Relationship တစ်ခုမှာ ရွှေလက်တွဲမြဲဖို့ဆိုတာက တစ်ဦးနဲ့တစ်ဦး ချစ်နေရုံတစ်ခုထဲ နဲ့မပြည့်စုံသေးပါဘူး။
လူတိုင်းကတော့ ကိုယ်တကယ်ချစ်တဲ့သူနဲ့ပဲ သက်ဆုံးတိုင် ပေါင်းဖက်ချင်ကြတာမှန်ပေမယ့် တကယ့်လက်တွေ့မှာတော့ သဘောထားချင်းမတိုက်ဆိုင်ပဲ လမ်းတစ်ဝက်မှာတင် ကျောခိုင်းလမ်းခွဲလိုက်ရတဲ့ချစ်သူစုံတွဲအရေအတွက်က ပိုများပါတယ် ။ အထူးသဖြင့် ချစ်သူသက်တမ်းကြာလာတာနဲ့အမျှ စုံတွဲတွေ မကြာခဏ စကားများ ရန်ဖြစ်နေရတဲ့အကြောင်းရင်းကတော့ တစ်ဦးနဲ့တစ်ဦး နားလည်မှုမရှိတာနဲ့ ပွင့်လင်းမှုတွေမရှိတာပါ။

လူတစ်ယောက်ကို တကယ်ချစ်တဲ့အခါ သူ့အပေါ် ကိုယ့်ရဲ့ စိတ်နေစိတ်ထား ၊ အပြုအမူတွေက ရိုးသားပွင့်လင်းနေဖို့တော့ လိုပါတယ်။ ဒီလိုမှမဟုတ်ရင် ချစ်သူဘ၀မှာသာမက အိမ်ထောင်သည်ဘ၀ရောက်ချိန်မှာပါ  အပျက်ပျက်နဲ့ နှာခေါင်းသွေးထွက်တဲ့ အဖြစ်မျိုးကြုံရပါလိမ့်မယ် ။ ချစ်သူရည်းစားဘ၀မှာထဲက ကိုယ့်ရဲ့ အားနည်းချက် ၊ အားသာချက်တွေ ၊ ကိုယ့်ရဲ့ဘ၀ရပ်တည်မှုတွေကို ပွင့်ပွင့်လင်းလင်း ပြောပြထားမှသာ နောင်တစ်ချိန်မှာ နောင်တရစရာမလိုသလို ချစ်သူရဲ့ ယုံကြည်မှုကိုလည်း ရရှိမှာဖြစ်ပါတယ်။

ကိုယ်က ကိစ္စအသေးအမွှားလေးတစ်ခုလို့ ထင်ပြီး ဖွင့်မပြောထားမိရာက တစ်နေ့နေ့မှာ အမှတ်မထင်ပဲ သူသိသွားပြီဆိုရင်တော့ နောက်ဆက်တွဲနေ့ရက်တွေမှာ သံသယတွေနဲ့သာ မကြာခဏစကားများရန်ဖြစ်ရတတ့်ပါတယ်။

ဒါကြောင့် ချစ်သူစုံတွဲတွေအိမ်ထောင်သည်တွေ အနေနဲ့ မိမိတို့ရဲ့ ချစ်သူ ၊ အိမ်ထောင်ဖက် အပေါ် ရိုးသားပြီး ပွင့်ပွင့်လင်းလင်းပြောဆိုနေထိုင်သင့်ပါတယ်နော်။ ချစ်သူစုံတွဲ ၊အိမ်ထောင်ရှင်တွေတိုင်း ရိုးမြေကျပျော်ပျော်ရွှင်ရွှင်နဲ့ ဖြတ်သန်းနိုင်ကြပါစေ။

Stella (Akhayar)

www.Akhayar.com