[Zawgyi]

ေခ်ာကလက္ခ်စ္သူေတြ လက္မလႊတ္သင္႔တဲ႔ ေခ်ာကလက္ပြဲေတာ္မ်ား

ကမာၻေပၚမွာရွိတဲ႔ ကေလး၊ လူႀကီး၊ က်ား၊ မ မေရြး ေခ်ာကလက္ မႀကိဳက္တဲ႔သူ မရွိသေလာက္ ရွားပါးပါတယ္။ ဒီလို ေခ်ာကလက္သရဲေလးေတြအတြက္ေတာ႔ ဘယ္ႏုိင္ငံပဲေရာက္ေရာက္ မတူကဲြျပားျခားနားတဲ႔ ေခ်ာကလက္အရသာေတြကို မျမည္းစမ္းဘဲ မေနႏိုင္ေလာက္ေအာင္ပါပဲ။ ေခ်ာကလက္ခ်စ္သူေတြအတြက္ သတင္းေကာင္းတစ္ခုကေတာ့ ေခ်ာကလက္ပြဲေတာ္ေတြကို ႏိုင္ငံေတာ္ေတာ္မ်ားမ်ားမွာ က်င္းပလာၾကတယ္ဆုိတာပါပဲ။ ေခ်ာကလက္စြဲလမ္းသူေလးေတြ၊ ေခ်ာကလက္ကိုအစားအေသာက္တစ္ခုထက္ပိုျပီး ျမတ္ႏိုးတန္ဖိုးထားသူေတြ မျဖစ္မေနအေရာက္သြားသင္႔တဲ႔ ပြဲေတာ္ေလးေတြက ဒီမွာပါ။

HP Spectre 13

HP Spectre 13

HP Spectre 13 အေၾကာင္း အေသးစိတ္သိရွိရန္ </p

Salon Du Chocolat Festival

Salon Du Chocolat Festival က ေခ်ာကလက္ကိုအေျခခံၿပီး ျပင္သစ္ရဲ႕ၿမိဳ႕ေတာ္ ပါရီမွာက်င္းပေလ့ရွိတဲ႔ ပဲြေတာ္တစ္ခုပဲျဖစ္ပါတယ္။ ရင္သပ္ရႈေမာဖြယ္ေကာင္းတဲ႔ ျပင္သစ္ဖက္ရွင္ရွိဳးေတြထဲမွာ ဒီေခ်ာကလက္ဖက္ရွင္ရႈိးလည္း တစ္ခုအပါအဝင္ျဖစ္ပါတယ္။ ပဲြေတာ္အတြင္းမွာ ဖက္ရွင္ဒီဇုိင္နာေတြနဲ႔ ေခ်ာကလက္ဖန္တီးသူေတြ အတူတကြပူးေပါင္းၿပီး ၿပိဳင္ဘက္ကင္းတဲ႔ ေခ်ာကလက္ဝတ္စံုေတြကို ဖန္တီးျပသၾကပါတယ္။ ဒီ Salon Du Chocolat Festival ကို ျပင္သစ္ႏိုင္ငံရဲ႕ ၿမိဳ႕ေလးၿမိဳ႕မွာ က်င္းပရုံတင္မကဘဲ ကမာၻတစ္ဝွမ္းက ၿမိဳ႕ႀကီး ၁၅ ၿမိဳ႕မွာလည္း စည္ကားသိုက္ၿမိဳက္စြာ က်င္းပေလ့ရွိပါတယ္။ ပါရီမွာက်င္းပတဲ႔ ေခ်ာကလက္ပဲြေတာ္မွာေတာ့ နာမည္ၾကီးစာဖုိမွဴးေတြဖန္တီးထားတဲ႔ ေခ်ာကလက္သရုပ္ေဖာ္ပံုေတြ ၊ ေဖ်ာ္ေျဖေရးအစီအစဥ္ေတြ၊ အကအလွေတြနဲ႔ ႏွီးေႏွာဖလွယ္ပဲြေတြပါ ပါဝင္လို႔ ေခ်ာကလက္ခ်စ္သူေတြအေနနဲ႔ လက္မလြတ္တမ္းသြားၾကည္႔သင္႔ပါတယ္။ ေခ်ာကလက္ပဲြေတာ္ကို ပါဝင္ဆင္ႏႊဲရင္း ပါရီၿမိဳ႕ကို လည္ပတ္ဖို႔စဥ္းစားထားရင္းေတာ့ ေခ်ာကလက္ပဲြေတာ္က်င္းပေလ့ရွိတဲ႔ ေအာက္တုိဘာလကုန္ခါနီး အေရာက္သြားသင္႔ပါတယ္။

Salon Du Chocolat Festival

Salon Du Chocolat Festival

Chocolate Show New York

New York လို ျမိဳ႕ေတာ္ၾကီးမွာလည္း အႀကီးမားဆံုးေခ်ာကလက္ပဲြေတာ္ကို က်င္းပေလ့ရွိပါတယ္။ ႏိုဝင္ဘာလတိုင္းမွာ ေခ်ာကလက္ပဲြေတာ္ကို က်င္းပေလ့ရွိၿပီး တမူထူးျခားစြာျပဳလုပ္ထားတဲ႔ ေခ်ာကလက္ေတြကို လူအေျမာက္အျမားက လာေရာက္ေလ့လာၾကည္႔ရႈၾကပါတယ္တဲ႔။ ဒီပဲြေတာ္မွာ ကေလးေတြအတြက္ ေခ်ာကလက္ဇုန္ရွိရုံသာမက ႏွစ္္စဥ္က်င္းပေလ့ရွိတဲ႔ပြဲေတာ္ျဖစ္တာမုိ႔ အေသးစိတ္စီစဥ္ျပင္ဆင္ထားတဲ့ ေခ်ာကလက္လက္ရာေတြကိုပါ ေတြ႔ျမင္ႏိုင္ပါတယ္။ ကေလးေတြေရာ လူႀကီးေတြပါေပ်ာ္ရႊင္ရမယ္႔ ပဲြေတာ္ျဖစ္လို႔ ေခ်ာကလက္ခ်စ္တဲ့မိသားစုေတြ မျဖစ္မေနသြားသင္႔ပါတယ္။

Chocolate Show New York

Chocolate Show New York

Acer Nitro 5

Acer Nitro 5

Acer Nitro 5 အေၾကာင္း အေသးစိတ္သိရွိရန္

Eurochocolate

Eurochocolate ပဲြေတာ္က အီတလီႏိုင္ငံ၊ Perugia မွာ ႏွစ္စဥ္က်င္းပေလ့ရွိတဲ႔ ေခ်ာကလက္ပြဲေတာ္ ျဖစ္ပါတယ္။ ဒီပြဲေတာ္ကို ၁၉၉၃ ခုနစ္မွာ စတင္က်င္းပခဲ့ၿပီး ဥေရာပတိုက္ရဲ႕အႀကီးမားဆံုး ေခ်ာကလက္ပဲြေတာ္တစ္ခုလည္း ျဖစ္ပါတယ္။ Eurochocolate ပဲြေတာ္မွာ ေခ်ာကလက္ဖံုးလႊမ္းထားတဲ႔ငွက္ေပ်ာသီး၊ ေခ်ာကလက္နဲ႔အရက္ေရာျပီး ခ်ိဳခ်ိဳျပင္းျပင္းေလးျပဳလုပ္ထားတဲ႔ေခ်ာကလက္ေတြကုိ သြားေရစာအေနနဲ႔ဝယ္ယူစားသံုးႏိုင္ပါတယ္။ အျပန္လက္ေဆာင္အေနနဲ႔ပါဝယ္ယူႏိုင္ဖို႔ ေရြးခ်ယ္စရာေတြ အမ်ားႀကီးထားေပးထားပါတယ္။ ဒါအျပင္ ေခ်ာကက္အႏုပညာလက္ရာျပသမႈ၊ စမ္းသပ္ေနဆဲ ေခ်ာကလက္ေတြကိုျမည္းစမ္းႏုိင္မယ္႔ အခြင္႔အေရး၊ ေခ်ာကလက္ပန္းပုဖန္တီးမႈေတြစတဲ႔ လႈပ္ရွားမႈေတြမွာလည္း ပါဝင္ဆင္ႏႊဲလို႔ရပါတယ္။ ေခ်ာကလက္ဖန္တီးမႈလက္ရာေတြကို ယွဥ္ျပိဳင္ႏိုင္ျပီး ဆုေပးပြဲအခမ္းအနားပါက်င္းပတာမုိ႔ စိတ္ဝင္စားဖြယ္ရာပြဲေတာ္တစ္ခုပါပဲ။ ဒီပြဲေတာ္ကို ေအာက္တုိဘာလတုိင္းမွာ ဆင္ႏႊဲႏိုင္ပါတယ္။

Eurcochocolate Festival

Eurcochocolate Festival

Chocolate Rush Festival

ၾသစေတးလ်ႏိုင္ငံမွာေတာ႔ ၾသဂုတ္လတိုင္းမွာ ေခ်ာကလက္ပဲြေတာ္က်င္းပေလ႔ရွိၾကပါတယ္။ ေခ်ာကလက္ပြဲေတာ္က သာမန္ပဲြေတာ္မ်ဳိးမဟုတ္ဘဲ ေခ်ာကလက္ဖန္တီးမႈနဲ႔ပတ္သက္တဲ႔ သင္တန္းေတြပါေပးတာမုိ႔ ပညာလည္းရပါတယ္။ ကိုယ္တုိင္ဖန္တီးၾကည္႔ျပီး ကိုယ္တိုင္ျမည္းႏိုင္တဲ႔အခြင္႔အေရးပါပဲ။ ကေလးေတြအတြက္ေခ်ာကလက္ျပဳလုပ္နည္း၊ လူႀကီးေတြအတြက္ေတာ႔ ဝိုင္နဲ႔ေခ်ာကလက္ကို တြဲဖက္ဖန္တီးနည္းေတြကိုေတြပါ ေလ႔လာႏိုင္မွာပါ။

Chocolate Rush Festival

Chocolate Rush Festival

H.H(အခရာ)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသုံးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမွ်သည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆိုက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန႔္ကြက္ပါသည္။ သို႔ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကိုျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသုံးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသုံးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

ချောကလက်ချစ်သူတွေ လက်မလွှတ်သင့်တဲ့ ချောကလက်ပွဲတော်များ

ကမ္ဘာပေါ်မှာရှိတဲ့ ကလေး၊ လူကြီး၊ ကျား၊ မ မရွေး ချောကလက် မကြိုက်တဲ့သူ မရှိသလောက် ရှားပါးပါတယ်။ ဒီလို ချောကလက်သရဲလေးတွေအတွက်တော့ ဘယ်နိုင်ငံပဲရောက်ရောက် မတူကွဲပြားခြားနားတဲ့ ချောကလက်အရသာတွေကို မမြည်းစမ်းဘဲ မနေနိုင်လောက်အောင်ပါပဲ။ ချောကလက်ချစ်သူတွေအတွက် သတင်းကောင်းတစ်ခုကတော့ ချောကလက်ပွဲတော်တွေကို နိုင်ငံတော်တော်များများမှာ ကျင်းပလာကြတယ်ဆိုတာပါပဲ။ ချောကလက်စွဲလမ်းသူလေးတွေ၊ ချောကလက်ကိုအစားအသောက်တစ်ခုထက်ပိုပြီး မြတ်နိုးတန်ဖိုးထားသူတွေ မဖြစ်မနေအရောက်သွားသင့်တဲ့ ပွဲတော်လေးတွေက ဒီမှာပါ။

HP Spectre 13

HP Spectre 13

HP Spectre 13 အကြောင်း အသေးစိတ်သိရှိရန် </p

Salon Du Chocolat Festival

Salon Du Chocolat Festival က ချောကလက်ကိုအခြေခံပြီး ပြင်သစ်ရဲ့မြို့တော် ပါရီမှာကျင်းပလေ့ရှိတဲ့ ပွဲတော်တစ်ခုပဲဖြစ်ပါတယ်။ ရင်သပ်ရှုမောဖွယ်ကောင်းတဲ့ ပြင်သစ်ဖက်ရှင်ရှိုးတွေထဲမှာ ဒီချောကလက်ဖက်ရှင်ရှိုးလည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။ ပွဲတော်အတွင်းမှာ ဖက်ရှင်ဒီဇိုင်နာတွေနဲ့ ချောကလက်ဖန်တီးသူတွေ အတူတကွပူးပေါင်းပြီး ပြိုင်ဘက်ကင်းတဲ့ ချောကလက်ဝတ်စုံတွေကို ဖန်တီးပြသကြပါတယ်။ ဒီ Salon Du Chocolat Festival ကို ပြင်သစ်နိုင်ငံရဲ့ မြို့လေးမြို့မှာ ကျင်းပရုံတင်မကဘဲ ကမ္ဘာတစ်ဝှမ်းက မြို့ကြီး ၁၅ မြို့မှာလည်း စည်ကားသိုက်မြိုက်စွာ ကျင်းပလေ့ရှိပါတယ်။ ပါရီမှာကျင်းပတဲ့ ချောကလက်ပွဲတော်မှာတော့ နာမည်ကြီးစာဖိုမှူးတွေဖန်တီးထားတဲ့ ချောကလက်သရုပ်ဖော်ပုံတွေ ၊ ဖျော်ဖြေရေးအစီအစဉ်တွေ၊ အကအလှတွေနဲ့ နှီးနှောဖလှယ်ပွဲတွေပါ ပါဝင်လို့ ချောကလက်ချစ်သူတွေအနေနဲ့ လက်မလွတ်တမ်းသွားကြည့်သင့်ပါတယ်။ ချောကလက်ပွဲတော်ကို ပါဝင်ဆင်နွှဲရင်း ပါရီမြို့ကို လည်ပတ်ဖို့စဉ်းစားထားရင်းတော့ ချောကလက်ပွဲတော်ကျင်းပလေ့ရှိတဲ့ အောက်တိုဘာလကုန်ခါနီး အရောက်သွားသင့်ပါတယ်။

Salon Du Chocolat Festival

Salon Du Chocolat Festival

Chocolate Show New York

New York လို မြို့တော်ကြီးမှာလည်း အကြီးမားဆုံးချောကလက်ပွဲတော်ကို ကျင်းပလေ့ရှိပါတယ်။ နိုဝင်ဘာလတိုင်းမှာ ချောကလက်ပွဲတော်ကို ကျင်းပလေ့ရှိပြီး တမူထူးခြားစွာပြုလုပ်ထားတဲ့ ချောကလက်တွေကို လူအမြောက်အမြားက လာရောက်လေ့လာကြည့်ရှုကြပါတယ်တဲ့။ ဒီပွဲတော်မှာ ကလေးတွေအတွက် ချောကလက်ဇုန်ရှိရုံသာမက နှစ်စဉ်ကျင်းပလေ့ရှိတဲ့ပွဲတော်ဖြစ်တာမို့ အသေးစိတ်စီစဉ်ပြင်ဆင်ထားတဲ့ ချောကလက်လက်ရာတွေကိုပါ တွေ့မြင်နိုင်ပါတယ်။ ကလေးတွေရော လူကြီးတွေပါပျော်ရွှင်ရမယ့် ပွဲတော်ဖြစ်လို့ ချောကလက်ချစ်တဲ့မိသားစုတွေ မဖြစ်မနေသွားသင့်ပါတယ်။

Chocolate Show New York

Chocolate Show New York

Acer Nitro 5

Acer Nitro 5

Acer Nitro 5 အကြောင်း အသေးစိတ်သိရှိရန်

Eurochocolate

Eurochocolate ပွဲတော်က အီတလီနိုင်ငံ၊ Perugia မှာ နှစ်စဉ်ကျင်းပလေ့ရှိတဲ့ ချောကလက်ပွဲတော် ဖြစ်ပါတယ်။ ဒီပွဲတော်ကို ၁၉၉၃ ခုနစ်မှာ စတင်ကျင်းပခဲ့ပြီး ဥရောပတိုက်ရဲ့အကြီးမားဆုံး ချောကလက်ပွဲတော်တစ်ခုလည်း ဖြစ်ပါတယ်။ Eurochocolate ပွဲတော်မှာ ချောကလက်ဖုံးလွှမ်းထားတဲ့ငှက်ပျောသီး၊ ချောကလက်နဲ့အရက်ရောပြီး ချိုချိုပြင်းပြင်းလေးပြုလုပ်ထားတဲ့ချောကလက်တွေကို သွားရေစာအနေနဲ့ဝယ်ယူစားသုံးနိုင်ပါတယ်။ အပြန်လက်ဆောင်အနေနဲ့ပါဝယ်ယူနိုင်ဖို့ ရွေးချယ်စရာတွေ အများကြီးထားပေးထားပါတယ်။ ဒါအပြင် ချောကက်အနုပညာလက်ရာပြသမှု၊ စမ်းသပ်နေဆဲ ချောကလက်တွေကိုမြည်းစမ်းနိုင်မယ့် အခွင့်အရေး၊ ချောကလက်ပန်းပုဖန်တီးမှုတွေစတဲ့ လှုပ်ရှားမှုတွေမှာလည်း ပါဝင်ဆင်နွှဲလို့ရပါတယ်။ ချောကလက်ဖန်တီးမှုလက်ရာတွေကို ယှဉ်ပြိုင်နိုင်ပြီး ဆုပေးပွဲအခမ်းအနားပါကျင်းပတာမို့ စိတ်ဝင်စားဖွယ်ရာပွဲတော်တစ်ခုပါပဲ။ ဒီပွဲတော်ကို အောက်တိုဘာလတိုင်းမှာ ဆင်နွှဲနိုင်ပါတယ်။

Eurcochocolate Festival

Eurcochocolate Festival

Chocolate Rush Festival

သြစတေးလျနိုင်ငံမှာတော့ သြဂုတ်လတိုင်းမှာ ချောကလက်ပွဲတော်ကျင်းပလေ့ရှိကြပါတယ်။ ချောကလက်ပွဲတော်က သာမန်ပွဲတော်မျိုးမဟုတ်ဘဲ ချောကလက်ဖန်တီးမှုနဲ့ပတ်သက်တဲ့ သင်တန်းတွေပါပေးတာမို့ ပညာလည်းရပါတယ်။ ကိုယ်တိုင်ဖန်တီးကြည့်ပြီး ကိုယ်တိုင်မြည်းနိုင်တဲ့အခွင့်အရေးပါပဲ။ ကလေးတွေအတွက်ချောကလက်ပြုလုပ်နည်း၊ လူကြီးတွေအတွက်တော့ ဝိုင်နဲ့ချောကလက်ကို တွဲဖက်ဖန်တီးနည်းတွေကိုတွေပါ လေ့လာနိုင်မှာပါ။

Chocolate Rush Festival

Chocolate Rush Festival

H.H(အခရာ)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။