[ZawGyi]

ဗိုက္အဆီတကယ္က်ခ်င္တယ္ဆိုရင္ ဒါေတြသိထားဖုိ႔လုိမယ္

လူေလးကလွပါရက္နဲ႔ ဗိုက္ကေလးကဖ်က္ဆိုသလုိ ခန္႔ခန္႔ထည္ထည္ဗိုက္ေလးကိုပိုင္ဆုိင္ထားသူေတြအေနနဲ႔ သိသိသာသာဗိုက္အဆီက်ခ်င္ၾကပါတယ္။ ငယ္ရြယ္စဥ္တုန္းကေတာ႔ အစားေလးနည္းနည္းျပန္ထိန္းလိုက္ရံုနဲ႔ဗိုက္ေလးျပန္ခ်ပ္သြားႏိုင္ေပမယ္႔ ဗိုက္ထဲမွာအဆီစုတာေတြမ်ားလာတဲ႔အခါ ဗိုက္ေခါက္ထူလာတဲ႔အခါ ေတာ္ရံုေနထိုင္စားေသာက္မႈနဲ႔နည္းနည္းမွမသိသာေတာ႔ပါဘူး။ ဒါေၾကာင္႔ ခ်ရခက္တဲ႔ဗိုက္ကိုတကယ္ထိထိေရာက္ေရာက္က်သြားေစဖုိ႔ ဒီဗ်ဳဟာေတြေတာ႔လုိပါတယ္ေနာ္။

မရွိမျဖစ္လုိတဲ႔အမွ်င္ဓာတ္

Soluble Fiber လုိ႔ဆုိတဲ႔ ေပ်ာ္ဝင္လြယ္တဲ႔အမွ်င္ဓာတ္ၾကြယ္ဝတဲ႔အစားအစာေတြကိုမ်ားမ်ားစားပါ။ Soluble Fiber ေတြက အရည္ကိုစုပ္ယူျပီးဂ်ယ္လ္အသြင္ျဖစ္ေစတာေၾကာင္႔ အစာအိမ္လမ္းေၾကာင္းကေနအစာျဖတ္ေက်ာ္ရာမွာသက္ေသာင္႔သက္သာနဲ႔ ေႏွးေကြးေစဖုိ႔ အေထာက္အကူျပဳပါတယ္။ အမွ်င္ဓာတ္မွာမွ ဒီလုိေပ်ာ္ဝင္လြယ္တဲ႔အမွ်င္ဓာတ္အမ်ိဳးအစားဟာဝမ္းဗိုက္ကိုျပည္႔ေနေစတဲ႔အတြက္ ဝိတ္က်ေစဖုိ႔အေထာက္အကူေပးပါတယ္။ ခႏၶာကိုယ္ကေနကယ္လုိရီကိုစုပ္ယူႏိုင္စြမ္းကိုေလ်ာ႔က်ေစတာမုိ႔ ဝိတ္ထိန္းႏိုင္တာလည္းျဖစ္ပါတယ္။ ဒါေၾကာင္႔လည္း ေပ်ာ္ဝင္လြယ္တဲ႔အမ်ွင္ဓာတ္ေတြဟာ ဗိုက္အဆီကုိက်ေစတာျဖစ္ပါတယ္။ အရြယ္ေရာက္ျပီးသူ ၁၁၀၀ ကို ေလ႔လာတဲ႔အခါ ေပ်ာ္ဝင္လြယ္တဲ႔အမွ်င္ဓာတ္ ၁၀ ဂရမ္ပိုဝင္ေလ ဗိုက္အဆီက ၃.၇% ပိုက်ေလပါပဲတဲ႔။ ဒါဟာ ၅ ႏွစ္ၾကာစမ္းသပ္မႈျဖစ္ပါတယ္။ ဒါေၾကာင္႔လည္း Flaxseeds ၊ Shirataki ေခါက္ဆြဲ ၊ ေဂၚဖီထုပ္ေသးေလးေတြ ၊ ေထာပတ္သီး၊ ကုလားပဲနဲ႔ ဘယ္ရီႏြယ္ဝင္အသီးေတြမ်ားမ်ားစားေပးပါ။

alcohol

alcohol

အယ္လ္ကိုေဟာ Limit ရွိပါေစ

ယမကာနည္းနည္းမွီဝဲတာက က်န္းမာေရးအတြက္မဆုိးဘူးလုိ႔ဆိုရမွာပါ။ ဒါေပမဲ႔ အမ်ားၾကီးေသာက္ခဲ႔မယ္ဆိုရင္ေတာ႔ ဗိုက္စူထြက္လာမွာေသခ်ာပါတယ္။ အယ္လ္ကိုေဟာက ခါးတစ္ဝိုက္မွာအဆီေတြကိုသိုေလွာင္တာေၾကာင္႔ျဖစ္ပါတယ္။ ဒါေၾကာင္႔ အယ္လ္ကိုေဟာျဖတ္မယ္ဆုိရင္ ခါးဆိုဒ္လည္းျပန္ေလ်ာ႔သြားႏိုင္ပါတယ္။ မျဖတ္ႏိုင္ေသးဘူးဆုိရင္လည္း Limit တစ္ခုထားျပီးေသာက္သံုးဖုိ႔ အၾကံျပဳခ်င္ပါတယ္။ ယမကာနဲ႔ဝိတ္ဆက္ႏြယ္မႈအတြက္ လူေပါင္း ၂၀၀၀ ကိုေလ႔လာၾကည္႔တဲ႔အခါမွာ ေန႔စဥ္အယ္လ္ကိုေဟာတစ္ေန႔ကိုတစ္ခြက္မျပည္႔တျပည္႔ပံုမွန္ေသာက္သြားသူနဲ႔ တစ္ခါတေလမွေသာက္ေပမယ္႔ အဲဒီတစ္ခါတေလေတြတိုင္းမွာ အမ်ားၾကီးေသာက္မိသူေတြကို ႏႈိင္းယွဥ္ၾကည္႔ရင္ ပံုမွန္ေသာက္သူေတြကအမ်ားၾကီးပိုသြယ္လ်တာေတြ႔ရပါတယ္တဲ႔။ ဒါေၾကာင္႔ပမာဏနည္းနည္းနဲ႔ ေန႔တိုင္းမွီဝဲတာကပိုအဆင္ေျပတယ္လို႔ ယူဆရမွာျဖစ္ပါတယ္။

ပရိုတင္းကအေဖာ္မြန္ပါ

ပရိုတင္းဓာတ္က ဝိတ္ထိန္းဖို႔အမ်ားၾကီးအေရးပါပါတယ္။ ပရိုတင္းျမင္႔မားတဲ႔ အစားအေသာက္ေတြက ဗိုက္ျပည္႔ေနေစတဲ႔ေဟာ္မုန္း PYY ကို တုိးေစျပီး ဟိုစပ္စပ္ဒီစပ္စပ္စားခ်င္စိတ္ကိုေလ်ာ႔နည္းလာေစပါတယ္။ သူကကိုယ္ခံစြမ္းအားတက္ေစျပီး ၾကြက္သားတည္ေဆာက္ေပးပါေသးတယ္။ ေလ႔လာခ်က္ေတြအရ ပရိုတင္းအမ်ားၾကီးစားသံုးတဲ႔သူေတြက ဗိုက္အဆီထြက္တာနည္းတယ္လို႔သိရပါတယ္။ ဒါေၾကာင္႔ အသား၊ ငါး၊ ၾကက္ဥ ၊ ႏို႔ထြက္ပစၥည္းေတြနဲ႔ အေစ႔အဆံေတြကိုပိုစားေပးဖုိ႔လုိပါတယ္။

Acer Predator Helios 300

Acer Predator Helios 300

Acer Predator Helios 300 အေၾကာင္း အေသးစိတ္သိရွိရန္

စိတ္ဖိစီးမႈကင္းေအာင္ေနပါ

စိတ္ဖိစီးမႈက ဝမ္းဗိုက္တစ္ဝိုက္အဆီေတြကိုသိုေလွာင္ထိန္းသိမ္းေစပါတယ္။ ဘာေၾကာင္႔လဲဆိုေတာ႔ စိတ္ဖိစီးေနရင္ Cartisol လို႔ေခၚတဲ႔ “Stress Hormone” ကိုထုတ္လုပ္ျပီး ဒီေဟာ္မုန္းကဗိုက္အဆီေတြကိုျဖစ္လာေစတာပါ။ သုေတသနျပဳေလ႔လာခ်က္ေတြအရ Cartisol Level ျမင္႔တက္လာရင္ အစာစားခ်င္စိတ္ကိုပိုမိုျဖစ္ေပၚေစျပီး ဝမ္းဗိုက္ပိုင္းအဆီကို ပိုသိုေလွာင္ပါတယ္။ အထူးသျဖင္႔အမ်ိဳးသမီးေတြဟာ စိတ္ဖိစီးမႈကိုတုန္႔ျပန္ခ်ိန္ Cartisol ေဟာ္မုန္းကိုပိုမိုထုတ္လုပ္တာမုိ႔ ခါးပိုတုတ္လာရျခင္းပါ။ ဒါေၾကာင္႔ဗိုက္အဆီခ်မယ္ဆုိရင္ စိတ္ဖိစီးမႈကင္းေအာင္ေနပါ။ ေယာဂ ဒါမွမဟုတ္ အသက္ရွဴေလ႔က်င္႔ခန္းကို အျမဲေလ႔က်င္႔ေနဖုိ႔လုိပါတယ္။ ေနာက္တစ္ခ်က္ကေတာ႔ အိပ္ေရးဝဝအိပ္စက္ဖုိ႔ပါ။ အိပ္စက္ျခင္းဟာ က်န္းမာျခင္းအတြက္ေရာ၊ ကိုယ္ေရာစိတ္ပါလန္းဆန္းခြန္အားျပည္႔ဖုိ႔အတြက္ေရာ၊ ဝိတ္က်ဖုိ႔အတြက္ပါ အရမ္းအရမ္းကို အေရးပါတဲ႔အရာပါ။

ကာဗိုဟိုက္ျဒိတ္နဲ႔ အခ်ိဳဓာတ္ကမဟာရန္သူပါ

သၾကားမွာ Frutose ပါဝင္တာမုိ႔ အမ်ားၾကီးစားမိရင္ နာတာရွည္ေဝဒနာေတြကိုခံစားရေစပါတယ္။ ႏွလံုးေရာဂါ၊ ဆီးခ်ိဳ၊ အသည္းေရာဂါေတြကို ခံစားရေစမွာပါ။ သၾကားက ဝမ္းဗိုက္ပိုင္းအဆီတက္လာျခင္းနဲ႔ တိုက္ရိုက္ပတ္သက္ေနပါတယ္။
အထူးသျဖင္႔ လံုးဝသန္႔စင္ထားတဲ႔သၾကားအခ်ိဳကိုေရွာင္ပါ။ ပ်ားရည္လုိမ်ိဳးအခ်ိဳဓာတ္ရေစတဲ႔အရာေတြနဲ႔ သဘာဝအခ်ိဳကိုသာခ်င္႔ခ်ိန္စားသံုးေပးပါ။ သၾကားမ်ားတဲ႔အစားအေသာက္ေတြ၊ အခ်ိဳရည္ေတြကိုေတာ႔ လံုးဝေရွာင္သင္႔ပါတယ္။ ေနာက္တစ္ခုက ကာဗိုဟိုက္ျဒိတ္ေရွာင္ဖုိ႔ပါ။ အဝလြန္တဲ႔သူေတြကို ကာဗိုဟိုက္ျဒိတ္ ၅ ဂရမ္ေအာက္ေလ်ာ႔နည္းတဲ႔ Diet ေကၽြးေမြးတဲ႔အခါ သူတုိ႔ေတြဟာသိသိသာသာအဆီက်သြားၾကတာကို ေလ႔လာေတြ႔ရွိရပါတယ္တဲ႔။ ေပါင္မုန္႔ကိုမွ Whole Grains စားတဲ႔သူေတြဟာ ေပါင္မုန္႔အျဖဴစားတဲ႔သူေတြထက္ ၁၇% ထိ ဝမ္းဗိုက္အဆီကိုေလွ်ာ႔ခ်ႏိုင္တာေတြ႔ရပါတယ္တဲ႔။

avoid-sugar

avoid-sugar

Aerobic နဲ႔ Strength Training ေပါင္းစပ္ပါ

Aerobic ေလ႔က်င္႔ခန္းေတြက ကယ္လုိရီေလာင္ကၽြမ္းေစဖို႔နဲ႔ က်န္းမာေရးေကာင္းေစဖို႔ အဓိကအေထာက္အပံ႔ေပးပါတယ္။ ဗိုက္အဆီကိုက်ေစႏိုင္တဲ႔ ထိေရာက္တဲ႔ေလ႔က်င္႔ခန္းေတြလည္းျဖစ္ပါတယ္။ ေလ႔က်င္႔ခန္းလုပ္တဲ႔ေနရာမွာတစ္ခုသိထားသင္႔တာက ေလ႔က်င္႔ခန္းကိုျပင္းျပင္းထန္ထန္လုပ္တာထက္ အၾကိမ္ေရဘယ္ေလာက္မ်ားမ်ားနဲ႔ အခ်ိန္ဘယ္ေလာက္ၾကာၾကာလုပ္ေလ႔ရွိသလဲဆုိတဲ႔အခ်က္ကပိုအေရးပါပါတယ္။ ေလ႔လာခ်က္ေတြအရ တစ္ပတ္မွာ မိနစ္ ၃၀၀ ၾကာ Aerobic ေလ႔က်င္႔ခန္းေတြလုပ္တဲ႔ ေသြးဆံုးျပီးအမ်ိဳးသမီးေတြဟာ တစ္ပတ္မွာတစ္ၾကိမ္ ႏွစ္ၾကိမ္သာေလ႔က်င္႔ခန္းျပင္းျပင္းထန္ထန္လုပ္သူေတြထက္ တစ္ကိုယ္လံုးမွာရွိတဲ႔အဆီေတြပိုက်တယ္လုိ႔သိရပါတယ္။ ဗိုက္အဆီက်ခ်င္သူေတြအေနနဲ႔ ကိုယ္လက္လႈပ္ရွားမႈေတြကိုအၾကိမ္ေရစိပ္စိပ္နဲ႔ အခ်ိန္ၾကာၾကာလုပ္ေဆာင္ေပးဖုိ႔ကပိုအေရးၾကီးပါတယ္။ ေတာ္ရံုနဲ႔အဆီျပန္မတက္ေစဖုိ႔ ၾကြက္သားတည္ေဆာက္ဖုိ႔လည္းလိုပါတယ္။ ဒါေၾကာင္႔ Strength Training လည္းလုပ္သင္႔ပါတယ္။

Exercise-is-important

Exercise-is-important

အုန္းဆီစားပါ

လူ႔ခႏၶာကိုယ္ဟာ အဆီကိုလုိအပ္ပါတယ္။ တိတိက်က်ေျပာရရင္ေတာ႔ က်န္းမာတဲ႔အဆီကိုလုိအပ္တာပါ။ ဒါေၾကာင္႔ အျပန္ျပန္အထပ္ထပ္ေၾကာ္ထားတဲ႔ ဆီေၾကာ္မုန္႔ေတြ၊ ဝက္ဆီ၊ ၾကက္ဆီနဲ႔ မသန္႔တဲ႔ဆီေတြအစား က်န္းမာေရးနဲ႔ညီညြတ္တဲ႔အဆီကိုေျပာင္းစားရပါမယ္။ အထူးသျဖင္႔အဆီထူငါး၊အေစ႔အဆံေတြ၊ ေထာပတ္သီး၊သံလြင္ဆီနဲ႔ အုန္းဆီေတြကိုေျပာင္းလဲစားသံုးေပးရမွာပါ။ ခုဆုိရင္ စားလုိ႔ရတဲ႔အုန္းဆီ Coconut Virgin Oil ေတြကို Shopping Center ေတြမွာဝယ္ယူႏိုင္ပါျပီ။ ဒီလို Coconut Virgin Oil ကို ေန႔စဥ္ ပမာဏနည္းနည္းဆီမွီဝဲသြားမယ္ဆုိရင္လည္း ဗိုက္အဆီက်ေစဖို႔အေထာက္အပ႔ံေပးပါတယ္။ သူကအူလမ္းေၾကာင္းမွာေခ်ာဆီအျဖစ္နဲ႔ရွိေနျပီး ခႏၶာကိုယ္ထဲကိုဝင္ေရာက္လာတဲ႔ အစားအေသာက္ေတြထဲက မလုိအပ္တာေတြကိုမကပ္ျငိ မစုပ္ယူမိေစဖုိ႔တားဆီးေပးပါတယ္။ ဝမ္းမွန္ေစတဲ႔ အာနိသင္လည္းရွိပါတယ္။

HP Spectre

HP Spectre

HP Spectre အေၾကာင္း အေသးစိတ္သိရွိရန္

အစားမ်ားသလုိ အျဖဳန္းလည္းမ်ားပါေစ

ကိုယ္ဘယ္ေလာက္စားမိလဲ ကိုယ္လက္လႈပ္ရွားမႈဘယ္ေလာက္ထိလုပ္ျပီး ျပန္ေခ်ဖ်က္ေပးရမလဲဆုိတာ အျမဲလုိဆန္းစစ္ေနရပါမယ္။ ခႏၶာကိုယ္ထဲေရာက္ရွိသြားတဲ႔ ကယ္လုိရီကမ်ားေနျပီး ျပန္ျဖဳန္းအားကနည္းေနသေရြ႕ ဗိုက္ကပူျမဲပူ၊ ဝိတ္ကတက္ျမဲတက္ေနမွာပါ။ ဒါေၾကာင္႔ အစားအေသာက္မက္တယ္ဆုိရင္ ေလ႔က်င္႔ခန္းကိုလည္းခ်စ္တတ္ဖို႔လုိပါလိမ္႔မယ္။

လတ္ဆတ္တဲ႔သစ္သီးေဖ်ာ္ရည္ေတြပဲေသာက္ပါ

အသင္႔ေသာက္သံုးႏိုင္တဲ႔ အသီးေဖ်ာ္ရည္ေတြဟာ ဘယ္ေလာက္ပဲလတ္ဆတ္တယ္ေျပာေျပာ သၾကားအမ်ားၾကီးပါပါတယ္။ မခ်ိဳတဲ႔ပန္းသီးေဖ်ာ္ရည္ ၈ ေအာင္စမွာေတာင္ သၾကား ၂၄ ဂရမ္ပါဝင္ပါတယ္။ ဗိုက္ခ်ပ္ခ်င္ရင္ေတာ႔ ေရ၊ ေရခဲနဲ႔ သဘာဝအသီးကိုေရာေဖ်ာ္တဲ႔ ေဖ်ာ္ရည္ကိုပဲေသာက္ပါ။ အပူၾကိဳက္ရင္ေတာ႔ GreenTea ေႏြးေႏြးေလးလည္း ေသာက္ေပးႏိုင္ပါတယ္။

Change-Lifestyle

Change-Lifestyle

ဥပုသ္ေစာင္႔ပါ

ဥပုသ္ေစာင္႔ဆုိတဲ႔ေနရာမွာ အဓိကဆုိလုိရင္းက အစားမစားဘဲေနဖုိ႔ပါ။ တစ္ပတ္မွာ တစ္ၾကိမ္၊ ႏွစ္ၾကိမ္ခန္႔ အစားေရွာင္နည္းလမ္းကို သံုးတာကသိသိသာသာဗိုက္ခ်ပ္ေစပါတယ္တဲ႔။ လုပ္ရမယ္႔ပံုစံက တစ္ေန႔မွာ ၈ နာရီအတြင္းသာ အစားအေသာက္ေတြစားျပီး က်န္တဲ႔ ၁၆ နာရီမွာ ဘာမွမစားဘဲေနရမွာျဖစ္ပါတယ္။ ဒီလုိ အခ်ိန္သတ္မွတ္ ဥပုသ္ေစာင္႔ျခင္းကို တစ္ပတ္ႏွစ္ၾကိမ္ေလာက္လုပ္ရံုနဲ႔ ၆ပတ္ကေန ၂၄ ပတ္အတြင္းမွာ ဗိုက္အဆီ ၄ ရာခုိင္ႏႈန္းမွ ၇ ရာခုိင္ႏႈန္းအထိ က်သြားတာလက္ေတြ႔ျမင္ေတြ႔ရပါတယ္တဲ႔။

ေရရွည္အတြက္ျပင္ဆင္ပါ

ကိုယ္႔ဘဝတစ္ေလွ်ာက္လံုး ခႏၶာကိုယ္ေလး က်စ္လ်စ္သြယ္လ်စြာ ဗိုက္ေလးမထြက္ဘဲေနသြားခ်င္ရင္ေတာ႔ ကိုယ္႔ရဲ႕ Lifestyle တစ္ခုလံုးကိုေျပာင္းလဲရမွာပါ။ အစားအေသာက္၊ အေနအထိုင္၊ အိပ္စက္ျခင္း၊ စိတ္ဖိစီးမႈ၊ က်န္းမာေရးကိုထိခိုက္ေစတဲ႔ အလုပ္အကိုင္ စတဲ႔ေခါင္းစဥ္ေပါင္းမ်ားစြာေအာက္မွာ ဟန္ခ်က္ညီေအာင္ ထိန္းႏိုင္ရမွာျဖစ္ပါတယ္။ Healthy Lifestyle ကိုဖန္တီးႏိုင္ပါမွ က်န္းမာ လွပ အသက္ရွည္မွာျဖစ္ပါေၾကာင္း။

ဂ်ဴဂ်ဴး(Akhayar)

www.akhayar.com

[Unicode]

ဗိုက်အဆီတကယ်ကျချင်တယ်ဆိုရင် ဒါတွေသိထားဖို့လိုမယ်

လူလေးကလှပါရက်နဲ့ ဗိုက်ကလေးကဖျက်ဆိုသလို ခန့်ခန့်ထည်ထည်ဗိုက်လေးကိုပိုင်ဆိုင်ထားသူတွေအနေနဲ့ သိသိသာသာဗိုက်အဆီကျချင်ကြပါတယ်။ ငယ်ရွယ်စဉ်တုန်းကတော့ အစားလေးနည်းနည်းပြန်ထိန်းလိုက်ရုံနဲ့ဗိုက်လေးပြန်ချပ်သွားနိုင်ပေမယ့် ဗိုက်ထဲမှာအဆီစုတာတွေများလာတဲ့အခါ ဗိုက်ခေါက်ထူလာတဲ့အခါ တော်ရုံနေထိုင်စားသောက်မှုနဲ့နည်းနည်းမှမသိသာတော့ပါဘူး။ ဒါကြောင့် ချရခက်တဲ့ဗိုက်ကိုတကယ်ထိထိရောက်ရောက်ကျသွားစေဖို့ ဒီဗျုဟာတွေတော့လိုပါတယ်နော်။

မရှိမဖြစ်လိုတဲ့အမျှင်ဓာတ်

Soluble Fiber လို့ဆိုတဲ့ ပျော်ဝင်လွယ်တဲ့အမျှင်ဓာတ်ကြွယ်ဝတဲ့အစားအစာတွေကိုများများစားပါ။ Soluble Fiber တွေက အရည်ကိုစုပ်ယူပြီးဂျယ်လ်အသွင်ဖြစ်စေတာကြောင့် အစာအိမ်လမ်းကြောင်းကနေအစာဖြတ်ကျော်ရာမှာသက်သောင့်သက်သာနဲ့ နှေးကွေးစေဖို့ အထောက်အကူပြုပါတယ်။ အမျှင်ဓာတ်မှာမှ ဒီလိုပျော်ဝင်လွယ်တဲ့အမျှင်ဓာတ်အမျိုးအစားဟာဝမ်းဗိုက်ကိုပြည့်နေစေတဲ့အတွက် ဝိတ်ကျစေဖို့အထောက်အကူပေးပါတယ်။ ခန္ဓာကိုယ်ကနေကယ်လိုရီကိုစုပ်ယူနိုင်စွမ်းကိုလျော့ကျစေတာမို့ ဝိတ်ထိန်းနိုင်တာလည်းဖြစ်ပါတယ်။ ဒါကြောင့်လည်း ပျော်ဝင်လွယ်တဲ့အမျှင်ဓာတ်တွေဟာ ဗိုက်အဆီကိုကျစေတာဖြစ်ပါတယ်။ အရွယ်ရောက်ပြီးသူ ၁၁၀၀ ကို လေ့လာတဲ့အခါ ပျော်ဝင်လွယ်တဲ့အမျှင်ဓာတ် ၁၀ ဂရမ်ပိုဝင်လေ ဗိုက်အဆီက ၃.၇% ပိုကျလေပါပဲတဲ့။ ဒါဟာ ၅ နှစ်ကြာစမ်းသပ်မှုဖြစ်ပါတယ်။ ဒါကြောင့်လည်း Flaxseeds ၊ Shirataki ခေါက်ဆွဲ ၊ ဂေါ်ဖီထုပ်သေးလေးတွေ ၊ ထောပတ်သီး၊ ကုလားပဲနဲ့ ဘယ်ရီနွယ်ဝင်အသီးတွေများများစားပေးပါ။

alcohol

alcohol

အယ်လ်ကိုဟော Limit ရှိပါစေ

ယမကာနည်းနည်းမှီဝဲတာက ကျန်းမာရေးအတွက်မဆိုးဘူးလို့ဆိုရမှာပါ။ ဒါပေမဲ့ အများကြီးသောက်ခဲ့မယ်ဆိုရင်တော့ ဗိုက်စူထွက်လာမှာသေချာပါတယ်။ အယ်လ်ကိုဟောက ခါးတစ်ဝိုက်မှာအဆီတွေကိုသိုလှောင်တာကြောင့်ဖြစ်ပါတယ်။ ဒါကြောင့် အယ်လ်ကိုဟောဖြတ်မယ်ဆိုရင် ခါးဆိုဒ်လည်းပြန်လျော့သွားနိုင်ပါတယ်။ မဖြတ်နိုင်သေးဘူးဆိုရင်လည်း Limit တစ်ခုထားပြီးသောက်သုံးဖို့ အကြံပြုချင်ပါတယ်။ ယမကာနဲ့ဝိတ်ဆက်နွယ်မှုအတွက် လူပေါင်း ၂၀၀၀ ကိုလေ့လာကြည့်တဲ့အခါမှာ နေ့စဉ်အယ်လ်ကိုဟောတစ်နေ့ကိုတစ်ခွက်မပြည့်တပြည့်ပုံမှန်သောက်သွားသူနဲ့ တစ်ခါတလေမှသောက်ပေမယ့် အဲဒီတစ်ခါတလေတွေတိုင်းမှာ အများကြီးသောက်မိသူတွေကို နှိုင်းယှဉ်ကြည့်ရင် ပုံမှန်သောက်သူတွေကအများကြီးပိုသွယ်လျတာတွေ့ရပါတယ်တဲ့။ ဒါကြောင့်ပမာဏနည်းနည်းနဲ့ နေ့တိုင်းမှီဝဲတာကပိုအဆင်ပြေတယ်လို့ ယူဆရမှာဖြစ်ပါတယ်။

ပရိုတင်းကအဖော်မွန်ပါ

ပရိုတင်းဓာတ်က ဝိတ်ထိန်းဖို့အများကြီးအရေးပါပါတယ်။ ပရိုတင်းမြင့်မားတဲ့ အစားအသောက်တွေက ဗိုက်ပြည့်နေစေတဲ့ဟော်မုန်း PYY ကို တိုးစေပြီး ဟိုစပ်စပ်ဒီစပ်စပ်စားချင်စိတ်ကိုလျော့နည်းလာစေပါတယ်။ သူကကိုယ်ခံစွမ်းအားတက်စေပြီး ကြွက်သားတည်ဆောက်ပေးပါသေးတယ်။ လေ့လာချက်တွေအရ ပရိုတင်းအများကြီးစားသုံးတဲ့သူတွေက ဗိုက်အဆီထွက်တာနည်းတယ်လို့သိရပါတယ်။ ဒါကြောင့် အသား၊ ငါး၊ ကြက်ဥ ၊ နို့ထွက်ပစ္စည်းတွေနဲ့ အစေ့အဆံတွေကိုပိုစားပေးဖို့လိုပါတယ်။

Acer Predator Helios 300

Acer Predator Helios 300

Acer Predator Helios 300 အကြောင်း အသေးစိတ်သိရှိရန်

စိတ်ဖိစီးမှုကင်းအောင်နေပါ

စိတ်ဖိစီးမှုက ဝမ်းဗိုက်တစ်ဝိုက်အဆီတွေကိုသိုလှောင်ထိန်းသိမ်းစေပါတယ်။ ဘာကြောင့်လဲဆိုတော့ စိတ်ဖိစီးနေရင် Cartisol လို့ခေါ်တဲ့ “Stress Hormone” ကိုထုတ်လုပ်ပြီး ဒီဟော်မုန်းကဗိုက်အဆီတွေကိုဖြစ်လာစေတာပါ။ သုတေသနပြုလေ့လာချက်တွေအရ Cartisol Level မြင့်တက်လာရင် အစာစားချင်စိတ်ကိုပိုမိုဖြစ်ပေါ်စေပြီး ဝမ်းဗိုက်ပိုင်းအဆီကို ပိုသိုလှောင်ပါတယ်။ အထူးသဖြင့်အမျိုးသမီးတွေဟာ စိတ်ဖိစီးမှုကိုတုန့်ပြန်ချိန် Cartisol ဟော်မုန်းကိုပိုမိုထုတ်လုပ်တာမို့ ခါးပိုတုတ်လာရခြင်းပါ။ ဒါကြောင့်ဗိုက်အဆီချမယ်ဆိုရင် စိတ်ဖိစီးမှုကင်းအောင်နေပါ။ ယောဂ ဒါမှမဟုတ် အသက်ရှူလေ့ကျင့်ခန်းကို အမြဲလေ့ကျင့်နေဖို့လိုပါတယ်။ နောက်တစ်ချက်ကတော့ အိပ်ရေးဝဝအိပ်စက်ဖို့ပါ။ အိပ်စက်ခြင်းဟာ ကျန်းမာခြင်းအတွက်ရော၊ ကိုယ်ရောစိတ်ပါလန်းဆန်းခွန်အားပြည့်ဖို့အတွက်ရော၊ ဝိတ်ကျဖို့အတွက်ပါ အရမ်းအရမ်းကို အရေးပါတဲ့အရာပါ။

ကာဗိုဟိုက်ဒြိတ်နဲ့ အချိုဓာတ်ကမဟာရန်သူပါ

သကြားမှာ Frutose ပါဝင်တာမို့ အများကြီးစားမိရင် နာတာရှည်ဝေဒနာတွေကိုခံစားရစေပါတယ်။ နှလုံးရောဂါ၊ ဆီးချို၊ အသည်းရောဂါတွေကို ခံစားရစေမှာပါ။ သကြားက ဝမ်းဗိုက်ပိုင်းအဆီတက်လာခြင်းနဲ့ တိုက်ရိုက်ပတ်သက်နေပါတယ်။
အထူးသဖြင့် လုံးဝသန့်စင်ထားတဲ့သကြားအချိုကိုရှောင်ပါ။ ပျားရည်လိုမျိုးအချိုဓာတ်ရစေတဲ့အရာတွေနဲ့ သဘာဝအချိုကိုသာချင့်ချိန်စားသုံးပေးပါ။ သကြားများတဲ့အစားအသောက်တွေ၊ အချိုရည်တွေကိုတော့ လုံးဝရှောင်သင့်ပါတယ်။ နောက်တစ်ခုက ကာဗိုဟိုက်ဒြိတ်ရှောင်ဖို့ပါ။ အဝလွန်တဲ့သူတွေကို ကာဗိုဟိုက်ဒြိတ် ၅ ဂရမ်အောက်လျော့နည်းတဲ့ Diet ကျွေးမွေးတဲ့အခါ သူတို့တွေဟာသိသိသာသာအဆီကျသွားကြတာကို လေ့လာတွေ့ရှိရပါတယ်တဲ့။ ပေါင်မုန့်ကိုမှ Whole Grains စားတဲ့သူတွေဟာ ပေါင်မုန့်အဖြူစားတဲ့သူတွေထက် ၁၇% ထိ ဝမ်းဗိုက်အဆီကိုလျှော့ချနိုင်တာတွေ့ရပါတယ်တဲ့။

avoid-sugar

avoid-sugar

Aerobic နဲ့ Strength Training ပေါင်းစပ်ပါ

Aerobic လေ့ကျင့်ခန်းတွေက ကယ်လိုရီလောင်ကျွမ်းစေဖို့နဲ့ ကျန်းမာရေးကောင်းစေဖို့ အဓိကအထောက်အပံ့ပေးပါတယ်။ ဗိုက်အဆီကိုကျစေနိုင်တဲ့ ထိရောက်တဲ့လေ့ကျင့်ခန်းတွေလည်းဖြစ်ပါတယ်။ လေ့ကျင့်ခန်းလုပ်တဲ့နေရာမှာတစ်ခုသိထားသင့်တာက လေ့ကျင့်ခန်းကိုပြင်းပြင်းထန်ထန်လုပ်တာထက် အကြိမ်ရေဘယ်လောက်များများနဲ့ အချိန်ဘယ်လောက်ကြာကြာလုပ်လေ့ရှိသလဲဆိုတဲ့အချက်ကပိုအရေးပါပါတယ်။ လေ့လာချက်တွေအရ တစ်ပတ်မှာ မိနစ် ၃၀၀ ကြာ Aerobic လေ့ကျင့်ခန်းတွေလုပ်တဲ့ သွေးဆုံးပြီးအမျိုးသမီးတွေဟာ တစ်ပတ်မှာတစ်ကြိမ် နှစ်ကြိမ်သာလေ့ကျင့်ခန်းပြင်းပြင်းထန်ထန်လုပ်သူတွေထက် တစ်ကိုယ်လုံးမှာရှိတဲ့အဆီတွေပိုကျတယ်လို့သိရပါတယ်။ ဗိုက်အဆီကျချင်သူတွေအနေနဲ့ ကိုယ်လက်လှုပ်ရှားမှုတွေကိုအကြိမ်ရေစိပ်စိပ်နဲ့ အချိန်ကြာကြာလုပ်ဆောင်ပေးဖို့ကပိုအရေးကြီးပါတယ်။ တော်ရုံနဲ့အဆီပြန်မတက်စေဖို့ ကြွက်သားတည်ဆောက်ဖို့လည်းလိုပါတယ်။ ဒါကြောင့် Strength Training လည်းလုပ်သင့်ပါတယ်။

Exercise-is-important

Exercise-is-important

အုန်းဆီစားပါ

လူ့ခန္ဓာကိုယ်ဟာ အဆီကိုလိုအပ်ပါတယ်။ တိတိကျကျပြောရရင်တော့ ကျန်းမာတဲ့အဆီကိုလိုအပ်တာပါ။ ဒါကြောင့် အပြန်ပြန်အထပ်ထပ်ကြော်ထားတဲ့ ဆီကြော်မုန့်တွေ၊ ဝက်ဆီ၊ ကြက်ဆီနဲ့ မသန့်တဲ့ဆီတွေအစား ကျန်းမာရေးနဲ့ညီညွတ်တဲ့အဆီကိုပြောင်းစားရပါမယ်။ အထူးသဖြင့်အဆီထူငါး၊အစေ့အဆံတွေ၊ ထောပတ်သီး၊သံလွင်ဆီနဲ့ အုန်းဆီတွေကိုပြောင်းလဲစားသုံးပေးရမှာပါ။ ခုဆိုရင် စားလို့ရတဲ့အုန်းဆီ Coconut Virgin Oil တွေကို Shopping Center တွေမှာဝယ်ယူနိုင်ပါပြီ။ ဒီလို Coconut Virgin Oil ကို နေ့စဉ် ပမာဏနည်းနည်းဆီမှီဝဲသွားမယ်ဆိုရင်လည်း ဗိုက်အဆီကျစေဖို့အထောက်အပံ့ပေးပါတယ်။ သူကအူလမ်းကြောင်းမှာချောဆီအဖြစ်နဲ့ရှိနေပြီး ခန္ဓာကိုယ်ထဲကိုဝင်ရောက်လာတဲ့ အစားအသောက်တွေထဲက မလိုအပ်တာတွေကိုမကပ်ငြိ မစုပ်ယူမိစေဖို့တားဆီးပေးပါတယ်။ ဝမ်းမှန်စေတဲ့ အာနိသင်လည်းရှိပါတယ်။

HP Spectre

HP Spectre

HP Spectre အကြောင်း အသေးစိတ်သိရှိရန်

အစားများသလို အဖြုန်းလည်းများပါစေ

ကိုယ်ဘယ်လောက်စားမိလဲ ကိုယ်လက်လှုပ်ရှားမှုဘယ်လောက်ထိလုပ်ပြီး ပြန်ချေဖျက်ပေးရမလဲဆိုတာ အမြဲလိုဆန်းစစ်နေရပါမယ်။ ခန္ဓာကိုယ်ထဲရောက်ရှိသွားတဲ့ ကယ်လိုရီကများနေပြီး ပြန်ဖြုန်းအားကနည်းနေသရွေ့ ဗိုက်ကပူမြဲပူ၊ ဝိတ်ကတက်မြဲတက်နေမှာပါ။ ဒါကြောင့် အစားအသောက်မက်တယ်ဆိုရင် လေ့ကျင့်ခန်းကိုလည်းချစ်တတ်ဖို့လိုပါလိမ့်မယ်။

လတ်ဆတ်တဲ့သစ်သီးဖျော်ရည်တွေပဲသောက်ပါ

အသင့်သောက်သုံးနိုင်တဲ့ အသီးဖျော်ရည်တွေဟာ ဘယ်လောက်ပဲလတ်ဆတ်တယ်ပြောပြော သကြားအများကြီးပါပါတယ်။ မချိုတဲ့ပန်းသီးဖျော်ရည် ၈ အောင်စမှာတောင် သကြား ၂၄ ဂရမ်ပါဝင်ပါတယ်။ ဗိုက်ချပ်ချင်ရင်တော့ ရေ၊ ရေခဲနဲ့ သဘာဝအသီးကိုရောဖျော်တဲ့ ဖျော်ရည်ကိုပဲသောက်ပါ။ အပူကြိုက်ရင်တော့ GreenTea နွေးနွေးလေးလည်း သောက်ပေးနိုင်ပါတယ်။

Change-Lifestyle

Change-Lifestyle

ဥပုသ်စောင့်ပါ

ဥပုသ်စောင့်ဆိုတဲ့နေရာမှာ အဓိကဆိုလိုရင်းက အစားမစားဘဲနေဖို့ပါ။ တစ်ပတ်မှာ တစ်ကြိမ်၊ နှစ်ကြိမ်ခန့် အစားရှောင်နည်းလမ်းကို သုံးတာကသိသိသာသာဗိုက်ချပ်စေပါတယ်တဲ့။ လုပ်ရမယ့်ပုံစံက တစ်နေ့မှာ ၈ နာရီအတွင်းသာ အစားအသောက်တွေစားပြီး ကျန်တဲ့ ၁၆ နာရီမှာ ဘာမှမစားဘဲနေရမှာဖြစ်ပါတယ်။ ဒီလို အချိန်သတ်မှတ် ဥပုသ်စောင့်ခြင်းကို တစ်ပတ်နှစ်ကြိမ်လောက်လုပ်ရုံနဲ့ ၆ပတ်ကနေ ၂၄ ပတ်အတွင်းမှာ ဗိုက်အဆီ ၄ ရာခိုင်နှုန်းမှ ၇ ရာခိုင်နှုန်းအထိ ကျသွားတာလက်တွေ့မြင်တွေ့ရပါတယ်တဲ့။

ရေရှည်အတွက်ပြင်ဆင်ပါ

ကိုယ့်ဘဝတစ်လျှောက်လုံး ခန္ဓာကိုယ်လေး ကျစ်လျစ်သွယ်လျစွာ ဗိုက်လေးမထွက်ဘဲနေသွားချင်ရင်တော့ ကိုယ့်ရဲ့ Lifestyle တစ်ခုလုံးကိုပြောင်းလဲရမှာပါ။ အစားအသောက်၊ အနေအထိုင်၊ အိပ်စက်ခြင်း၊ စိတ်ဖိစီးမှု၊ ကျန်းမာရေးကိုထိခိုက်စေတဲ့ အလုပ်အကိုင် စတဲ့ခေါင်းစဉ်ပေါင်းများစွာအောက်မှာ ဟန်ချက်ညီအောင် ထိန်းနိုင်ရမှာဖြစ်ပါတယ်။ Healthy Lifestyle ကိုဖန်တီးနိုင်ပါမှ ကျန်းမာ လှပ အသက်ရှည်မှာဖြစ်ပါကြောင်း။

ဂျူဂျူး(Akhayar)

www.akhayar.com