[Zawgyi]

Tom Hanks ရဲ႕ ဘဝနဲ႔ သူ႔ရဲ႕ ၾကြယ္ဝမႈအေၾကာင္းတေစ့တေစာင္း

ဒီေန႔ဟာ Tom Hanks ရဲ႕ အသက္ (၆၂) ႏွစ္ျပည့္ေမြးေန႔ျဖစ္ပါတယ္။ ဒါေၾကာင့္ Tom Hanks ခ်စ္သူ ပရိသတ္မ်ားအတြက္ သူ႔ဘဝအေၾကာင္းတေစ့တေစာင္းနဲ႔ သူ႔ရဲ႕ ၾကြယ္ဝခ်မ္းသာမႈဘယ္ေလာက္ရွိတယ္ဆိုတာကို အမွတ္တရေဝမွ်ေပးလိုက္ပါတယ္။

ငယ္ငယ္တုန္းက Tom Hanks

ငယ္ငယ္တုန္းက Tom Hanks

Tom Hanks ရဲ႕ နာမည္ရင္းက Thomas Jeffrey Hanks ျဖစ္ျပီး ဇူလိုင္လ (၉) ရက္ ၁၉၅၆ ခုႏွစ္မွာ အေမရိကန္ႏုိင္ငံ၊ ကယ္လီဖုိးနီးယားျပည္နယ္၊ Concord အရပ္မွာ ေမြးဖြားခဲ့ပါတယ္။ ျပဇာတ္ေရးဆရာ Eugene O’Neil ရဲ႕ ‘The Iceman Cometh’ ကို သူ႔ဘဝဆယ္ေက်ာ္သက္ေႏွာင္းပိုင္းမွာ ၾကည့္အျပီးမွာေတာ့ ကယ္လီဖိုးနီးယား ျပည္နယ္တကၠသိုလ္မွာ Theater ဘာသာရပ္ကို ေလ့့လာဖို႔ ဆံုးျဖတ္ခဲ့ပါတယ္။

၁၉၇၄ ခုႏွစ္က Tom Hanks

၁၉၇၄ ခုႏွစ္က Tom Hanks

ငယ္ငယ္တည္းက အႏုပညာဝါသနာပါေပမယ့္ သူ႔ရဲ႕ ပထမဆံုးေအာင္ျမင္မႈကေတာ့ ၁၉၈၄ ခုႏွစ္မွာ ‘Splash’ ဇာတ္ကားမွာ ေခါင္းေဆာင္ေနရာမွာ ပါဝင္သရုပ္ေဆာင္ခဲ့တာ ျဖစ္ျပီး အဲဒီဇာတ္ကားရဲ႕ ဝင္ေငြဟာ ေဒၚလာ ၆၉ သန္းေက်ာ္ရရွိခဲ့ပါတယ္။

ေနာက္ပိုင္းမွာေတာ့ ေဟာလီးဝုဒ္ရဲ႕ အေပါက္ဆံုး ဇာတ္ကားေတြျဖစ္တဲ့ ‘Big (1988)’ ၊ ‘Sleepless in Seattle (1993)’ နဲ႔ Forrest Gump (1994) တို႔ မွာ ပါဝင္သရုပ္ေဆာင္ျပီးတဲ့အခါမွာေတာ့ မီလ်ံနာတစ္ေယာက္ျဖစ္လာခဲ့ပါတယ္။

'Big' ဇာတ္ကားထဲက Tom Hanks

‘Big’ ဇာတ္ကားထဲက Tom Hanks

၁၉၉၄ ခုႏွစ္ေနာက္ပိုင္းမွာလည္း နာမည္ေက်ာ္ဇာတ္ကားေတြျဖစ္တဲ့ ‘Apollo 13 (1995)’ ၊ Saving Private Ryan (1998)’ ၊ ‘Castaway (2000)’ ၊ ‘The Terminal (2004)’၊ ‘Charlie Wilson’s War (2007)’ ၊ ‘Bridge of Spies (2015)’ နဲ႔ ‘Sully (2016)’ တို႔ကို ပါဝင္သရုပ္ေဆာင္ျပီးတဲ့အခါမွာေတာ့ သူ႔ရဲ႕ ၾကြယ္ဝမႈဟာ တိုးသထက္ တုိးလာေတာ့ပါတယ္။

Sully (2016)

Sully (2016)

သူ႔အတြက္ ေငြေၾကးအရ အေအာင္ျမင္ဆံုး သရုပ္ေဆာင္မႈကေတာ့ ‘Toy Story’ ဇာတ္ကားေတြမွာ Woody ေနရာက သရုပ္ေဆာင္မႈျဖစ္ပါတယ္။ Forrest Gump (1994) တုန္းကဆုိရင္ အႏုပညာေၾကး သန္း (၄ဝ) အျပင္ ရုံဝင္ေၾကးေတြပါ ေပါင္းလုိက္ေတာ့ သန္း (၇ဝ) နီးပါး ရခဲ့ပါတယ္။

ငယ္ငယ္တုန္းက Tom Hanks

ငယ္ငယ္တုန္းက Tom Hanks

ဒါေၾကာင့္ပဲ Celebrity Net Worth ရဲ႕ အဆုိအရ Tom Hank ရဲ႕ အသားတင္ၾကြယ္ဝမႈတန္ဖိုးဟာ ေဒၚလာ သန္း ၃၅၀ ေလာက္ရွိေနတာ ျဖစ္ပါတယ္။

သူ႔ရဲ႕ အႏုပညာပိုင္းဆိုင္ရာ ေအာင္ျမင္မႈေတြကေတာ့ ၁၉၉၄ ခုႏွစ္မွာ ‘Philadelphia’ ဇာတ္ကားနဲ႔ ၁၉၉၅ ခုႏွစ္မွာ ‘Forrest Gump’ ဇာတ္ကားမွာ ပါဝင္သရုပ္ေဆာင္ခဲ့မႈအတြက္ အေကာင္းဆံုးသရုပ္ေဆာင္ဆုရရွိခဲ့ပါတယ္။ ဒါတင္မဟုတ္ဘဲ ၁၉၈၉ ခုႏွစ္မွာ ‘Big’ ဇာတ္ကား၊ ၁၉၉၉ ခုႏွစ္မွာ ‘Saving Private Ryan’ နဲ႔ ၂၀၀၁ ခုႏွစ္မွာ ‘Castaway’ ဇာတ္ကားတို႔အတြက္လည္း ေအာ္စကာဆန္ကာတင္ လ်ာထားျခင္းခံခဲ့ရပါတယ္။

ဒါတင္မဟုတ္ဘဲ သူဟာ People’s Choice Awards ေတြ၊ MTV Movie Awards ေတြ၊ တျခား Hollywood Film Awards ေတြ၊ Emmy Awards ေတြမွာ ဆန္ကာတင္စာရင္းလည္းဝင္ဖူးသလို ဆုေတြလည္း ရရွိဖူးသူပါ။ ဒါေၾကာင့္ Tom Hanks ဆိုရင္ေတာ့ အႏုပညာအရသာ မကဘဲ ၊ ဝင္ေငြအရပါေကာင္းမြန္တဲ့ ဇာတ္ကားေတြကို ေရြးခ်ယ္ရိုက္ကူးႏုိင္တဲ့ ဂႏၱဝင္မင္းသားၾကီးလို႔ ဆိုႏုိင္ပါတယ္။

Yoe Lu (Akhayar)

www.akhayar.com

Ref : bankrate.com, thecinemaholic.com
[Unicode]

Tom Hanks ရဲ့ ဘဝနဲ့ သူ့ရဲ့ ကြွယ်ဝမှုအကြောင်းတစေ့တစောင်း

ဒီနေ့ဟာ Tom Hanks ရဲ့ အသက် (၆၂) နှစ်ပြည့်မွေးနေ့ဖြစ်ပါတယ်။ ဒါကြောင့် Tom Hanks ချစ်သူ ပရိသတ်များအတွက် သူ့ဘဝအကြောင်းတစေ့တစောင်းနဲ့ သူ့ရဲ့ ကြွယ်ဝချမ်းသာမှုဘယ်လောက်ရှိတယ်ဆိုတာကို အမှတ်တရဝေမျှပေးလိုက်ပါတယ်။

ငယ်ငယ်တုန်းက Tom Hanks

ငယ်ငယ်တုန်းက Tom Hanks

Tom Hanks ရဲ့ နာမည်ရင်းက Thomas Jeffrey Hanks ဖြစ်ပြီး ဇူလိုင်လ (၉) ရက် ၁၉၅၆ ခုနှစ်မှာ အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်၊ Concord အရပ်မှာ မွေးဖွားခဲ့ပါတယ်။ ပြဇာတ်ရေးဆရာ Eugene O’Neil ရဲ့ ‘The Iceman Cometh’ ကို သူ့ဘဝဆယ်ကျော်သက်နှောင်းပိုင်းမှာ ကြည့်အပြီးမှာတော့ ကယ်လီဖိုးနီးယား ပြည်နယ်တက္ကသိုလ်မှာ Theater ဘာသာရပ်ကို လေ့လာဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

၁၉၇၄ ခုနှစ်က Tom Hanks

၁၉၇၄ ခုနှစ်က Tom Hanks

ငယ်ငယ်တည်းက အနုပညာဝါသနာပါပေမယ့် သူ့ရဲ့ ပထမဆုံးအောင်မြင်မှုကတော့ ၁၉၈၄ ခုနှစ်မှာ ‘Splash’ ဇာတ်ကားမှာ ခေါင်းဆောင်နေရာမှာ ပါဝင်သရုပ်ဆောင်ခဲ့တာ ဖြစ်ပြီး အဲဒီဇာတ်ကားရဲ့ ဝင်ငွေဟာ ဒေါ်လာ ၆၉ သန်းကျော်ရရှိခဲ့ပါတယ်။

နောက်ပိုင်းမှာတော့ ဟောလီးဝုဒ်ရဲ့ အပေါက်ဆုံး ဇာတ်ကားတွေဖြစ်တဲ့ ‘Big (1988)’ ၊ ‘Sleepless in Seattle (1993)’ နဲ့ Forrest Gump (1994) တို့ မှာ ပါဝင်သရုပ်ဆောင်ပြီးတဲ့အခါမှာတော့ မီလျံနာတစ်ယောက်ဖြစ်လာခဲ့ပါတယ်။

'Big' ဇာတ်ကားထဲက Tom Hanks

‘Big’ ဇာတ်ကားထဲက Tom Hanks

၁၉၉၄ ခုနှစ်နောက်ပိုင်းမှာလည်း နာမည်ကျော်ဇာတ်ကားတွေဖြစ်တဲ့ ‘Apollo 13 (1995)’ ၊ Saving Private Ryan (1998)’ ၊ ‘Castaway (2000)’ ၊ ‘The Terminal (2004)’၊ ‘Charlie Wilson’s War (2007)’ ၊ ‘Bridge of Spies (2015)’ နဲ့ ‘Sully (2016)’ တို့ကို ပါဝင်သရုပ်ဆောင်ပြီးတဲ့အခါမှာတော့ သူ့ရဲ့ ကြွယ်ဝမှုဟာ တိုးသထက် တိုးလာတော့ပါတယ်။

Sully (2016)

Sully (2016)

သူ့အတွက် ငွေကြေးအရ အအောင်မြင်ဆုံး သရုပ်ဆောင်မှုကတော့ ‘Toy Story’ ဇာတ်ကားတွေမှာ Woody နေရာက သရုပ်ဆောင်မှုဖြစ်ပါတယ်။ Forrest Gump (1994) တုန်းကဆိုရင် အနုပညာကြေး သန်း (၄ဝ) အပြင် ရုံဝင်ကြေးတွေပါ ပေါင်းလိုက်တော့ သန်း (၇ဝ) နီးပါး ရခဲ့ပါတယ်။

ငယ်ငယ်တုန်းက Tom Hanks

ငယ်ငယ်တုန်းက Tom Hanks

ဒါကြောင့်ပဲ Celebrity Net Worth ရဲ့ အဆိုအရ Tom Hank ရဲ့ အသားတင်ကြွယ်ဝမှုတန်ဖိုးဟာ ဒေါ်လာ သန်း ၃၅၀ လောက်ရှိနေတာ ဖြစ်ပါတယ်။

သူ့ရဲ့ အနုပညာပိုင်းဆိုင်ရာ အောင်မြင်မှုတွေကတော့ ၁၉၉၄ ခုနှစ်မှာ ‘Philadelphia’ ဇာတ်ကားနဲ့ ၁၉၉၅ ခုနှစ်မှာ ‘Forrest Gump’ ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ခဲ့မှုအတွက် အကောင်းဆုံးသရုပ်ဆောင်ဆုရရှိခဲ့ပါတယ်။ ဒါတင်မဟုတ်ဘဲ ၁၉၈၉ ခုနှစ်မှာ ‘Big’ ဇာတ်ကား၊ ၁၉၉၉ ခုနှစ်မှာ ‘Saving Private Ryan’ နဲ့ ၂၀၀၁ ခုနှစ်မှာ ‘Castaway’ ဇာတ်ကားတို့အတွက်လည်း အော်စကာဆန်ကာတင် လျာထားခြင်းခံခဲ့ရပါတယ်။

ဒါတင်မဟုတ်ဘဲ သူဟာ People’s Choice Awards တွေ၊ MTV Movie Awards တွေ၊ တခြား Hollywood Film Awards တွေ၊ Emmy Awards တွေမှာ ဆန်ကာတင်စာရင်းလည်းဝင်ဖူးသလို ဆုတွေလည်း ရရှိဖူးသူပါ။ ဒါကြောင့် Tom Hanks ဆိုရင်တော့ အနုပညာအရသာ မကဘဲ ၊ ဝင်ငွေအရပါကောင်းမွန်တဲ့ ဇာတ်ကားတွေကို ရွေးချယ်ရိုက်ကူးနိုင်တဲ့ ဂန္တဝင်မင်းသားကြီးလို့ ဆိုနိုင်ပါတယ်။

Yoe Lu (Akhayar)

www.akhayar.com

Ref : bankrate.com, thecinemaholic.com