[Zawgyi]

တန္ဖိုးအၾကီးဆံုး ေဘာလံုးသမားအျဖစ္ သတ္မွတ္ခံခဲ႔ရတဲ႔ ဘာေပ Mbappe

PSG အသင္းရဲ႕ လူငယ္တိုက္စစ္ကစားသမား ဘာေပ Mbappe ဟာ လက္ရိွ တန္ဖိုးအၾကီးဆံုး ေဘာလံုးသမားအျဖစ္ သတ္မွတ္ခံခဲ႔ရပါတယ္။ ေဘာလံုးအားကစား သုေတသနအဖြဲ႕ျဖစ္တဲ႔ CIES ရဲ႕ ထုတ္ျပန္ခ်က္မွာ ဘာေပ ဟာ ထိပ္ဆံုးမွာရိွေနခဲ႔တာျဖစ္ပါတယ္။ CIES ဟာ ကစားသမား (၁၀)ဦးပါ၀င္တဲ႔ စာရင္းကို ထုတ္ျပန္ခဲ႔တာျဖစ္ျပီး ဒီစာရင္းမွာေတာ႔ ကမၻာ႔အေကာင္းဆံုးကစားသမားတစ္ဦးျဖစ္တဲ႔ စီေရာ္နယ္လ္ဒို Cristiano Ronaldo ကေတာ႔ အံအားသင္႔စရာေကာင္းေလာက္ေအာင္ ပါ၀င္ခဲ႔ျခင္းမရိွခဲ႔ပါဘူး။

Mbappe

Mbappe

စပါးအသင္းရဲ႕ တိုက္စစ္မွဴး ဟယ္ရီကိန္း Harry Kane ကေတာ႔ ဒီစာရင္းရဲ႕ ဒုတိယေနရာမွာရိွေနျပီး ဘာစီလိုနာအသင္းေခါင္းေဆာင္ တိုက္စစ္မွဴး မက္ဆီ Messi ကေတာ႔ အဆင္႔(၆)ေနရာမွာရပ္တည္ေနပါတယ္။ ဒီစာရင္းမွာ ထိပ္တန္းအဆင္႔ရိွတဲ႔ တိုက္စစ္ကစားသမားတိုင္းလိုလိုပါ၀င္ခဲ႔ျပီး လက္ရိွမွာ ပံုမွန္ေနရာရဖို႔ ႐ုန္းကန္ေနရတဲ႔ မန္ယူတိုက္စစ္မွဴး လူကာကူ Lukaku ဟာလည္း အဆင္႔(၈)ေနရာမွာ ရပ္တည္ႏိုင္ခဲ႔ပါတယ္။

CIES ရဲ႕ လက္ရိွ တန္ဖိုးအၾကီးဆံုး ေဘာလံုးသမားစာရင္း

Ref: Daily Mail
Photo: SportsJOE.ie , parisfans.fr
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

တန်ဖိုးအကြီးဆုံး ဘောလုံးသမားအဖြစ် သတ်မှတ်ခံခဲ့ရတဲ့ ဘာပေ Mbappe

PSG အသင်းရဲ့ လူငယ်တိုက်စစ်ကစားသမား ဘာပေ Mbappe ဟာ လက်ရှိ တန်ဖိုးအကြီးဆုံး ဘောလုံးသမားအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။ ဘောလုံးအားကစား သုတေသနအဖွဲ့ဖြစ်တဲ့ CIES ရဲ့ ထုတ်ပြန်ချက်မှာ ဘာပေ ဟာ ထိပ်ဆုံးမှာရှိနေခဲ့တာဖြစ်ပါတယ်။ CIES ဟာ ကစားသမား (၁၀)ဦးပါဝင်တဲ့ စာရင်းကို ထုတ်ပြန်ခဲ့တာဖြစ်ပြီး ဒီစာရင်းမှာတော့ ကမ္ဘာ့အကောင်းဆုံးကစားသမားတစ်ဦးဖြစ်တဲ့ စီရော်နယ်လ်ဒို Cristiano Ronaldo ကတော့ အံအားသင့်စရာကောင်းလောက်အောင် ပါဝင်ခဲ့ခြင်းမရှိခဲ့ပါဘူး။

Mbappe

Mbappe

စပါးအသင်းရဲ့ တိုက်စစ်မှူး ဟယ်ရီကိန်း Harry Kane ကတော့ ဒီစာရင်းရဲ့ ဒုတိယနေရာမှာရှိနေပြီး ဘာစီလိုနာအသင်းခေါင်းဆောင် တိုက်စစ်မှူး မက်ဆီ Messi ကတော့ အဆင့်(၆)နေရာမှာရပ်တည်နေပါတယ်။ ဒီစာရင်းမှာ ထိပ်တန်းအဆင့်ရှိတဲ့ တိုက်စစ်ကစားသမားတိုင်းလိုလိုပါဝင်ခဲ့ပြီး လက်ရှိမှာ ပုံမှန်နေရာရဖို့ ရုန်းကန်နေရတဲ့ မန်ယူတိုက်စစ်မှူး လူကာကူ Lukaku ဟာလည်း အဆင့်(၈)နေရာမှာ ရပ်တည်နိုင်ခဲ့ပါတယ်။

Ref: Daily Mail
Photo: SportsJOE.ie , parisfans.fr
Ko Kyue(Akhayar)
www.akhayar.com