iPhone သို့မဟုတ် iPad မှာ တစ်ယောက်ယောက်က Password ကိုအကြိမ်ကြိမ် အခါခါ မှားနှိပ်မိမယ်ဆိုရင် Retry လုပ်ဖို့စောင့်ရတဲ့ ကြာချိန်ဟာတဖြည်းဖြည်း တိုးလာမှာပါ။ CNN သတင်းအရ လူတစ်ယောက်ဟာ အလားတူဖြစ်ရပ်တစ်ခုနဲ့ကြုံတွေ့ခဲ့ရတယ် လို့ဆိုပါတယ်။ ဒီလူရဲ့ iPad ကတော့ သုံးနှစ်သားအရွယ်သာရှိသေးတဲ့ သူ့သားကြောင့် 48 နှစ်တိတိ(2067 ခုနှစ်အထိ) Lock ကျသွားခဲ့ပါတယ်။

သင်လည်းဒီလိုဖြစ်ရပ်မျိုးနဲ့ကြုံတွေ့ခဲ့ရရင်တော့ အလွယ်တကူဖြေရှင်းလို့ရတဲ့နည်းလမ်းလေးရှိပါတယ်။ Back Up မှန်မှန်လုပ်ထားရင်တော့အထဲက Data တွေကိုဆုံးရှုံးစရာအကြောင်း မရှိပါဘူး။ Back Up မလုပ်ထားဘူးဆိုရင်တော့ အနည်းဆုံး Password ထည့်ဖို့ ဆယ်စုနှစ်နဲ့ချီပြီးစောင့်စရာမလိုဘူးပေါ့။

iPad Pro 12.9, iPad Pro 11, iPhone 8, iPhone 8 Plus, iPhone X, iPhone XR, iPhone XS, iPhone XS Max တွေအတွက်ကတော့ ဒါလေးတွေလုပ်ပေးရုံပါပဲ။

-PC ပေါ်မှာ iTunes ကို Download လုပ်ပြီး Install ဆွဲလိုက်ပါ။(Mac User တွေကတော့ iTunes Install လုပ်ပြီးသားရှိမှာပါ။)

-iPhone ကို PC (သို့) Mac နဲ့ ချိတ်လိုက်ပါ။

-Recovery Mode ထဲဝင်လိုက်ပါ။ (Tap Volume Up
and Down Button, Then Tap And Hold The Side button)

-Computer ပေါ်မှာ iTunes ကပို့လိုက်တဲ့ Pop-up Notification လေးပေါ်လာပါလိမ့်မယ်။ နှိပ်ပြီး Restore ကိုရွေးလိုက်ပါ။

-Device တစ်ခုလုံးကို New အဖြစ် Setup လုပ်လိုက်ပါ။ Backup လုပ်ထားတာရှိရင်တော့ Setup လုပ်နေတုန်း ရွေးပေးလိုက်ရုံပါပဲ။

iPhone 6s နဲ့ Home Button ပါတဲ့ iPad တွေအတွက်ကတော့

-PC ပေါ်မှာ iTunes ကို Download လုပ်ပြီး Install ဆွဲလိုက်ပါ။ (Mac User တွေကတော့ iTunes Install လုပ်ပြီးသားရှိမှာပါ။)

-iPhone ကို PC (သို့) Mac နဲ့ ချိတ်လိုက်ပါ။

-Recovery Mode ထဲဝင်လိုက်ပါ။ (Home Button နဲ့ Power Button ကိုဖိထားရုံပါပဲ။)

-ခုနကအတိုင်း Computer ပေါ်မှာ iTunes ကပို့လိုက်တဲ့ Pop-up Notification လေးပေါ်လာပါလိမ့်မယ်။နှိပ်ပြီး Restore ကိုရွေးလိုက်ပါ။

-ပြီးရင် Device တစ်ခုလုံးကို New အဖြစ် Setup လုပ်လိုက်ပါ။ Backup လုပ်ထားတာရှိရင်တော့ Setup လုပ်နေတုန်း ရွေးပေးလိုက်ပါ။

Apple Product တွေနဲ့ ပတ်သက်လို့ အရည်သွေးကောင်းတာလိုချင်ရင် iSure ကို လေ့လာဖို့လည်း မမေ့နဲ့ဦးနော်၊ iPhone မှန်ကွဲသွားလို့ ပြင်ချင်တယ်ဆိုရင် Yangon နဲ့ Mandalay ရဲ့ ဘယ်နေရာမှာမဆို အိမ်တိုင်ရာရောက် ပြုပြင်ပေးမယ့် Home Service လည်းရှိနေပါပြီ။

Ref; CNBC

SiD (Akhayar)

www.akhayar.com