This Football update is proudly sponsored by Telenor Myanmar.
အခုေနာက္ဆုံးထြက္ ေဘာလုံးသတင္းေတြကုိ Telenor Myanmar က ကူညီေထာက္ပံ့ေပးထားပါတယ္။

[Zawgyi]

ကရူးစ္ Kroos ရဲ႕ အႏုိင္ဂုိးေၾကာင့္ အုပ္စုကတက္ဖုိ႔ အေျခအေနေကာင္းသြားတဲ့ ဂ်ာမနီ

ဂ်ာမနီကြင္းလယ္လူ က႐ူးစ္ Kroos ကေတာ့ ဗီလိန္ကေန ဟီး႐ုိးျဖစ္ခဲ့တယ္။ အဖြင့္ဂုိးက သူ႔ရဲ႕လူေပးမွားမႈ၊ Marking ည့ံဖ်င္းမႈတို႔ေၾကာင့္ ေပးခဲ့ရတာျဖစ္ေပမယ့္ အေရးပါတဲ့(၃)မွတ္ကုိ လွပတဲ့ ဖရီးကစ္သြင္းဂုိးနဲ႔ ရယူေပးခဲ့ပါတယ္။ ဂ်ာမနီအသင္းနည္းျပ ဂ်ိဳအာခ်င္လုိး Joachim Low ရဲ႕ ပြဲထြက္လူစာရင္းကေတာ့ အံ့အားသင့္စရာပါ။ မကၠဆီကုိနဲ႔ပဲြတုန္းက လူစာရင္းကုိ အေျပာင္းအလဲေတြလုပ္ခဲ့ၿပီး အုိေဇးလ္ Ozil ၊ ခီဒီရာ Khedira တို႔ကုိ အရန္ခုံပုိ႔ခဲ့သလုိ ႐ူဒီ Rudy ၊ မာကုိရြိဳက္စ္ Marco Reus တို႔ကုိ ပဲြထြက္ကစားသမားအျဖစ္ အသုံးျပဳခဲ့တယ္။ အေျပာင္းအလဲလုပ္ခဲ့ေပမယ့္လည္း ဂ်ာမနီ ကြင္းလယ္က အားနည္းခ်က္ေတြရွိေနဆဲျဖစ္ၿပီး ပဲြအစပုိင္းမွာ ဆြီဒင္အသင္းက Counter ကေန အပုိင္အခြင့္အေရးေတြရခဲ့ေပမယ့္ အသုံးမခ်ႏုိင္ခဲ့လုိ႔သာ ဂ်ာမနီ ကံေကာင္းခဲ့တယ္။

Sweden-Striker-Berg-Try-To-Score

Sweden-Striker-Berg-Try-To-Score

(၃၂)မိနစ္မွာ ဂ်ာမနီအသငး္ ဂုိးေပးလုိက္ရတယ္။ ကြင္းလယ္လူ က႐ူးစ္ရဲ႕ ေပါ့ဆတဲ့ေဘာလုံးေပးမႈကေန ဆြီဒင္ ေတာင္ပံကစားသမား ကလာဆန္ Claesson က ဖန္တီးေပးတာကုိ တြိဳင္ဗုိနန္ Toivonen က ပါးပါးနပ္နပ္ ကန္သြင္းခဲ့တာပါ။

Toivonen-Score-For-Opening-Goal

Toivonen-Score-For-Opening-Goal

ဂုိးေပးလုိက္ရၿပီး ဂ်ာမနီအသင္း ကစားအားတင္ကစားခဲ့ေပမယ့္ ဆြီဒင္ရဲ႕ Counter Attacking ကုိ မထိန္းခ်ဳပ္ႏုိင္ဘဲ မၾကာခဏဆုိသလုိ အခြင့္အေရးေတြ ေပးခဲ့ရတယ္။ ဒုတိယပုိင္းမွာ ဂ်ိဳအာခ်င္လုိးက ေျခစြမ္းမျပႏုိင္တဲ့ ဒရက္ဇ္လာ Draxler အစား မာရီယုိဂုိးမက္ဇ္ Mario Gomez ကုိ လူစားလဲခဲ့ၿပီး ဒုတိယပုိင္းစလုိ႔ (၃)မိနစ္ေလာက္အၾကာမွာပဲ ဂ်ာမနီ ေခ်ပဂုိးျပန္ရခဲ့တယ္။ မာရီယုိဂုိးမက္ဇ္ရဲ႕ ေပးပုိ႔မႈကေန မာကုိ႐ြိဳက္စ္က အပုိင္ပိတ္သြင္းခဲ့တာပါ။

Marco-Reus-Celebrate

Marco-Reus-Celebrate

ဒုတိယပုိင္းမွာ ဂ်ာမနီတို႔ ဆြီဒင္ကုိ ဖိကစားခဲ့ေပမယ့္ အပုိင္ဂုိးသြင္းခြင့္ေတြ ရခ့ဲတာက ဆြီဒင္ပါပဲ။ ဂုိးသမား ႏူအာ Neuer လက္စြမ္းျပခဲ့လုိ႔ ဂုိးမေပးခဲ့ရတာျဖစ္ပါတယ္။ မိနစ္(၇၀)ေနာက္ပုိင္းမွာေတာ့ ဆြီဒင္တို႔ ခံစစ္သက္သက္ကစားခဲ့ခ်ိန္မွ ဂ်ာမနီ အခြင့္အေရးေတြ ျပန္ရခဲ့ၿပီး ဆြီဒင္ ဂုိးသမား ေအာ္လ္ဆန္ Olsen နဲ႔ ခံစစ္ကစားသမားေတြ အသည္းအသန္ကာကြယ္ခဲ့ရတယ္။ ဘရန္႔တ္ Brandt ရဲ႕ ကန္ခ်က္ တိုင္ထိခဲ့ၿပီး၊ ဂုိးမက္ဇ္ရဲ႕ အပုိင္ေခါင္းတိုက္ခ်က္ကုိ ေအာ္လ္ဆင္ အံ့အားသင့္စရာေကာင္းေအာင္ ကာကြယ္ႏုိင္ခဲ့ပါတယ္။

Kroos-Score-Wining-Goal-For-Germany

Kroos-Score-Wining-Goal-For-Germany

ဂ်ာမနီအသင္းအေနနဲ႔ ၂၀၁၄ ကမၻာ႔ဖလားက စပိန္အသင္းရဲ႕ လမ္းစဥ္ကုိ လုိက္ရဖုိ႔ နီးစပ္ခဲ့ေပမယ့္ Injury Time ေနာက္ဆုံးမိနစ္မွာ က႐ူးစ္က လွပတဲ့ Free Kick ကန္ခ်က္နဲ႔ အႏုိင္ဂုိးသြင္းခဲ့လုိ႔ အုပ္စုက တက္ဖုိ႔ ေမွ်ာ္လင့္ခ်က္ျပန္ရွင္သန္လာခဲ့တယ္။

Photo:FIFA World Cup
Naing Linn(Akhayar)
www.akhayar.com

This Football update is proudly sponsored by Telenor Myanmar.
အခုနောက်ဆုံးထွက် ဘောလုံးသတင်းတွေကို Telenor Myanmar က ကူညီထောက်ပံ့ပေးထားပါတယ်။

[Unicode]

ကရူးစ် Kroos ရဲ့ အနိုင်ဂိုးကြောင့် အုပ်စုကတက်ဖို့ အခြေအနေကောင်းသွားတဲ့ ဂျာမနီ

ဂျာမနီကွင်းလယ်လူ ကရူးစ် Kroos ကတော့ ဗီလိန်ကနေ ဟီးရိုးဖြစ်ခဲ့တယ်။ အဖွင့်ဂိုးက သူ့ရဲ့လူပေးမှားမှု၊ Marking ညံ့ဖျင်းမှုတို့ကြောင့် ပေးခဲ့ရတာဖြစ်ပေမယ့် အရေးပါတဲ့(၃)မှတ်ကို လှပတဲ့ ဖရီးကစ်သွင်းဂိုးနဲ့ ရယူပေးခဲ့ပါတယ်။ ဂျာမနီအသင်းနည်းပြ ဂျိုအာချင်လိုး Joachim Low ရဲ့ ပွဲထွက်လူစာရင်းကတော့ အံ့အားသင့်စရာပါ။ မက္ကဆီကိုနဲ့ပွဲတုန်းက လူစာရင်းကို အပြောင်းအလဲတွေလုပ်ခဲ့ပြီး အိုဇေးလ် Ozil ၊ ခီဒီရာ Khedira တို့ကို အရန်ခုံပို့ခဲ့သလို ရူဒီ Rudy ၊ မာကိုရွိုက်စ် Marco Reus တို့ကို ပွဲထွက်ကစားသမားအဖြစ် အသုံးပြုခဲ့တယ်။ အပြောင်းအလဲလုပ်ခဲ့ပေမယ့်လည်း ဂျာမနီ ကွင်းလယ်က အားနည်းချက်တွေရှိနေဆဲဖြစ်ပြီး ပွဲအစပိုင်းမှာ ဆွီဒင်အသင်းက Counter ကနေ အပိုင်အခွင့်အရေးတွေရခဲ့ပေမယ့် အသုံးမချနိုင်ခဲ့လို့သာ ဂျာမနီ ကံကောင်းခဲ့တယ်။

Sweden-Striker-Berg-Try-To-Score

Sweden-Striker-Berg-Try-To-Score

(၃၂)မိနစ်မှာ ဂျာမနီအသင်း ဂိုးပေးလိုက်ရတယ်။ ကွင်းလယ်လူ ကရူးစ်ရဲ့ ပေါ့ဆတဲ့ဘောလုံးပေးမှုကနေ ဆွီဒင် တောင်ပံကစားသမား ကလာဆန် Claesson က ဖန်တီးပေးတာကို တွိုင်ဗိုနန် Toivonen က ပါးပါးနပ်နပ် ကန်သွင်းခဲ့တာပါ။

Toivonen-Score-For-Opening-Goal

Toivonen-Score-For-Opening-Goal

ဂိုးပေးလိုက်ရပြီး ဂျာမနီအသင်း ကစားအားတင်ကစားခဲ့ပေမယ့် ဆွီဒင်ရဲ့ Counter Attacking ကို မထိန်းချုပ်နိုင်ဘဲ မကြာခဏဆိုသလို အခွင့်အရေးတွေ ပေးခဲ့ရတယ်။ ဒုတိယပိုင်းမှာ ဂျိုအာချင်လိုးက ခြေစွမ်းမပြနိုင်တဲ့ ဒရက်ဇ်လာ Draxler အစား မာရီယိုဂိုးမက်ဇ် Mario Gomez ကို လူစားလဲခဲ့ပြီး ဒုတိယပိုင်းစလို့ (၃)မိနစ်လောက်အကြာမှာပဲ ဂျာမနီ ချေပဂိုးပြန်ရခဲ့တယ်။ မာရီယိုဂိုးမက်ဇ်ရဲ့ ပေးပို့မှုကနေ မာကိုရွိုက်စ်က အပိုင်ပိတ်သွင်းခဲ့တာပါ။

Marco-Reus-Celebrate

Marco-Reus-Celebrate

ဒုတိယပိုင်းမှာ ဂျာမနီတို့ ဆွီဒင်ကို ဖိကစားခဲ့ပေမယ့် အပိုင်ဂိုးသွင်းခွင့်တွေ ရခဲ့တာက ဆွီဒင်ပါပဲ။ ဂိုးသမား နူအာ Neuer လက်စွမ်းပြခဲ့လို့ ဂိုးမပေးခဲ့ရတာဖြစ်ပါတယ်။ မိနစ်(၇၀)နောက်ပိုင်းမှာတော့ ဆွီဒင်တို့ ခံစစ်သက်သက်ကစားခဲ့ချိန်မှ ဂျာမနီ အခွင့်အရေးတွေ ပြန်ရခဲ့ပြီး ဆွီဒင် ဂိုးသမား အော်လ်ဆန် Olsen နဲ့ ခံစစ်ကစားသမားတွေ အသည်းအသန်ကာကွယ်ခဲ့ရတယ်။ ဘရန့်တ် Brandt ရဲ့ ကန်ချက် တိုင်ထိခဲ့ပြီး၊ ဂိုးမက်ဇ်ရဲ့ အပိုင်ခေါင်းတိုက်ချက်ကို အော်လ်ဆင် အံ့အားသင့်စရာကောင်းအောင် ကာကွယ်နိုင်ခဲ့ပါတယ်။

Kroos-Score-Wining-Goal-For-Germany

Kroos-Score-Wining-Goal-For-Germany

ဂျာမနီအသင်းအနေနဲ့ ၂၀၁၄ ကမ္ဘာ့ဖလားက စပိန်အသင်းရဲ့ လမ်းစဉ်ကို လိုက်ရဖို့ နီးစပ်ခဲ့ပေမယ့် Injury Time နောက်ဆုံးမိနစ်မှာ ကရူးစ်က လှပတဲ့ Free Kick ကန်ချက်နဲ့ အနိုင်ဂိုးသွင်းခဲ့လို့ အုပ်စုက တက်ဖို့ မျှော်လင့်ချက်ပြန်ရှင်သန်လာခဲ့တယ်။

Photo:FIFA World Cup
Naing Linn(Akhayar)
www.akhayar.com