[Zawgyi]



Toby-Alderweireld

Toby-Alderweireld




REF: Mirror
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

မန်ယူအသင်းကို ရောက်ရှိဖို့နီးစပ်နေပြီဖြစ်တဲ့ အယ်လ်ဒါဝီရယ်လ် Alderweireld

မန်ယူအသင်းဟာ စပါးနောက်ခံလူ အယ်လ်ဒါဝီရယ်လ် Alderweireld ကိုခေါ်ယူနိုင်တော့မယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။ အယ်လ်ဒါဝီရယ်လ် Alderweireld ကိုခေါ်ယူနိုင်ဖို့အတွက် မန်ယူအသင်းဟာပြောင်းရွှေ့ကြေးပေါင်သန်း(၆၀)အသုံးပြုရဖို့ရှိနေပြီး အပြောင်းအရွှေ့ကိုတော့ လာမယ့် (၄၈)နာရီအတွင်းအပြီးသတ် သွားဖို့ရှိနေပါတယ်။

Toby-Alderweireld

Toby-Alderweireld

မန်ယူအသင်းဟာ ဗဟိုနောက်ခံကစားသမားရှာဖွေနေတဲ့ အသင်းဖြစ်ပြီး အယ်လ်ဒါဝီရယ်လ် Alderweireld ဟာလည်း စပါးအသင်းမှာပုံမှန်နေရာပျောက်ဆုံးနေတာကြောင့် ဒီအပြောင်းအရွှေ့ကဖြစ်ပေါ်လာမလား ဆိုတာစိတ်ဝင်စားစရာပါ။ စပါးအသင်းနည်းပြ ပိုချက်တီနို Pochettino ဟာ အသင်းရဲ့အဓိကခံစစ်အတွဲ အဖြစ် ဗာတွန်ဂန် Vertonghen နဲ့ ဒါဗင်ဆင်ဆန်းချက်စ် Davinson Sanchez တို့ကိုအသုံးပြုတာကြောင့် အယ်လ်ဒါဝီရယ်လ် Alderweireld ဟာပြီးခဲ့တဲ့နှစ်ဘောလုံးရာသီက လိဂ်ပွဲ(၁၄)ပွဲသာကစားခွင့်ရရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့ (၂၀၁၈)ကမ္ဘာ့ဖလားပြိုင်ပွဲမှာတော့ အယ်လ်ဒါဝီရယ်လ် Alderweireld ဟာ ဘယ်လ်ဂျီယံအသင်းအတွက်ခြေစွမ်းပြကစားနိုင်ခဲ့ပြီး အသင်းနဲ့အတူ တတိယဆုကိုရရှိခဲ့သူပါ။

အယ်လ်ဒါဝီရယ်လ် Alderweireld ဟာခြေစွမ်းပိုင်းကောင်းမွန်တဲ့ ကစားသမားဖြစ်ပေမယ့် အသက်(၂၉)နှစ်ရှိနေပြီဖြစ်တာကြောင့် အကောင်းဆုံးအချိန်တွေသိပ်မကျန်တော့ဘူးလို့ဆိုရမှာပါ။ ဒီလိုအခြေအနေမျိုးရှိပေမယ့် မန်ယူအသင်းဟာ အယ်လ်ဒါဝီရယ်လ် Alderweireld အတွက်ပြောင်းရွှေ့ကြေးပေါင်သန်း(၆၀)အသုံးပြုဖို့ရှိနေတာကြောင့် မန်ယူအသင်းရဲ့အပြောင်းအရွှေ့လုပ်ဆောင်ပုံတွေက မေးခွန်းထုတ်ချင်စရာပါ။

REF: Mirror
Photo:Evening Standard
Ko Kyue(Akhayar)
www.akhayar.com