[Zawgyi]

လိုပယ္တက္ဂီ Lopetegui ေနရာအစား၀င္ဖို႔ရိွေနတဲ႔ နာမည္ေက်ာ္နည္းျပမ်ား

လက္ရိွမွာ ရီးယဲလ္နည္းျပ လိုပယ္တက္ဂီ Lopetegui ဟာဖိအားေတြနဲ႔ ရင္ဆိုင္ေနရတာကို အားလံုးအသိပါပဲ။ ေနာက္ဆံုးကစားခဲ႔တဲ႔ ခ်န္ပီယံလိဂ္ပြဲမွာအသင္းကို ႏိုင္ပြဲျပန္ရွာေဖြေပးခဲ႔ေပမယ္႔ သူ႔ရဲ႕အနာဂတ္ကေတာ႔ လႈပ္ခတ္ေနဆဲပါ။ လာမယ္႔ တနဂၤေႏြေန႔မွာေတာ႔ ရီးယဲလ္အသင္းဟာ လာလီဂါပြဲစဥ္အျဖစ္ ဘာစီလိုနာအသင္းရဲ႕ အိမ္ကြင္းမွာသြားေရာက္ယွဥ္ျပိဳင္ကစားဖို႔ရိွေနပါတယ္။ ဒီပြဲမွာသာ ရလဒ္ဆိုးခဲ႔ရင္ လိုပယ္တက္ဂီရဲ႕ အနာဂတ္ဟာ အေျပာင္းအလဲျဖစ္သြားႏိုင္ပါတယ္။ လက္ရိွမွာလည္း လိုပယ္တက္ဂီ ေနရာအစား၀င္ဖို႔ ေရပန္းစားေနတဲ႔ နည္းျပေတြရိွေနျပီး ဒီနည္းျပေတြကိုေဖာ္ျပေပးလိုက္ပါတယ္။

(၃) ပိုခ်က္တီႏို Pochettino

Pochettino

Pochettino

စပါးအသင္းရဲ႕ လူငယ္နည္းျပ ပိုခ်က္တီႏို Pochettino ဟာ ဒီစာရင္းမွာပါေနတာ သိပ္ျပီးေတာ႔မထူးဆန္းပါဘူး။ ပိုခ်က္တီႏိုဟာ သူ႔ရဲ႕ အရည္အခ်င္းေတြကို စပါးအသင္းနဲ႔ သက္ေသျပေနသူပါ။ စပါးအသင္းဟာ ပိုခ်က္တီႏိုလက္ထက္မွာ အရင္ကထက္တိုးတက္မႈေတြမ်ားစြာရိွလာသလို အသင္းရဲ႕ေငြေၾကးသံုးစြဲတဲ႔ အေျခအေနေၾကာင္႔သာ လက္ရိွအေနအထားမွာရိွေနခဲ႔တာပါ။ ပိုခ်က္တီႏိုအေနနဲ႔ ေငြေၾကးသံုးစြဲႏိုင္တဲ႔ အသင္းတစ္သင္းကိုသာ နည္းျပခဲ႔ရင္ ဆုဖလားေတြရယူႏိုင္စြမ္းရိွသူဆိုတာ သံသယျဖစ္စရာမလိုပါဘူး။ ျပီးေတာ႔ ပိုခ်က္တီႏိုဟာ စပိန္ေျမနဲ႔စိမ္းတဲ႔သူမဟုတ္သလို ကစားသမားဘ၀မွာ အက္စပန္ညိဳအသင္းရဲ႕နာမည္ေက်ာ္ကစားသမားတစ္ဦးျဖစ္ခဲ႔ျပီး နည္းျပဘ၀ကိုလည္း အက္စပန္ညိဳအသင္းနဲ႔စတင္ခဲ႔သူျဖစ္ပါတယ္။

(၂) အာစင္၀င္းဂါး Arsene Wenger

Arsene-Wenger

Arsene-Wenger

အာဆင္နယ္အသင္းရဲ႕ ဂႏၳ၀င္နည္းျပ အာစင္၀င္းဂါး Arsene Wenger ဟာ အာဆင္နယ္နညး္ျပဘ၀ထဲက ရီးယဲလ္အသင္းနဲ႔ အၾကိမ္ၾကိမ္သတင္းေတြထြက္ခဲ႔သူပါ။ လက္ရိွမွာလည္း အာစင္၀င္းဂါးဟာ ရီးယဲလ္နည္းျပရာထူးကို ရယူလိုတယ္လို႔ ဖြင္႔ဟထားပါတယ္။ ရီးယဲလ္အသင္းရဲ႕ လက္ရိွအေျခအေနဆိုးေတြဟာ ၀ါရင္႔နည္းျပတစ္ေယာက္ရဲ႕ လက္ထဲကိုေရာက္သြားရင္ အေျပာင္းအလဲေကာင္းေတြျဖစ္သြားႏိုင္တာေၾကာင္႔ ရီးယဲလ္နဲ႔အာစင္၀င္းဂါးတို႔ရဲ႕ အေနအထားဟာလည္း စိတ္၀င္စားဖို႔ေကာင္းေနပါတယ္။

(၁) ကြန္တီ Conte

Conte

Conte

ဂ်ဴဗင္တပ္စ္ ၊ အီတလီ ၊ ခ်ယ္လ္ဆီးအသင္းေတြမွာ သူ႔ရဲ႕အရည္အခ်င္းေတြကို အၾကိမ္ၾကိမ္ျပသခဲ႔ျပီး ႏိုင္လိုစိတ္ျပင္းထန္တဲ႔ နည္းျပကြန္တီ Conte ဟာ ရီးယဲလ္အသင္းနည္းျပသစ္ျဖစ္လာဖို႔ တစ္ေျပးေနသူပဲျဖစ္ပါတယ္။ ကြန္တီဟာ ဆုဖလားေအာင္ျမင္မႈေတြနဲ႔ ယဥ္ပါးသူတစ္ဦးျဖစ္တာေၾကာင္႔ ရီးယဲလ္နည္းျပရာထူးနဲ႔သင္႔ေတာ္သူပါ။ ရီးယဲလ္အသင္းဟာလည္း ကြန္တီကို စိတ္၀င္စားမႈေတြရိွတာေၾကာင္႔ လိုပယ္တက္ဂီသာ အမွားအယြင္းထပ္ျဖစ္ခဲ႔ရင္ ရီးယဲလ္နည္းျပထိုင္ခံုေနရာမွာ ကြန္တီကိုျမင္ေတြ႕ရဖို႔ ရာခိုင္ႏႈန္းမ်ားေနပါတယ္။

Ref: Sportskeeda
Photo: Breaking The Lines , Premier League , ChelseaNews24 , Sportskeeda
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

လိုပယ်တက်ဂီ Lopetegui နေရာအစားဝင်ဖို့ရှိနေတဲ့ နာမည်ကျော်နည်းပြများ

လက်ရှိမှာ ရီးယဲလ်နည်းပြ လိုပယ်တက်ဂီ Lopetegui ဟာဖိအားတွေနဲ့ ရင်ဆိုင်နေရတာကို အားလုံးအသိပါပဲ။ နောက်ဆုံးကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲမှာအသင်းကို နိုင်ပွဲပြန်ရှာဖွေပေးခဲ့ပေမယ့် သူ့ရဲ့အနာဂတ်ကတော့ လှုပ်ခတ်နေဆဲပါ။ လာမယ့် တနင်္ဂနွေနေ့မှာတော့ ရီးယဲလ်အသင်းဟာ လာလီဂါပွဲစဉ်အဖြစ် ဘာစီလိုနာအသင်းရဲ့ အိမ်ကွင်းမှာသွားရောက်ယှဉ်ပြိုင်ကစားဖို့ရှိနေပါတယ်။ ဒီပွဲမှာသာ ရလဒ်ဆိုးခဲ့ရင် လိုပယ်တက်ဂီရဲ့ အနာဂတ်ဟာ အပြောင်းအလဲဖြစ်သွားနိုင်ပါတယ်။ လက်ရှိမှာလည်း လိုပယ်တက်ဂီ နေရာအစားဝင်ဖို့ ရေပန်းစားနေတဲ့ နည်းပြတွေရှိနေပြီး ဒီနည်းပြတွေကိုဖော်ပြပေးလိုက်ပါတယ်။

(၃) ပိုချက်တီနို Pochettino

Pochettino

Pochettino

စပါးအသင်းရဲ့ လူငယ်နည်းပြ ပိုချက်တီနို Pochettino ဟာ ဒီစာရင်းမှာပါနေတာ သိပ်ပြီးတော့မထူးဆန်းပါဘူး။ ပိုချက်တီနိုဟာ သူ့ရဲ့ အရည်အချင်းတွေကို စပါးအသင်းနဲ့ သက်သေပြနေသူပါ။ စပါးအသင်းဟာ ပိုချက်တီနိုလက်ထက်မှာ အရင်ကထက်တိုးတက်မှုတွေများစွာရှိလာသလို အသင်းရဲ့ငွေကြေးသုံးစွဲတဲ့ အခြေအနေကြောင့်သာ လက်ရှိအနေအထားမှာရှိနေခဲ့တာပါ။ ပိုချက်တီနိုအနေနဲ့ ငွေကြေးသုံးစွဲနိုင်တဲ့ အသင်းတစ်သင်းကိုသာ နည်းပြခဲ့ရင် ဆုဖလားတွေရယူနိုင်စွမ်းရှိသူဆိုတာ သံသယဖြစ်စရာမလိုပါဘူး။ ပြီးတော့ ပိုချက်တီနိုဟာ စပိန်မြေနဲ့စိမ်းတဲ့သူမဟုတ်သလို ကစားသမားဘဝမှာ အက်စပန်ညိုအသင်းရဲ့နာမည်ကျော်ကစားသမားတစ်ဦးဖြစ်ခဲ့ပြီး နည်းပြဘဝကိုလည်း အက်စပန်ညိုအသင်းနဲ့စတင်ခဲ့သူဖြစ်ပါတယ်။

(၂) အာစင်ဝင်းဂါး Arsene Wenger

Arsene-Wenger

Arsene-Wenger

အာဆင်နယ်အသင်းရဲ့ ဂန္ထဝင်နည်းပြ အာစင်ဝင်းဂါး Arsene Wenger ဟာ အာဆင်နယ်နည်းပြဘဝထဲက ရီးယဲလ်အသင်းနဲ့ အကြိမ်ကြိမ်သတင်းတွေထွက်ခဲ့သူပါ။ လက်ရှိမှာလည်း အာစင်ဝင်းဂါးဟာ ရီးယဲလ်နည်းပြရာထူးကို ရယူလိုတယ်လို့ ဖွင့်ဟထားပါတယ်။ ရီးယဲလ်အသင်းရဲ့ လက်ရှိအခြေအနေဆိုးတွေဟာ ဝါရင့်နည်းပြတစ်ယောက်ရဲ့ လက်ထဲကိုရောက်သွားရင် အပြောင်းအလဲကောင်းတွေဖြစ်သွားနိုင်တာကြောင့် ရီးယဲလ်နဲ့အာစင်ဝင်းဂါးတို့ရဲ့ အနေအထားဟာလည်း စိတ်ဝင်စားဖို့ကောင်းနေပါတယ်။

(၁) ကွန်တီ Conte

Conte

Conte

ဂျူဗင်တပ်စ် ၊ အီတလီ ၊ ချယ်လ်ဆီးအသင်းတွေမှာ သူ့ရဲ့အရည်အချင်းတွေကို အကြိမ်ကြိမ်ပြသခဲ့ပြီး နိုင်လိုစိတ်ပြင်းထန်တဲ့ နည်းပြကွန်တီ Conte ဟာ ရီးယဲလ်အသင်းနည်းပြသစ်ဖြစ်လာဖို့ တစ်ပြေးနေသူပဲဖြစ်ပါတယ်။ ကွန်တီဟာ ဆုဖလားအောင်မြင်မှုတွေနဲ့ ယဉ်ပါးသူတစ်ဦးဖြစ်တာကြောင့် ရီးယဲလ်နည်းပြရာထူးနဲ့သင့်တော်သူပါ။ ရီးယဲလ်အသင်းဟာလည်း ကွန်တီကို စိတ်ဝင်စားမှုတွေရှိတာကြောင့် လိုပယ်တက်ဂီသာ အမှားအယွင်းထပ်ဖြစ်ခဲ့ရင် ရီးယဲလ်နည်းပြထိုင်ခုံနေရာမှာ ကွန်တီကိုမြင်တွေ့ရဖို့ ရာခိုင်နှုန်းများနေပါတယ်။

Ref: Sportskeeda
Photo: Breaking The Lines , Premier League , ChelseaNews24 , Sportskeeda
Ko Kyue(Akhayar)
www.akhayar.com