[Zawgyi]












Tom Cruise

Tom Cruise

Henry Cavill

Henry Cavill

Simon Pegg

Simon Pegg


Yoe Lu (Akhayar)

www.akhayar.com

[Unicode]

Running Man Episode 410 မှာ ပျော်ပျော်ရွှင်ရွှင်ပါဝင်ခဲ့တဲ့ Tom Cruise

ဟောလီးဝုဒ်စူပါစတားတွေဖြစ်တဲ့ Tom Cruise ၊ Henry Cavill နဲ့ Simon Pegg တို့ဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ ဇူလိုင်လ ၂၂ ရက်နေ့က ပြသသွားခဲ့တဲ့ နာမည်ကြီး တောင်ကိုရီးယား Variety Show ‘Running Man’ ရဲ့ Episode တစ်ခုမှာ ပါဝင်ခဲ့ကြပါတယ်။

Henry Cavill နဲ့ Yoo Jae Suk

Henry Cavill နဲ့ Yoo Jae Suk

သူတို့ ၃ ယောက်လုံးဟာ ဇူလိုင်လမှာ စတင်ပြသမယ့် နာမည်ကြီး Mission : Impossible ဇာတ်ကားတွဲတွေရဲ့ ဆဌမမြောက်ဇာတ်ကား “Mission : Impossible –Fallout’ မှာ ပါဝင်သရုပ်ဆောင်ထားကြပြီး အခုလည်း သူတို့ဟာ Mission : Impossible –Fallout ကို ဈေးကွက်မြှင့်တင်ကြော်ငြာဖို့ တောင်ကိုရီးယားကို ရောက်နေကြတာ ဖြစ်ပါတယ်။

Running Man မှာ ပါဝင်ခဲ့တဲ့ Tom Cruise

Running Man မှာ ပါဝင်ခဲ့တဲ့ Tom Cruise

Episode ကို ကြည့်ရသလောက်တော့ Tom Cruise ၊ Henry Cavill နဲ့ Simon Pegg တို့ဟာ အရင် Running Man ဇာတ်လမ်းတွဲတွေလို ခက်ခက်ခဲခဲဆော့ကစားကြတာမျိုးမဟုတ်ဘဲ နောက်ဆုံးနားလေးမှ Guest အနေနဲ့ ပေါ့ပေါ့ပါးပါးဆော့ကစားသွားတာ ဖြစ်ပါတယ်။

Tom Cruise နဲ့ Kim Jong Kook

Tom Cruise နဲ့ Kim Jong Kook

Tom Cruise ၊ Henry Cavill နဲ့ Simon Pegg တို့ဟာ ကိုရီးယားရဲ့ နာမည်ကျော် Finger Heart Sign လေးကိုလည်း ၃ ယောက်လုံး ပိုင်ပိုင်နိုင်နိုင်လုပ်ပြခဲ့ကြပါတယ်။ ဆော့ကစားရာမှာ Tom Cruise တို့ဟာ ‘Running Man’ နဲ့ အကျွမ်းတဝင်ရှိပုံရပြီး အလွယ်တကူပဲ ဆော့ကစားနိုင်ခဲ့ကြပါတယ်။

Tom Cruise

Tom Cruise

Henry Cavill

Henry Cavill

Simon Pegg

Simon Pegg

ဘယ်လိုပဲ ဖြစ်ဖြစ် ကိုရီးယားရဲ့ ‘Running Man’ တွေနဲ့ Mission Impossible ရဲ့ မင်းသားတွေ ပြိုင်ဆိုင်ကြတာကို နှစ်ဘက်ပရိသတ်လုံးက အရမ်းကို သဘောကျနေကြပါတယ်။

Yoe Lu (Akhayar)

www.akhayar.com

Source : https://www.straitstimes.com/