မန်ယူအသင်းမှာ ဖာဂူဆန် Ferguson ဟာ အပြောင်းအရွှေ့မျိုးစုံကို ပြုလုပ်ခဲ့ပါတယ်။ ဒီအထဲမှာ အောင်မြင်တဲ့ အပြောင်းအရွှေ့တွေပါဝင်သလို ကျရှုံးခဲ့တဲ့ အပြောင်းအရွှေ့တွေလည်းရှိနေပါတယ်။ အခု ဒီ Article မှာ အဓိကဖော်ပြပေးသွားချင်တာကတော့ မန်ယူအသင်းမှာ ဖာဂူဆန် လုပ်ဆောင်ခဲ့တဲ့ တန်ဖိုးနည်းပြီး အောင်မြင်ခဲ့တဲ့ ကစားသမား အပြောင်းအရွှေ့တွေပဲဖြစ်ပါတယ်။ ဒီစာရင်းထဲမှာ ပါဝင်နေတဲ့ ကစားသမားတွေကလည်း မန်ယူအသင်းမှာ အောင်မြင်ခဲ့ကြပြီး ပရိသတ်အကြိုက်ကစားသမားတွေလည်းဖြစ်နေပါတယ်။ ကဲ ပရိသတ်ကြီးရေ ဒီကစားသမားတွေက ဘယ်သူတွေဖြစ်မလဲဆိုတာကို ကြည့်လိုက်ကြရအောင် …

Vidic – £6.75 million

မန်ယူအသင်းဟာ ၂၀၀၅ ခုနှစ်က ဗီဒစ် Vidic ကို စပါးတပ်မော်စကိုအသင်းကနေ ပေါင်(၆.၇၅)သန်းနဲ့ ခေါ်ယူခဲ့တာဖြစ်ပါတယ်။ ဗီဒစ် ကို မန်ယူအသင်းဟာ အရန်အင်အားတောင့်တင်းစေဖို့အတွက် ဦးစားပေးခေါ်ယူခဲ့ပေမယ့် မန်ယူအသင်းမှာ သူ့ရဲ့ခြေစွမ်းက တိုးတက်မှုတွေရှိလာတာကြောင့် အသင်းရဲ့ ပထမဦးစားပေးနောက်ခံလူဖြစ်လာခဲ့ပါတယ်။ မန်ယူအသင်းအတွက် အရာအားလုံးပေးဆပ်ကစားတဲ့ ဗီဒစ် ဟာ နောက်ပိုင်းမှာတော့ အသင်းခေါင်းဆောင်လက်ပတ်ကိုပါ ရရှိခဲ့ပြီး အသင်းကို အကောင်းဆုံးဦးဆောင်မှုပေးနိုင်ခဲ့ပါတယ်။

Vidic ရဲ့ မန်ယူကစားသမားဘ၀ အောင်မြင်မှုများ

Premier League: 2006–07, 2007–08, 2008–09, 2010–11, 2012–13
Football League Cup: 2005–06, 2008–09, 2009–10
FA Community Shield: 2007, 2008, 2010, 2011, 2013
UEFA Champions League: 2007–08
FIFA Club World Cup: 2008

Roy Keane – £3.75 million

ပေါင်(၃.၇၅)သန်းဆိုတာ လက်ရှိဘောလုံးလောကမှာတော့ တော်တော်လေးကို နည်းပါးတဲ့ ပမာဏတစ်ခုပဲဖြစ်ပါတယ်။ ဒီပြောင်းရွှေ့ကြေးနဲ့ မန်ယူအသင်းဟာ စိတ်ဓာတ်ပြင်းထန်တဲ့ ကွင်းလယ်လူ ရွိုင်ကိန်း Roy Keane ကို ၁၉၉၃ ခုနှစ်က နော်တင်ဟမ်ဖော်ရက်စ်အသင်းဆီကနေ ခေါ်ယူခဲ့တာပါ။ အဲဒီအချိန်ကာလတုန်းကတော့ ဒီပြောင်းရွှေ့ကြေးဟာ ဗြိတိန်ရဲ့ စံချိန်တင်ပြောင်းရွှေ့ကြေးဖြစ်ခဲ့ပါတယ်။ နောက်ပိုင်း အဖြစ်အပျက်တွေကတော့ အားလုံးသိတဲ့အတိုင်း ရွိုင်ကိန်း ဟာ မန်ယူအသင်းရဲ့ ဘယ်တော့မှမေ့လို့ရမှာမဟုတ်တဲ့ အသင်းခေါင်းဆောင်ကောင်းတစ်ဦးဖြစ်ခဲ့ပါတယ်။

Roy Keane ရဲ့ မန်ယူကစားသမားဘ၀ အောင်မြင်မှုများ

Premier League: 1993–94, 1995–96, 1996–97, 1998–99, 1999–2000, 2000–01, 2002–03
FA Cup: 1993–94, 1995–96, 1998–99, 2003–04
FA Community Shield: 1993, 1996, 1997, 2003
UEFA Champions League: 1998–99
Intercontinental Cup: 1999

Schmeichel – £725.000

မန်ယူအသင်းရဲ့သမိုင်းမှာ အကောင်းဆုံးဂိုးသမားဆိုတာ လက်ချိုးရေလို့ရသလို လက်ငါးချောင်းပြည့်အောင်တောင်မရှိပါဘူး။ ဒါပေမယ့် ရှမိုက်ကယ် Schmeichel ကတော့ လက်ငါးချောင်းမပြည့်တဲ့ အနေအထားရဲ့ ထိပ်ဆုံးမှာရှိနေတဲ့ ဂိုးသမားကောင်းပဲဖြစ်ပါတယ်။ ရှမိုက်ကယ် ဟာ မန်ယူအသင်းအတွက် စွမ်းဆောင်ရည်ကောင်းတွေပြသခဲ့ပေမယ့် သူ့အတွက် မန်ယူအသင်းသုံးစွဲခဲ့ရတဲ့ ပြောင်းရွှေ့ကြေးကတော့ ပေါင်(၇)သိန်းကျော်သာဖြစ်ပါတယ်။ မန်ယူအသင်းဟာ ရှမိုက်ကယ် ကို ၁၉၉၁ ခုနှစ်က ဘရွန်ဘီအသင်းဆီကနေ ခေါ်ယူခဲ့တာပါ။ မန်ယူအသင်းနဲ့ အောင်မြင်မှုများစွာရရှိခဲ့တဲ့ ရှမိုက်ကယ် ဟာ ဂိုးသမားတစ်ဦးဖြစ်ပေမယ့် အသင်းအတွက် သွင်းဂိုး(၁)ဂိုးသွင်းယူပေးခဲ့ပါသေးတယ်။

Schmeichel ရဲ့ မန်ယူကစားသမားဘ၀ အောင်မြင်မှုများ

Premier League: 1992–93, 1993–94, 1995–96, 1996–97, 1998–99
FA Cup: 1993–94, 1995–96, 1998–99
Football League Cup : 1991–92
FA Charity Shield: 1993, 1994, 1996, 1997
UEFA Champions League: 1998–99
UEFA Super Cup: 1991

Cantona – £1.2 million

ကန်တိုနာ Cantona ကတော့ မန်ယူအသင်းကို သူ့ရဲ့စွမ်းဆောင်ရည်ကောင်းတွေနဲ့ ပရီးမီးယားလိဂ်ခေတ်ဦးကာလမှာ အောင်မြင်စေခဲ့သူဖြစ်ပါတယ်။ မန်ယူအသင်းဟာ ကန်တိုနာ ကို ၁၉၉၂ ခုနှစ်က လိဒ်စ်အသင်းကနေ ပေါင်(၁.၂)သန်းနဲ့ ခေါ်ယူခဲ့တာဖြစ်ပြီး အသင်းရဲ့ အနာဂတ်အတွက် တော်တော်လေးကို အရေးပါတဲ့ အပြောင်းအရွှေ့တစ်ခုလည်းဖြစ်ခဲ့ပါတယ်။ မန်ယူအသင်းမှာ ကျောနံပါတ်(၇)ကို ၀တ်ဆင်ကစားခဲ့တဲ့ ကန်တိုနာ ဟာ အသင်းရဲ့ ဂန္ထ၀င်နံပါတ်(၇)ကစားသမားတွေထဲက တစ်ဦးလည်းဖြစ်ခဲ့ပါတယ်။

Cantona ရဲ့ မန်ယူကစားသမားဘ၀ အောင်မြင်မှုများ

Premier League: 1992–93, 1993–94, 1995–96, 1996–97
FA Charity Shield: 1993, 1994, 1996
FA Cup: 1993–94, 1995–96

ဖာဂူဆန် ရဲ့ တန်ဖိုးနည်းပြီး အောင်မြင်ခဲ့တဲ့ ကစားသမား အပြောင်းအရွှေ့များ အပိုင်း(၁)ဖတ်ရန်လင်ခ့်

Ref: Ronaldo.com
Photo: Ronaldo.com
Ko Kyue(Akhayar)
www.akhayar.com