်းက ဖူလ်ဟမ်အသင်းကို ပေါင်(၂)သန်းသာပေးခဲ့ရတာပါ။ ဗန်ဒါဆား ရဲ့ မန်ယူကစားသမားဘ၀ အနေအထားနဲ့ ပတ်သက်ပြီး အမြဲအမှတ်ရနေမယ့် အဖြစ်အပျက်ကတော့ ၂၀၀၈ ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ ချယ်လ်ဆီးတိုက်စစ်မှူး အနယ်လ်ကာ Anelka ရဲ့ပယ်နယ်တီကန်ချက် ကို ကာကွယ်ပြီး မန်ယူအသင်းချန်ပီယံဖြစ်စေခဲ့တာပဲဖြစ်ပါတယ်။

Van der Sar ရဲ့ မန်ယူကစားသမားဘ၀ အောင်မြင်မှုများ

Premier League: 2006–07, 2007–08, 2008–09, 2010–11
Football League Cup: 2005–06
FA Community Shield: 2007, 2008, 2010
UEFA Champions League: 2007–08
FIFA Club World Cup: 2008

Evra – £5.5 million

အီဗရာ Evra ကိုတော့ မန်ယူအသင်းဟာ မိုနာကိုအသင်းကနေ ပေါင်(၅.၅)သန်းနဲ့ခေါ်ယူခဲ့တာဖြစ်ပါတယ်။ ဒီခေါ်ယူမှုဟာ အသင်းရဲ့ အင်အားတိုးတက်လာဖို့ လုပ်ဆောင်ခဲ့တာဖြစ်ပေမယ့် နောက်ပိုင်းမှာတော့ အီဗရာ ဟာ ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့တာကြောင့် အသင်းရဲ့ ဦးစားပေးဘယ်နောက်ခံလူဖြစ်လာခဲ့ပါတယ်။ မန်ယူအသင်းရဲ့ ဘယ်ခြမ်းမှာ အတက်အဆင်းမှန်မှန်နဲ့ ကစားနိုင်ခဲ့တဲ့ အီဗရာ ဟာ မန်ယူအသင်းရဲ့ အသင်းခေါင်းဆောင်အဖြစ် ပွဲပေါင်းများစွာတာဝန်ယူခဲ့သလို အသင်းနဲ့အတူ ဆုဖလားအောင်မြင်မှုများစွာလည်း ရရှိခဲ့ပါတယ်။

Evra ရဲ့ မန်ယူကစားသမားဘ၀ အောင်မြင်မှုများ

Premier League: 2006–07, 2007–08, 2008–09, 2010–11, 2012–13
Football League Cup: 2005–06, 2008–09, 2009–10
FA Community Shield: 2007, 2008, 2010, 2011, 2013
UEFA Champions League: 2007–08
FIFA Club World Cup: 2008

Irwin – £625.000

မန်ယူအသင်းရဲ့ နောက်ခံလူဟောင်း အာဝင် Irwin ဟာလည်း ဒီစာရင်းမှာ အပါအ၀င်ပါပဲ။ အာဝင် ဟာ မန်ယူအသင်းကို အိုးလ်ဟမ်းအသင်းကနေ ၁၉၉၀ ခုနှစ်က ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး သူ့အတွက် ပြောင်းရွှေ့ကြေးအဖြစ် မန်ယူအသင်းဟာ ပေါင်(၆)သိန်းကျော်သာ သုံးစွဲခဲ့ရပါတယ်။ မန်ယူအသင်းမှာ ပြသခဲ့တဲ့ စွမ်းဆောင်ရည်ကောင်းတွေကြောင့် အာဝင် ဟာ အသင်းရဲ့ ဂန္ထ၀င်ကစားသမားတစ်ဦးအဖြစ် စာရင်းပေါက်ခဲ့ပါတယ်။

Irwin ရဲ့ မန်ယူကစားသမားဘ၀ အောင်မြင်မှုများ

Premier League: 1992–93, 1993–94, 1995–96, 1996–97, 1998–99, 1999–2000, 2000–01
FA Cup: 1993–94, 1995–96, 1998–99
Football League Cup: 1991–92
Charity Shield: 1990, 1993, 1994, 1996, 1997
UEFA Champions League: 1998–99
European Cup Winners’ Cup: 1990–91
European Super Cup: 1991
Intercontinental Cup: 1999

ပရိသတ်တွေအတွက် ဖာဂူဆန် ရဲ့ တန်ဖိုးနည်းပြီး အောင်မြင်ခဲ့တဲ့ ကစားသမား အပြောင်းအရွှေ့များ အပိုင်း(၁)ကို ဖော်ပြပေးခဲ့တာပါ။ အပိုင်း(၂)ကိုဆက်လက်ဖော်ပြပေးသွားမှာဖြစ်လို့ စောင့်မျှော်အားပေးကြပါဦး …

Ref: Ronaldo.com
Photo: Ronaldo.com
Ko Kyue(Akhayar)
www.akhayar.com