[Zawgyi]

ေနေလာင္ဒဏ္ေတြ ကာကြယ္ၾကမယ္

ေဆာင္းအကုန္ ေႏြအကူးလို႔ဆုိႏိုင္တဲ႔ဒီလိုေဖာက္ျပန္ေနတဲ့ရာသီဥတုမွာ ကိုယ့္အသားအေရကို ဂရုစိုက္တတ္ဖို႔ပိုျပီး အေရးၾကီးလို႔လာပါတယ္။ အခုအခ်ိန္မွာေနေရာင္ျခည္ရဲ႕ ဒဏ္ကိုပိုမိုခံစားလာၾကရျပီး ခရမ္းလြန္ေရာင္ျခည္ပါဝင္မႈဟာလည္းတျဖည္းျဖည္းျမင့္တက္လို႔လာပါတယ္။ ေနပူထဲထြက္မိတဲ႔အခါ ေနပူတာဒဏ္သက္သက္ကိုခံစားၾကရတာမဟုတ္ဘဲ ေနေလာင္ဒဏ္ကိုပါခံစားလာရပါတယ္။

အခုလိုအပူခ်ိန္ပိုျပီး ျမင့္လာတဲ့ ေနေရာင္ျခည္ရဲ႕ ဒဏ္ကို ခံနိုင္ဖို႔အတြက္ကိုယ့္အသားအေရကို မျဖစ္မေနဒီလုိကာကြယ္ၾကရပါမယ္။

ေနျပင္းတဲ့အခ်ိန္ကို ေရွာင္ေပးပါ။

ေနေရာင္ျခည္က မနက္ ၁၀နာရီကေန ေန႔လည္ ၄နာရီေလာက္အထိ ျပင္းထန္ပါတယ္။ အဲဒီအခ်ိန္ အျပင္ထြက္တာ ေရွာင္ေပးပါ။ အျပင္ထြက္ရတဲ့ ကိစၥရွိလာခဲ့ရင္ေတာင္ ထီးေဆာင္းပါ။ ေနကာမ်က္မွန္တတ္ပါ။

UV Ray Protection မ်ား အသံုးျပဳပါ။

ေနေလာင္တယ္ဆိုတာ UV Ray (ခရမ္းလြန္ေရာင္ျခည္ဓာတ္) ေတြ မ်ားေနလုိ႔ပါ။ အဲဒီအတြက္ UV Ray protection ပါ၀င္တဲ့ ေနကာမ်က္မွန္၊ ထီး၊ Skincare နဲ႔ Lotion မ်ားကို အသံုးျပဳေပးပါ။

Acer Swift 3

Acer Swift 3

Acer Swift 3 အေၾကာင္း အေသးစိတ္ၾကည့္ရန္

ေရဓာတ္မဆံုးရံႈးပါေစနဲ႔။

ေနပူထဲသြားျပီး ေနေလာင္ဒဏ္ခံရတဲ့အခါ ကိုယ့္ ခႏၶာကိုယ္က ေရဓာတ္မဆံုးရႈံးေနဖို႔ အရမ္းအေရးၾကီးပါတယ္။ ေရဓာတ္ျပည့္ဝေနျခင္းက ျပင္ပ အေထာက္အပံ့ေတြထက္ အသားအေရကို ၅၀ရာခိုင္ႏႈနး္ထက္ပိုျပီး ကာကြယ္ေပးပါတယ္။

သၾကားဓာတ္ျပည့္ဝေအာင္လည္းေနပါ။

ေနေလာင္ျခင္းက အသားအေရလည္း ထိခိုက္သလို ေခါင္းမူး ေခါင္းကုိက္ျခင္းကိုလည္း ျဖစ္ေစပါတယ္။ ေခါင္းမူး ေခါင္းကိုက္ျဖစ္လာျပီလို႔ ခံစားရရင္ေတာ့ သၾကားဓာတ္ျပည့္ေအာင္ျဖည့္ပါ။ အခ်ိဳရည္တစ္ခုခုကို ေသာက္ပါ။ ေဆးသၾကားပါတဲ့ အခ်ိဳရည္မဟုတ္ပဲ အသီးေဖ်ာ္ရည္ကိုသာ ေသာက္သံုးပါ။

Acer Swift 3

Acer Swift 3

Acer Swift 3 အေၾကာင္း အေသးစိတ္ၾကည့္ရန္

လံုလံုျခံဳျခံဳဝတ္ဆင္ပါ။

ကိုယ့္အသားအေရေနေလာင္ခံရျခင္းက လက္ရွည္၊ ေဘာင္းဘီရွည္ မဝတ္ဆင္တာေၾကာင့္ျဖစ္ရတာပါ။ ေနပူထဲအျပင္ထြက္ရတဲ့သူေတြအတြက္ မျဖစ္မေန ဝတ္ဆင္ရမွာျဖစ္ပါတယ္။ ေခြ်းစုပ္ျပီး ေလဝင္ေလထြက္ေကာင္းမယ္႔ ခ်ည္ထည္ အေရာင္ေဖ်ာ႔ေဖ်ာ႔ေလးေတြေရြးခ်ယ္ျပီး ဝတ္ဆင္ေပးပါ။

ေနေလာင္ခံရတာမ်ိဳးမျဖစ္ေအာင္ ဂရုစိုက္ပါ။ ေနေလာင္ျခင္းက အသားအေရကို မြဲေျခာက္ေစပါတယ္။ မ်က္ႏွာကို အေရးအေၾကာင္းေတြျဖစ္ေစပါတယ္။ မွဲေျခာက္နဲ႔ တင္းတိတ္ေတြျဖစ္ေစပါတယ္။ အသားအေရ အေရာင္ မညီတာမ်ိဳးျဖစ္ေစပါတယ္။ အသားအေရလွေနမွ က်န္းမာေနမွ ကိုယ့္ရဲ႕ အလွကပိုျပီး ျပည့္စံုတာမို႔ အဓိကရန္သူျဖစ္တဲ႔ ေနေရာင္ျခည္ကို ကာကြယ္ဖုိ႔က မျဖစ္မေနလုပ္ေဆာင္ရမယ္႔အခ်က္ပါပဲေနာ္။

Redrose (အခရာ)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

နေလောင်ဒဏ်တွေ ကာကွယ်ကြမယ်

ဆောင်းအကုန် နွေအကူးလို့ဆိုနိုင်တဲ့ဒီလိုဖောက်ပြန်နေတဲ့ရာသီဥတုမှာ ကိုယ့်အသားအရေကို ဂရုစိုက်တတ်ဖို့ပိုပြီး အရေးကြီးလို့လာပါတယ်။ အခုအချိန်မှာနေရောင်ခြည်ရဲ့ ဒဏ်ကိုပိုမိုခံစားလာကြရပြီး ခရမ်းလွန်ရောင်ခြည်ပါဝင်မှုဟာလည်းတဖြည်းဖြည်းမြင့်တက်လို့လာပါတယ်။ နေပူထဲထွက်မိတဲ့အခါ နေပူတာဒဏ်သက်သက်ကိုခံစားကြရတာမဟုတ်ဘဲ နေလောင်ဒဏ်ကိုပါခံစားလာရပါတယ်။

အခုလိုအပူချိန်ပိုပြီး မြင့်လာတဲ့ နေရောင်ခြည်ရဲ့ ဒဏ်ကို ခံနိုင်ဖို့အတွက်ကိုယ့်အသားအရေကို မဖြစ်မနေဒီလိုကာကွယ်ကြရပါမယ်။

နေပြင်းတဲ့အချိန်ကို ရှောင်ပေးပါ။

နေရောင်ခြည်က မနက် ၁၀နာရီကနေ နေ့လည် ၄နာရီလောက်အထိ ပြင်းထန်ပါတယ်။ အဲဒီအချိန် အပြင်ထွက်တာ ရှောင်ပေးပါ။ အပြင်ထွက်ရတဲ့ ကိစ္စရှိလာခဲ့ရင်တောင် ထီးဆောင်းပါ။ နေကာမျက်မှန်တတ်ပါ။

UV Ray Protection များ အသုံးပြုပါ။

နေလောင်တယ်ဆိုတာ UV Ray (ခရမ်းလွန်ရောင်ခြည်ဓာတ်) တွေ များနေလို့ပါ။ အဲဒီအတွက် UV Ray protection ပါဝင်တဲ့ နေကာမျက်မှန်၊ ထီး၊ Skincare နဲ့ Lotion များကို အသုံးပြုပေးပါ။

Acer Swift 3

Acer Swift 3

Acer Swift 3 အကြောင်း အသေးစိတ်ကြည့်ရန်

ရေဓာတ်မဆုံးရှုံးပါစေနဲ့။

နေပူထဲသွားပြီး နေလောင်ဒဏ်ခံရတဲ့အခါ ကိုယ့် ခန္ဓာကိုယ်က ရေဓာတ်မဆုံးရှုံးနေဖို့ အရမ်းအရေးကြီးပါတယ်။ ရေဓာတ်ပြည့်ဝနေခြင်းက ပြင်ပ အထောက်အပံ့တွေထက် အသားအရေကို ၅၀ရာခိုင်နှုန်းထက်ပိုပြီး ကာကွယ်ပေးပါတယ်။

သကြားဓာတ်ပြည့်ဝအောင်လည်းနေပါ။

နေလောင်ခြင်းက အသားအရေလည်း ထိခိုက်သလို ခေါင်းမူး ခေါင်းကိုက်ခြင်းကိုလည်း ဖြစ်စေပါတယ်။ ခေါင်းမူး ခေါင်းကိုက်ဖြစ်လာပြီလို့ ခံစားရရင်တော့ သကြားဓာတ်ပြည့်အောင်ဖြည့်ပါ။ အချိုရည်တစ်ခုခုကို သောက်ပါ။ ဆေးသကြားပါတဲ့ အချိုရည်မဟုတ်ပဲ အသီးဖျော်ရည်ကိုသာ သောက်သုံးပါ။

Acer Swift 3

Acer Swift 3

Acer Swift 3 အကြောင်း အသေးစိတ်ကြည့်ရန်

လုံလုံခြုံခြုံဝတ်ဆင်ပါ။

ကိုယ့်အသားအရေနေလောင်ခံရခြင်းက လက်ရှည်၊ ဘောင်းဘီရှည် မဝတ်ဆင်တာကြောင့်ဖြစ်ရတာပါ။ နေပူထဲအပြင်ထွက်ရတဲ့သူတွေအတွက် မဖြစ်မနေ ဝတ်ဆင်ရမှာဖြစ်ပါတယ်။ ချွေးစုပ်ပြီး လေဝင်လေထွက်ကောင်းမယ့် ချည်ထည် အရောင်ဖျော့ဖျော့လေးတွေရွေးချယ်ပြီး ဝတ်ဆင်ပေးပါ။

နေလောင်ခံရတာမျိုးမဖြစ်အောင် ဂရုစိုက်ပါ။ နေလောင်ခြင်းက အသားအရေကို မွဲခြောက်စေပါတယ်။ မျက်နှာကို အရေးအကြောင်းတွေဖြစ်စေပါတယ်။ မှဲခြောက်နဲ့ တင်းတိတ်တွေဖြစ်စေပါတယ်။ အသားအရေ အရောင် မညီတာမျိုးဖြစ်စေပါတယ်။ အသားအရေလှနေမှ ကျန်းမာနေမှ ကိုယ့်ရဲ့ အလှကပိုပြီး ပြည့်စုံတာမို့ အဓိကရန်သူဖြစ်တဲ့ နေရောင်ခြည်ကို ကာကွယ်ဖို့က မဖြစ်မနေလုပ်ဆောင်ရမယ့်အချက်ပါပဲနော်။

Redrose (အခရာ)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။