[Zawgyi]

ႏုိဝင္ဘာလ ၈ ရက္ေန႔မွာ ဘယ္လုိသမုိင္းဝင္အျဖစ္အပ်က္ေတြ ျဖစ္ပြားခဲ့လဲ

လူသားေတြရဲ႕ သမုိင္းမွာ အခ်က္အလက္ေတြကို မွတ္တမ္းတင္ထားႏုိင္တဲ့ ေခတ္ကေနျပီး အခုခ်ိန္ထိ ေန႔ရက္တုိင္းဟာ သူ႔ေန႔နဲ႔သူ သမုိင္းမွတ္တမ္းေတြ၊ေျပာျပစရာ အျဖစ္အပ်က္ေတြ ရွိေနတတ္ပါတယ္။ ဒီေန႔ ႏုိဝင္ဘာလ ၈ရက္ေန႔မွာလည္း ျပီးခဲ့တဲ့ ႏုိဝင္ဘာ ၈ ရက္ေန႔တုိင္းက သမုိင္းဝင္အျဖစ္အပ်က္တခ်ိဳ႕ုကုိ လက္လွမ္းမီသေလာက္ ေဖာ္ျပခ်င္ပါတယ္။

Abraham Lincoln

Abraham Lincoln

၁၈၆၄ ခုႏွစ္ ႏုိဝင္ဘာလ ၈ရက္။ ။ အေမရိကန္ျပည္တြင္းစစ္ျကီးအလယ္ ၁၈၆၄ ခုႏွစ္ အေမရိကန္သမၼတေရြးေကာက္ပြဲမွာ တာဝန္ထမ္းေဆာင္ေနဆဲ သမၼတၾကီး Abraham Lincoln ဟာ National Union Party အေနနဲ႔ ဝင္ျပိဳင္ခဲ့ျပီး ျပိဳင္ဘက္ ဒီမိုကရက္တစ္ပါတီက ဗုိလ္ခ်ဳပ္ေဟာင္း George B.McClellan ကို 221-21 Electoral Vote ၊ Popular Vote 55% နဲ႔ အလြယ္တကူပဲ အႏုိင္ရခဲ့ပါတယ္။ ဒီလိုနဲ႔ Lincoln ဟာ သူ႔ရဲ႕ ဒုတိယသမၼတသက္တမ္းကို ထမ္းေဆာင္ေနစဥ္ ႏွစ္လေတာင္မၾကာေသးတဲ့အခ်ိန္မွာပဲ လုပ္ၾကံသတ္ျဖတ္ခံခဲ့ရတာ ျဖစ္ပါတယ္။

Theodore Roosevelt

Theodore Roosevelt

၁၉၀၄ ခုႏွစ္ ႏုိဝင္ဘာလ ၈ရက္။ ။ ဒီေန႔မွာေတာ့ အေမရိကန္ႏုိင္ငံရဲ႕ ၂၆ ေယာက္ေျမာက္ သမၼတၾကီး Theodore Roosevelt ဟာ သူ႔ရဲ႕ သမၼတဒုတိယသက္တမ္းအေနနဲ႔ ေရြးေကာက္တင္ေျမွာက္ခံခဲ့ရပါတယ္။

Franklin D.Roosevelt

Franklin D.Roosevelt

၁၉၃၂ ခုႏွစ္ ႏုိဝင္ဘာလ ၈ရက္။ ။ အဲဒီေန႔မွာေတာ့ Franklin D.Roosevelt ဟာ ရီပက္ဘလီကန္သမၼတ Herbert Hoover ကို မဲအျပတ္အသတ္နဲ႔ အႏုိင္ရရွိခဲ့ျပီး အေမရိကန္ႏုိင္ငံရဲ႕ ၃၂ ေယာက္ေျမာက္သမၼတျဖစ္လာခဲ့ပါတယ္။ သူတာဝန္ယူရတဲ့အခ်ိန္ဟာ အေမရိကန္ႏုိင္ငံသမိုင္းမွာ အဆိုးဝါးဆံုး စီးပြားေရးအက်ပ္အတည္းၾကီး ျဖစ္ေနတဲ့ Great Depression လို႔ေခၚတဲ့ အခ်ိန္ကာလအလယ္ၾကီးမွာ တာဝန္ယူရတာ ျဖစ္ပါတယ္။ သူဟာ စီးပြားေရးတုိးတက္ေအာင္စြမ္းေဆာင္ႏုိင္ခဲ့တဲ့အတြက္ ဒုတိယသက္တမ္းမွာလည္း မဲအျပတ္အသတ္နဲ႔ပဲ ဆက္လက္ေရြးေကာက္ခံခဲ့ရပါတယ္။

John F. Kennedy

John F. Kennedy

၁၉၆၀ ခုႏွစ္ ႏုိဝင္ဘာလ ၈ရက္။ ။ ဒီေန႔ရက္မွာေတာ့ ဒီမိုကရက္သမၼတေလာင္း John F.Kennedy ဟာ ရီပက္ဘလီကန္ဘက္က သမၼတ Richard Nixon ကို အႏုိင္ရျပီး အေမရိကန္ႏုိင္ငံရဲ႕ ၃၅ ေယာက္ေျမာက္သမၼတျဖစ္လာခဲ့ပါတယ္။ စစ္ေအးတုိက္ပြဲရဲ႕ အျမင့္ဆံုးအခ်ိန္မွာ တာဝန္ယူခဲ့ရတာ ျဖစ္ျပီး ၁၉၆၃ ခုႏွစ္ ႏုိဝင္ဘာလ ၂၂ ရက္ေန႔လည္ ၁၂း၃၀ မွာ ေသနတ္နဲ႔ ေခ်ာင္းေျမာင္းပစ္ခတ္လုပ္ၾကံသတ္ျဖတ္ျခင္းခံလိုက္ရပါေတာ့တယ္။

၁၉၈၇ ခုႏွစ္ ႏုိဝင္ဘာလ ၈ ရက္။ ။ အဲဒီေန႔မွာေတာ့ အုိင္ယာလန္ႏုိင္ငံေျမာက္ပိုင္း Enniskillen ျမိဳ႕မွာ ျပဳလုပ္တဲ့ ေအာက္ေမ့ဖြယ္အခမ္းအနားတစ္ခုမွာ IRA (Irish Republican Army) လို႔ေခၚတဲ့ အဖြဲ႔တစ္ခုက ဗံုးခြဲမႈျပဳခဲ့တဲ့အတြက္ လူေပါင္း ၁၁ ဦးေသဆံုးျပီး လူ ၆၀ ဦးေလာက္ ဒဏ္ရာရရွိခဲ့ပါတယ္။ စစ္အတြင္းက ေသဆံုးခဲ့ရတဲ့ ျဗိတိသွ်စစ္သားေတြကို ေအာက္ေမ့ဖြယ္အခမ္းအနားျပဳလုပ္တာ ျဖစ္ျပီး IRA ဟာလည္း ပြဲကို တက္ေရာက္လာမယ့္ ျဗိတိသွ်စစ္သားေတြကို ရည္ရြယ္တုိက္ခုိက္တာ ျဖစ္ေပမယ့္ အရပ္သားေတြပဲ ေသေၾကပ်က္စီးခဲ့ရပါတယ္။ ေနာက္ပိုင္းမွာ IRA က သူတို႔အမွားအယြင္းျပဳလုပ္မိတာလို႔ ဝန္ခံျပီး ျပန္ေတာင္းပန္ခဲ့ပါတယ္။

ေဖာ္ျပပါ အျဖစ္အပ်က္ေတြကေတာ့ သမိုင္းထဲက အမွတ္ထင္ထင္ရွိတဲ့ ႏုိဝင္ဘာလ ၈ ရက္ေန႔က အျဖစ္အပ်က္တခ်ိဳ႕ျဖစ္ျပီး တခ်ိဳ႕ေတြက မွတ္သားစရာနဲ႔ တခ်ိဳ႕ေတြကေတာ့ သံေဝဂရစရာအျဖစ္အပ်က္ေတြပဲ ျဖစ္ပါတယ္။

Yoe Lu (Akhayar)

www.akhayar.com
[Unicode]

ႏုိဝင္ဘာလ ၈ ရက္ေန႔မွာ ဘယ္လုိသမုိင္းဝင္အျဖစ္အပ်က္ေတြ ျဖစ္ပြားခဲ့လဲ

လူသားတွေရဲ့ သမိုင်းမှာ အချက်အလက်တွေကို မှတ်တမ်းတင်ထားနိုင်တဲ့ ခေတ်ကနေပြီး အခုချိန်ထိ နေ့ရက်တိုင်းဟာ သူ့နေ့နဲ့သူ သမိုင်းမှတ်တမ်းတွေ၊ပြောပြစရာ အဖြစ်အပျက်တွေ ရှိနေတတ်ပါတယ်။ ဒီနေ့ နိုဝင်ဘာလ ၈ရက်နေ့မှာလည်း ပြီးခဲ့တဲ့ နိုဝင်ဘာ ၈ ရက်နေ့တိုင်းက သမိုင်းဝင်အဖြစ်အပျက်တချို့ကို လက်လှမ်းမီသလောက် ဖော်ပြချင်ပါတယ်။

Abraham Lincoln

Abraham Lincoln

၁၈၆၄ ခုနှစ် နိုဝင်ဘာလ ၈ရက်။ ။ အမေရိကန်ပြည်တွင်းစစ်ကြီးအလယ် ၁၈၆၄ ခုနှစ် အမေရိကန်သမ္မတရွေးကောက်ပွဲမှာ တာဝန်ထမ်းဆောင်နေဆဲ သမ္မတကြီး Abraham Lincoln ဟာ National Union Party အနေနဲ့ ဝင်ပြိုင်ခဲ့ပြီး ပြိုင်ဘက် ဒီမိုကရက်တစ်ပါတီက ဗိုလ်ချုပ်ဟောင်း George B.McClellan ကို 221-21 Electoral Vote ၊ Popular Vote 55% နဲ့ အလွယ်တကူပဲ အနိုင်ရခဲ့ပါတယ်။ ဒီလိုနဲ့ Lincoln ဟာ သူ့ရဲ့ ဒုတိယသမ္မတသက်တမ်းကို ထမ်းဆောင်နေစဉ် နှစ်လတောင်မကြာသေးတဲ့အချိန်မှာပဲ လုပ်ကြံသတ်ဖြတ်ခံခဲ့ရတာ ဖြစ်ပါတယ်။

Theodore Roosevelt

Theodore Roosevelt

၁၉၀၄ ခုနှစ် နိုဝင်ဘာလ ၈ရက်။ ။ ဒီနေ့မှာတော့ အမေရိကန်နိုင်ငံရဲ့ ၂၆ ယောက်မြောက် သမ္မတကြီး Theodore Roosevelt ဟာ သူ့ရဲ့ သမ္မတဒုတိယသက်တမ်းအနေနဲ့ ရွေးကောက်တင်မြှောက်ခံခဲ့ရပါတယ်။

Franklin D.Roosevelt

Franklin D.Roosevelt

၁၉၃၂ ခုနှစ် နိုဝင်ဘာလ ၈ရက်။ ။ အဲဒီနေ့မှာတော့ Franklin D.Roosevelt ဟာ ရီပက်ဘလီကန်သမ္မတ Herbert Hoover ကို မဲအပြတ်အသတ်နဲ့ အနိုင်ရရှိခဲ့ပြီး အမေရိကန်နိုင်ငံရဲ့ ၃၂ ယောက်မြောက်သမ္မတဖြစ်လာခဲ့ပါတယ်။ သူတာဝန်ယူရတဲ့အချိန်ဟာ အမေရိကန်နိုင်ငံသမိုင်းမှာ အဆိုးဝါးဆုံး စီးပွားရေးအကျပ်အတည်းကြီး ဖြစ်နေတဲ့ Great Depression လို့ခေါ်တဲ့ အချိန်ကာလအလယ်ကြီးမှာ တာဝန်ယူရတာ ဖြစ်ပါတယ်။ သူဟာ စီးပွားရေးတိုးတက်အောင်စွမ်းဆောင်နိုင်ခဲ့တဲ့အတွက် ဒုတိယသက်တမ်းမှာလည်း မဲအပြတ်အသတ်နဲ့ပဲ ဆက်လက်ရွေးကောက်ခံခဲ့ရပါတယ်။

John F. Kennedy

John F. Kennedy

၁၉၆၀ ခုနှစ် နိုဝင်ဘာလ ၈ရက်။ ။ ဒီနေ့ရက်မှာတော့ ဒီမိုကရက်သမ္မတလောင်း John F.Kennedy ဟာ ရီပက်ဘလီကန်ဘက်က သမ္မတ Richard Nixon ကို အနိုင်ရပြီး အမေရိကန်နိုင်ငံရဲ့ ၃၅ ယောက်မြောက်သမ္မတဖြစ်လာခဲ့ပါတယ်။ စစ်အေးတိုက်ပွဲရဲ့ အမြင့်ဆုံးအချိန်မှာ တာဝန်ယူခဲ့ရတာ ဖြစ်ပြီး ၁၉၆၃ ခုနှစ် နိုဝင်ဘာလ ၂၂ ရက်နေ့လည် ၁၂း၃၀ မှာ သေနတ်နဲ့ ချောင်းမြောင်းပစ်ခတ်လုပ်ကြံသတ်ဖြတ်ခြင်းခံလိုက်ရပါတော့တယ်။

၁၉၈၇ ခုနှစ် နိုဝင်ဘာလ ၈ ရက်။ ။ အဲဒီနေ့မှာတော့ အိုင်ယာလန်နိုင်ငံမြောက်ပိုင်း Enniskillen မြို့မှာ ပြုလုပ်တဲ့ အောက်မေ့ဖွယ်အခမ်းအနားတစ်ခုမှာ IRA (Irish Republican Army) လို့ခေါ်တဲ့ အဖွဲ့တစ်ခုက ဗုံးခွဲမှုပြုခဲ့တဲ့အတွက် လူပေါင်း ၁၁ ဦးသေဆုံးပြီး လူ ၆၀ ဦးလောက် ဒဏ်ရာရရှိခဲ့ပါတယ်။ စစ်အတွင်းက သေဆုံးခဲ့ရတဲ့ ဗြိတိသျှစစ်သားတွေကို အောက်မေ့ဖွယ်အခမ်းအနားပြုလုပ်တာ ဖြစ်ပြီး IRA ဟာလည်း ပွဲကို တက်ရောက်လာမယ့် ဗြိတိသျှစစ်သားတွေကို ရည်ရွယ်တိုက်ခိုက်တာ ဖြစ်ပေမယ့် အရပ်သားတွေပဲ သေကြေပျက်စီးခဲ့ရပါတယ်။ နောက်ပိုင်းမှာ IRA က သူတို့အမှားအယွင်းပြုလုပ်မိတာလို့ ဝန်ခံပြီး ပြန်တောင်းပန်ခဲ့ပါတယ်။

ဖော်ပြပါ အဖြစ်အပျက်တွေကတော့ သမိုင်းထဲက အမှတ်ထင်ထင်ရှိတဲ့ နိုဝင်ဘာလ ၈ ရက်နေ့က အဖြစ်အပျက်တချို့ဖြစ်ပြီး တချို့တွေက မှတ်သားစရာနဲ့ တချို့တွေကတော့ သံဝေဂရစရာအဖြစ်အပျက်တွေပဲ ဖြစ်ပါတယ်။

Yoe Lu (Akhayar)

www.akhayar.com