ဘောလုံးလောကမှာ နာမည်ကျော်ကစားသမားတွေဟာ သူတို့ရဲ့ကစားသမားဘ၀မှာ အမှတ်ပေးဖလားချန်ပီယံဆုကို အနည်းဆုံးတစ်ကြိမ်တော့ ရရှိလေ့ရှိကြပါတယ်။ ဒီလိုအနေအထားကြောင့် စိတ်ထဲမှာ အရိုးစွဲနေတာက နာမည်ကျော်ကစားသမားဆိုရင် အမှတ်ပေးဖလားချန်ပီယံဆုကို ရရှိဖူးမှာပဲဆိုတဲ့ အရာပဲဖြစ်ပါတယ်။ ဒါပေမဲ့ ကစားသမားဘ၀တစ်လျှောက် အဆင့်မြင့်တန်းအမှတ်ပေးချန်ပီယံဆုကို ရရှိခဲ့ခြင်းမရှိတဲ့ နာမည်ကျော်ကစားသမားတွေရှိနေပါတယ်။ ဒါကြောင့် အခု Akhayar Sports ပရိသတ်တွေအတွက် ဒီကစားသမားတွေကို ဖော်ပြပေးလိုက်ရပါတယ်။

Carragher

ကာရေဂါ Carragher ကတော့ လီဗာပူးလ်အသင်းအတွက် အရာအားလုံးပေးဆပ်ကစားခဲ့တဲ့ One Club Player ကစားသမားတစ်ဦးဖြစ်ပါတယ်။ လီဗာပူးလ်အသင်းရဲ့ ခံစစ်ကိုအကောင်းဆုံး ဦးဆောင်ခဲ့တဲ့ ကာရေဂါ ဟာ လီဗာပူးလ်အသင်းနဲ့ ဆုဖလားအောင်မြင်မှုများစွာရရှိခဲ့ပေမယ့် ဒီအထဲမှာ ပရီးမီးယားလိဂ်ချန်ပီယံဆုတော့ မပါဝင်ခဲ့ပါဘူး။ ကာရေဂါ ဟာ လည်း ဂျရတ် Gerrard လိုပဲ ပရီးမီးယားလိဂ်ချန်ပီယံဆုနဲ့ ကံဆိုးစွာလွဲချော်ခဲ့ရသူပါပဲ။

De Rossi

ဝါရင့်ကွင်းလယ်လူ ဒီရော့ဆီ De Rossi ဟာလည်း လက်ရှိအချိန်ထိ ရိုးမားတစ်သင်းထဲမှာသာ ကစားလာခဲ့တာကြောင့် One Club Player ဖြစ်ဖို့ နီးစပ်နေသူပဲဖြစ်ပါတယ်။ ဒီရော့ဆီ ဟာ ရိုးမားအသင်းနဲ့ ရှုံးထွက်ဖလားအောင်မြင်မှုတွေရရှိခဲ့သလို အီတလီအသင်းနဲ့လည်း ကမ္ဘာ့ဖလားချန်ပီယံဆုကို ရရှိခဲ့ပေမယ့် စီးရီးအေချန်ပီယံဆုနဲ့တော့ ဝေးကွာခဲ့ပါတယ်။ ပြီးခဲ့တဲ့ နှစ်ကာလတွေတုန်းက စီးရီးအေကို အေစီမီလန် ၊ အင်တာမီလန် နဲ့ ဂျူဗင်တပ်စ်တို့က တစ်လှည့်စီ လွှမ်းမိုးထားကြပြီး ဒီအချိန်တွေမှာ ဒီရော့ဆီ ရဲ့ ရိုးမားအသင်းက အကောင်းဆုံး ပြိုင်ဘက်အဖြစ်သာ ရှိနေခဲ့တာကတော့ သူ့အတွက် စိတ်မကောင်းစရာပါပဲ။

Robbie Fowler

လီဗာပူးလ်အသင်းရဲ့ အင်္ဂလန်နာမည်ကျော် တိုက်စစ်မှူး ရောင်ဘီဖောင်လာ Robbie Fowler ဟာလည်း ဒီစာရင်းမှာ အပါအ၀င်ပါပဲ။ ရောင်ဘီဖောင်လာ ဟာ လီဗာပူးလ်အပါအ၀င် တခြားနိုင်ငံက ကလပ်အသင်းတွေမှာလည်း ကစားခဲ့ပေမယ့် အမှတ်ပေးချန်ပီယံဆုနဲ့တော့ လွဲချော်ခဲ့ရပါတယ်။ လီဗာပူးလ်အသင်းနဲ့တော့ ရောင်ဘီဖောင်လာ ဟာ ရှုံးထွက်ဖလားချန်ပီယံဆုတွေကို ရရှိခဲ့ပါတယ်။

ကစားသမားဘ၀တစ်လျှောက် အမှတ်ပေးချန်ပီယံဆုကို ရရှိခဲ့ခြင်းမရှိတဲ့ နာမည်ကျော်များ အပိုင်း (၁)ဖတ်ရန်လင်ခ့်

Ref: Sportskeeda
Photo: 5Times , JOE.co.uk , For The Win – USA Today
Ko Kyue(Akhayar)
www.akhayar.com