[Zawgyi]

Jack Reacher ရုပ္သံဇာတ္လမ္းတြဲမွာ Tom Cruise ပါဝင္မွာ မဟုတ္

Jack Reacher အခန္းဆက္ဝတၳဳကုိ ဖန္တီးသူျဖစ္တဲ့ Lee Child ဟာ ရုပ္သြဇာတ္လမ္းတြဲဖန္တီးဖုိ႔ သေဘာတူညီခ်က္ရၿပီလုိ႔ သိရပါတယ္။ Skydance Television နဲ႔ Paramount Television တုိ႔က ထုတ္လႊင့္သြားမွာျဖစ္ၿပီး Jack Reacher ဇာတ္ေကာင္ေနရာမွာ Tom Cruise ကုိ ေရြးခ်ယ္မွာ မဟုတ္ဖူးလုိ႔ ဆုိထားပါတယ္။ Jack Reacher ဟာ အရပ္ ၆ေပ၅လက္မ (၁၉၅ စင္တီမီတာ) ရွိတဲ့ စစ္မႈထမ္းေဟာင္းတစ္ေယာက္ျဖစ္ၿပီး သူ႕လက္ေတြဟာ ထမင္းစားပန္းကန္ေလာက္ရွိတယ္လုိ႔ ဝတၳဳထဲမွာ ေဖာ္ျပထားတဲ့အတြက္ ၅ေပ၇လက္မပဲရွိတဲ့ Tom Cruise နဲ႔ မလုိက္ဖက္ပါဘူး။

“Tom Cruise နဲ႔ တြဲၿပီး Jack Reacher ရုပ္ရွင္ႏွစ္ကားကုိ ရုိက္ဖူးပါတယ္။ အလုပ္လုပ္ရတာ ေပ်ာ္စရာေကာင္းတဲ့လူပါ။ အဆင္ေျပပါတယ္။ အခုရုပ္သံဇာတ္လမ္းတြဲမွာေတာ့ Tom Cruise ကုိ ေရြးခ်ယ္မွာ မဟုတ္ေတာ့ပါဘူး။ သူက သရုပ္ေဆာင္ပုိင္းဆုိင္ရာ ေျပာစရာမရွိေပမယ့္ ရုပ္ပုိင္းဆုိင္ရာ လုိအပ္ခ်က္ေၾကာင့္ပါ။ Jack Reacher ဇာတ္ေကာင္က အခန္းထဲဝင္လာမယ္ဆုိရင္ ခႏၶာကုိယ္ၾကည့္တာနဲ႔ တျခားလူေတြ ေၾကာက္သြားေစရမွာပါ။ အဲဒါေၾကာင့္ပါ” လုိ႔ စာေရးဆရာ Child Lee က ဆုိပါတယ္။

Jack Reacher: One Shot (2012) ကုိ ၂ဝ၁၂ခုႏွစ္မွာ ရုပ္ရွင္အျဖစ္ အသက္သြင္းရာမွာ ဝင္ေငြ (၂၁၈.၃) သန္းနဲ႔ ေအာင္ျမင္ခဲ့ပါတယ္။ ဒါေပမယ့္ Jack Reacher: Never Go Back (2016) ကုိ ဖန္တီးရာမွာေတာ့ ထင္သေလာက္မဟုတ္ဘဲ ဝင္ေငြ (၁၆၂.၁) သန္းသာ ရရွိခဲ့ပါတယ္။ ပရိသတ္ေတြနဲ႔ ေဝဖန္ေရးဆရာေတြက Jack Reacher ဇာတ္ေကာင္ရဲ႕ သြင္ျပင္ကုိ ဆန္းစစ္ရာကေန သရုပ္ေဆာင္ေျပာင္းလဲဖုိ႔ျဖစ္လာတာပါ။

ေက်ာ္စုိးေအာင္ (အခရာ)

www.akhayar.com 

[Unicode]

Jack Reacher ရုပ်သံဇာတ်လမ်းတွဲမှာ Tom Cruise ပါဝင်မှာ မဟုတ်

Jack Reacher အခန်းဆက်ဝတ္ထုကို ဖန်တီးသူဖြစ်တဲ့ Lee Child ဟာ ရုပ်သွဇာတ်လမ်းတွဲဖန်တီးဖို့ သဘောတူညီချက်ရပြီလို့ သိရပါတယ်။ Skydance Television နဲ့ Paramount Television တို့က ထုတ်လွှင့်သွားမှာဖြစ်ပြီး Jack Reacher ဇာတ်ကောင်နေရာမှာ Tom Cruise ကို ရွေးချယ်မှာ မဟုတ်ဖူးလို့ ဆိုထားပါတယ်။ Jack Reacher ဟာ အရပ် ၆ပေ၅လက်မ (၁၉၅ စင်တီမီတာ) ရှိတဲ့ စစ်မှုထမ်းဟောင်းတစ်ယောက်ဖြစ်ပြီး သူ့လက်တွေဟာ ထမင်းစားပန်းကန်လောက်ရှိတယ်လို့ ဝတ္ထုထဲမှာ ဖော်ပြထားတဲ့အတွက် ၅ပေ၇လက်မပဲရှိတဲ့ Tom Cruise နဲ့ မလိုက်ဖက်ပါဘူး။

“Tom Cruise နဲ့ တွဲပြီး Jack Reacher ရုပ်ရှင်နှစ်ကားကို ရိုက်ဖူးပါတယ်။ အလုပ်လုပ်ရတာ ပျော်စရာကောင်းတဲ့လူပါ။ အဆင်ပြေပါတယ်။ အခုရုပ်သံဇာတ်လမ်းတွဲမှာတော့ Tom Cruise ကို ရွေးချယ်မှာ မဟုတ်တော့ပါဘူး။ သူက သရုပ်ဆောင်ပိုင်းဆိုင်ရာ ပြောစရာမရှိပေမယ့် ရုပ်ပိုင်းဆိုင်ရာ လိုအပ်ချက်ကြောင့်ပါ။ Jack Reacher ဇာတ်ကောင်က အခန်းထဲဝင်လာမယ်ဆိုရင် ခန္ဓာကိုယ်ကြည့်တာနဲ့ တခြားလူတွေ ကြောက်သွားစေရမှာပါ။ အဲဒါကြောင့်ပါ” လို့ စာရေးဆရာ Child Lee က ဆိုပါတယ်။

Jack Reacher: One Shot (2012) ကို ၂ဝ၁၂ခုနှစ်မှာ ရုပ်ရှင်အဖြစ် အသက်သွင်းရာမှာ ဝင်ငွေ (၂၁၈.၃) သန်းနဲ့ အောင်မြင်ခဲ့ပါတယ်။ ဒါပေမယ့် Jack Reacher: Never Go Back (2016) ကို ဖန်တီးရာမှာတော့ ထင်သလောက်မဟုတ်ဘဲ ဝင်ငွေ (၁၆၂.၁) သန်းသာ ရရှိခဲ့ပါတယ်။ ပရိသတ်တွေနဲ့ ဝေဖန်ရေးဆရာတွေက Jack Reacher ဇာတ်ကောင်ရဲ့ သွင်ပြင်ကို ဆန်းစစ်ရာကနေ သရုပ်ဆောင်ပြောင်းလဲဖို့ဖြစ်လာတာပါ။

ကျော်စိုးအောင် (အခရာ)

www.akhayar.com