[Zawgyi]



(၄) မိုဒရစ် Modric

Modric

Modric



Toni-Kroos

Toni-Kroos


(၂) ရာမို့စ် Ramos

Ramos

Ramos


(၁) ဘေးလ် Bale

Bale

Bale


Ref: Sportskeeda
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

ရီးယဲလ်မက်ဒရစ်အသင်းရဲ့ လက်ရှိလစာငွေအများဆုံး ကစားသမားများ

ရီးယဲလ်မက်ဒရစ်အသင်းဟာ စပိန်ဘောလုံးလောကရဲ့ အောင်မြင်မှုအစဉ်အလာကြီးမားတဲ့ ကလပ်အသင်းဖြစ်သလို ကမ္ဘာ့အချမ်းသာဆုံးကလပ်အသင်းတွေထဲက တစ်သင်းလည်းဖြစ်ပါတယ်။ ရီးယဲလ်မက်ဒရစ်အသင်းဟာ သူတို့ခေါ်ယူချင်တဲ့ ကစားသမားတွေကို ကြိုက်ဈေးပေးပြီး ခေါ်ယူတတ်တဲ့အသင်းအဖြစ် နာမည်ကြီးပြီး အသင်းရဲ့ကစားသမားအများစုဟာလည်း ကမ္ဘာ့အဆင့်ကစားသမားတွေဖြစ်တာကြောင့် လစာငွေပေးချေမှုမြင့်မားတဲ့ ကလပ်အသင်း တစ်သင်းလည်းဖြစ်ပါတယ်။ ဒါကြောင့် Akhayar Sports ပရိသတ်တွေအတွက် ရီးယဲလ်မက်ဒရစ်အသင်းရဲ့ လက်ရှိလစာငွေအများဆုံး ကစားသမားတွေကို ဖော်ပြပေးလိုက်ပါတယ်။

(၄) မိုဒရစ် Modric

Modric

Modric

၂၀၁၈ ခုနှစ်ထဲမှာ တစ်ဦးချင်းထူးချွန်ဆုတွေ အကုန်လုံးကို သိမ်းပိုက်ရယူနေတဲ့ ကွင်းလယ်လူ မိုဒရစ် Modric ဟာ ရီးယဲလ်မက်ဒရစ်အသင်းရဲ့လစာငွေအများဆုံး ကစားသမားတွေထဲက တစ်ဦးဖြစ်ပါတယ်။ မိုဒရစ် ဟာ ရီးယဲလ်မက်ဒရစ်အသင်းမှာ တစ်ပတ်လုပ်ခ ပေါင်(၁၈၀၀၀၀) ရရှိနေသူဖြစ်ပါတယ်။

(၃) တိုနီကရူးစ် Toni Kroos

Toni-Kroos

Toni-Kroos

ကမ္ဘာ့အကောင်းဆုံး ကွင်းလယ်ကစားသမားတစ်ဦးဖြစ်တဲ့ တိုနီကရူးစ် Toni Kroos ဟာ ရီးယဲလ်မက်ဒရစ်အသင်းရဲ့ ဒုတိယလစာအများဆုံးကစားသမားဖြစ်ပါတယ်။ တိုနီကရူးစ် ဟာ ရီးယဲလ်မက်ဒရစ်အသင်းမှာ တစ်ပတ်လုပ်ခ ပေါင်(၂၀၀၀၀၀) ရရှိနေသူဖြစ်ပါတယ်။

(၂) ရာမို့စ် Ramos

Ramos

Ramos

ရီးယဲလ်မက်ဒရစ်အသင်းအတွက် အရာအားလုံးပေးဆပ်ပြီး ကစားတဲ့ အသင်းခေါင်းဆောင် နောက်ခံလူ ရာမို့စ် Ramos ဟာလည်း ရီးယဲလ်မက်ဒရစ်အသင်းရဲ့ ဒုတိယလစာအများဆုံးကစားသမားဖြစ်ပါတယ်။ ရီးယဲလ်မက်ဒရစ်အသင်းရဲ့ အခုနောက်ပိုင်း နိုင်ပွဲတွေမှာ ရာမို့စ် ဟာ အကောင်းဆုံးခြေစွမ်းတွေနဲ့ သွင်းဂိုးတွေသွင်းယူပေးနေသူပဲဖြစ်ပါတယ်။ ရာမို့စ် ရဲ့ ရီးယဲလ်မက်ဒရစ်အသင်း တစ်ပတ်လုပ်ခဟာ ပေါင်(၂၀၀၀၀၀) ဖြစ်ပါတယ်။

(၁) ဘေးလ် Bale

Bale

Bale

စီရော်နယ်လ်ဒို Cristiano Ronaldo မရှိတဲ့ နောက်ပိုင်းမှာ ရီးယဲလ်မက်ဒရစ်အသင်းရဲ့လစာငွေအများဆုံး ကစားသမား ဆိုတဲ့နေရာကို ဘေးလ် Bale ဟာ လွှဲပြောင်းရယူနိုင်ခဲ့ပါတယ်။ ရီးယဲလ်မက်ဒရစ်အသင်းရဲ့ လစာငွေအများဆုံး ကစားသမားဖြစ်ပေမယ့် ဘေးလ် ရဲ့ အနာဂတ်ဟာ အမြဲလိုလို လှုပ်ခတ်မှုရှိနေခဲ့ပါတယ်။ ဘေးလ် ဟာ ရီးယဲလ်မက်ဒရစ်အသင်းမှာ တစ်ပတ်လုပ်ခဟာ ပေါင်(၃၅၀၀၀၀)အထိ ရရှိနေသူဖြစ်ပါတယ်။

Ref: Sportskeeda
Photo: 10z Soccer , Whazupnaija , Pinterest , TSJ101 Sports!
Ko Kyue(Akhayar)
www.akhayar.com