[Zawgyi]
(၁) Lee Min Ho
Lee Min Ho
(၂) Song Joong Ki
Song Joong Ki
(၃) Seo Kang Joon
Seo Kang Joon
(၄) Song Seung Heon
Song Seung Heon
(၅) Ji Chang Wook
Ji Chang Wook
(၆) Oh Ji-ho
Oh Ji ho
(၇) Lee Jin Wook
Lee Jin Wook
(၈) Jang Keun Suk
Jang Keun Suk
(၉) Jang Dong Gun
Jang Dong Gun
(၁၀) Kim Soo Hyun
Kim Soo Hyun
www.akhayar.com
[Unicode]
၂၀၁၈ ခုနှစ်အတွက် စမတ်အကျဆုံး ကိုရီးယားမင်းသားဆယ်ယောက်က ဘယ်သူတွေဖြစ်မလဲ
ကိုရီးယားဒရာမာဇာတ်ကားတွေက ကမ္ဘာတစ်ဝန်းကို လွှမ်းမိုးနိုင်တဲ့ထိကို အောင်မြင်မှုရရှိနေပါပြီ။ ကိုရီးယားဇာတ်ကားတွေသာမက ကိုရီးယားမင်းသား၊ အဆိုတော်၊ မင်းသမီးတွေရဲ့ ဖက်ရှင်ကိုလည်း Inspire ယူပြီး လူငယ်တွေက ဝတ်ဆင်လာကြတာကိုလည်း တွေ့ရပါတယ်။
သူတို့ရဲ့ဖက်ရှင်တွေကလည်း ခေတ်ရေစီးကြောင်းအလိုက် လိုက်လျောညီထွေမှုလည်းရှိသလို၊ မင်းသား၊ မင်းသမီးတွေကလည်း ချောမောလှပတာကြောင့် ကိုရီးယားဒရာမာဇာတ်ကားတွေက ပိုမိုအောင်မြင်နေရတယ်လို့ ထင်ပါတယ်။ ဒီတစ်ခါမှာတော့ ၂၀၁၈ ခုနှစ်အတွက် စမတ်အကျဆုံး ကိုရီးယား မင်းသားဆယ်လက်ကို ဖော်ပြပေးလိုက်ပါတယ်။ ကိုယ်နေ့စဉ်ကြည့်နေတဲ့ ဒရာမာကားထဲက မင်းသားတွေပါနေလားဆိုတာကို တစ်ချက်ရှိုးကြည့်လိုက်ပါနော်။
(၁) Lee Min Ho
၂၀၁၈ ခုနှစ်အတွက် စမတ်အကျဆုံး ကိုရီးယားမင်းသားအဖြစ် လီမင်ဟိုက ထိပ်ဆုံးနေရာမှာ ရှိနေပါတယ်။ အသက် ၃၀ အရွယ်ဝန်းကျင်ရှိနေပြီဖြစ်တဲ့သူကတော့ ကမ္ဘာတစ်ဝန်းက နှုတ်ခမ်းနီမလေးများရဲ့ အသည်းစွဲဖြစ်နေပြီး ကိုရီးုယားနိုင်ငံမှာလည်း ထိပ်တန်းစားရင်းဝင် မင်းသားတစ်ယောက်ဖြစ်ပါတယ်။
Lee Min Ho
(၂) Song Joong Ki
Song Joong Ki ကတော့ နံပါတ် ၂ နေရာမှာ ရှိနေပါတယ်။ သူ့ကိုတော့ ၁၉၈၅ခုနှစ်၊ စက်တင်ဘာလ ၁၉ ရက်နေ့က မွေးဖွားခဲ့တာပါ။ သူကတော့ မကြာသေးခင်ကမှ ပရိသတ်ချစ် မင်းသမီးချောလေး ဆောင်းဟေကိုနဲ့ လက်ထပ်ခဲ့တာကို အားလုံးသိရှိပြီးသား ဖြစ်မှာပါနော်။
Song Joong Ki
(၃) Seo Kang Joon
၁၉၉၃ ခုနှစ် အောက်တိုဘာ ၁၂ မှာ မွေးဖွားခဲ့တဲ့ Seo Kang Joon ကလည်း ဆယ်ကျော်သက်မိန်းကလေးတွေအကြား ရေပန်းစားသူတစ်ဦးပါပဲ။ သူ့ရဲ့ချစ်စဖွယ်ကောင်းတဲ့ ဟန်ပန်အမူအရာကြောင့် စမတ်ကျတဲ့ ကိုရီးယားမင်းသားဆယ်လက်မှာ နံပါတ် ၃ နေရာ ရရှိထားသူပါ။
Seo Kang Joon
(၄) Song Seung Heon
ဂျွန်စောလို့ လူသိများတဲ့ Song Seung Heon က လွန်ခဲ့တဲ့နှစ်တွေကတည်းက အောင်မြင်မှုကို အခိုင်အမာရရှိထားတဲ့ မင်းသားတစ်လက်ပါပဲ။ ဒါ့ကြောင့်လည်း ယခု ၂၀၁၈ ခုနှစ်တိုင် စမတ်ကျတဲ့ မင်းသားတစ်လက်အဖြစ် ဖော်ပြခြင်းခံနေရတုန်းပါပဲ။ သူ့မွေးနေ့ကတော့ ၁၉၇၆ ခုနှစ်၊ အောက်တိုဘာ ၅ရက်နေ့ပါတဲ့။
Song Seung Heon
(၅) Ji Chang Wook
အရည်ပျော်သွားအောင် ဖမ်းစားနိုင်တဲ့ သူ့ရဲ့အကြည့်ကြောင့် Ji Chang Wook က နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းကျော်လေးဖြစ်လာတာ မဆန်းပါဘူး။ သူကတော့ နံပါတ် ၅ နေရာမှာ ရှိနေပါတယ်။၁၉၈၇ ခုနှစ် ဂျူလိုင်လ ၅ ရက်နေ့မှာ မွေးဖွားခဲ့တာပါ။
Ji Chang Wook
(၆) Oh Ji-ho
ယောကျ်ားပီသတဲ့ ခန္ဓာကိုယ်အချိုးအစား၊ ဟန်ပန်တွေကြောင့် Oh Ji ho က ၂၀၁၈ ခုနှစ်အတွက် စမတ်အကျဆုံး ကိုရီးယားမင်းသားစာရင်းထဲမှာ ပါဝင်နေပါတယ်။ သူ့ကိုတော့ ၁၉၇၆ ခုနှစ် ဧပရယ် ၁၄ ရက်နေ့က မွေးဖွားခဲ့တာပဲ ဖြစ်ပါတယ်။
Oh Ji ho
(၇) Lee Jin Wook
Lee Jin Wook ရဲ့အပြုံးကိုတော့ ဘယ်မိန်းကလေးက မကြွေဘဲ ရှိမလဲ။ သူကတော့ စမတ်အကျဆုံး စာရင်းရဲ့ နံပါတ် ၇ နေရာမှာ ရပ်တည်နေပါတယ်။ သူ့မွေးနေ့ကတော့ ၁၉၈၁ ခုနှစ် စက်တင်ဘာ ၁၆ ရက်နေ့ပဲ ဖြစ်ပါတယ်။
Lee Jin Wook
(၈) Jang Keun Suk
ဆံပင်အရှည်ကိုမှ စည်းထားတတ်တဲ့ သူ့စတိုင်လေးကို မှတ်မိကြမယ်ထင်ပါတယ်။ Jang Keun Suk က ကိုရီးယားနိုင်ငံမှာ အောင်မြင်ရုံသာမက ဂျပန်နဲ့ တရုတ်ပြည်မှာလည်း ပရိသတ်အခိုင်အမာ ရရှိထားသူပါ။ သူ့ကိုတော့ ၁၉၈၇ ခုနှစ်၊ သြဂုတ်လ ၄ ရက်နေ့က မွေးဖွားခဲ့တာပါ။
Jang Keun Suk
(၉) Jang Dong Gun
သူ့ရဲ့ယောကျာ်းပီသပြီး စမတ်ကျတဲ့ ဟန်ပန်အမူအရာများကြောင့် အသက်ကြီးငယ်မရွေး ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို ရရှိထားသူပါ။ Jang Dong Gun ကတော့ နံပါတ် ၉ နေရာမှာရှိနေပြီး ၁၉၇၂ ခုနှစ်မှာ မွေးဖွားခဲ့တာပဲ ဖြစ်ပါတယ်။
Jang Dong Gun
(၁၀) Kim Soo Hyun
Kim Soo Hyun ကတော့ စမတ်ကျတဲ့အပြင် သရုပ်ဆောင်ပီပြင်မှုတွေကြောင့် သူပါဝင်တဲ့ ကိုရီးယားဒရာမာဇာတ်ကားတွေက ကမ္ဘာတစ်ဝန်းထိ အောင်မြင်မှုရရှိထားသူပါ။ သူ့မွေးနေ့ကတော့ ၁၉၈၈ ခုနှစ် ဖေဖော်ဝါရီလ ၁၆ ရက်နေ့ပါတဲ့။
Kim Soo Hyun
www.akhayar.com
Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။