[Zawgyi]

၂၀၂၂ ကမၻာ႔ဖလားၿပိဳင္ပြဲအၿပီးထိ ဘရာဇီးလ္အသင္းမွာ ဆက္ရွိမယ့္ နည္းျပ ထိထီ Tite

ဘရာဇီးလ္ေဘာလံုးအဖြဲ႔ခ်ဳပ္က လက္ေရြးစင္အသင္းနည္းျပ ထိထီ Tite ကို ၂၀၂၂ ကမၻာ႔ဖလားၿပိဳင္ပြဲဲအၿပီးထိ ဆက္ရွိမယ့္ စာခ်ဳပ္သစ္တစ္ရပ္ ခ်ဳပ္ဆိုခဲ့ပါတယ္။ နည္းျပ ထိထီ TIte ကို (၄)ႏွစ္သက္တမ္းတိုး စာခ်ဳပ္ခ်ဳပ္ဆိုခဲ့ေၾကာင္း ဘရာဇီးလ္ေဘာလံုးအဖြဲ႔ခ်ဳပ္က တရားဝင္ေၾကညာခဲ့ၿပီး ကာတာႏိုင္ငံမွာ က်င္းပမယ့္ ၂၀၂၂ ကမၻာ႔ဖလားၿပိဳင္ပြဲ ၿပီးဆံုးခ်ိန္အထိ အသင္းကို ဆက္လက္တာဝန္ယူသြားမွာျဖစ္ေၾကာင္း ေၾကညာခဲ့ပါတယ္။ ဘရာဇီးလ္ျပည္တြင္းကလပ္ ကိုရင္သီဟန္အသင္းကို ကိုင္တြယ္ခဲ့ၿပီး ဆုဖလားေအာင္ျမင္မႈေတြ ရယူႏိုင္ခဲ့တဲ့ ထိထီ Tite ကို ၂၀၁၆ ခုႏွစ္၊ ဇြန္လမွာ ႏိုင္ငံလက္ေရြးစင္အသင္းနည္းျပအျဖစ္ ဘရာဇီးလ္ေဘာလံုးအဖြဲ႔ခ်ဳပ္က ခန္႔အပ္ခဲ့ပါတယ္။ ၿပီးခဲ့တဲ့ ၂၀၁၈ ကမၻာ႔ဖလားၿပိဳင္ပြဲမွာ ဘရာဇီးလ္အသင္းကို ေအာင္ျမင္မႈရရွိေအာင္ မစြမ္းေဆာင္ႏိုင္ခဲ့ေပမယ့္ နည္းျပ ထိထီ TIte ကို ကာလရွည္ သက္တမ္းတိုးခဲ့တာျဖစ္ပါတယ္။ ထိထီ Tite အေနနဲ႔ ၂၀၁၈ ကမၻာ႔ဖလား ေတာင္အေမရိကဇုန္ ေျခစစ္ပြဲမွာ ဘရာဇီးလ္အသင္းကို ရံႈးပြဲမရွိဘဲ တိုက္ရိုက္ေျခစစ္ပြဲ ေအာင္ျမင္ေအာင္ စြမ္းေဆာင္ႏိုင္ခဲ့ေပမယ့္ ေနာက္ဆံုးအဆင့္ၿပိဳ္င္ပြဲမွာေတာ့ ဘယ္လ္ဂ်ီယံအသင္းကို ရံႈးနိမ့္ကာ ကြာတားဖိုင္နယ္ကေနပဲ ထြက္ခြာခဲ့ရပါတယ္။

Tite-signs-on-for-four-more-years

Tite-signs-on-for-four-more-years

အသက္ (၅၇)ႏွစ္အရြယ္ရွိ ထိထီ Tite က “ႀကီးမားတဲ့ စိန္ေခၚမႈေတြကို ထိပ္တိုက္ရင္ဆိုင္ႏိုင္ဖို႔ အေကာင္းဆံုး ျပင္ဆင္သြားမွာပါ”လို႔ ေျပာၾကားခဲ့ပါတယ္။ ဘရာဇီးလ္ေဘာလံုးအဖြဲ႔ခ်ဳပ္ (CBF)ရဲ႕ အမႈေဆာင္ဒါရိုက္တာ ကာဘိုစီယို Cabocio က “ကာလရွည္ စီမံကိန္းတစ္ခုအေနနဲ႔ ေအာင္ျမင္မႈေတြ ရရွိေအာင္ စြမ္းေဆာင္ေပးႏိုင္မယ့္ နည္းျပတစ္ဦးလို႔ ယံုၾကည္တာေၾကာင့္ ထိထီ Tite ကို စာခ်ဳပ္သက္တမ္း တိုးျမွင့္ခဲ့တာပါ”လို႔ ထုတ္ေဖာ္ေျပာၾကားခဲ့ပါတယ္။ ဘရာဇီးလ္အသင္းက ထိထီ Tite ကို စာခ်ဳပ္သက္တမ္း တိုးျမွင့္ခဲ့သလို အသင္းအေထြေထြမန္ေနဂ်ာရာထူးအတြက္ ကစားသမားေဟာင္း အီဒူး Edu ကို (၄)ႏွစ္စာခ်ဳပ္ခ်ဳပ္ဆိုခဲ့ပါတယ္။ ဘရာဇီးလ္အသင္းကို ကိုင္တြယ္ခဲ့တဲ့ ကာလအတြင္း ပြဲေပါင္း (၂၆)ပြဲမွာ (၂)ပြဲသာ ရံႈးနိမ့္ခဲ့ၿပီး ပြဲေပါင္း (၂၀)အထိ ႏိုင္ပြဲရရွိေအာင္ ထိထီ Tite က စြမ္းေဆာင္ႏိုင္ခဲ့ပါတယ္။

REF:BBC Sports
Photo:CBF Futebol, Torcedores.com
Aung Kyaw Wai (Akhayar)
www.akhayar.com

[Unicode]

၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးထိ ဘရာဇီးလ်အသင်းမှာ ဆက်ရှိမယ့် နည်းပြ ထိထီ Tite

ဘရာဇီးလ်ဘောလုံးအဖွဲ့ချုပ်က လက်ရွေးစင်အသင်းနည်းပြ ထိထီ Tite ကို ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးထိ ဆက်ရှိမယ့် စာချုပ်သစ်တစ်ရပ် ချုပ်ဆိုခဲ့ပါတယ်။ နည်းပြ ထိထီ TIte ကို (၄)နှစ်သက်တမ်းတိုး စာချုပ်ချုပ်ဆိုခဲ့ကြောင်း ဘရာဇီးလ်ဘောလုံးအဖွဲ့ချုပ်က တရားဝင်ကြေညာခဲ့ပြီး ကာတာနိုင်ငံမှာ ကျင်းပမယ့် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲ ပြီးဆုံးချိန်အထိ အသင်းကို ဆက်လက်တာဝန်ယူသွားမှာဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။ ဘရာဇီးလ်ပြည်တွင်းကလပ် ကိုရင်သီဟန်အသင်းကို ကိုင်တွယ်ခဲ့ပြီး ဆုဖလားအောင်မြင်မှုတွေ ရယူနိုင်ခဲ့တဲ့ ထိထီ Tite ကို ၂၀၁၆ ခုနှစ်၊ ဇွန်လမှာ နိုင်ငံလက်ရွေးစင်အသင်းနည်းပြအဖြစ် ဘရာဇီးလ်ဘောလုံးအဖွဲ့ချုပ်က ခန့်အပ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဘရာဇီးလ်အသင်းကို အောင်မြင်မှုရရှိအောင် မစွမ်းဆောင်နိုင်ခဲ့ပေမယ့် နည်းပြ ထိထီ TIte ကို ကာလရှည် သက်တမ်းတိုးခဲ့တာဖြစ်ပါတယ်။ ထိထီ Tite အနေနဲ့ ၂၀၁၈ ကမ္ဘာ့ဖလား တောင်အမေရိကဇုန် ခြေစစ်ပွဲမှာ ဘရာဇီးလ်အသင်းကို ရှုံးပွဲမရှိဘဲ တိုက်ရိုက်ခြေစစ်ပွဲ အောင်မြင်အောင် စွမ်းဆောင်နိုင်ခဲ့ပေမယ့် နောက်ဆုံးအဆင့်ပြိုင်ပွဲမှာတော့ ဘယ်လ်ဂျီယံအသင်းကို ရှုံးနိမ့်ကာ ကွာတားဖိုင်နယ်ကနေပဲ ထွက်ခွာခဲ့ရပါတယ်။

Tite-signs-on-for-four-more-years

Tite-signs-on-for-four-more-years

အသက် (၅၇)နှစ်အရွယ်ရှိ ထိထီ Tite က “ကြီးမားတဲ့ စိန်ခေါ်မှုတွေကို ထိပ်တိုက်ရင်ဆိုင်နိုင်ဖို့ အကောင်းဆုံး ပြင်ဆင်သွားမှာပါ”လို့ ပြောကြားခဲ့ပါတယ်။ ဘရာဇီးလ်ဘောလုံးအဖွဲ့ချုပ် (CBF)ရဲ့ အမှုဆောင်ဒါရိုက်တာ ကာဘိုစီယို Cabocio က “ကာလရှည် စီမံကိန်းတစ်ခုအနေနဲ့ အောင်မြင်မှုတွေ ရရှိအောင် စွမ်းဆောင်ပေးနိုင်မယ့် နည်းပြတစ်ဦးလို့ ယုံကြည်တာကြောင့် ထိထီ Tite ကို စာချုပ်သက်တမ်း တိုးမြှင့်ခဲ့တာပါ”လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ဘရာဇီးလ်အသင်းက ထိထီ Tite ကို စာချုပ်သက်တမ်း တိုးမြှင့်ခဲ့သလို အသင်းအထွေထွေမန်နေဂျာရာထူးအတွက် ကစားသမားဟောင်း အီဒူး Edu ကို (၄)နှစ်စာချုပ်ချုပ်ဆိုခဲ့ပါတယ်။ ဘရာဇီးလ်အသင်းကို ကိုင်တွယ်ခဲ့တဲ့ ကာလအတွင်း ပွဲပေါင်း (၂၆)ပွဲမှာ (၂)ပွဲသာ ရှုံးနိမ့်ခဲ့ပြီး ပွဲပေါင်း (၂၀)အထိ နိုင်ပွဲရရှိအောင် ထိထီ Tite က စွမ်းဆောင်နိုင်ခဲ့ပါတယ်။

REF:BBC Sports
Photo:CBF Futebol, Torcedores.com
Aung Kyaw Wai (Akhayar)
www.akhayar.com