[Zawgyi]

ဗိုလ္ရာၫြန္႔လမ္းထဲက Sandwich သိပ္ေကာင္းတဲ့ အဝါေရာင္ဆိုင္ပုစိေလး

ေခါင္းစဥ္ေလးၾကည့္ၿပီး စိတ္ဝင္စားသြားၿပီဆို ရန္ကုန္ၿမိဳ႕ရဲ႕ အခ်က္အခ်ာလမ္းတစ္ခုျဖစ္တဲ့ ဗိုလ္ရာၫႊန္႔လမ္းထဲက ဆိုင္ေလးေတြထဲမွာ ႏိုင္ငံျခားကလို Cheese ေတြ၊ အသားေတြအျပည့္နဲ႔ စားလို႔ေကာင္းတဲ့ Sandwich ဆိုင္ေကာင္းေကာင္းေလးကို အခရာက ဒီတစ္ပတ္အတြက္ ၫႊန္ေပးခ်င္ပါတယ္။

Sandwich ဆိုတာကေတာ့ ေန႔လည္စာထမင္းမစားခ်င္တဲ့သူေတြ၊ အဆာေျပကိုမွအရသာရွိရွိစားခ်င္တဲ့သူေတြ၊ ဘိုစာေလးေတြႀကိဳက္တဲ့သူေတြအတြက္ တကယ္ အရသာရွိတဲ့ အသားညႇပ္ေပါင္မုန္႔မ်ိဳးေပါ့။

အရသာရွိတဲ့ Sandwich ေကာင္းေကာင္းကေတာ့ ရန္ကုန္မွာ ရွားတယ္ဆိုရမွာပဲ။ ဒါေပမယ့္ အသားေတြအျပည့္၊ Cheese ေတြ၊ Sauce အႏွစ္ေတြနဲ႔ တစ္ကိုက္ကိုက္လိုက္တိုင္း အိက်သြားတဲ့ Sandwich ရွယ္ႀကီးကို အမိအမိုက္ကိုက္ရင္းစားဖို႔ဆို “Toast & Melt” ဆိုတဲ့ ဆိုင္ေလးက ရန္ကုန္ရဲ႕ အေကာင္းဆံုး Sandwich လို႔ေတာင္ ဆိုရမလိုပါပဲ။

ဆိုင္ေလးက တကယ့္ကို ေသးေသးေလးရယ္။ စားပြဲခံုေလး တစ္ခံု၊ နံရံကပ္ဘားတန္းေလးတစ္ခံု၊ ဆိုင္ဝက ခံုေလးနဲ႔ ဒီေလာက္ပဲရွိတယ္။

အဓိကက Take Away ပိုအားသာတယ္။ တစ္ဆိုင္လံုးကိုေတာ့ Instagrammy Theme ျဖစ္တဲ့ Mustard Yellow ေတာက္ေတာက္ေလးနဲ႔ ဓါတ္ဖမ္းလို႔ အထာက်လိုက္မယ့္ျဖစ္ခ်င္း။

ဆိုင္မွာရတာက Sandwich တစ္ခုတည္းပါ။ ေပါင္မုန္႔အေခ်ာ၊ အၾကမ္း ၂မ်ိဳးကိုမွ အသား၊ အသီးအရြက္ အရသာမ်ိဳးစံုနဲ႔ Sandwich ၁၈ မ်ိဳးနီးပါး မွာလို႔ရတယ္။

အဲ့လိုမမွာခ်င္ရင္လည္း ကိုယ္ႀကိဳက္တဲ့အသီးအရြက္ေတြ အသားေတြနဲခ်ည္း customize မွာလို႔ရေသးတယ္။

အခရာကေတာ့ ဘက္ဂ်က္သမားေတြအတြက္ေရာ၊ အရသာရွိေပ့ဆိုမွ စားခ်င္သူေတြအတြက္ေရာ ဘာေလးေကာင္းလဲ ၫႊန္ေပးခ်င္လို႔ တစ္ခုစီ မွာခဲ့တယ္။

ေကာင္းေကာင္းတန္တန္ေလး စားခ်င္တဲ့ ဘက္ဂ်က္သမားေတြအတြက္ေတာ့ Bacon၊ Egg and Cheese ဆိုတဲ့အတြဲေလးမွာခဲ့တယ္။

ဝက္ေပါက္ေျခာက္၊ ဝက္သားျပား၊ တူနာ ႀကိဳက္ရာတမ်ိဳးမ်ိဳးကို ၾကက္ဥ၊ Cheese နဲ႔ လုပ္ေပးတဲ့အရသာေလးေပါ့ေလ။ Mayonnaise ေတြ၊ Dressing ေတြအျပည့္ပါေတာ့ တစ္ကိုက္ကိုက္တာနဲ႔ Cheese နဲ႔ ေဆာ့စ္အႏွစ္ေတြ ရႊဲက်လာတာ။ စားလို႔အီဆိမ့္ေနေရာ။ သူက တစ္ဝက္ဆို ၁၆၀၀။ တစ္ခုလံုးမွ ၃၀၀၀ တဲ့။

စပါယ္ရွယ္ Mad Bite ႀကီး ကိုက္ခ်င္တယ္ဆိုရင္ေတာ့ Steak အရသာစပ္စပ္၊အသားရွယ္ေကာင္းေကာင္းနဲ႔ Spicy Steak ဆိုတဲ့ Sandwich ေလးက မိုက္တယ္။ သူ႔ထဲမွာ အမဲသားေတြကို Spicy Sauce နဲ႔ အထပ္ေတြ ညႇပ္ထားျပီး Mustard ေတြ၊ Cheese ေတြ ျပန္ထည့္ထားတာ။ တစ္ကိုက္ကိုက္တာနဲ႔ အမဲသားအိအိအျပားလိုက္ႀကီး ကိုဝါးမိတာ တကယ့္ ဗိုက္အဝပါပဲ။ သူက တစ္ခုလံုးကို ၄၇၀၀ တဲ့။

ပံုမွန္ Burger ၊ Sandwich သမားေတြအတြက္ ေစ်းႀကီးတယ္ထင္ရေပမယ့္ ႏိုင္ငံျခားက အရသာအတိုင္း အရသာ ႂကြယ္ႂကြယ္ဝဝစားခ်င္တဲ့သူေတြအတြက္ေတာ့ “Toast & Melt” က တစ္ကယ္ ၫႊန္းရဲတဲ့ ဆိုင္ေကာင္းေလးပါ။

ဆိုင္ေလးက ေသးလြန္းေတာ့ လူအမ်ားႀကီးအတြက္ အဆင္မေျပေလာက္ဘူးေနာ္။ ၿပီးေတာ့ မွာမွ လတ္လတ္ဆတ္ဆတ္လုပ္ေပးတာဆိုေတာ့ ေစာင့္ရတာလည္း နည္းနည္းၾကာတယ္။ Delivery နဲ႔ေတာ့ ခ်ိတ္ထားပါတယ္တဲ့။

အဆင္မေျပတာကေတာ့ Sandwich သီးသန္႔ခ်ည္းရေတာ့ ဆိုင္မွာထိုင္စားမယ့္သူေတြအတြက္ ေသာက္စရာေကာ္ဖီကလြဲၿပီး ေထြေထြထူးထူးမရေတာ့ ပ်င္းစရာလိုပဲ။ ခံုေလးေတြကလည္းေသးေတာ့ ျပည့္ျပည့္ေလးေတြအတြက္ဆို နည္းနည္းေရွာ့ရွိႏိုင္တယ္။

က်န္တာကေတာ့ Sandwich ဆို ရွယ္ႀကိဳက္မိတဲ့ တကယ့္ဆိုင္ေကာင္းေလးပါ။ အမွတ္ ၂၈/B ၊ ဗိုလ္ရာၫႊန္႔လမ္း( နဝေဒးလမ္းနဲ႔ ေယာက္လမ္းၾကားမွာပါ။)
မနက္ ၈ နာရီကေန ည ၈ နာရီထိ ဖြင့္ပါတယ္။ ဆိုင္ေလးက ေသးေပမယ့္ ခ်စ္စရာေလ ဝါထိန္ေနတာပဲေနာ္။ အဲ့နားေရာက္ရင္ ရွာလို႔ လြယ္ပါလိမ့္မယ္။ Sandwich ကို ႏိုင္ငံျခားမွာစားသလို တကယ့္အႏွစ္မွ စားခ်င္သူေတြ သြားစားၾကည့္လိုက္ဦးေနာ္။

FoodieEi(Akhayar)

[Unicode]

ဗိုလ်ရာညွှန့်လမ်းထဲက Sandwich သိပ်ကောင်းတဲ့ အဝါရောင်ဆိုင်ပုစိလေး

ခေါင်းစဉ်လေးကြည့်ပြီး စိတ်ဝင်စားသွားပြီဆို ရန်ကုန်မြို့ရဲ့ အချက်အချာလမ်းတစ်ခုဖြစ်တဲ့ ဗိုလ်ရာညွှန့်လမ်းထဲက ဆိုင်လေးတွေထဲမှာ နိုင်ငံခြားကလို Cheese တွေ၊ အသားတွေအပြည့်နဲ့ စားလို့ကောင်းတဲ့ Sandwich ဆိုင်ကောင်းကောင်းလေးကို အခရာက ဒီတစ်ပတ်အတွက် ညွှန်ပေးချင်ပါတယ်။

Sandwich ဆိုတာကတော့ နေ့လည်စာထမင်းမစားချင်တဲ့သူတွေ၊ အဆာပြေကိုမှအရသာရှိရှိစားချင်တဲ့သူတွေ၊ ဘိုစာလေးတွေကြိုက်တဲ့သူတွေအတွက် တကယ် အရသာရှိတဲ့ အသားညှပ်ပေါင်မုန့်မျိုးပေါ့။

အရသာရှိတဲ့ Sandwich ကောင်းကောင်းကတော့ ရန်ကုန်မှာ ရှားတယ်ဆိုရမှာပဲ။ ဒါပေမယ့် အသားတွေအပြည့်၊ Cheese တွေ၊ Sauce အနှစ်တွေနဲ့ တစ်ကိုက်ကိုက်လိုက်တိုင်း အိကျသွားတဲ့ Sandwich ရှယ်ကြီးကို အမိအမိုက်ကိုက်ရင်းစားဖို့ဆို “Toast & Melt” ဆိုတဲ့ ဆိုင်လေးက ရန်ကုန်ရဲ့ အကောင်းဆုံး Sandwich လို့တောင် ဆိုရမလိုပါပဲ။

ဆိုင်လေးက တကယ့်ကို သေးသေးလေးရယ်။ စားပွဲခုံလေး တစ်ခုံ၊ နံရံကပ်ဘားတန်းလေးတစ်ခုံ၊ ဆိုင်ဝက ခုံလေးနဲ့ ဒီလောက်ပဲရှိတယ်။

အဓိကက Take Away ပိုအားသာတယ်။ တစ်ဆိုင်လုံးကိုတော့ Instagrammy Theme ဖြစ်တဲ့ Mustard Yellow တောက်တောက်လေးနဲ့ ဓါတ်ဖမ်းလို့ အထာကျလိုက်မယ့်ဖြစ်ချင်း။

ဆိုင်မှာရတာက Sandwich တစ်ခုတည်းပါ။ ပေါင်မုန့်အချော၊ အကြမ်း ၂မျိုးကိုမှ အသား၊ အသီးအရွက် အရသာမျိုးစုံနဲ့ Sandwich ၁၈ မျိုးနီးပါး မှာလို့ရတယ်။

အဲ့လိုမမှာချင်ရင်လည်း ကိုယ်ကြိုက်တဲ့အသီးအရွက်တွေ အသားတွေနဲချည်း customize မှာလို့ရသေးတယ်။

အခရာကတော့ ဘက်ဂျက်သမားတွေအတွက်ရော၊ အရသာရှိပေ့ဆိုမှ စားချင်သူတွေအတွက်ရော ဘာလေးကောင်းလဲ ညွှန်ပေးချင်လို့ တစ်ခုစီ မှာခဲ့တယ်။

ကောင်းကောင်းတန်တန်လေး စားချင်တဲ့ ဘက်ဂျက်သမားတွေအတွက်တော့ Bacon၊ Egg and Cheese ဆိုတဲ့အတွဲလေးမှာခဲ့တယ်။

ဝက်ပေါက်ခြောက်၊ ဝက်သားပြား၊ တူနာ ကြိုက်ရာတမျိုးမျိုးကို ကြက်ဥ၊ Cheese နဲ့ လုပ်ပေးတဲ့အရသာလေးပေါ့လေ။ Mayonnaise တွေ၊ Dressing တွေအပြည့်ပါတော့ တစ်ကိုက်ကိုက်တာနဲ့ Cheese နဲ့ ဆော့စ်အနှစ်တွေ ရွှဲကျလာတာ။ စားလို့အီဆိမ့်နေရော။ သူက တစ်ဝက်ဆို ၁၆၀၀။ တစ်ခုလုံးမှ ၃၀၀၀ တဲ့။

စပါယ်ရှယ် Mad Bite ကြီး ကိုက်ချင်တယ်ဆိုရင်တော့ Steak အရသာစပ်စပ်၊အသားရှယ်ကောင်းကောင်းနဲ့ Spicy Steak ဆိုတဲ့ Sandwich လေးက မိုက်တယ်။ သူ့ထဲမှာ အမဲသားတွေကို Spicy Sauce နဲ့ အထပ်တွေ ညှပ်ထားပြီး Mustard တွေ၊ Cheese တွေ ပြန်ထည့်ထားတာ။ တစ်ကိုက်ကိုက်တာနဲ့ အမဲသားအိအိအပြားလိုက်ကြီး ကိုဝါးမိတာ တကယ့် ဗိုက်အဝပါပဲ။ သူက တစ်ခုလုံးကို ၄၇၀၀ တဲ့။

ပုံမှန် Burger ၊ Sandwich သမားတွေအတွက် ဈေးကြီးတယ်ထင်ရပေမယ့် နိုင်ငံခြားက အရသာအတိုင်း အရသာ ကြွယ်ကြွယ်ဝဝစားချင်တဲ့သူတွေအတွက်တော့ “Toast & Melt” က တစ်ကယ် ညွှန်းရဲတဲ့ ဆိုင်ကောင်းလေးပါ။

ဆိုင်လေးက သေးလွန်းတော့ လူအများကြီးအတွက် အဆင်မပြေလောက်ဘူးနော်။ ပြီးတော့ မှာမှ လတ်လတ်ဆတ်ဆတ်လုပ်ပေးတာဆိုတော့ စောင့်ရတာလည်း နည်းနည်းကြာတယ်။ Delivery နဲ့တော့ ချိတ်ထားပါတယ်တဲ့။

အဆင်မပြေတာကတော့ Sandwich သီးသန့်ချည်းရတော့ ဆိုင်မှာထိုင်စားမယ့်သူတွေအတွက် သောက်စရာကော်ဖီကလွဲပြီး ထွေထွေထူးထူးမရတော့ ပျင်းစရာလိုပဲ။ ခုံလေးတွေကလည်းသေးတော့ ပြည့်ပြည့်လေးတွေအတွက်ဆို နည်းနည်းရှော့ရှိနိုင်တယ်။

ကျန်တာကတော့ Sandwich ဆို ရှယ်ကြိုက်မိတဲ့ တကယ့်ဆိုင်ကောင်းလေးပါ။ အမှတ် ၂၈/B ၊ ဗိုလ်ရာညွှန့်လမ်း( နဝဒေးလမ်းနဲ့ ယောက်လမ်းကြားမှာပါ။)
မနက် ၈ နာရီကနေ ည ၈ နာရီထိ ဖွင့်ပါတယ်။ ဆိုင်လေးက သေးပေမယ့် ချစ်စရာလေ ဝါထိန်နေတာပဲနော်။ အဲ့နားရောက်ရင် ရှာလို့ လွယ်ပါလိမ့်မယ်။ Sandwich ကို နိုင်ငံခြားမှာစားသလို တကယ့်အနှစ်မှ စားချင်သူတွေ သွားစားကြည့်လိုက်ဦးနော်။

FoodieEi(Akhayar)