[Zawgyi]

Crush က ကိုယ့္ကိုျပန္ၿပီးသေဘာက်ေနလားဆိုတာ ဒီအခ်က္ေတြနဲ႔ ခ်ိန္ကိုက္ၾကည့္ရေအာင္

Crush ဆိုတဲ့အမ်ိဳးကလည္း နင္ငါ့ကိုခ်စ္ေနတာကို ငါႀကိဳက္ေပမယ့္ ငါ နင့္ကိုျပန္မႀကိဳက္ႏိုင္ဘူးဆိုတဲ့ဲ ေလာဂ်စ္ကို လက္ကိုင္စြဲထားတဲ့အမ်ိဳး။ ဘယ္သူမဆို ကိုယ္ခ်စ္တဲ့သူက ကိုယ့္ကိုယ္ျပန္ခ်စ္တာမ်ိဳး လိုခ်င္ၾကတာပဲ မဟုတ္လား။ အဲဒီေတာ့Crush ကို ထမင္းစားၿပီးၿပီလား၊ ဘာလုပ္ေနလဲဆိုတဲ့ အဆင့္ေလးနဲ႔တင္ ရပ္မေနဘဲ ရဲရဲဝံ့ဝံ့ဖြင့္ေျပာလိုက္ပါလို႔ အႀကံေပးခ်င္ပါတယ္။ ႀကိဳက္ရင္ႀကိဳက္တယ္ မႀကိဳက္ရင္မႀကိဳက္ဘူး ရွင္းရွင္းလင္းလင္းသိရေတာ့ ကိုယ့္အတြက္ တစ္ျခားျပင္ဆင္ခ်ိန္ေတြရတယ္လို႔ ျမင္တယ္။ ဒါေၾကာင့္ Crush က ကိုယ့္ကိုျပန္ၿပီး သေဘာက်လာေအာင္ ဒီနည္းေလးေတြ သံုးၾကည့္လို႔ရပါတယ္။ ရလဒ္ေကာင္းတစ္ခုခုရႏိုင္မယ္လို႔ အာမခံပါတယ္။

Transcend Myanmar

Transcend Myanmar

Transcend Myanmar အေၾကာင္း အေသးစိတ္စုံစမ္းရန္

Body Language ကို အကဲခတ္ပါ

တကယ္လို႔ Crush နဲ႔ နီးနီးကပ္ကပ္အေနအထား ဒါမွမဟုတ္ Crush က ကိုယ့္အနီးနားမွာရွိေနတဲ့ အခ်ိန္မ်ိဳးမွာ သူ႔ရဲ႕Body Language ကို အရင္ဆံုးအကဲခတ္ရပါမယ္။ သင့္ဘက္ကို လွည့္ထုိင္ေနလား၊ သင္ၾကည့္ရင္ ျပန္ၾကည့္သလား၊ ရွက္ကိုးရွက္ကန္းနဲ႔ ဂဏာမၿငိမ္ျဖစ္ေနလား၊ မ်က္မွန္တပ္ထားရင္လည္း မ်က္မွန္ကြယ္ၿပီး သင့္ဘက္ကို မသိမသာၾကည့္တာမ်ိဳးရွိလား၊ သင့္ရဲ႕အနီးအနားမွာ အသံခပ္က်ယ္က်ယ္နဲ႔ ရယ္တာမ်ိဳးရွိသလား စတဲ့အခ်က္ေတြကို ၾကည့္ရပါမယ္။ ဒီလိုအျပဳအမူေတြေတြ႕ရရင္ သင့္အတြက္ ေကာင္းတဲ့လကၡဏာေတြျဖစ္လို႔ အခြင့္အေရးကို လက္လႊတ္မခံသင့္ပါဘူး။

သင့္အေပၚမွာ Respect ဘယ္ေလာက္ထားလဲ ၾကည့္ပါ

တစ္ခါတေလ အားနာၿပီးျပန္စကားေျပာတာမ်ိဳးေတြက သင့္ကိုသေဘာက်ေနတယ္လို႔ ယူဆလို႔မရပါဘူး။ ဒါေပမဲ့ သင့္အေပၚမွာ သူဘယ္ေလာက္ Respect ထားလဲဆိုတာကိုေတာ့ အကဲခတ္ႏိုင္ပါတယ္။ ဥပမာ သင့္ရဲ႕အကူအညီေတြကို လိႈက္လႈိက္လွဲလွဲအသိအမွတ္ျပဳတာ၊ သင္စကားသြားေျပာရင္ စိတ္ပါလက္ပါျပန္ေျပာတာ၊ သင့္ရဲ႕အႀကံဉာဏ္ကို ေလးေလးစားစားလက္ခံတာ ဒါဆိုရင္ သင့္ဘက္ကဖြင့္ေျပာလိုက္တာနဲ႔ သူ႔ဘက္က လက္ခံေခါင္းညိမ့္လာဖို႔ ၈၀ ရာခုိင္ႏႈန္းခန္႔ ေသခ်ာတယ္လို႔ ေျပာလို႔ရပါတယ္။

သင္သတိထားမိေအာင္ ေနေလ့ရွိသလားၾကည့္ပါ

မိန္းကေလးပဲျဖစ္ျဖစ္၊ ေယာက္်ားေလးပဲျဖစ္ျဖစ္ ကိုယ့္ကိုသေဘာက်ေနတဲ့သူေရွ႕မွာ ဟန္ေရးျပခ်င္တာ သဘာဝပါပဲ။ ဘာျဖစ္လို႔လဲဆိုေတာ့ တစ္ဖက္လူအာရံုစိုက္တာကို ခံခ်င္လို႔ပဲျဖစ္ပါတယ္။ အဲဒီေတာ့ တစ္ျခားသူငယ္ခ်င္းေတြထက္ သင့္ကိုပိုၿပီးစကားေျပာတာ၊ သင္သတိထားမိေအာင္ ဝတ္စားဆင္ယင္မႈကို ဂရုစိုက္ေလ့ရွိတာ၊ သင့္ေရွ႕မွာ အၿမဲတမ္းသြက္သြက္လက္လက္ရွိတာ ဒီလိုအခ်က္ေတြက သင့္အေပၚမွာ ဘယ္ေလာက္အာရံုထားတယ္ဆိုတာ ျပသတဲ့လကၡဏာပဲျဖစ္ပါတယ္။

MSI Z370 Gaming Pro Carbon

MSI Z370 Gaming Pro Carbon

ကိုယ္ေရးကိုယ္တာနဲ႔ပတ္သက္ၿပီးသင့္ကိုဘယ္ေလာက္အသိေပးလဲၾကည့္ပါ

တစ္ခ်ိဳ႕က ကိုယ္ေရးကိုယ္တာနဲ႔ပတ္သက္ၿပီး စပ္စုတာကိုမႀကိဳက္ၾကဘူး။ ဒါေပမဲ့ သူတို႔သေဘာက်တဲ့သူကိုေတာ့ ကိုယ္ေရးကိုယ္တာကိစၥေတြကို လိုလိုလားလားပဲ ေျပာျပေလ့ရွိပါတယ္။ မိသားစုအေၾကာင္း၊ က်န္းမာေရးအေၾကာင္း၊ ဝါသနာအေၾကာင္း၊ အရင္ရည္းစားေတြအေၾကာင္း စသျဖင့္ ပါစင္နယ္ကိစၥေတြကို တစ္ရင္းတစ္ႏွီးအသိေပးတာဟာ သင့္အေပၚမွာ ယံုၾကည္မႈအတိုင္းအတာတစ္ခုအထိရွိ တယ္ဆိုတဲ့ အခ်က္ပဲျဖစ္ပါတယ္။ ဒီလိုအေျခအေနေတြက သင့္အတြက္ ေကာင္းတဲ့လကၡဏာေတြျဖစ္လို႔ Crush နဲ႔အဆင္ေျပေအာင္ အျမန္ဆံုးႀကိဳးစားသင့္ပါတယ္လို႔ အႀကံျပဳပါတယ္။

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသုံးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမွ်သည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆိုက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန႔္ကြက္ပါသည္။ သို႔ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကိုျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသုံးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသုံးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

Crush က ကိုယ့်ကိုပြန်ပြီးသဘောကျနေလားဆိုတာ ဒီအချက်တွေနဲ့ ချိန်ကိုက်ကြည့်ရအောင်

Crush ဆိုတဲ့အမျိုးကလည်း နင်ငါ့ကိုချစ်နေတာကို ငါကြိုက်ပေမယ့် ငါ နင့်ကိုပြန်မကြိုက်နိုင်ဘူးဆိုတဲ့ဲ လောဂျစ်ကို လက်ကိုင်စွဲထားတဲ့အမျိုး။ ဘယ်သူမဆို ကိုယ်ချစ်တဲ့သူက ကိုယ့်ကိုယ်ပြန်ချစ်တာမျိုး လိုချင်ကြတာပဲ မဟုတ်လား။ အဲဒီတော့Crush ကို ထမင်းစားပြီးပြီလား၊ ဘာလုပ်နေလဲဆိုတဲ့ အဆင့်လေးနဲ့တင် ရပ်မနေဘဲ ရဲရဲဝံ့ဝံ့ဖွင့်ပြောလိုက်ပါလို့ အကြံပေးချင်ပါတယ်။ ကြိုက်ရင်ကြိုက်တယ် မကြိုက်ရင်မကြိုက်ဘူး ရှင်းရှင်းလင်းလင်းသိရတော့ ကိုယ့်အတွက် တစ်ခြားပြင်ဆင်ချိန်တွေရတယ်လို့ မြင်တယ်။ ဒါကြောင့် Crush က ကိုယ့်ကိုပြန်ပြီး သဘောကျလာအောင် ဒီနည်းလေးတွေ သုံးကြည့်လို့ရပါတယ်။ ရလဒ်ကောင်းတစ်ခုခုရနိုင်မယ်လို့ အာမခံပါတယ်။

Transcend Myanmar

Transcend Myanmar

Transcend Myanmar အကြောင်း အသေးစိတ်စုံစမ်းရန်

Body Language ကို အကဲခတ်ပါ

တကယ်လို့ Crush နဲ့ နီးနီးကပ်ကပ်အနေအထား ဒါမှမဟုတ် Crush က ကိုယ့်အနီးနားမှာရှိနေတဲ့ အချိန်မျိုးမှာ သူ့ရဲ့Body Language ကို အရင်ဆုံးအကဲခတ်ရပါမယ်။ သင့်ဘက်ကို လှည့်ထိုင်နေလား၊ သင်ကြည့်ရင် ပြန်ကြည့်သလား၊ ရှက်ကိုးရှက်ကန်းနဲ့ ဂဏာမငြိမ်ဖြစ်နေလား၊ မျက်မှန်တပ်ထားရင်လည်း မျက်မှန်ကွယ်ပြီး သင့်ဘက်ကို မသိမသာကြည့်တာမျိုးရှိလား၊ သင့်ရဲ့အနီးအနားမှာ အသံခပ်ကျယ်ကျယ်နဲ့ ရယ်တာမျိုးရှိသလား စတဲ့အချက်တွေကို ကြည့်ရပါမယ်။ ဒီလိုအပြုအမူတွေတွေ့ရရင် သင့်အတွက် ကောင်းတဲ့လက္ခဏာတွေဖြစ်လို့ အခွင့်အရေးကို လက်လွှတ်မခံသင့်ပါဘူး။

သင့်အပေါ်မှာ Respect ဘယ်လောက်ထားလဲ ကြည့်ပါ

တစ်ခါတလေ အားနာပြီးပြန်စကားပြောတာမျိုးတွေက သင့်ကိုသဘောကျနေတယ်လို့ ယူဆလို့မရပါဘူး။ ဒါပေမဲ့ သင့်အပေါ်မှာ သူဘယ်လောက် Respect ထားလဲဆိုတာကိုတော့ အကဲခတ်နိုင်ပါတယ်။ ဥပမာ သင့်ရဲ့အကူအညီတွေကို လှိုက်လှိုက်လှဲလှဲအသိအမှတ်ပြုတာ၊ သင်စကားသွားပြောရင် စိတ်ပါလက်ပါပြန်ပြောတာ၊ သင့်ရဲ့အကြံဉာဏ်ကို လေးလေးစားစားလက်ခံတာ ဒါဆိုရင် သင့်ဘက်ကဖွင့်ပြောလိုက်တာနဲ့ သူ့ဘက်က လက်ခံခေါင်းညိမ့်လာဖို့ ၈၀ ရာခိုင်နှုန်းခန့် သေချာတယ်လို့ ပြောလို့ရပါတယ်။

သင်သတိထားမိအောင် နေလေ့ရှိသလားကြည့်ပါ

မိန်းကလေးပဲဖြစ်ဖြစ်၊ ယောက်ျားလေးပဲဖြစ်ဖြစ် ကိုယ့်ကိုသဘောကျနေတဲ့သူရှေ့မှာ ဟန်ရေးပြချင်တာ သဘာဝပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ တစ်ဖက်လူအာရုံစိုက်တာကို ခံချင်လို့ပဲဖြစ်ပါတယ်။ အဲဒီတော့ တစ်ခြားသူငယ်ချင်းတွေထက် သင့်ကိုပိုပြီးစကားပြောတာ၊ သင်သတိထားမိအောင် ဝတ်စားဆင်ယင်မှုကို ဂရုစိုက်လေ့ရှိတာ၊ သင့်ရှေ့မှာ အမြဲတမ်းသွက်သွက်လက်လက်ရှိတာ ဒီလိုအချက်တွေက သင့်အပေါ်မှာ ဘယ်လောက်အာရုံထားတယ်ဆိုတာ ပြသတဲ့လက္ခဏာပဲဖြစ်ပါတယ်။

MSI Z370 Gaming Pro Carbon

MSI Z370 Gaming Pro Carbon

ကိုယ်ရေးကိုယ်တာနဲ့ပတ်သက်ပြီးသင့်ကိုဘယ်လောက်အသိပေးလဲကြည့်ပါ

တစ်ချို့က ကိုယ်ရေးကိုယ်တာနဲ့ပတ်သက်ပြီး စပ်စုတာကိုမကြိုက်ကြဘူး။ ဒါပေမဲ့ သူတို့သဘောကျတဲ့သူကိုတော့ ကိုယ်ရေးကိုယ်တာကိစ္စတွေကို လိုလိုလားလားပဲ ပြောပြလေ့ရှိပါတယ်။ မိသားစုအကြောင်း၊ ကျန်းမာရေးအကြောင်း၊ ဝါသနာအကြောင်း၊ အရင်ရည်းစားတွေအကြောင်း စသဖြင့် ပါစင်နယ်ကိစ္စတွေကို တစ်ရင်းတစ်နှီးအသိပေးတာဟာ သင့်အပေါ်မှာ ယုံကြည်မှုအတိုင်းအတာတစ်ခုအထိရှိ တယ်ဆိုတဲ့ အချက်ပဲဖြစ်ပါတယ်။ ဒီလိုအခြေအနေတွေက သင့်အတွက် ကောင်းတဲ့လက္ခဏာတွေဖြစ်လို့ Crush နဲ့အဆင်ပြေအောင် အမြန်ဆုံးကြိုးစားသင့်ပါတယ်လို့ အကြံပြုပါတယ်။

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။