[Zawgyi]

တင္းတိတ္နဲ႕ အမဲစက္ေတြကုိ သဘာ၀နည္းလမ္းေလးေတြနဲ႕ Bye Bye လုပ္ႀကပါစုိ႕

လူတုိင္းအတြက္ ခႏၶာကိုယ္မွာ သိသာထင္ရွားတဲ့အစိတ္အပုိင္းက မ်က္ႏွာျဖစ္တာမုိ႕ မ်က္ႏွာအသားေရကုိ တျခားအစိတ္အပုိင္းေတြထက္ပုိၿပီး ဂရုစုိက္ေပးဖုိ႕ေတာ့လုိပါတယ္။ ခရီးထြက္ၿပီးျပန္လာတဲ့အခါ တခ်ိဳ႕က Beauty Saloon ေတြ ဒါမွမဟုတ္ ေခတ္မီအလွကုန္ေတြသုံးကာ မ်က္ႏွာမွာ ထြက္ေပၚလာတဲ့ ေနေလာင္ကြက္ ၊ တင္းတိတ္ နဲ႕ မွဲ႕ေျခာက္ေတြကုိ ျပန္လည္ျပဳျပင္ထိန္းသိမ္းမႈေတြလုပ္ေလ့ရွိၾကပါတယ္။ ေနေလာင္ဒဏ္ခံထားရတဲ့ အသားအေရကုိ ပုိက္ဆံမကုန္ဘဲ သဘာ၀နည္းနဲ႕ ကုသလုိ႕ရတဲ့ အိမ္တြင္းကုထုံးေလးေတြရွိတယ္ဆုိတာ ပရိသတ္ေတြအတြက္ ေဖာ္ျပေပးခ်င္ပါတယ္ေနာ္။

(၁) ေရွာက္သီး (ဒါမွမဟုတ္) သံပရုိသီးကုိ အသုံးျပဳလုိ႕ရပါတယ္။ ေရွာက္သီးမွာ အသားေရကုိ ျဖဴေအာင္ ေခ်းခၽြတ္ေပးႏုိင္တဲ့ Citric Acid ပါ၀င္တာမုိ႕ ပရိသတ္ေတြအတြက္ ဒီနည္းလမ္းေလးက အသုံး၀င္မွာပါ။ အသုံးျပဳပုံကေတာ့ ေရွာက္သီးကုိ ညွစ္ၿပီး ရလာတဲ့ အရည္ကုိ ႏူးညံ့တဲ့ အ၀တ္စေလးတစ္ခု နဲ႕ မ်က္ႏွာေပၚကုိ တုိ႕ေပးပါ။ တစ္ပတ္ကုိ (၃)- (၄)ႀကိမ္ခန္႕ ပုံမွန္ေလး လုပ္ေပးမယ္ဆုိရင္ေတာ့ မ်က္ႏွာေပၚမွာရွိတဲ့တင္းတိတ္နဲ႕ ေနေလာင္ကြက္ေတြ သိသိသာသာေပ်ာက္ကင္းသြားပါလိမ့္မယ္ေနာ္။

(၂) ၾကက္သြန္နီနဲ႕ မ်က္ႏွာအသားေရထိန္းသိမ္းရမယ္ဆုိရင္ အံ့ၾသသြားမလား. ေနေလာင္ကြက္ေတြအတြက္ ၾကက္သြန္နီက တကယ္ကုိ ထိေရာက္တဲ့ အိမ္တြင္းကုထုံးတစ္ခုပါ။ ပ်ားရည္ ႏွစ္ဆနဲ႕ လွီးထားတဲ့ ၾကက္သြန္နီကုိ တစ္ဆ ေရာစပ္ၿပီး ေရခဲေသတၱာထဲကုိ ထည့္ထားပါ။အခ်ိန္အတုိင္းတာတစ္ခုထိ ထားၿပီးရင္ေတာ့ အဲ့ဒါနဲ႕ မ်က္ႏွာအသားအေရေပၚ မလိမ္းခင္မွာ ခႏၶာကုိယ္ေပၚမွာရွိတဲ့ အမဲစက္ေတြကုိ(၁၅)မိနစ္ခန္႕ အရင္ဆုံးလိမ္းႏုိင္ပါတယ္။ ဒီနည္းေလးကုိေတာ့ တစ္ပတ္ကုိ ႏွစ္ႀကိမ္ထိ လုပ္ႏုိင္ပါတယ္ေနာ္။

(၃) ခရမ္းခ်ဥ္သီး ကုိ အသုံးၿပဳႏုိင္တဲ့နည္းလမ္းေလးကုိလည္း ေဖာ္ျပေပးခ်င္ပါတယ္။ ခရမ္းခ်ဥ္သီးဟာ အသားအေရကုိ ျဖဴ၀င္းေစႏုိင္တဲ့ ဓာတ္တစ္မ်ိဳးပါ၀င္တာေႀကာင့္ ေတာင္ကုိရီးယားႏုိင္ငံမွာေတာင္ ခရမ္းခ်ဥ္သီးကုိ အေျခခံၿပီး ထုတ္လုပ္ထားတဲ့ နာမည္ႀကီး အလွကုန္ေတြရွိေနတာပါ။ အသီးအနွံေတြထဲမွာ အစြမ္းထက္တဲ့ခရမ္းခ်ဥ္သီးအစြမ္းကုိေတာ့ လ်စ္လ်ဳရႈထားလုိ႕ေတာ့မရပါဘူးေနာ္။ ပါးပါးလွီးထားတဲ့ ခရမ္းခ်ဥ္သီးေတြနဲ႕ မ်က္ႏွာေပၚက အမဲစက္ေတြရွိရာ သုတ္လိမ္းထားၿပီး (၁၀)မိနစ္ေလာက္ေတာ့ ထားေပးရမွာျဖစ္ၿပီး တစ္ပတ္ကုိ (၃)-(၄)ႀကိမ္ေလာက္လုပ္ေပးလုိ႕ရပါတယ္။

(၄) သဘာ၀ေဆးဖက္၀င္တဲ့ အဆီအနွစ္ေတြထဲမွာ မက္မန္းသီးမ်ဳိးႏြယ္၀င္ မက္မြန္းသီးကေနတစ္ဆင့္ရလာတဲ့ အဆီကလည္း ေနေလာင္ကြက္ေတြနဲ႕ တင္းတိတ္အမဲစက္ေတြကုိ ကုသလုိ႕ရပါတယ္။ မက္မြန္သီးအဆီမွာ Vitamins A ၊ B2 ၊ B6 ၊ D နဲ႕ E အျပင္ အံ့အားသင့္ဖြယ္အစြမ္းသတိၱေတြပါ၀င္ေနတာမုိ႕ မ်က္နွာေပၚမွာျဖစ္ေစ လက္ေပၚမွာျဖစ္ေစ အမဲစက္ေတြရွိရာကုိ အစက္ေလးႏွစ္စက္ခ်ကာ Lotion လုိပဲ လိမ္းလုိ႕ရပါတယ္။ ဒါေပမယ့္ ေရမေဆးခ်ပဲည အိပ္ရာ၀င္လုိက္ပါ။ အိပ္ရာမ၀င္ခင္ ညတုိင္း ပံုမွန္လိမ္းေပးမယ္ဆုိရင္ေတာ့ တကယ့္ကုိ အစြမ္းျပလာမွာေသခ်ာပါတယ္။

(၅) ဒီနည္းလမ္းေလးကေတာ့ လူတုိင္းသိၿပီးသား အိမ္တြင္းကုထုံးေလးျဖစ္မွာပါ။  ဒိန္ခ်ဥ္ ၊ ႏြားႏုိ႕ စတဲ့ ႏုိ႕ထြက္ပစၥည္းေတြဟာ အသားအေရအတြက္ ဘယ္ေလာက္ထိအေထာက္ျပဳလဲဆုိရင္ သဘာ၀ႏြားႏုိ႕နဲ႕ ထုတ္လုပ္ထားတဲ့ အလွကုန္ပစၥည္းေတြကုိၾကည့္တာနဲ႕ သိႏုိင္ပါတယ္။ အ၀တ္စေလးကုိ ေထာပတ္ထဲ ႏွစ္ၿပီးရင္ အဲ့ဒီအ၀တ္စေလးနဲ႕ မ်က္ႏွာကုိ သုတ္လိမ္းၿပီး မိနစ္ႏွစ္ဆယ္ခန္႕ထားေပးသင့္ပါတယ္။ ဒါ့ျပင္ ဒိန္ခ်ဥ္ကုိလည္း အလားတူ ေနေလာင္ကြက္ေတြရွိရာ ေန႕တုိင္းလိမ္းေပးမယ္ဆုိရင္ေတာ့ သိသိသာသာျဖဴ၀င္းလာမွာေသခ်ာပါတယ္ေနာ္။ အခုေဖာ္ျပေပးထားတဲ့ သဘာ၀ကုထုံးေလးေတြက လြယ္ကူရုိးရွင္းၿပီး ေငြကုန္ေၾကးက်လည္း မမ်ားတာမုိ႕ အခုပဲ အိမ္မွာ အျမန္ဆုံးလုပ္ၾကည့္ဖုိ႕ေမွ်ာ္လင့္ပါတယ္။

Stella(AKhayar)

www.Akhayar.com

 

[Unicode]

တင်းတိတ်နဲ့ အမဲစက်တွေကို သဘာဝနည်းလမ်းလေးတွေနဲ့ Bye Bye လုပ်ကြပါစို့

လူတိုင်းအတွက် ခန္ဓာကိုယ်မှာ သိသာထင်ရှားတဲ့အစိတ်အပိုင်းက မျက်နှာဖြစ်တာမို့ မျက်နှာအသားရေကို တခြားအစိတ်အပိုင်းတွေထက်ပိုပြီး ဂရုစိုက်ပေးဖို့တော့လိုပါတယ်။ ခရီးထွက်ပြီးပြန်လာတဲ့အခါ တချို့က Beauty Saloon တွေ ဒါမှမဟုတ် ခေတ်မီအလှကုန်တွေသုံးကာ မျက်နှာမှာ ထွက်ပေါ်လာတဲ့ နေလောင်ကွက် ၊ တင်းတိတ် နဲ့ မှဲ့ခြောက်တွေကို ပြန်လည်ပြုပြင်ထိန်းသိမ်းမှုတွေလုပ်လေ့ရှိကြပါတယ်။ နေလောင်ဒဏ်ခံထားရတဲ့ အသားအရေကို ပိုက်ဆံမကုန်ဘဲ သဘာဝနည်းနဲ့ ကုသလို့ရတဲ့ အိမ်တွင်းကုထုံးလေးတွေရှိတယ်ဆိုတာ ပရိသတ်တွေအတွက် ဖော်ပြပေးချင်ပါတယ်နော်။

(၁) ရှောက်သီး (ဒါမှမဟုတ်) သံပရိုသီးကို အသုံးပြုလို့ရပါတယ်။ ရှောက်သီးမှာ အသားရေကို ဖြူအောင် ချေးချွတ်ပေးနိုင်တဲ့ Citric Acid ပါဝင်တာမို့ ပရိသတ်   တွေအတွက် ဒီနည်းလမ်းလေးက အသုံးဝင်မှာပါ။  အသုံးပြုပုံကတော့ ရှောက်သီးကိုညှစ်ပြီး ရလာတဲ့ အရည်ကို နူးညံ့တဲ့အဝတ်စလေးတစ်ခု နဲ့ မျက်နှာပေါ်ကို တို့ပေးပါ။  တစ်ပတ်ကို (၃)- (၄)ကြိမ်ခန့် ပုံမှန်လေး လုပ်ပေးမယ်ဆိုရင်တော့ မျက်နှာေပေါ်မှာရှိတဲ့တင်းတိတ်နဲ့ နေလောင်ကွက်တွေ သိသိသာသာပျောက်ကင်းသွားပါလိမ့်မယ်နော်။

(၂) ကြက်သွန်နီနဲ့ မျက်နှာအသားရေထိန်းသိမ်းရမယ်ဆိုရင် အံ့သြသွားမလား. နေလောင်ကွက်တွေအတွက် ကြက်သွန်နီက တကယ်ကို ထိရောက်တဲ့ အိမ်တွင်းကုထုံးတစ်ခုပါ။ ပျားရည် နှစ်ဆနဲ့ လှီးထားတဲ့ ကြက်သွန်နီကို တစ်ဆ ရောစပ်ပြီး ရေခဲသေတ္တာထဲကို ထည့်ထားပါ။အချိန်အတိုင်းတာတစ်ခုထိ ထားပြီးရင်တော့ အဲ့ဒါနဲ့ မျက်နှာအသားအရေပေါ် မလိမ်းခင်မှာ ခန္ဓာကိုယ်ပေါ်မှာရှိတဲ့ အမဲစက်တွေကို(၁၅)မိနစ်ခန့် အရင်ဆုံးလိမ်းနိုင်ပါတယ်။ ဒီနည်းလေးကိုတော့ တစ်ပတ်ကို နှစ်ကြိမ်ထိ လုပ်နိုင်ပါတယ်နော်။

(၃) ခရမ်းချဉ်သီး ကို အသုံးပြုနိုင်တဲ့နည်းလမ်းလေးကိုလည်း ဖော်ပြပေးချင်ပါတယ်။ ခရမ်းချဉ်သီးဟာ အသားအရေကို ဖြူဝင်းစေနိုင်တဲ့ ဓာတ်တစ်မျိုးပါဝင်တာကြောင့် တောင်ကိုရီးယားနိုင်ငံမှာတောင် ခရမ်းချဉ်သီးကို အခြေခံပြီး ထုတ်လုပ်ထားတဲ့ နာမည်ကြီး အလှကုန်တွေရှိနေတာပါ။ အသီးအနှံတွေထဲမှာ အစွမ်းထက်တဲ့ခရမ်းချဉ်သီးအစွမ်းကိုတော့ လျစ်လျုရှုထားလို့တော့မရပါဘူးနော်။ ပါးပါးလှီးထားတဲ့ ခရမ်းချဉ်သီးတွေနဲ့ မျက်နှာပေါ်က အမဲစက်တွေရှိရာ သုတ်လိမ်းထားပြီး (၁၀)မိနစ်လောက်တော့ ထားပေးရမှာဖြစ်ပြီး တစ်ပတ်ကို (၃)-(၄)ကြိမ်လောက်လုပ်ပေးလို့ရပါတယ်။

(၄) သဘာဝဆေးဖက်ဝင်တဲ့ အဆီအနှစ်တွေထဲမှာ မက်မန်းသီးမျိုးနွယ်ဝင် မက်မွန်းသီးကနေတစ်ဆင့်ရလာတဲ့ အဆီကလည်း နေလောင်ကွက်တွေနဲ့ တင်းတိတ်အမဲစက်တွေကို ကုသလို့ရပါတယ်။ မက်မွန်သီးအဆီမှာ Vitamins A ၊ B2 ၊ B6 ၊ D နဲ့ E အပြင် အံ့အားသင့်ဖွယ်အစွမ်းသတ္တိတွေပါဝင်နေတာမို့ မျက်နှာပေါ်မှာဖြစ်စေ လက်ပေါ်မှာဖြစ်စေ အမဲစက်တွေရှိရာကို အစက်လေးနှစ်စက်ချကာ Lotion လိုပဲ လိမ်းလို့ရပါတယ်။ ဒါပေမယ့် ရေမဆေးချပဲည အိပ်ရာဝင်လိုက်ပါ။ အိပ်ရာမဝင်ခင် ညတိုင်း ပုံမှန်လိမ်းပေးမယ်ဆိုရင်တော့ တကယ့်ကို အစွမ်းပြလာမှာသေချာပါတယ်။

(၅) ဒီနည်းလမ်းလေးကတော့ လူတိုင်းသိပြီးသား အိမ်တွင်းကုထုံးလေးဖြစ်မှာပါ။ ဒိန်ချဉ် ၊ နွားနို့ စတဲ့ နို့ထွက်ပစ္စည်းတွေဟာ အသားအရေအတွက် ဘယ်လောက်ထိအထောက်ပြုလဲဆိုရင် သဘာဝနွားနို့နဲ့ ထုတ်လုပ်ထားတဲ့ အလှကုန်ပစ္စည်းတွေကိုကြည့်တာနဲ့ သိနိုင်ပါတယ်။ အဝတ်စလေးကို ထောပတ်ထဲ နှစ်ပြီးရင် အဲ့ဒီအဝတ်စလေးနဲ့ မျက်နှာကို သုတ်လိမ်းပြီး မိနစ်နှစ်ဆယ်ခန့်ထားပေးသင့်ပါတယ်။ဒါ့ပြင် ဒိန်ချဉ်ကိုလည်း အလားတူ နေလောင်ကွက်တွေရှိရာ နေ့တိုင်းလိမ်းပေးမယ်ဆိုရင်တော့ သိသိသာသာဖြူဝင်းလာမှာသေချာပါတယ်နော်။ အခုဖော်ပြပေးထားတဲ့ သဘာဝကုထုံးလေးတွေက လွယ်ကူရိုးရှင်းပြီး ငွေကုန်ကြေးကျလည်း မများတာမို့ အခုပဲ အိမ်မှာ အမြန်ဆုံးလုပ်ကြည့်ဖို့မျှော်လင့်ပါတယ်။

Stella(AKhayar)

www.Akhayar.com