[Zawgyi]

MI 6 ဟာ သူရုိက္ဖူးသမွ်ထဲ စိန္ေခၚမႈအမ်ားဆံုး ရုပ္ရွင္ပါလို႔ Tom Cruise ေျပာျပီ

Tom Cruise ဟာ MI 6 လို႔ ေခၚတဲ့ Mission : Impossible ကားေတြရဲ့ ဆဌမေျမာက္ဇာတ္ကားျဖစ္တဲ့ Mission : Impossible – Fall Out ရဲ့ ေစ်းကြက္ျမွင့္တင္ေရးအတြက္ Paramount Pictures က လုပ္တဲ့ ပြဲကို တက္ေရာက္ခဲ့ပါတယ္။

သူဟာ ဒီပြဲမွာ သူနဲ႔ တြဲဘက္သရုပ္ေဆာင္တဲ့ သရုပ္ေဆာင္ေတြကို ခ်ီးက်ဴးလိုက္ျပီး မ်က္ႏွာသစ္သရုပ္ေဆာင္ျဖစ္တဲ့ Angela Bassett ကိုဆိုရင္ “တကယ္အစြမ္းအစရွိတဲ့ အႏုပညာရွင္” လို႔ ခ်ီးက်ဴးလိုက္သလို Henry Cavill ကိုဆိုရင္လည္း Professional အစစ္ပါပဲလို႔ ေျပာၾကားခဲ့ပါတယ္။

ဒီကားမွာ “သူေလးစားရတဲ့ ၊ သူအလုပ္တြဲလုပ္ခ်င္တဲ့ ၊ အလုပ္ၾကိဳးစားတဲ့ ဒီလိုလူေတြနဲ႔ တြဲရိုက္ရတာ ေပ်ာ္စရာပါ”ပဲလို႔လည္း ေျပာၾကားသြားပါေသးတယ္။ ျပီးေတာ့ ဒီဇာတ္္ကားဟာ သူသရုပ္ေဆာင္ဖူးသမွ်ထဲမွာ စိန္ေခၚမႈအမ်ားဆံုးဇာတ္ကားျဖစ္ျပီး ထုတ္လုပ္ေရးကအစ သရုပ္ေဆာင္အလယ္ အစြမ္းကုန္ၾကိဳးစားထားၾကတာပါလို႔ ဆုိပါတယ္။

Tom Cruise အတြက္ Mission : Impossible – Fallout ဟာ Ethan ေနရာက (၆) ၾကိမ္ေျမာက္သရုပ္ေဆာင္ျခင္း ျဖစ္ျပီး ပထမဆံုးဇာတ္ကား Mission : Impossible ဟာ ၁၉၉၆ ခုႏွစ္က ထြက္ရွိခဲ့တာ ျဖစ္ပါတယ္။ Mission : Impossible ဇာတ္ကားတြဲေတြဟာ ကမာၻ႔တဝွမ္းဝင္ေငြအမ်ားဆံုး ဇာတ္ကားတြဲစာရင္းမွာ ပါဝင္ျပီး ဝင္ေငြ ၂.၇ ဘီလီယံထိ ရရွိျပီး ျဖစ္ပါတယ္။

Mission : Impossible – Fall Out ထြက္ရွိမယ့္ ေန႔ကိုေတာ့ ၂၀၁၈ ခုႏွစ္ ဇူလို္င္လထဲမွာလို႔ သတ္မွတ္ထားပါတယ္။ MI 6 မွာ သရုပ္ေဆာင္ေနတဲ့ Tom Cruise ဟာ ၁၉၉၆ ခုနွစ္ ပထမဆံုး MI 1 မွာပါဝင္ခဲ့တဲ့ Tom Cruise လိုပဲ ႏုပ်ိဳသြက္လက္ေနဆဲပါပဲ။ သူဒီလို ဘာလို႔ ႏုပ်ိဳေနရလဲလို႔ ေမးေတာ့ “ကၽြန္ေတာ္မသိပါဘူးဗ်ာ” လို႔ သူ႔ရဲ့ နာမည္ေက်ာ္အျပံဳးေလး ျပံဳးျပျပီး ေျဖသြားခဲ့ပါတယ္။

Yoe Lu (Akhayar)

www.akhayar.com
[Unicode]

MI 6 ဟာ သူရိုက်ဖူးသမျှထဲ စိန်ခေါ်မှုအများဆုံး ရုပ်ရှင်ပါလို့ Tom Cruise ပြောပြီ

Tom Cruise ဟာ MI 6 လို့ ခေါ်တဲ့ Mission : Impossible ကားတွေရဲ့ ဆဌမမြောက်ဇာတ်ကားဖြစ်တဲ့ Mission : Impossible – Fall Out ရဲ့ ဈေးကွက်မြှင့်တင်ရေးအတွက် Paramount Pictures က လုပ်တဲ့ ပွဲကို တက်ရောက်ခဲ့ပါတယ်။

သူဟာ ဒီပွဲမှာ သူနဲ့ တွဲဘက်သရုပ်ဆောင်တဲ့ သရုပ်ဆောင်တွေကို ချီးကျူးလိုက်ပြီး မျက်နှာသစ်သရုပ်ဆောင်ဖြစ်တဲ့ Angela Bassett ကိုဆိုရင် “တကယ်အစွမ်းအစရှိတဲ့ အနုပညာရှင်” လို့ ချီးကျူးလိုက်သလို Henry Cavill ကိုဆိုရင်လည်း Professional အစစ်ပါပဲလို့ ပြောကြားခဲ့ပါတယ်။

ဒီကားမှာ “သူလေးစားရတဲ့ ၊ သူအလုပ်တွဲလုပ်ချင်တဲ့ ၊ အလုပ်ကြိုးစားတဲ့ ဒီလိုလူတွေနဲ့ တွဲရိုက်ရတာ ပျော်စရာပါ”ပဲလို့လည်း ပြောကြားသွားပါသေးတယ်။ ပြီးတော့ ဒီဇာတ်ကားဟာ သူသရုပ်ဆောင်ဖူးသမျှထဲမှာ စိန်ခေါ်မှုအများဆုံးဇာတ်ကားဖြစ်ပြီး ထုတ်လုပ်ရေးကအစ သရုပ်ဆောင်အလယ် အစွမ်းကုန်ကြိုးစားထားကြတာပါလို့ ဆိုပါတယ်။

Tom Cruise အတွက် Mission : Impossible – Fallout ဟာ Ethan နေရာက (၆) ကြိမ်မြောက်သရုပ်ဆောင်ခြင်း ဖြစ်ပြီး ပထမဆုံးဇာတ်ကား Mission : Impossible ဟာ ၁၉၉၆ ခုနှစ်က ထွက်ရှိခဲ့တာ ဖြစ်ပါတယ်။ Mission : Impossible ဇာတ်ကားတွဲတွေဟာ ကမ္ဘာ့တဝှမ်းဝင်ငွေအများဆုံး ဇာတ်ကားတွဲစာရင်းမှာ ပါဝင်ပြီး ဝင်ငွေ ၂.၇ ဘီလီယံထိ ရရှိပြီး ဖြစ်ပါတယ်။

Mission : Impossible – Fall Out ထွက်ရှိမယ့် နေ့ကိုတော့ ၂၀၁၈ ခုနှစ် ဇူလိုင်လထဲမှာလို့ သတ်မှတ်ထားပါတယ်။ MI 6 မှာ သရုပ်ဆောင်နေတဲ့ Tom Cruise ဟာ ၁၉၉၆ ခုနှစ် ပထမဆုံး MI 1 မှာပါဝင်ခဲ့တဲ့ Tom Cruise လိုပဲ နုပျိုသွက်လက်နေဆဲပါပဲ။ သူဒီလို ဘာလို့ နုပျိုနေရလဲလို့ မေးတော့ “ကျွန်တော်မသိပါဘူးဗျာ” လို့ သူ့ရဲ့ နာမည်ကျော်အပြုံးလေး ပြုံးပြပြီး ဖြေသွားခဲ့ပါတယ်။

Yoe Lu (Akhayar)

www.akhayar.com