လိဂ်ပြိုင်ပွဲတစ်ခုမှာ ချန်ပီယံအသင်းဟာ တစ်သင်းထဲသာဖြစ်တာကြောင့် အကောင်းဆုံးစွမ်းဆောင်နိုင်ခဲ့ကြပေမယ့် ချန်ပီယံဆုနဲ့ လွဲချော်ခဲ့တဲ့ အသင်းတွေရှိနေပါတယ်။ ဥရောပရဲ့ နာမည်ကြီးလိဂ်ပြိုင်ပွဲတိုင်းမှာ ဒီလိုအဖြစ်မျိုးရှိခဲ့ပြီး ဒုတိယနဲ့ပဲ ကျေနပ်လိုက်ရတဲ့ အသင်းတွေဟာ ကံဆိုးတဲ့အသင်းတွေလို့ ယူဆရမှာပါ။ အခု ဒီ Article မှာတော့ ခြေစွမ်းကောင်းခဲ့ပေမယ့် အမှတ်ပေးချန်ပီယံဆုနဲ့ လွဲချော်ခဲ့ရတဲ့ အသင်းများ အပိုင်း(၂)ကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။

Arsenal ( 1998/99)

၁၉၉၈ – ၁၉၉၉ ဘောလုံးရာသီမှာတော့ ပရီးမီးယားလိဂ်ချန်ပီယံဆုဟာ ပြိုင်ဆိုင်မှု ပြင်းထန်ခဲ့ပါတယ်။ အဲဒီအချိန်တုန်းကတော့ ပရီးမီးယားလိဂ်မှာ ချန်ပီယံဆုအတွက် မန်ယူနဲ့ အာဆင်နယ်တို့သာ ယှဉ်ပြိုင်ကြတာဖြစ်ပြီး အာဆင်နယ်အသင်းက ချန်ပီယံဆုအတွက် အကောင်းဆုံးယှဉ်ပြိုင်နိုင်ခဲ့ပါတယ်။ အာဆင်နယ်အသင်းဟာ ၁၉၉၈ – ၁၉၉၉ ဘောလုံးရာသီ ပရီးမီးယားလိဂ်မှာ ရမှတ်(၇၈)မှတ်ရရှိခဲ့ပေမယ့် မန်ယူအသင်းနဲ့ တစ်မှတ်ကွာခဲ့လို့ ဒုတိယနေရာနဲ့သာ ရာသီသိမ်းခဲ့ရပါတယ်။

Barcelona ( 2006/07)

ရီးယဲလ်နဲ့ ဘာစီလိုနာတို့ဟာ ၂၀၀၆ – ၂၀၀၇ ဘောလုံးရာသီမှာတော့ မှာတော့ ရမှတ်(၇၆)မှတ်စီနဲ့ ရာသီသိမ်းခဲ့ပြီး ချန်ပီယံဆုအတွက်လည်း နောက်ဆုံးအချိန်ထိ ယှဉ်ပြိုင်ခဲ့ကြပါတယ်။ ဒါပေမဲ့ ထိပ်တိုက်တွေ့ဆုံမှုပိုင်းမှာတော့ ရီးယဲလ်အသင်းက အသာရခဲ့တာကြောင့် ရီးယဲလ်ချန်ပီယံဖြစ်ခဲ့ပြီး ဘာစီလိုနာအသင်းကတော့ ဒုတိယနေရာသာရရှိခဲ့ပါတယ်။

Real Madrid (2009/10)

၂၀၀၉ – ၂၀၁၀ ဘောလုံးရာသီမှာတော့ ရီးယဲလ်အသင်းဟာ ဘာစီလိုနာအသင်းကြောင့် ကံဆိုးခဲ့ရတယ်လို့ ပြောရမှာပါ။ ပယ်လီဂရီနီ Pellegrini ရဲ့ ရီးယဲလ်အသင်းဟာ အဲဒီဘောလုံးရာသီမှာ အကောင်းဆုံးစွမ်းဆောင်ရည်ကို ပြသခဲ့ပေမယ့် ဂွါဒီယိုလာ Guardiola ရဲ့ ဘာစီလိုနာအသင်းကိုတော့ ကျော်ဖြတ်နိုင်ခြင်းမရှိခဲ့ပါဘူး။ ရီးယဲလ်အသင်းဟာ ၂၀၀၉ – ၂၀၁၀ ဘောလုံးရာသီ လာလီဂါမှာ ရမှတ်(၉၆)မှတ်ထိ ရရှိခဲ့ပေမယ့် ဒုတိယနေရာနဲ့သာ ကျေနပ်ခဲ့ရပါတယ်။

Liverpool (2018/19)

လီဗာပူးလ်အသင်းကတော့ အကောင်းဆုံးဒုတိယဖြစ်ထားတာ ပူပူနွေးနွေးပဲရှိပါသေးတယ်။ ၂၀၁၈ – ၂၀၁၉ ဘောလုံးရာသီမှာ လီဗာပူးလ်အသင်းဟာ ပရီးမီးယားလိဂ်ချန်ပီယံဆုနဲ့ ထိုက်တန်တဲ့ ခြေစွမ်းမျိုးကို ပြသနိုင်ခဲ့ပေမယ့် ကံကြမ္မာက သူတို့အသင်းဘက်မှာရှိမနေဘူးလို့ ပြောရမှာပါ။ လီဗာပူးလ်အသင်းဟာ ပရီးမီးယားလိဂ်မှာ ချန်ပီယံဖြစ်ဖို့ ကျိန်စာမိနေသလားလို့ ထင်ရလောက်အောင်ကံခေခဲ့တာဖြစ်ပါတယ်။ ရမှတ်(၉၇)မှတ်ထိ ရရှိခဲ့ပေမယ့် ဒီရမှတ်ဟာ လီဗာပူးလ်အသင်း ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ဖို့ မလုံလောက်ခဲ့ပါဘူး။

ခြေစွမ်းကောင်းခဲ့ပေမယ့် အမှတ်ပေးချန်ပီယံဆုနဲ့ လွဲချော်ခဲ့ရတဲ့ အသင်းများ အပိုင်း(၁)ဖတ်ရန်လင်ခ့်

Ref: Ronaldo.com
Photo: The Independent , The Sun , SEEN Sport Images , Goal.com
Ko Kyue(Akhayar)
www.akhayar.com