[Zawgyi]

ေဘာလံုးပြဲတစ္ပြဲရဲ႕ အဆံုးသတ္ရည္မွန္းခ်က္က ရိုးရွင္းပါတယ္။ ဂိုးေတြ သြင္းႏုိင္သမွ်သြင္းၿပီး အႏုိင္ယူဖို႔ပါပဲ။ ေဘာလံုးသမိုင္းကုိ ၾကည့္လိုက္ရင္ ေထာင့္မ်ိဳးစံုကေန ပံုစံမ်ိဳးစံုနဲ႔ သြင္းဂိုးအေရအတြက္ ေျမာက္မ်ားစြာကုိ သြင္းယူခဲ့တဲ့ ကစားသမားေတြ အမ်ားႀကီးရွိပါတယ္။ ခုစာရင္းမွာပါတဲ့ ကစားသမားေတြကေတာ့ သူတုိ႔ရဲ႕ကစားသမားဘဝအခ်ိန္ေတြမွာ သြင္းဂိုးအေရအတြက္ ၅၀၀ အထက္ သြင္းယူႏုိင္ခဲ့ၾကသူေတြျဖစ္ၿပီး ႏုိင္ငံအသင္းနဲ႔ ကလပ္အတြက္ တကယ့္ဂႏၳဝင္ေတြလို႔ ဆိုရမယ့္သူေတြပါ။ လက္ရွိအခ်ိန္အထိ ေဘာလံုးသမိုင္းရဲ႕ ထိပ္တန္းဂိုးသြင္းရွင္ ၁၀ ဦးက ဘယ္သူေတြလဲ ဆိုတာၾကည့္လိုက္ရေအာင္ပါ။

(၁၀) လိုင္ယြန္နယ္ မက္ဆီ (Lionel Messi) – ၅၇၁ ဂိုး

Ballon d’Or ဆုကို ၅ ႀကိမ္တိုင္တိုင္ရရွိထားတဲ့ တစ္ဦးတည္းေသာ ကစားသမား မက္ဆီကေတာ့ လံုးဝထူးျခားတဲ့ ကစားသမားပါ။ ဘာစီလိုနာကို ေရာက္ခဲ့တဲ့ ၂၀၀၈ ခုႏွစ္ကတည္းကစၿပီး အသင္းရဲ႕အဓိကက်တဲ့ ကစားသမားတစ္ဦးျဖစ္လာခဲ့ၿပီး ကလပ္အတြက္သာမက ႏုိင္ငံအသင္းမွာပါ အေရးပါတဲ့ ကစားသမားျဖစ္တဲ့သူပါ။ ကက္တလန္အသင္းအတြက္ ခုခ်ိန္အထိ ပြဲေပါင္း ၆၂၁ ပြဲကစားထားၿပီး သြင္းဂိုး ၅၁၃ ဂိုးသြင္းယူထားတဲ့ မက္ဆီဟာ အသက္ ၂၉ ႏွစ္သာရွိေသးလို႔ သူ႕ဆီကေန ေနာက္ထပ္ ေမွာ္ဆန္တဲ့ဂိုးေတြ ျမင္ေတြ႔ရဖို႔ ရွိေနပါေသးတယ္။ စီရိုနယ္လ္ဒိုနဲ႔ တစ္ေခတ္တည္း ထြန္းေတာက္ခဲ့သူျဖစ္သလို ထာဝရအႀကီးျမတ္ဆံုး ေဘာလံုးသမားေတြထဲက တစ္ေယာက္ပါပဲ။ ဒါ့အျပင္ ႏုိင္ငံအသင္းအတြက္လည္း ၁၁၇ ပြဲမွာ ၅၈ ဂိုးနဲ႔ သြင္းဂိုးအမ်ားဆံုး ကစားသမားျဖစ္ပါတယ္။

Akhayar-lionel-messi-barcelona-1493796699-800

(၉) ဖဲရင့္စ္ ဒိခ္ (Ferenc Deak) – ၅၇၆ ဂိုး

ဟန္ေဂရီဂႏၳဝင္ျဖစ္တဲ့ ဖဲရင့္စ္ ဒိခ္ ဟာဆိုရင္ ႏုိင္ငံ နဲ႔ ကလပ္အသင္းအတြက္ စုစုေပါင္း ၅၇၆ ဂိုးသြင္းယူထားသူပါ။ ဒိခ္ဟာ ပြဲတစ္ပြဲအတြက္ ဂိုးသြင္းႏႈန္း ၁.၁၅ အထိရွိခဲ့တဲ့ အံ့အားသင့္ဖြယ္ ဂိုးသြင္းေကာင္းသူျဖစ္ခဲ့ပါတယ္။ သူ႔ရဲ႕ကစားသမားသက္တမ္းမွာ Szentlrinci SE ၊ Conferences ၊ Budapesti Dozsa စတဲ့ ျပည္တြင္းလိဂ္အသင္းေတြမွာ ပါဝင္ကစားခဲ့ၿပီး ႏုိင္ငံဟန္ေဂရီအသင္းအတြက္ ပြဲေပါင္း ၂၀ ကစားေပးခဲ့ၿပီး အံ့အားသင့္ဖြယ္ သြင္းဂိုး ၂၉ ဂိုး သြင္းယူေပးႏုိင္ခဲ့သူျဖစ္ပါတယ္။ သူ႕ရဲ႕အံအားသင့္ဖြယ္ရာ ဂိုးသြင္းစြမ္းရည္ေၾကာင့္ပဲ ၁၉၄၆ ခုႏွစ္ ဟန္ေဂရီအေကာင္းဆံုးကစားသမားအျဖစ္ သတ္မွတ္ျခင္းခံခဲ့ရပါတယ္။ ကံအေၾကာင္းမလွစြာပဲ ဒုတိယကမၻာစစ္မီးက ဒီကစားသမားကုိ ေဘာလံုးကစားျခင္းကေန ရပ္တန္႔သြားေစခဲ့ပါတယ္။ တကယ္လို႔သာ စစ္မရွိပဲ ေဘာလံုးဆက္ကစားျဖစ္ခဲ့မယ္ဆိုရင္ ဒီကစားသမားဟာ ဒီဇယားမွာ ခုေနရာထက္ ပုိၿပီးအဆင့္ျမင့္မားေနမွာ အမွန္ပါပဲ။

Akhayar-ferenc-deak-1470988092-800

(၈) ခရစ္တီယာႏုိ ရိုနယ္လ္ဒို (Christiano Ronaldo) – ၅၉၃ ဂိုး

သူ႔ေခတ္သူ႕မ်ိဳးဆက္ ေဘာလံုးသမားေတြထဲမွာ မက္ဆီနဲ႔အတူ ၂ ဦးတည္း အေကာင္းဆံုးအျဖစ္ ရပ္တည္ႏုိင္တဲ့ စီရိုနယ္လ္ဒိုဟာ ထာဝရအႀကီးျမတ္ဆံုး ကစားသမားတစ္ဦးအျဖစ္ အလြယ္တကူေရာက္ရွိႏုိင္သူျဖစ္ပါတယ္။ မန္ယူကေန ရီရဲလ္ကို သူ႔ေခတ္အခ်ိန္အခါက ကမၻာစံခ်ိန္တင္ ေျပာင္းေရႊ႕ေၾကးျဖစ္တဲ့ ေပါင္သန္း ၈၀ နဲ႔ ေရာက္ရွိခဲ့ၿပီး ခုခ်ိန္အထိေတာ့ သူ႕အတြက္ ကုန္က်ခဲ့တဲ့ ပဲနိတစ္ပဲနိေလးေတာင္မွ မက်န္ေအာင္ကုိ တန္ေနတယ္ဆိုတာကို သက္ေသျပေနဆဲ ကစားသမားပဲျဖစ္ပါတယ္။ ရီရဲလ္ကုိ ေျပာင္းကတည္းက သူ႕ရဲ႕ဂုိးသြင္းစြမ္းရည္ကေတာ့ စိတ္ရွိလက္ရွိ ေပါက္ကြဲထြက္လာေတာ့တာပါပဲ။ ၿပီးခဲ့တဲ့ ၃ ႏွစ္တာကာလအတြင္းမွာ ရီရဲလ္အတြက္ ပြဲထြက္ခဲ့တဲ့ ပြဲေပါင္း ၃၈၉ ပြဲမွာ သြင္းဂိုး ၃၉၉ ဂိုးအထိ သြင္းယူထားခဲ့ၿပီး ခ်န္ပီယံလိဂ္ ဖလား ၂ ႀကိမ္ အသင္းနဲ႔အတူ ရယူထားႏိုင္ခဲ့သူျဖစ္ပါတယ္။ မန္ယူတုန္းကလည္း အရမ္းထြန္းေပါက္ခဲ့ၿပီး ပြဲေပါင္း ၂၉၂ ပြဲမွာ သြင္းဂိုး ၁၁၈ ဂိုးအထိ ရွိခဲ့သူပါ။ ခုခ်ိန္မွာဆိုရင္ ကလပ္အသင္းအတြက္ ၅၂၂ ဂိုးသြင္းယူထားႏုိင္တာေၾကာင့္ လက္ရွိေဘာလံုးသမားေတြထဲမွာ အႀကီးျမတ္ဆံုး ထိပ္တန္းဂိုးသြင္းရွင္အျဖစ္ ရပ္တည္ေနပါတယ္။ သူ႕ရဲ႕ေပၚတူဂီအသင္းအတြက္ ၇၁ ဂိုးအထိ သြင္းယူထားႏိုင္လို႔ ႏုိင္ငံလက္ေရြးစင္အတြက္လည္း ထာဝရဂိုးသြင္းစံခ်ိန္ရွင္ ျဖစ္ေနပါတယ္။ လက္ရွိအခ်ိန္အထိ စုစုေပါင္း သြင္းဂိုး ၅၉၃ ဂိုးအထိရွိေနၿပီျဖစ္တဲ့ ရိုနယ္လ္ဒိုအေနနဲ႔ သူ႔ရဲ႕ဂိုးသြင္းစြမ္းရည္ကုိ ဒီအတိုင္းဆက္ၿပီး ထိန္းထားႏုိင္မယ္ဆိုရင္ေတာ့ လက္ရွိအဆင့္ ၈ ထက္ အမ်ားႀကီး တက္လာဖို႔ ရွိေနပါတယ္။

(၇) ယူဆယ္ဘီအို (Eusebio) – ၆၂၁ ဂိုး

ပြဲေပါင္း ၆၃၇ ပြဲမွာ သြင္းရဂိုး ၆၂၁ ဂိုးဆိုတာ တကယ့္ကစားသမားေကာင္းေတြသာ စြမ္းေဆာင္ႏုိင္တာပါ။ ပီလီိတို႔နဲ႔ ႏႈိင္းယွဥ္လို႔ရေလာက္ေအာင္ ယူဆယ္ဘီအုိဟာလည္း ထာဝရအႀကီးျမတ္ဆံုး ဂိုးသြင္းရွင္ေတြထဲက တစ္ေယာက္လို႔ဆိုႏုိင္ပါတယ္။ ဘုရားေပးထားတဲ့ ေဘာလံုးပါရမီရင့္သန္မႈရွိတဲ့ သူ႔ကစားပံုကုိ ျမင္ခဲ့ဖူးသူေတြဟာ ကံအလြန္ေကာင္းသူေတြပဲလို႔ ဆိုစမွတ္ျပဳၾကပါတယ္။ အားကစားသမားတစ္ဦးအတြက္ လိုက္ဖက္တဲ့ ခႏၶာကိုယ္တည္ေဆာက္ပံုနဲ႔ ဂုိးသြင္းအျမင္စူးရွမႈေတြၾကာင့္ အထူးသျဖင့္ ယူရိုပါလိဂ္ဖလား နဲ႔ ျပည္တြင္းလိဂ္ဖလား ၁၁ ႀကိမ္အထိ ရယူႏုိင္ခဲ့တဲ့ သူ႕ရဲ႕ဘင္ဖီကာကစားသမားဘဝက လူေတြအတြက္ အမွတ္ရစရာအေကာင္းဆံုးအခ်ိန္ေတြပါပဲ။ ေပၚတူဂီကလပ္အတြက္ ပြဲေပါင္း ၄၄၀ ပြဲမွာ သြင္းဂိုး ၄၇၃ ဂိုးအထိ သြင္းယူႏိုင္ခဲ့တဲ့သူ႔ကုိ လူအမ်ားက ထာဝရအႀကီးျမတ္ဆံုး ေပၚတူဂီကစားသမားေတြထဲက တစ္ေယာက္အျဖစ္ သတ္မွတ္ထားဆဲျဖစ္ပါတယ္။ ၁၉၆၅ ခုႏွစ္မွာ ကမၻာ့အေကာင္းဆံုး ေဘာလံုးသမားဆု Ballon d’Or ဆုကုိ ရယူႏုိင္ခဲ့သလို ေနာက္နွစ္မွာ အဲဒီဆုအတြက္ ေဘာ္ဘီခ်ာလ္တန္ကုိ မဲ ၁ မဲနဲ႔ပဲ က်ဥ္းေျမာင္းတဲ့ရလဒ္နဲ႔ ရံႈးခဲ့ၿပီး အေကာင္းဆံုးဒုတိယေနရာ ရယူႏိုင္ခဲ့ပါေသးတယ္။ ၁၉၆၈ မွာ ဥေရာပရဲ႕ ဂိုးသြင္းအမ်ားဆံုး ကစားသမားအျဖစ္ ေရႊဖိနပ္ဆုကုိ ရရွိခဲ့သလို ေနာက္ ၅ ႏွစ္အၾကာမွာ အဲဒီဆုကုိ တစ္ဖန္ျပန္ရခဲ့ပါတယ္။ ဒါေၾကာင့္ ထာဝရအႀကီးျမတ္ဆံုး တိုက္စစ္မွဴးေတြထဲက တစ္ဦးျဖစ္တယ္လို႔ဆိုရင္ လြန္မယ္လို႔ မထင္မိပါဘူး။

(၆) ဖဲရင့္စ္ ပြက္စ္ကပ္စ္ (Ferenc Puskas) – ၇၀၀ ဂိုး

မုိးႀကိဳးလုိ ျပင္းထန္အားပါတဲ့ ဘယ္ေျခနဲ႔ ေနရာယူတတ္မႈစြမ္းရည္ အလြန္ေကာင္းလြန္းတာေၾကာင့္ ပြက္စ္ကပ္စ္ဟာ ကစားခဲ့သမွ် ကစားသမားေတြထဲက အႀကီးျမတ္ဆံုးကစားသမားအျဖစ္ လြယ္လြယ္ေလးနဲ႔ျဖစ္လာတာပါပဲ။ ရီရဲလ္မွာ ရွိစဥ္တုန္းကဆိုရင္ အယ္ဖရက္ဒို ဒီ စတီဖာႏုိ္နဲ႔ ေၾကာက္စရာေကာင္းေလာက္ေအာင္ အတြဲအဖက္မိခဲ့ၿပီး ၿပိဳင္ဖက္ေနာက္တန္းကုိ စိတ္ရွိလက္ရွိ ၿဖိဳခြဲလို႔ ရီရဲလ္အသင္းကုိ လာလီဂါဖလား ၅ ႏွစ္ဆက္တိုင္ ရရွိေစခဲ့သလို ဥေရာပဖလားေတြကုိလည္း ရရွိေအာင္ စြမ္းေဆာင္ေပးႏိုင္ခဲ႔ပါတယ္။ လာလီဂါရဲ႕ ထိပ္တန္းဂိုးသြင္းရွင္အျဖစ္ ၄ ႏွစ္ ရပ္တည္ႏုိင္ခဲ့သလို ကလပ္အသင္းအတြက္ သူကစားခဲ့တဲ့ ပြဲေပါင္း ၆၂၀ ပြဲမွာ ၆၁၆ ဂိုး သြင္းယူႏုိင္တာကိုၾကည့္ရင္ ဂိုးသြင္းစြမ္းရည္ဘယ္ေလာက္ျမင့္မားတယ္ဆိုတာ သိျမင္ႏိုင္ပါတယ္။ ဟန္ေဂရီအသင္းအတြက္လည္း ဂိုးသြင္းစံခ်ိန္ရွင္ျဖစ္ၿပီး ႏုိင္ငံအသင္းအတြက္ ၈၅ ပြဲထြက္၊ ၈၄ ဂိုးသြင္းယူထားႏုိင္ခဲ့တာ ျဖစ္ပါတယ္။ သူ႔ရဲ႕ကစားသမားဘဝတစ္ေလွ်ာက္ သြင္းဂိုး ၇၀၀ ရွိခဲ့ၿပီး ဒီစာရင္းမွာ အဆင့္ ၆ ခ်ိတ္ခဲ့တာျဖစ္ပါတယ္။

(၅) ဂတ္ မူလာ (Gerd Muller) – ၇၁၁ဂိုး

ေဘာလံုးသမိုင္းမွာ ဂတ္ မူလာဆိုတာ ေသေလာက္ေအာင္ ေဘာလံုးအဆံုးသတ္ ေကာင္းမြန္သူပါ။ ဒီဂ်ာမန္သားဟာ ေဘာလံုးကုိ လွလွပကစားၿပီး အခ်ိန္ဆြဲတတ္သူမဟုတ္ပဲ လိုရင္းျဖစ္တဲ့ ဂိုးရေအာင္ပဲ ဖန္တီးသြင္းယူတတ္သူ ျဖစ္ပါတယ္။ သူ႕ရဲ႕နည္းစနစ္ေတြက အံ့ခ်ီးေလာက္စရာ ျဖစ္ခဲ့ပါတယ္။ ႏုိင္ငံအသင္း နဲ႔ ကလပ္အတြက္ စုစုေပါင္း ၇၁၁ ဂိုးအထိ သြင္းယူထားႏုိင္ခဲ့ၿပီး ဘိုင္ယန္ျမဴးႏွစ္အတြက္ ၄၂၇ ပြဲမွာ ၃၆၅ ဂိုး သြင္းယူခဲ့သူျဖစ္ပါတယ္။ ဘြန္ဒက္စ္လီဂါ ထိပ္တန္းဂိုးသြင္းရွင္စာရင္းရဲ႕ ဒုတိယေနရာက ကေလာ့စ္ ဖစ္ခ်ာရဲ႕အထက္ ဂိုး ၁၀၀ နီးပါးကြာျခားခ်က္နဲ႔ ပထမထိပ္တန္းဂုိးသြင္းရွင္အျဖစ္ ရပ္တည္ခဲ့သူပါ။ အဆံုးသတ္ပုိင္းမွာေတာ့ လံုးဝေကာင္းမြန္လြန္းလွသူအျဖစ္ သတ္မွတ္ျခင္းခံခဲ့ရသူျဖစ္ပါတယ္။

 

 

(၄) ရိုမာရီယို (Romario) – ၇၄၃ ဂိုး

ကစားခဲ့သမွ် ကစားသမားေတြထဲမွာ အႀကီးျမတ္ဆံုးဂုိးသြင္းရွင္ေတြထဲက တစ္ဦးျဖစ္လာဖို႔ သူျဖတ္သန္းခဲ့တဲ့ ၂၄ ႏွစ္တာ ကစားသမားဘဝက ရိုမာရီယိုကုိ ပံုသြင္းေပးႏုိင္ခဲ့ပါတယ္။ ဒီဘရာဇီးလ္ကစားသမားကုိ ပီအက္စ္ဗြီ အင့္ဟိုဗင္ နဲ႔ ဘာစီလိုနာအသင္းေတြမွာ ကစားခဲ့စဥ္က စြမ္းေဆာင္ရည္ေတြေၾကာင့္ အမွတ္ရၾကပါတယ္။ အဆံုးသတ္အလြန္ေကာင္းမြန္လွၿပီး ကုိယ့္ကုိကုိယ္ ယံုၾကည္မႈခိုင္မာလြန္းတဲ့ ရိုမာရီယိုဟာ အခ်ိန္တိုင္းအတြက္ အႏၱရာယ္အရွိဆံုး တိုက္စစ္မွဴးေတြထဲက တစ္ေယာက္အျဖစ္ သတ္မွတ္ျခင္းခံရပါတယ္။ သူ႕ရဲ႕ကစားသမားဘဝ သက္တမ္းရွည္မွာ ဖလာမင္ဂို ၊ ဗတ္စ္ဂိုဒါဂါမာ၊ ပီအက္စ္ဗြီ၊ ဘာစီလိုနာနဲ႔ ဗလင္စီယာအသင္းေတြမွာ ကစားခဲ့ၿပီး ပြဲေပါင္း ၈၈၆ ပြဲမွာ ၆၈၈ ဂိုးအထိ သြင္းယူထားႏုိင္ခဲ့သူပါ။ ဘရာဇီးလ္အတြက္လည္း ၅၅ ဂိုး သြင္းယူေပးခဲ့ၿပီး ကစားသမားဘဝ သြင္းဂိုး စုစုေပါင္း ၇၄၃ ဂိုးနဲ႔ အဆင့္ ၄ ေနရာမွာ ရွိေနတာပါ။

Akhayar-romario-1470988569-800

(၃) ဂ်ိဳဆက္ဖ္ ဘီကန္ (Josef Bican) – ၈၀၅ ဂိုး

ပြဲတစ္ပြဲရဲ႕ အံ့အားသင့္စရာ အေကာင္းဆံုးဂိုးသြင္းႏႈန္း ၁.၅၂ အထိ ရွိခဲ့သူျဖစ္ၿပီး ဥေရာပၿပိဳင္ပြဲ ၅ ရပ္မွာ ထိပ္တန္းဂိုးသြင္းရွင္အျဖစ္ ရပ္တည္ႏိုင္ခဲ့သူ ျဖစ္ပါတယ္။ ေျခႏွစ္ဖက္လံုးကို ကၽြမ္းက်င္စြာအသံုးခ်ႏုိင္သူျဖစ္ၿပီး အလြန္လ်င္ျမန္တဲ့ ကစားသမားျဖစ္သလို ၁၀.၈ စကၠန္႔မွာ မီတာ ၁၀၀ ေျပးႏုိင္သူျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ရာစုႏွစ္ရဲ႕ အႀကီးျမတ္ဆံုး ထိပ္တန္းဂိုးသြင္းရွင္အျဖစ္ ႏုိင္ငံတကာ ေဘာလံုးသမိုင္း နဲ႔ နည္းစနစ္အဖြဲ႔ခ်ဳပ္ (IFFHS) က ေရႊေဘာလံုးဆု ခ်ီးျမွင့္ခဲ့ပါတယ္။ ၿပိဳင္ပြဲ ၃ ရပ္မွာ တစ္ပြဲအတြင္း ၇ ဂိုးအထိ သြင္းယူႏုိင္တဲ့ တစ္ဦးတည္းေသာ ကစားသမားျဖစ္ၿပီး Rapid Vienna နဲ႔ Slavia Prague အသင္းေတြမွာ ကစားခဲ့စဥ္က စြမ္းေဆာင္ရည္ေတြေၾကာင့္ နာမည္ႀကီးခဲ့သူျဖစ္ပါတယ္။ Vienna အသင္းမွာ ၄၉ ပြဲကစား ၅၂ ဂိုးသြင္းယူခဲ့သလို Prague အသင္း နဲ႔ ၂၁၇ ပြဲမွာ ၃၉၅ ဂိုး သြင္းယူထားနုိင္ခဲ့သူပါ။ သူ႔ရဲ႕ကစားသမားဘဝသက္တမ္းမွာ စုစုေပါင္း သြင္းဂိုး ၈၀၅ ဂိုးနဲ႔ အရပ္ရွည္ၿပီး ခန္႔ညာေခ်ာေမာသလို လ်င္ျမန္တဲ့ ဒီၾသစေတးလ်သားဟာ ထာဝရဂိုးသြင္းရွင္စာရင္းမွာ အဆင့္ ၃ ခ်ိတ္ခဲ့ပါတယ္။

(၂) ပီလီ (Pele) – ၁၂၈၁ ဂိုး

၁၉၅၈ ကမၻာ့ဖလားၿပိဳင္ပြဲမွာ အသက္၁၇ ႏွစ္ နဲ႔ ၂၃၉ ရက္သာရွိေသးတဲ့ ဘရာဇီးလ္လူငယ္တစ္ေယာက္ဟာ အခ်ိန္တိုင္းအတြက္ အံ့ဖြယ္အားကစားလူငယ္တစ္ေယာက္အျဖစ္ ေပၚထြန္းလာခဲ့တယ္။ သူ႔ရဲ႕လ်င္ျမန္ ညက္ေညာၿပီး တည္ၿငိမ္တဲ့ ကစားဟန္၊ အထင္ႀကီးေလာက္စရာ ခြန္အားနဲ႔ အထူးသျဖင့္ ဥာဏ္ေျပးမႈေတြေၾကာင့္ Edson Arantes do Nascimento လို႔ အမည္ရတဲ့ ပီလီဟာ ထာဝရအႀကီးျမတ္ဆံုး ကစားသမားေတြထဲက တစ္ဦးျဖစ္လာဖို႔ ျဖစ္ခဲ့ပါတယ္။ ၁၉၅၈ ၊ ၁၉၆၂ နဲ႔ ၁၉၇၀ ကမၻာ့ဖလား ေအာင္ျမင္မႈေတြနဲ႔အတူ ကစားခဲ့တဲ့ ပြဲေပါင္း ၁၃၆၃ ပြဲမွာ ၁၂၈၁ ဂိုး သြင္းယူႏုိင္တာ ပီလီတစ္ေယာက္ပဲ ရွိခဲ့ပါတယ္။ ကစားပြဲတစ္ပြဲမွာ သူ႔ရဲ႕စြမ္းရည္ေၾကာင့္ ႏုိင္ငံေတြကုိ စုစည္းႏုိင္ခဲ့တဲ့ တိုက္စစ္မွဴးဂႏၳာဝင္ ပီလီေလာက္ စြမ္းေဆာင္ႏုိင္မယ့္သူ ရွားပါလိမ့္မယ္။ ပီလီအေနနဲ႔ သူ႕ရဲ႕ကစားသမားဘဝသက္တမ္းတစ္ေလွ်ာက္ ဥေရာပမွာ မကစားခဲ့ဖူးပဲ သူ႕ရဲ႕ဘရာဇီးလ္ကလပ္ျဖစ္တဲ့ ဆန္းတို႔စ္မွာပဲ အမ်ားဆံုး အေျခက်ေနခဲ့သူျဖစ္ပါတယ္။

Akhayar-pele-1470988867-800

(၁) အာသာ ဖရိုင္းဒရစ္ခ်္ (Arthur Friedenreich) – ၁၃၂၉ ဂိုး

ဒီကစားသမားက အံ့ၾသစရာအေကာင္းဆံုးပါပဲ။ ဒီထာဝရ ထိပ္တန္းဂိုးသြင္းရွင္စာရင္းရဲ႕ နံပါတ္ ၁ က ပီလီေတာင္မဟုတ္ခဲ့ပဲ အာသာ ဖရိုင္းဒရစ္ခ်္ လို႔ေခၚတဲဲ့ တျခား ဘရာဇီးလ္ေဘာလံုးသမားတစ္ဦးျဖစ္ေနပါတယ္။ ဒီဘရာဇီးလ္သားဟာ ၁၉၀၉ ခုႏွစ္ကေန ၁၉၃၅ အထိ ၂၆ ႏွစ္တာ ကစားခဲ့ၿပီး ဂိုးေပါင္း ၁၃၂၉ ဂိုးသြင္းယူႏုိင္ခဲ့ပါတယ္။ ၁၉၁၉ ခုႏွစ္ ကိုပါအေမရိကၿပိဳင္ပြဲရဲ႕ အေကာင္းဆံုးကစားသမားျဖစ္သလို ေရႊဖိနပ္ဆုကုိ ရရွိခဲ့သူျဖစ္ပါတယ္။ ဒါေပမယ့္ ကမၻာ့ဖလားမွာ သူ႕ရဲ႕ႏုိင္ငံ ဘရာဇီးလ္အတြက္ ကိုယ္စားျပဳ မကစားခဲ့ရပါဘူး။ ဘာေၾကာင့္လည္းဆိုရင္ ဘရာဇီးလ္ေဘာလံုးအဖြဲ႔ နဲ႔ ဆာေပၚလိုအသင္းၾကားမွာ နားလည္မႈေတြ လြဲခဲ့ၾကလို႔ပါ။ “က်ား” လို႔ ေခၚတဲ့ ဒီဘရာဇီးလ္ လူမည္းကစားသမားဟာ သူ႔ရဲ႕ကစားသမားဘဝမွာ လူမ်ိဳးေရးခြဲျခားမႈေတြကုိ ရင္ဆိုင္ခဲ့ဖူးသူျဖစ္ပါတယ္။ ၁၉၁၉ နဲ႔ ၁၉၂၂ ကုိပါအေမရိကဖလားၿပိဳင္ပြဲေတြမွာ ဘရာဇီးလ္အသင္းနဲ႔ ထြန္းေတာက္ခဲ့တဲ့ စတားပေလရာတစ္ေယာက္ပါ။ ၁၉၂၅ ဘရာဇီးရဲ႕ ဥေရာပခရီးစဥ္မွာ သူ႕ကို “ေဘာလံုးဘုရင္” လို႔ ေခၚစမွတ္ျပဳခဲ့ၾကပါတယ္။ ေနာက္ပုိင္းမွာ သူ႕ရဲ႕ကစားသမားဘဝသက္တမ္းအတြင္း သြင္းယူခဲ့တဲ့ ၁၃၂၉ ဂိုးအေရအတြက္ေၾကာင့္ ထာဝရဂိုးသြင္းရွင္မ်ားစာရင္းမွာ ထိပ္ဆံုးေရာက္လာခဲ့သူျဖစ္ပါတယ္။

 

HGID_KV_Ads_Square2

www.akhayr.com

[Unicode]

ဘောလုံးပွဲတစ်ပွဲရဲ့ အဆုံးသတ်ရည်မှန်းချက်က ရိုးရှင်းပါတယ်။ ဂိုးတွေ သွင်းနိုင်သမျှသွင်းပြီး အနိုင်ယူဖို့ပါပဲ။ ဘောလုံးသမိုင်းကို ကြည့်လိုက်ရင် ထောင့်မျိုးစုံကနေ ပုံစံမျိုးစုံနဲ့ သွင်းဂိုးအရေအတွက် မြောက်များစွာကို သွင်းယူခဲ့တဲ့ ကစားသမားတွေ အများကြီးရှိပါတယ်။ ခုစာရင်းမှာပါတဲ့ ကစားသမားတွေကတော့ သူတို့ရဲ့ကစားသမားဘဝအချိန်တွေမှာ သွင်းဂိုးအရေအတွက် ၅၀၀ အထက် သွင်းယူနိုင်ခဲ့ကြသူတွေဖြစ်ပြီး နိုင်ငံအသင်းနဲ့ ကလပ်အတွက် တကယ့်ဂန္ထဝင်တွေလို့ ဆိုရမယ့်သူတွေပါ။ လက်ရှိအချိန်အထိ ဘောလုံးသမိုင်းရဲ့ ထိပ်တန်းဂိုးသွင်းရှင် ၁၀ ဦးက ဘယ်သူတွေလဲ ဆိုတာကြည့်လိုက်ရအောင်ပါ။

(၁၀) လိုင်ယွန်နယ် မက်ဆီ (Lionel Messi) – ၅၇၁ ဂိုး

Ballon d’Or ဆုကို ၅ ကြိမ်တိုင်တိုင်ရရှိထားတဲ့ တစ်ဦးတည်းသော ကစားသမား မက်ဆီကတော့ လုံးဝထူးခြားတဲ့ ကစားသမားပါ။ ဘာစီလိုနာကို ရောက်ခဲ့တဲ့ ၂၀၀၈ ခုနှစ်ကတည်းကစပြီး အသင်းရဲ့အဓိကကျတဲ့ ကစားသမားတစ်ဦးဖြစ်လာခဲ့ပြီး ကလပ်အတွက်သာမက နိုင်ငံအသင်းမှာပါ အရေးပါတဲ့ ကစားသမားဖြစ်တဲ့သူပါ။ ကက်တလန်အသင်းအတွက် ခုချိန်အထိ ပွဲပေါင်း ၆၂၁ ပွဲကစားထားပြီး သွင်းဂိုး ၅၁၃ ဂိုးသွင်းယူထားတဲ့ မက်ဆီဟာ အသက် ၂၉ နှစ်သာရှိသေးလို့ သူ့ဆီကနေ နောက်ထပ် မှော်ဆန်တဲ့ဂိုးတွေ မြင်တွေ့ရဖို့ ရှိနေပါသေးတယ်။ စီရိုနယ်လ်ဒိုနဲ့ တစ်ခေတ်တည်း ထွန်းတောက်ခဲ့သူဖြစ်သလို ထာဝရအကြီးမြတ်ဆုံး ဘောလုံးသမားတွေထဲက တစ်ယောက်ပါပဲ။ ဒါ့အပြင် နိုင်ငံအသင်းအတွက်လည်း ၁၁၇ ပွဲမှာ ၅၈ ဂိုးနဲ့ သွင်းဂိုးအများဆုံး ကစားသမားဖြစ်ပါတယ်။

Akhayar-lionel-messi-barcelona-1493796699-800

(၉) ဖဲရင့်စ် ဒိခ် (Ferenc Deak) – ၅၇၆ ဂိုး

ဟန်ဂေရီဂန္ထဝင်ဖြစ်တဲ့ ဖဲရင့်စ် ဒိခ် ဟာဆိုရင် နိုင်ငံ နဲ့ ကလပ်အသင်းအတွက် စုစုပေါင်း ၅၇၆ ဂိုးသွင်းယူထားသူပါ။ ဒိခ်ဟာ ပွဲတစ်ပွဲအတွက် ဂိုးသွင်းနှုန်း ၁.၁၅ အထိရှိခဲ့တဲ့ အံ့အားသင့်ဖွယ် ဂိုးသွင်းကောင်းသူဖြစ်ခဲ့ပါတယ်။ သူ့ရဲ့ကစားသမားသက်တမ်းမှာ Szentlrinci SE ၊ Conferences ၊ Budapesti Dozsa စတဲ့ ပြည်တွင်းလိဂ်အသင်းတွေမှာ ပါဝင်ကစားခဲ့ပြီး နိုင်ငံဟန်ဂေရီအသင်းအတွက် ပွဲပေါင်း ၂၀ ကစားပေးခဲ့ပြီး အံ့အားသင့်ဖွယ် သွင်းဂိုး ၂၉ ဂိုး သွင်းယူပေးနိုင်ခဲ့သူဖြစ်ပါတယ်။ သူ့ရဲ့အံအားသင့်ဖွယ်ရာ ဂိုးသွင်းစွမ်းရည်ကြောင့်ပဲ ၁၉၄၆ ခုနှစ် ဟန်ဂေရီအကောင်းဆုံးကစားသမားအဖြစ် သတ်မှတ်ခြင်းခံခဲ့ရပါတယ်။ ကံအကြောင်းမလှစွာပဲ ဒုတိယကမ္ဘာစစ်မီးက ဒီကစားသမားကို ဘောလုံးကစားခြင်းကနေ ရပ်တန့်သွားစေခဲ့ပါတယ်။ တကယ်လို့သာ စစ်မရှိပဲ ဘောလုံးဆက်ကစားဖြစ်ခဲ့မယ်ဆိုရင် ဒီကစားသမားဟာ ဒီဇယားမှာ ခုနေရာထက် ပိုပြီးအဆင့်မြင့်မားနေမှာ အမှန်ပါပဲ။

Akhayar-ferenc-deak-1470988092-800

(၈) ခရစ်တီယာနို ရိုနယ်လ်ဒို (Christiano Ronaldo) – ၅၉၃ ဂိုး

သူ့ခေတ်သူ့မျိုးဆက် ဘောလုံးသမားတွေထဲမှာ မက်ဆီနဲ့အတူ ၂ ဦးတည်း အကောင်းဆုံးအဖြစ် ရပ်တည်နိုင်တဲ့ စီရိုနယ်လ်ဒိုဟာ ထာဝရအကြီးမြတ်ဆုံး ကစားသမားတစ်ဦးအဖြစ် အလွယ်တကူရောက်ရှိနိုင်သူဖြစ်ပါတယ်။ မန်ယူကနေ ရီရဲလ်ကို သူ့ခေတ်အချိန်အခါက ကမ္ဘာစံချိန်တင် ပြောင်းရွှေ့ကြေးဖြစ်တဲ့ ပေါင်သန်း ၈၀ နဲ့ ရောက်ရှိခဲ့ပြီး ခုချိန်အထိတော့ သူ့အတွက် ကုန်ကျခဲ့တဲ့ ပဲနိတစ်ပဲနိလေးတောင်မှ မကျန်အောင်ကို တန်နေတယ်ဆိုတာကို သက်သေပြနေဆဲ ကစားသမားပဲဖြစ်ပါတယ်။ ရီရဲလ်ကို ပြောင်းကတည်းက သူ့ရဲ့ဂိုးသွင်းစွမ်းရည်ကတော့ စိတ်ရှိလက်ရှိ ပေါက်ကွဲထွက်လာတော့တာပါပဲ။ ပြီးခဲ့တဲ့ ၃ နှစ်တာကာလအတွင်းမှာ ရီရဲလ်အတွက် ပွဲထွက်ခဲ့တဲ့ ပွဲပေါင်း ၃၈၉ ပွဲမှာ သွင်းဂိုး ၃၉၉ ဂိုးအထိ သွင်းယူထားခဲ့ပြီး ချန်ပီယံလိဂ် ဖလား ၂ ကြိမ် အသင်းနဲ့အတူ ရယူထားနိုင်ခဲ့သူဖြစ်ပါတယ်။ မန်ယူတုန်းကလည်း အရမ်းထွန်းပေါက်ခဲ့ပြီး ပွဲပေါင်း ၂၉၂ ပွဲမှာ သွင်းဂိုး ၁၁၈ ဂိုးအထိ ရှိခဲ့သူပါ။ ခုချိန်မှာဆိုရင် ကလပ်အသင်းအတွက် ၅၂၂ ဂိုးသွင်းယူထားနိုင်တာကြောင့် လက်ရှိဘောလုံးသမားတွေထဲမှာ အကြီးမြတ်ဆုံး ထိပ်တန်းဂိုးသွင်းရှင်အဖြစ် ရပ်တည်နေပါတယ်။ သူ့ရဲ့ပေါ်တူဂီအသင်းအတွက် ၇၁ ဂိုးအထိ သွင်းယူထားနိုင်လို့ နိုင်ငံလက်ရွေးစင်အတွက်လည်း ထာဝရဂိုးသွင်းစံချိန်ရှင် ဖြစ်နေပါတယ်။ လက်ရှိအချိန်အထိ စုစုပေါင်း သွင်းဂိုး ၅၉၃ ဂိုးအထိရှိနေပြီဖြစ်တဲ့ ရိုနယ်လ်ဒိုအနေနဲ့ သူ့ရဲ့ဂိုးသွင်းစွမ်းရည်ကို ဒီအတိုင်းဆက်ပြီး ထိန်းထားနိုင်မယ်ဆိုရင်တော့ လက်ရှိအဆင့် ၈ ထက် အများကြီး တက်လာဖို့ ရှိနေပါတယ်။

(၇) ယူဆယ်ဘီအို (Eusebio) – ၆၂၁ ဂိုး

ပွဲပေါင်း ၆၃၇ ပွဲမှာ သွင်းရဂိုး ၆၂၁ ဂိုးဆိုတာ တကယ့်ကစားသမားကောင်းတွေသာ စွမ်းဆောင်နိုင်တာပါ။ ပီလီတို့နဲ့ နှိုင်းယှဉ်လို့ရလောက်အောင် ယူဆယ်ဘီအိုဟာလည်း ထာဝရအကြီးမြတ်ဆုံး ဂိုးသွင်းရှင်တွေထဲက တစ်ယောက်လို့ဆိုနိုင်ပါတယ်။ ဘုရားပေးထားတဲ့ ဘောလုံးပါရမီရင့်သန်မှုရှိတဲ့ သူ့ကစားပုံကို မြင်ခဲ့ဖူးသူတွေဟာ ကံအလွန်ကောင်းသူတွေပဲလို့ ဆိုစမှတ်ပြုကြပါတယ်။ အားကစားသမားတစ်ဦးအတွက် လိုက်ဖက်တဲ့ ခန္ဓာကိုယ်တည်ဆောက်ပုံနဲ့ ဂိုးသွင်းအမြင်စူးရှမှုတွေကြာင့် အထူးသဖြင့် ယူရိုပါလိဂ်ဖလား နဲ့ ပြည်တွင်းလိဂ်ဖလား ၁၁ ကြိမ်အထိ ရယူနိုင်ခဲ့တဲ့ သူ့ရဲ့ဘင်ဖီကာကစားသမားဘဝက လူတွေအတွက် အမှတ်ရစရာအကောင်းဆုံးအချိန်တွေပါပဲ။ ပေါ်တူဂီကလပ်အတွက် ပွဲပေါင်း ၄၄၀ ပွဲမှာ သွင်းဂိုး ၄၇၃ ဂိုးအထိ သွင်းယူနိုင်ခဲ့တဲ့သူ့ကို လူအများက ထာဝရအကြီးမြတ်ဆုံး ပေါ်တူဂီကစားသမားတွေထဲက တစ်ယောက်အဖြစ် သတ်မှတ်ထားဆဲဖြစ်ပါတယ်။ ၁၉၆၅ ခုနှစ်မှာ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု Ballon d’Or ဆုကို ရယူနိုင်ခဲ့သလို နောက်နှစ်မှာ အဲဒီဆုအတွက် ဘော်ဘီချာလ်တန်ကို မဲ ၁ မဲနဲ့ပဲ ကျဉ်းမြောင်းတဲ့ရလဒ်နဲ့ ရှုံးခဲ့ပြီး အကောင်းဆုံးဒုတိယနေရာ ရယူနိုင်ခဲ့ပါသေးတယ်။ ၁၉၆၈ မှာ ဥရောပရဲ့ ဂိုးသွင်းအများဆုံး ကစားသမားအဖြစ် ရွှေဖိနပ်ဆုကို ရရှိခဲ့သလို နောက် ၅ နှစ်အကြာမှာ အဲဒီဆုကို တစ်ဖန်ပြန်ရခဲ့ပါတယ်။ ဒါကြောင့် ထာဝရအကြီးမြတ်ဆုံး တိုက်စစ်မှူးတွေထဲက တစ်ဦးဖြစ်တယ်လို့ဆိုရင် လွန်မယ်လို့ မထင်မိပါဘူး။

(၆) ဖဲရင့်စ် ပွက်စ်ကပ်စ် (Ferenc Puskas) – ၇၀၀ ဂိုး

မိုးကြိုးလို ပြင်းထန်အားပါတဲ့ ဘယ်ခြေနဲ့ နေရာယူတတ်မှုစွမ်းရည် အလွန်ကောင်းလွန်းတာကြောင့် ပွက်စ်ကပ်စ်ဟာ ကစားခဲ့သမျှ ကစားသမားတွေထဲက အကြီးမြတ်ဆုံးကစားသမားအဖြစ် လွယ်လွယ်လေးနဲ့ဖြစ်လာတာပါပဲ။ ရီရဲလ်မှာ ရှိစဉ်တုန်းကဆိုရင် အယ်ဖရက်ဒို ဒီ စတီဖာနိုနဲ့ ကြောက်စရာကောင်းလောက်အောင် အတွဲအဖက်မိခဲ့ပြီး ပြိုင်ဖက်နောက်တန်းကို စိတ်ရှိလက်ရှိ ဖြိုခွဲလို့ ရီရဲလ်အသင်းကို လာလီဂါဖလား ၅ နှစ်ဆက်တိုင် ရရှိစေခဲ့သလို ဥရောပဖလားတွေကိုလည်း ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ လာလီဂါရဲ့ ထိပ်တန်းဂိုးသွင်းရှင်အဖြစ် ၄ နှစ် ရပ်တည်နိုင်ခဲ့သလို ကလပ်အသင်းအတွက် သူကစားခဲ့တဲ့ ပွဲပေါင်း ၆၂၀ ပွဲမှာ ၆၁၆ ဂိုး သွင်းယူနိုင်တာကိုကြည့်ရင် ဂိုးသွင်းစွမ်းရည်ဘယ်လောက်မြင့်မားတယ်ဆိုတာ သိမြင်နိုင်ပါတယ်။ ဟန်ဂေရီအသင်းအတွက်လည်း ဂိုးသွင်းစံချိန်ရှင်ဖြစ်ပြီး နိုင်ငံအသင်းအတွက် ၈၅ ပွဲထွက်၊ ၈၄ ဂိုးသွင်းယူထားနိုင်ခဲ့တာ ဖြစ်ပါတယ်။ သူ့ရဲ့ကစားသမားဘဝတစ်လျှောက် သွင်းဂိုး ၇၀၀ ရှိခဲ့ပြီး ဒီစာရင်းမှာ အဆင့် ၆ ချိတ်ခဲ့တာဖြစ်ပါတယ်။

(၅) ဂတ် မူလာ (Gerd Muller) – ၇၁၁ဂိုး

ဘောလုံးသမိုင်းမှာ ဂတ် မူလာဆိုတာ သေလောက်အောင် ဘောလုံးအဆုံးသတ် ကောင်းမွန်သူပါ။ ဒီဂျာမန်သားဟာ ဘောလုံးကို လှလှပကစားပြီး အချိန်ဆွဲတတ်သူမဟုတ်ပဲ လိုရင်းဖြစ်တဲ့ ဂိုးရအောင်ပဲ ဖန်တီးသွင်းယူတတ်သူ ဖြစ်ပါတယ်။ သူ့ရဲ့နည်းစနစ်တွေက အံ့ချီးလောက်စရာ ဖြစ်ခဲ့ပါတယ်။ နိုင်ငံအသင်း နဲ့ ကလပ်အတွက် စုစုပေါင်း ၇၁၁ ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပြီး ဘိုင်ယန်မြူးနှစ်အတွက် ၄၂၇ ပွဲမှာ ၃၆၅ ဂိုး သွင်းယူခဲ့သူဖြစ်ပါတယ်။ ဘွန်ဒက်စ်လီဂါ ထိပ်တန်းဂိုးသွင်းရှင်စာရင်းရဲ့ ဒုတိယနေရာက ကလော့စ် ဖစ်ချာရဲ့အထက် ဂိုး ၁၀၀ နီးပါးကွာခြားချက်နဲ့ ပထမထိပ်တန်းဂိုးသွင်းရှင်အဖြစ် ရပ်တည်ခဲ့သူပါ။ အဆုံးသတ်ပိုင်းမှာတော့ လုံးဝကောင်းမွန်လွန်းလှသူအဖြစ် သတ်မှတ်ခြင်းခံခဲ့ရသူဖြစ်ပါတယ်။

 

(၄) ရိုမာရီယို (Romario) – ၇၄၃ ဂိုး

ကစားခဲ့သမျှ ကစားသမားတွေထဲမှာ အကြီးမြတ်ဆုံးဂိုးသွင်းရှင်တွေထဲက တစ်ဦးဖြစ်လာဖို့ သူဖြတ်သန်းခဲ့တဲ့ ၂၄ နှစ်တာ ကစားသမားဘဝက ရိုမာရီယိုကို ပုံသွင်းပေးနိုင်ခဲ့ပါတယ်။ ဒီဘရာဇီးလ်ကစားသမားကို ပီအက်စ်ဗွီ အင့်ဟိုဗင် နဲ့ ဘာစီလိုနာအသင်းတွေမှာ ကစားခဲ့စဉ်က စွမ်းဆောင်ရည်တွေကြောင့် အမှတ်ရကြပါတယ်။ အဆုံးသတ်အလွန်ကောင်းမွန်လှပြီး ကိုယ့်ကိုကိုယ် ယုံကြည်မှုခိုင်မာလွန်းတဲ့ ရိုမာရီယိုဟာ အချိန်တိုင်းအတွက် အန္တရာယ်အရှိဆုံး တိုက်စစ်မှူးတွေထဲက တစ်ယောက်အဖြစ် သတ်မှတ်ခြင်းခံရပါတယ်။ သူ့ရဲ့ကစားသမားဘဝ သက်တမ်းရှည်မှာ ဖလာမင်ဂို ၊ ဗတ်စ်ဂိုဒါဂါမာ၊ ပီအက်စ်ဗွီ၊ ဘာစီလိုနာနဲ့ ဗလင်စီယာအသင်းတွေမှာ ကစားခဲ့ပြီး ပွဲပေါင်း ၈၈၆ ပွဲမှာ ၆၈၈ ဂိုးအထိ သွင်းယူထားနိုင်ခဲ့သူပါ။ ဘရာဇီးလ်အတွက်လည်း ၅၅ ဂိုး သွင်းယူပေးခဲ့ပြီး ကစားသမားဘဝ သွင်းဂိုး စုစုပေါင်း ၇၄၃ ဂိုးနဲ့ အဆင့် ၄ နေရာမှာ ရှိနေတာပါ။

Akhayar-romario-1470988569-800

(၃) ဂျိုဆက်ဖ် ဘီကန် (Josef Bican) – ၈၀၅ ဂိုး

ပွဲတစ်ပွဲရဲ့ အံ့အားသင့်စရာ အကောင်းဆုံးဂိုးသွင်းနှုန်း ၁.၅၂ အထိ ရှိခဲ့သူဖြစ်ပြီး ဥရောပပြိုင်ပွဲ ၅ ရပ်မှာ ထိပ်တန်းဂိုးသွင်းရှင်အဖြစ် ရပ်တည်နိုင်ခဲ့သူ ဖြစ်ပါတယ်။ ခြေနှစ်ဖက်လုံးကို ကျွမ်းကျင်စွာအသုံးချနိုင်သူဖြစ်ပြီး အလွန်လျင်မြန်တဲ့ ကစားသမားဖြစ်သလို ၁၀.၈ စက္ကန့်မှာ မီတာ ၁၀၀ ပြေးနိုင်သူဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရာစုနှစ်ရဲ့ အကြီးမြတ်ဆုံး ထိပ်တန်းဂိုးသွင်းရှင်အဖြစ် နိုင်ငံတကာ ဘောလုံးသမိုင်း နဲ့ နည်းစနစ်အဖွဲ့ချုပ် (IFFHS) က ရွှေဘောလုံးဆု ချီးမြှင့်ခဲ့ပါတယ်။ ပြိုင်ပွဲ ၃ ရပ်မှာ တစ်ပွဲအတွင်း ၇ ဂိုးအထိ သွင်းယူနိုင်တဲ့ တစ်ဦးတည်းသော ကစားသမားဖြစ်ပြီး Rapid Vienna နဲ့ Slavia Prague အသင်းတွေမှာ ကစားခဲ့စဉ်က စွမ်းဆောင်ရည်တွေကြောင့် နာမည်ကြီးခဲ့သူဖြစ်ပါတယ်။ Vienna အသင်းမှာ ၄၉ ပွဲကစား ၅၂ ဂိုးသွင်းယူခဲ့သလို Prague အသင်း နဲ့ ၂၁၇ ပွဲမှာ ၃၉၅ ဂိုး သွင်းယူထားနိုင်ခဲ့သူပါ။ သူ့ရဲ့ကစားသမားဘဝသက်တမ်းမှာ စုစုပေါင်း သွင်းဂိုး ၈၀၅ ဂိုးနဲ့ အရပ်ရှည်ပြီး ခန့်ညာချောမောသလို လျင်မြန်တဲ့ ဒီသြစတေးလျသားဟာ ထာဝရဂိုးသွင်းရှင်စာရင်းမှာ အဆင့် ၃ ချိတ်ခဲ့ပါတယ်။

(၂) ပီလီ (Pele) – ၁၂၈၁ ဂိုး

၁၉၅၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အသက်၁၇ နှစ် နဲ့ ၂၃၉ ရက်သာရှိသေးတဲ့ ဘရာဇီးလ်လူငယ်တစ်ယောက်ဟာ အချိန်တိုင်းအတွက် အံ့ဖွယ်အားကစားလူငယ်တစ်ယောက်အဖြစ် ပေါ်ထွန်းလာခဲ့တယ်။ သူ့ရဲ့လျင်မြန် ညက်ညောပြီး တည်ငြိမ်တဲ့ ကစားဟန်၊ အထင်ကြီးလောက်စရာ ခွန်အားနဲ့ အထူးသဖြင့် ဉာဏ်ပြေးမှုတွေကြောင့် Edson Arantes do Nascimento လို့ အမည်ရတဲ့ ပီလီဟာ ထာဝရအကြီးမြတ်ဆုံး ကစားသမားတွေထဲက တစ်ဦးဖြစ်လာဖို့ ဖြစ်ခဲ့ပါတယ်။ ၁၉၅၈ ၊ ၁၉၆၂ နဲ့ ၁၉၇၀ ကမ္ဘာ့ဖလား အောင်မြင်မှုတွေနဲ့အတူ ကစားခဲ့တဲ့ ပွဲပေါင်း ၁၃၆၃ ပွဲမှာ ၁၂၈၁ ဂိုး သွင်းယူနိုင်တာ ပီလီတစ်ယောက်ပဲ ရှိခဲ့ပါတယ်။ ကစားပွဲတစ်ပွဲမှာ သူ့ရဲ့စွမ်းရည်ကြောင့် နိုင်ငံတွေကို စုစည်းနိုင်ခဲ့တဲ့ တိုက်စစ်မှူးဂန္ထာဝင် ပီလီလောက် စွမ်းဆောင်နိုင်မယ့်သူ ရှားပါလိမ့်မယ်။ ပီလီအနေနဲ့ သူ့ရဲ့ကစားသမားဘဝသက်တမ်းတစ်လျှောက် ဥရောပမှာ မကစားခဲ့ဖူးပဲ သူ့ရဲ့ဘရာဇီးလ်ကလပ်ဖြစ်တဲ့ ဆန်းတို့စ်မှာပဲ အများဆုံး အခြေကျနေခဲ့သူဖြစ်ပါတယ်။

Akhayar-pele-1470988867-800

(၁) အာသာ ဖရိုင်းဒရစ်ချ် (Arthur Friedenreich) – ၁၃၂၉ ဂိုး

ဒီကစားသမားက အံ့သြစရာအကောင်းဆုံးပါပဲ။ ဒီထာဝရ ထိပ်တန်းဂိုးသွင်းရှင်စာရင်းရဲ့ နံပါတ် ၁ က ပီလီတောင်မဟုတ်ခဲ့ပဲ အာသာ ဖရိုင်းဒရစ်ချ် လို့ခေါ်တဲ့ တခြား ဘရာဇီးလ်ဘောလုံးသမားတစ်ဦးဖြစ်နေပါတယ်။ ဒီဘရာဇီးလ်သားဟာ ၁၉၀၉ ခုနှစ်ကနေ ၁၉၃၅ အထိ ၂၆ နှစ်တာ ကစားခဲ့ပြီး ဂိုးပေါင်း ၁၃၂၉ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ ၁၉၁၉ ခုနှစ် ကိုပါအမေရိကပြိုင်ပွဲရဲ့ အကောင်းဆုံးကစားသမားဖြစ်သလို ရွှေဖိနပ်ဆုကို ရရှိခဲ့သူဖြစ်ပါတယ်။ ဒါပေမယ့် ကမ္ဘာ့ဖလားမှာ သူ့ရဲ့နိုင်ငံ ဘရာဇီးလ်အတွက် ကိုယ်စားပြု မကစားခဲ့ရပါဘူး။ ဘာကြောင့်လည်းဆိုရင် ဘရာဇီးလ်ဘောလုံးအဖွဲ့ နဲ့ ဆာပေါ်လိုအသင်းကြားမှာ နားလည်မှုတွေ လွဲခဲ့ကြလို့ပါ။ “ကျား” လို့ ခေါ်တဲ့ ဒီဘရာဇီးလ် လူမည်းကစားသမားဟာ သူ့ရဲ့ကစားသမားဘဝမှာ လူမျိုးရေးခွဲခြားမှုတွေကို ရင်ဆိုင်ခဲ့ဖူးသူဖြစ်ပါတယ်။ ၁၉၁၉ နဲ့ ၁၉၂၂ ကိုပါအမေရိကဖလားပြိုင်ပွဲတွေမှာ ဘရာဇီးလ်အသင်းနဲ့ ထွန်းတောက်ခဲ့တဲ့ စတားပလေရာတစ်ယောက်ပါ။ ၁၉၂၅ ဘရာဇီးရဲ့ ဥရောပခရီးစဉ်မှာ သူ့ကို “ဘောလုံးဘုရင်” လို့ ခေါ်စမှတ်ပြုခဲ့ကြပါတယ်။ နောက်ပိုင်းမှာ သူ့ရဲ့ကစားသမားဘဝသက်တမ်းအတွင်း သွင်းယူခဲ့တဲ့ ၁၃၂၉ ဂိုးအရေအတွက်ကြောင့် ထာဝရဂိုးသွင်းရှင်များစာရင်းမှာ ထိပ်ဆုံးရောက်လာခဲ့သူဖြစ်ပါတယ်။

HGID_KV_Ads_Square2

 

www.akhayar.com