[Zawgyi]






 

 

 

journal art


journal art


journal art




Redrose (Akhayar)

www.akhayar.com


[Unicode]

Journal Art လေးတွေ ဖန်တီးကြမယ်။

Digital နဲ့ Technology တွေ ဘယ်လိုပဲ တိုးတက်လာပါစေ Social အပေါ်မှာ မပျော်မွေ့ချင်ကြတဲ့သူတွေဆိုတာလည်း ရှိလို့နေပါသေးတယ်။ တစ်လျှပ်လျှပ်နဲ့ အသံတွေမြည်နေတဲ့ စာရွက်အသံတွေလှန်နေရလည်း နေပျော်နေသေးတဲ့ Book Lovers လေးတွေလည်းရှိပါသေးတယ်။ ဒါပေမယ့် စာဖတ်ရတာအပြင် ပုံဆွဲရတာ၊ စာအုပ်ထဲမှာ ကိုယ့်ရဲ့ စိတ်ကူးထဲက ကမ္ဘာလေးဖန်တီးတာ၊ ဇာတ်ကောင်လေးတွေဖန်တီးရတာကို သဘောကျတဲ့သူတွေလည်းရှိပါသေးတယ်။

ဘယ်လိုပဲ စာဖတ်ရတာကိုချစ်မြတ်နိုးတဲ့သူပဲဖြစ်ဖြစ်၊ ပုံဆွဲရတာကြိုက်တဲ့သူပဲဖြစ်ဖြစ် စာအုပ်ကိုချစ်မြတ်နိုးတဲ့သူတိုင်းကို ပိုပိုပြီးချစ်မြတ်နိုးနိုင်အောင် နည်းလမ်းကောင်းလေးတစ်ခု ပြောပြပေးချင်တယ်။ အဲဒါကတော့ Journal Art ဆွဲခြင်းပဲဖြစ်ပါတယ်။

Journal Art ဆိုတာ ပုံမပါ ဗလာစာအုပ်ထဲမှာ စာရွက်အပိုင်းအစလေးတွေနဲ့ ပန်းချီလေးတွေ ဆွဲရင်း အလှဆင်ကြတာပဲဖြစ်ပါတယ်။ လက်ရာလည်း ဝင်သလို ပျော်ဖို့လည်းကောင်းပါတယ်။ ပုံလေးတွေအပြင် စာသားလေးတွေနဲ့ပါ အလှဆင်နိုင်ပါတယ်။ Sticker လေးတွေ၊ Pencil Color လေးတွေနဲ့ ကိုယ်စိတ်ကြိုက် Journal Art လေးကို ပုံဖော်နိုင်ပါတယ်။

ဘယ်လိုပုံမျိုးလေးတွေဆွဲရင်လှမလဲဆိုတာတော့ အောက်မှာ နမူနာပုံစံလေးတွေဖော်ပြပေးထားမယ်နော်။

 

 

 

journal art

Source : instagram – @thepapervoyager

journal art

Source : instagram – @fireflyfiphie

journal art

Source : instagram – @noor_unnahar

ကန့်သတ်ထားတာမျိုးမရှိပါဘူးနော်။ ကိုယ့်စိတ်ခံစားချက်အတိုင်း ကိုယ် ပုံဖော်ပြီးဆွဲလို့ရပါတယ်နော်။ Social မှာပျော်မွေ့နေကြတဲ့သူတွေကိုလည်း Journal Art လေးတွေ စမ်းလုပ်ကြည့်ကြဖို့ပြောပါရစေနော်။ Journal Art ဆွဲခြင်းအားဖြင့် စိတ်ကိုလည်း တည်ငြိမ်စေတယ်။ အေးလည်းအေးချမ်းစေတယ်။တစ်ခုတည်းကို အာရုံစိုက်နေရတာဖြစ်တဲ့အတွက် အာရုံစူးစိုက်မှုလည်းကောင်းစေတယ်။

အားလုံးပဲ စိတ်နုလုံးကျမ်းမာချမ်းသာကြပါစေနော်။

Redrose (Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။