[ZawGyi]

ေစ်းၾကီးတဲ႔ ကမၻာေက်ာ္ Brand ေတြကိုအတုအစစ္ခြဲနည္းမ်ား

ကမၻာေက်ာ္ Brand ၾကီးေတြကို ေစ်းၾကီးေပးဝယ္ထားျပီး အတုမိတာ ဂ်င္းမိတာမ်ိဳးမျဖစ္ရေလေအာင္ အတုနဲ႔အစစ္ကြဲျပားေနတဲ႔အခ်က္ေတြနဲ႔ အစစ္ရဲ႕ဝိေသသလကၡဏာေတြကို စုစည္းေဖာ္ျပေပးလိုက္ပါတယ္ေနာ္။
ကုန္ပစၥည္းအစစ္အတုဆိုတာ ထုပ္ပိုးပံုခ်င္းတူႏိုင္ေပမယ္႔ အဖြင္႔ အပိတ္လုပ္ၾကည္႔ရင္ ကြဲျပားတဲ႔အခ်က္ကိုေတြ႔ရႏိုင္ပါတယ္။ ပစၥည္းအစစ္ေတြဟာအေသးစိတ္ သပ္ရပ္ေအာင္ျပဳလုပ္ထားတာမို႔ ဘူးကိုအဖြင္႔အပိတ္လုပ္ခ်ိန္မွာ ကလစ္ဆုိတဲ႔အသံေလးရွိေနျပီး အတုေတြကေတာ႔ အသံက်ီက်ီထြက္ေနတတ္တာမ်ိဳးရွိတာမို႔ ဘယ္ပစၥည္းပဲစစ္စစ္ ဒီအခ်က္ကိုလည္းသတိထားၾကည္႔ႏိုင္ပါတယ္။

Levi’s jeans

ဒီအခ်က္ေတြကို စစ္ေဆးၾကည္႔ပါ

ဒီအခ်က္ေတြကို စစ္ေဆးၾကည္႔ပါ

ဂ်င္းေဘာင္းဘီရဲ႕ေနာက္ဘက္အိတ္ကပ္ေပၚကမ်ဥ္းေကြးသ႑ာန္ခ်ဳပ္ရိုးဟာ အားလံုးလိုလို တစ္ပံုစံတည္းခ်ဳပ္ထားေလ႔ရွိပါတယ္။ တခ်ိဳ႕ေသာ ဒီဇိုင္းေတြေလာက္ပဲ နည္းနည္းကြဲျပားပါတယ္။ သူ႔ရဲ႕တံဆိပ္ကိုလည္း အျမဲတမ္းစာလံုးေသး” e ” နဲ႔ေရးေလ႔ရွိပါတယ္။ တကယ္လုိ႔မ်ား စာလံုးၾကီး “E” နဲ႔ေရးထားခဲ႔ရင္ ဒါဟာအတုျဖစ္ႏိုင္ပါတယ္။ ေဘာင္းဘီၾကယ္သီးေတြဟာ သတၱဳနဲ႔ျပဳလုပ္ထားတာျဖစ္ျပီး သူတို႔ရဲ႕တံဆိပ္နဲ႔ ထုတ္ကုန္အမွတ္စဥ္ကို ထြင္းထားေလ႔ရွိပါတယ္။ ၾကယ္သီးအပိုေတြကို Copper နဲ႔ျပဳလုပ္ထားျပီး ေၾကြရည္သုတ္ထားပါတယ္။ ၾကယ္သီးအတြင္းနဲ႔အျပင္မွာ ထုတ္လုပ္တဲ႔အမွတ္စဥ္ေရးထြင္းထားပါတယ္။ ေဘာင္းဘီရဲ႕ေနာက္ဘက္အမွတ္တံဆိပ္ျပားေပၚမွာပါတဲ႔ Serial Number နဲ႔ ခါးပတ္ေနရာအတြင္းပိုင္းမွာပါတဲ႔ နံပါတ္တူရမွာျဖစ္ပါတယ္။

Lacoste polo

မိေခ်ာင္းပံုမွာတင္ ခြဲျခားသိႏိုင္ပါတယ္

မိေခ်ာင္းပံုမွာတင္ ခြဲျခားသိႏိုင္ပါတယ္

အက်ီၾကယ္သီးေတြဟာ ကမာနဲ႔ျပဳလုပ္ထားတာမို႔ အေရာင္ေျပးေလးေတြျဖစ္ပါတယ္။ ၾကယ္သီးျပားျပားေလးျဖစ္ျပီး အထက္ေအာက္ ၾကယ္သီးေပါက္ႏွစ္ေပါက္သာပါပါတယ္။ ၾကယ္သီးေပၚမွာဘာမွေရးသားထားျခင္းမရွိပါဘူး။ Lacoste polo ရဲ႕အမွတ္တံဆိပ္ျဖစ္တဲ႔ အစိမ္းေရာင္မိေက်ာင္းပံုဟာ ထင္ထင္ရွားရွားရွိပါတယ္။ လွ်ာနဲ႔ သြားေတြဟာ ထင္ရွားျပီး ခႏၶာကိုယ္ေကာက္ေၾကာင္းဟာလည္း ထင္းပါတယ္။ ဒီတံဆိပ္ကို သီးျခားခ်ဳပ္လုပ္ျပီးမွ အက်ီမွာျပန္ခ်ဳပ္ထားတာပါ။ အတုေတြမွာေတာ႔ ေဖ်ာ႔ေတာ႔ေတာ႔သာရွိျပီး အျမီးေထာင္ေနတတ္ပါတယ္။ အစစ္မွာေတာ႔ မိေက်ာင္းဟာ ေအာက္ၾကယ္သီးရဲ႕ မနီးမေဝးမွာရွိေနတာပါ။ အတုေတြမွာေတာ႔ တံဆိပ္ကိုေအာက္ဆံုးၾကယ္သီးနဲ႔ တစ္တန္းတည္းရွိေနတတ္ပါတယ္။

Victoria’s Secret bathing suit

အသားႏွစ္ထပ္နဲ႔ Size ေတြကို စစ္ေဆးၾကည္႔ပါ

အသားႏွစ္ထပ္နဲ႔ Size ေတြကို စစ္ေဆးၾကည္႔ပါ

VS ေရကူးဝတ္စံုေတြတိုင္းဟာ အသားကိုႏွစ္ထပ္ခ်ဳပ္ထားတာပါ။ Size ကိုသတ္မွတ္ရာမွာလည္း XS, S, M, L, XL ဆိုျပီးေရးေလ႔ရွိပါတယ္။ အတုေတြကေတာ႔ S, M , L ဆိုျပီး ၃ မ်ိဳးပဲလာတာကိုေတြ႔ရမွာပါ။ အတြင္းခံဘရာနဲ႔တူတဲ႔ေရကူးဝတ္စံုအစစ္ေတြမွာေတာ႔ ပံုမွန္ဘရာကိုသတ္မွတ္သလိုပဲ Size ေတြကို 34А, 34В စသျဖင္႔ သတ္မွတ္ပါတယ္။ အတြင္းက Tag ဟာ အျဖဴ ၊ အမည္း ၊ ပန္းေရာင္နဲ႔ အၾကည္ေလး ပဲသံုးေလ႔ရွိျပီး ထုတ္လုပ္တဲ႔ႏိုင္ငံကေတာ႔ တရုတ္နဲ႔ သီရိလကၤာပဲျဖစ္ပါတယ္။

Rolex watch

နာရီဒိုင္ခြက္နဲ႔ေက်ာဘက္ကိုၾကည္႔ပါ

နာရီဒိုင္ခြက္နဲ႔ေက်ာဘက္ကိုၾကည္႔ပါ

နာရီအစစ္ရဲ႕မ်က္ႏွာျပင္ဟာ ျပာလဲ႔လဲ႔ရွိေနမွာျဖစ္ပါတယ္။ ေရစက္ေလးကိုမွန္ေပၚခ်ၾကည္႔ရင္ ေရစက္ေလးဟာ အလံုးလိုက္ေလးတင္ေနတာေတြ႔ရမွာပါ။ ျပကၡဒိန္ျပတဲ႔ခြက္ေလးဟာ အနည္းငယ္ၾကြတက္ေနတတ္ပါတယ္။ ပံုမွန္အားျဖင္႔နံပါတ္ ၆ ေနရာမွာ သရဖူပံုေလးပါေလ႔ရွိပါတယ္။ တခ်ိဳ႕ေသာနာရီဒီဇိုင္းေတြမွာေတာ႔ ကြဲျပားႏိုင္ပါတယ္။ နာရီအစစ္ဟာ အတင္းအနားကပ္နားေထာင္ရင္ေတာင္ စက္သံၾကားရမွာ မဟုတ္ပါဘူး။ နာရီေက်ာဘက္မွာေတာ႔ သူ႔ရဲ႕အသားတံဆိပ္နဲ႔ ထုတ္လုပ္စဥ္နံပါတ္ကိုထြင္းထားတာေတြ႔ရမွာပါ။

Ray-Ban glasses

နာရီဘူးနဲ႔မွန္ေပၚကို စစ္ေဆးပါ

နာရီဘူးနဲ႔မွန္ေပၚကို စစ္ေဆးပါ

မ်က္မွန္ဘူးကို လည္သာနဲ႔ျပဳလုပ္ထားျပီး ၾကယ္သီးေပၚမွာ Ray-Ban ဆိုတဲ႔စာလံုးကိုထြင္းထားတာေတြ႔ရမွာပါ။ ၾကယ္သီးရဲ႕ဘယ္ဘက္မွာေတာ႔ တံဆိပ္ေခါင္းအမွတ္အသားကိုေတြ႔ရမွာျဖစ္ပါတယ္။ မ်က္မွန္အိတ္ေရွ႕မ်က္ႏွာျပင္ဟာ အနည္းငယ္ရွတတရွိျပီး ေက်ာဘက္ကေတာ႔ ႏူးည႔ံပါတယ္။ အတြင္းမွာေတာ႔ အနက္ေရာင္ ကတၱီပါအထူသားပါဝင္ပါတယ္။

ဘယ္ဘက္မွန္သားေပၚမွာ RB လို႔လက္ေရးစာလံုးထြင္းထားျပီး ညာဘက္မွန္မွာေတာ႔ ေလဆာနဲ႔တံဆိပ္ထြင္းထားပါတယ္။ ဘယ္ဘက္မွန္ကိုင္းေပၚမွာ RB နဲ႔စတဲ႔ထုတ္လုပ္စဥ္ေန႔စြဲ ေရးထားျပီး မ်က္မွန္အေရာင္၊ ခ်ဳ႕ံႏိုင္ခ်ဲ႕ႏိုင္တဲ႔အေနအထား၊ မွန္ရဲ႕အတိုင္းအတာနဲ႔ ႏွာရိုးအက်ယ္ကိုေဖာ္ျပထားပါတယ္။ ညာဘက္ကိုင္းမွာေတာ႔ ထုတ္လုပ္တဲ႔ကုမၸဏီ European standards ျဖစ္ေၾကာင္း တံဆိပ္ပါပါတယ္။

Converse sneakers

All Star Converse Sneakers

All Star Converse Sneakers

ဖိနပ္ရဲ႕ေအာက္ခံ Sole ဟာ အနည္းဆံုး ၁.၁၈ လက္မအျမင္႔ရွိပါတယ္။ ေျခဖေနာင္႔မွာ ALL STAR လို႔ပါပါတယ္။ All Star ဆိုတဲ႔ စာလံုးအလယ္မွာ ၾကယ္ပံုပါျပီး R ေနရာမွာ ၾကယ္ပံု ကြန္႔လိုက္တာမ်ိဳးလည္း ရွိပါတယ္။ ဖိနပ္ၾကိဳးပါတစ္ပါတည္း တပ္ဆင္ျပီးသားေရာင္းပါတယ္။ ဖိနပ္လွ်ာထဲမွာ စေတကာပါျပီး ဖိနပ္ရဲ႕အခ်က္အလက္ေတြနဲ႔ ထုတ္ကုန္ပစၥည္းအမွတ္စဥ္ပါဝင္ပါတယ္။ Serical Number ဟာ ဂဏန္းေျခာက္လံုးပါဝင္ေလ႔ရွိပါတယ္။ ဒီစေတကာအထက္နားေလာက္မွာ ခ်ဳပ္ရိုးေၾကာင္းႏွစ္ေၾကာင္းပါရွိပါတယ္။

Air Max sports shoes

Air Chamber နဲ႔ ဖိနပ္လွ်ာကိုစစ္ေဆးပါ

Air Chamber နဲ႔ ဖိနပ္လွ်ာကိုစစ္ေဆးပါ

Air Chamber ဟာ ဖိနပ္ေအာက္ဘက္မွ ပလတ္စတစ္အၾကည္နဲ႔ရွိေနပါတယ္။ အတုေတြမွာေတာ႔ ဒီပလတ္စတစ္ေအာက္မွာ ေလမထည္႔သြင္းထားပါဘူး။ ဒီပလတ္စတစ္ကို ႏွိပ္ၾကည္႔မယ္ဆိုရင္ အစစ္က နည္းနည္းေလးဖိရခက္ျပီး ခ်က္ခ်င္းဆုိသလို နဂိုအေနအထားျပန္ရသြားတတ္ပါတယ္။ ဖိနပ္လွ်ာမွာပါတဲ႔ တံဆိပ္ျပားဟာ အပူနဲ႔ဖိကပ္ထားတာမုိ႔ ခ်ဳပ္ရိုးေတြ႔ရမွာမဟုတ္ပါဘူး။ Serical Number ဟာ Code ၆ လံုးပါဝင္ျပီး ေနာက္သံုးလံုးဟာ Color Coding ျဖစ္ပါတယ္။ ဖိနပ္ Sole ျပားဟာ ေကာ္အေကာင္းစားနဲ႔ျပဳလုပ္ထားျပီး ေရွ႕ဘက္မွာေယာင္ေယာင္ေလးပါးသြားပါတယ္။

Christian Louboutin shoes

Christian Louboutin shoes

Christian Louboutin shoes

Christian Louboutin ဖိနပ္ေတြတိုင္းဟာ ေနာက္ေဒါက္နဲ႔ေရွ႕ဖေနာင္႔ ေရျပင္ညီခ်ထားတာျဖစ္ပါတယ္။ ေျခဖေနာင္႔ဖ်ားဟာ ေျမျပင္နဲ႔အျမဲတြယ္ကုပ္မိေနမွာပါ။ ဖိနပ္ရဲ႕ေဒါက္ကလည္း အရမ္းၾကီးမျမင္႔ဘဲ စီးရတာသက္ေသာင္႔သက္သာရွိပါတယ္။ ဒီအခ်က္က Christian Louboutin ရဲ႕ဝိေသသလုိ႔ဆုိႏိုင္ပါတယ္။ ဖိနပ္အသားဟာ ေရွ႕ျခမ္းေရာဖေနာင္႔ျခမ္းေရာ ထပ္တူညီေအာင္ျပဳလုပ္ထားပါတယ္။ ဖိနပ္ေအာက္ခံ Sole ဟာ အျမဲတမ္းအနီေရာင္ပဲျဖစ္ပါတယ္။ ဒီအေပၚမွာ “Christian Louboutin,“ ”Made in Italy,“ ဆိုတဲ႔စာသားနဲ႔ Size ေတြကို ထြင္းထားပါတယ္။

အခရာပရိသတ္ၾကီး Quality Brand ေတြနဲ႔ပတ္သက္ရင္ဆရာၾကီးတစ္ဆူ ျဖစ္ပါေစသား။

Ref# www.brightside.me

ဂ်ဴဂ်ဴး(အခရာ)

www.akhayar.com
[Unicode]

ဈေးကြီးတဲ့ ကမ္ဘာကျော် Brand တွေကိုအတုအစစ်ခွဲနည်းများ

ကမ္ဘာကျော် Brand ကြီးတွေကို ဈေးကြီးပေးဝယ်ထားပြီး အတုမိတာ ဂျင်းမိတာမျိုးမဖြစ်ရလေအောင် အတုနဲ့အစစ်ကွဲပြားနေတဲ့အချက်တွေနဲ့ အစစ်ရဲ့ဝိသေသလက္ခဏာတွေကို စုစည်းဖော်ပြပေးလိုက်ပါတယ်နော်။
ကုန်ပစ္စည်းအစစ်အတုဆိုတာ ထုပ်ပိုးပုံချင်းတူနိုင်ပေမယ့် အဖွင့် အပိတ်လုပ်ကြည့်ရင် ကွဲပြားတဲ့အချက်ကိုတွေ့ရနိုင်ပါတယ်။ ပစ္စည်းအစစ်တွေဟာအသေးစိတ် သပ်ရပ်အောင်ပြုလုပ်ထားတာမို့ ဘူးကိုအဖွင့်အပိတ်လုပ်ချိန်မှာ ကလစ်ဆိုတဲ့အသံလေးရှိနေပြီး အတုတွေကတော့ အသံကျီကျီထွက်နေတတ်တာမျိုးရှိတာမို့ ဘယ်ပစ္စည်းပဲစစ်စစ် ဒီအချက်ကိုလည်းသတိထားကြည့်နိုင်ပါတယ်။

Levi’s jeans

ဒီအချက်တွေကို စစ်ဆေးကြည့်ပါ

ဒီအချက်တွေကို စစ်ဆေးကြည့်ပါ

ဂျင်းဘောင်းဘီရဲ့နောက်ဘက်အိတ်ကပ်ပေါ်ကမျဉ်းကွေးသဏ္ဍာန်ချုပ်ရိုးဟာ အားလုံးလိုလို တစ်ပုံစံတည်းချုပ်ထားလေ့ရှိပါတယ်။ တချို့သော ဒီဇိုင်းတွေလောက်ပဲ နည်းနည်းကွဲပြားပါတယ်။ သူ့ရဲ့တံဆိပ်ကိုလည်း အမြဲတမ်းစာလုံးသေး” e ” နဲ့ရေးလေ့ရှိပါတယ်။ တကယ်လို့များ စာလုံးကြီး “E” နဲ့ရေးထားခဲ့ရင် ဒါဟာအတုဖြစ်နိုင်ပါတယ်။ ဘောင်းဘီကြယ်သီးတွေဟာ သတ္တုနဲ့ပြုလုပ်ထားတာဖြစ်ပြီး သူတို့ရဲ့တံဆိပ်နဲ့ ထုတ်ကုန်အမှတ်စဉ်ကို ထွင်းထားလေ့ရှိပါတယ်။ ကြယ်သီးအပိုတွေကို Copper နဲ့ပြုလုပ်ထားပြီး ကြွေရည်သုတ်ထားပါတယ်။ ကြယ်သီးအတွင်းနဲ့အပြင်မှာ ထုတ်လုပ်တဲ့အမှတ်စဉ်ရေးထွင်းထားပါတယ်။ ဘောင်းဘီရဲ့နောက်ဘက်အမှတ်တံဆိပ်ပြားပေါ်မှာပါတဲ့ Serial Number နဲ့ ခါးပတ်နေရာအတွင်းပိုင်းမှာပါတဲ့ နံပါတ်တူရမှာဖြစ်ပါတယ်။

Lacoste polo

မိချောင်းပုံမှာတင် ခွဲခြားသိနိုင်ပါတယ်

မိချောင်းပုံမှာတင် ခွဲခြားသိနိုင်ပါတယ်

အကျီကြယ်သီးတွေဟာ ကမာနဲ့ပြုလုပ်ထားတာမို့ အရောင်ပြေးလေးတွေဖြစ်ပါတယ်။ ကြယ်သီးပြားပြားလေးဖြစ်ပြီး အထက်အောက် ကြယ်သီးပေါက်နှစ်ပေါက်သာပါပါတယ်။ ကြယ်သီးပေါ်မှာဘာမှရေးသားထားခြင်းမရှိပါဘူး။ Lacoste polo ရဲ့အမှတ်တံဆိပ်ဖြစ်တဲ့ အစိမ်းရောင်မိကျောင်းပုံဟာ ထင်ထင်ရှားရှားရှိပါတယ်။ လျှာနဲ့ သွားတွေဟာ ထင်ရှားပြီး ခန္ဓာကိုယ်ကောက်ကြောင်းဟာလည်း ထင်းပါတယ်။ ဒီတံဆိပ်ကို သီးခြားချုပ်လုပ်ပြီးမှ အကျီမှာပြန်ချုပ်ထားတာပါ။ အတုတွေမှာတော့ ဖျော့တော့တော့သာရှိပြီး အမြီးထောင်နေတတ်ပါတယ်။ အစစ်မှာတော့ မိကျောင်းဟာ အောက်ကြယ်သီးရဲ့ မနီးမဝေးမှာရှိနေတာပါ။ အတုတွေမှာတော့ တံဆိပ်ကိုအောက်ဆုံးကြယ်သီးနဲ့ တစ်တန်းတည်းရှိနေတတ်ပါတယ်။

Victoria’s Secret bathing suit

အသားနှစ်ထပ်နဲ့ Size တွေကို စစ်ဆေးကြည့်ပါ

အသားနှစ်ထပ်နဲ့ Size တွေကို စစ်ဆေးကြည့်ပါ

VS ရေကူးဝတ်စုံတွေတိုင်းဟာ အသားကိုနှစ်ထပ်ချုပ်ထားတာပါ။ Size ကိုသတ်မှတ်ရာမှာလည်း XS, S, M, L, XL ဆိုပြီးရေးလေ့ရှိပါတယ်။ အတုတွေကတော့ S, M , L ဆိုပြီး ၃ မျိုးပဲလာတာကိုတွေ့ရမှာပါ။ အတွင်းခံဘရာနဲ့တူတဲ့ရေကူးဝတ်စုံအစစ်တွေမှာတော့ ပုံမှန်ဘရာကိုသတ်မှတ်သလိုပဲ Size တွေကို 34А, 34В စသဖြင့် သတ်မှတ်ပါတယ်။ အတွင်းက Tag ဟာ အဖြူ ၊ အမည်း ၊ ပန်းရောင်နဲ့ အကြည်လေး ပဲသုံးလေ့ရှိပြီး ထုတ်လုပ်တဲ့နိုင်ငံကတော့ တရုတ်နဲ့ သီရိလင်္ကာပဲဖြစ်ပါတယ်။

Rolex watch

နာရီဒိုင်ခွက်နဲ့ကျောဘက်ကိုကြည့်ပါ

နာရီဒိုင်ခွက်နဲ့ကျောဘက်ကိုကြည့်ပါ

နာရီအစစ်ရဲ့မျက်နှာပြင်ဟာ ပြာလဲ့လဲ့ရှိနေမှာဖြစ်ပါတယ်။ ရေစက်လေးကိုမှန်ပေါ်ချကြည့်ရင် ရေစက်လေးဟာ အလုံးလိုက်လေးတင်နေတာတွေ့ရမှာပါ။ ပြက္ခဒိန်ပြတဲ့ခွက်လေးဟာ အနည်းငယ်ကြွတက်နေတတ်ပါတယ်။ ပုံမှန်အားဖြင့်နံပါတ် ၆ နေရာမှာ သရဖူပုံလေးပါလေ့ရှိပါတယ်။ တချို့သောနာရီဒီဇိုင်းတွေမှာတော့ ကွဲပြားနိုင်ပါတယ်။ နာရီအစစ်ဟာ အတင်းအနားကပ်နားထောင်ရင်တောင် စက်သံကြားရမှာ မဟုတ်ပါဘူး။ နာရီကျောဘက်မှာတော့ သူ့ရဲ့အသားတံဆိပ်နဲ့ ထုတ်လုပ်စဉ်နံပါတ်ကိုထွင်းထားတာတွေ့ရမှာပါ။

Ray-Ban glasses

နာရီဘူးနဲ့မှန်ပေါ်ကို စစ်ဆေးပါ

နာရီဘူးနဲ့မှန်ပေါ်ကို စစ်ဆေးပါ

မျက်မှန်ဘူးကို လည်သာနဲ့ပြုလုပ်ထားပြီး ကြယ်သီးပေါ်မှာ Ray-Ban ဆိုတဲ့စာလုံးကိုထွင်းထားတာတွေ့ရမှာပါ။ ကြယ်သီးရဲ့ဘယ်ဘက်မှာတော့ တံဆိပ်ခေါင်းအမှတ်အသားကိုတွေ့ရမှာဖြစ်ပါတယ်။ မျက်မှန်အိတ်ရှေ့မျက်နှာပြင်ဟာ အနည်းငယ်ရှတတရှိပြီး ကျောဘက်ကတော့ နူးညံ့ပါတယ်။ အတွင်းမှာတော့ အနက်ရောင် ကတ္တီပါအထူသားပါဝင်ပါတယ်။

ဘယ်ဘက်မှန်သားပေါ်မှာ RB လို့လက်ရေးစာလုံးထွင်းထားပြီး ညာဘက်မှန်မှာတော့ လေဆာနဲ့တံဆိပ်ထွင်းထားပါတယ်။ ဘယ်ဘက်မှန်ကိုင်းပေါ်မှာ RB နဲ့စတဲ့ထုတ်လုပ်စဉ်နေ့စွဲ ရေးထားပြီး မျက်မှန်အရောင်၊ ချုံ့နိုင်ချဲ့နိုင်တဲ့အနေအထား၊ မှန်ရဲ့အတိုင်းအတာနဲ့ နှာရိုးအကျယ်ကိုဖော်ပြထားပါတယ်။ ညာဘက်ကိုင်းမှာတော့ ထုတ်လုပ်တဲ့ကုမ္ပဏီ European standards ဖြစ်ကြောင်း တံဆိပ်ပါပါတယ်။

Converse sneakers

All Star Converse Sneakers

All Star Converse Sneakers

ဖိနပ်ရဲ့အောက်ခံ Sole ဟာ အနည်းဆုံး ၁.၁၈ လက်မအမြင့်ရှိပါတယ်။ ခြေဖနောင့်မှာ ALL STAR လို့ပါပါတယ်။ All Star ဆိုတဲ့ စာလုံးအလယ်မှာ ကြယ်ပုံပါပြီး R နေရာမှာ ကြယ်ပုံ ကွန့်လိုက်တာမျိုးလည်း ရှိပါတယ်။ ဖိနပ်ကြိုးပါတစ်ပါတည်း တပ်ဆင်ပြီးသားရောင်းပါတယ်။ ဖိနပ်လျှာထဲမှာ စတေကာပါပြီး ဖိနပ်ရဲ့အချက်အလက်တွေနဲ့ ထုတ်ကုန်ပစ္စည်းအမှတ်စဉ်ပါဝင်ပါတယ်။ Serical Number ဟာ ဂဏန်းခြောက်လုံးပါဝင်လေ့ရှိပါတယ်။ ဒီစတေကာအထက်နားလောက်မှာ ချုပ်ရိုးကြောင်းနှစ်ကြောင်းပါရှိပါတယ်။

Air Max sports shoes

Air Chamber နဲ့ ဖိနပ်လျှာကိုစစ်ဆေးပါ

Air Chamber နဲ့ ဖိနပ်လျှာကိုစစ်ဆေးပါ

Air Chamber ဟာ ဖိနပ်အောက်ဘက်မှ ပလတ်စတစ်အကြည်နဲ့ရှိနေပါတယ်။ အတုတွေမှာတော့ ဒီပလတ်စတစ်အောက်မှာ လေမထည့်သွင်းထားပါဘူး။ ဒီပလတ်စတစ်ကို နှိပ်ကြည့်မယ်ဆိုရင် အစစ်က နည်းနည်းလေးဖိရခက်ပြီး ချက်ချင်းဆိုသလို နဂိုအနေအထားပြန်ရသွားတတ်ပါတယ်။ ဖိနပ်လျှာမှာပါတဲ့ တံဆိပ်ပြားဟာ အပူနဲ့ဖိကပ်ထားတာမို့ ချုပ်ရိုးတွေ့ရမှာမဟုတ်ပါဘူး။ Serical Number ဟာ Code ၆ လုံးပါဝင်ပြီး နောက်သုံးလုံးဟာ Color Coding ဖြစ်ပါတယ်။ ဖိနပ် Sole ပြားဟာ ကော်အကောင်းစားနဲ့ပြုလုပ်ထားပြီး ရှေ့ဘက်မှာယောင်ယောင်လေးပါးသွားပါတယ်။

Christian Louboutin shoes

Christian Louboutin shoes

Christian Louboutin shoes

Christian Louboutin ဖိနပ်တွေတိုင်းဟာ နောက်ဒေါက်နဲ့ရှေ့ဖနောင့် ရေပြင်ညီချထားတာဖြစ်ပါတယ်။ ခြေဖနောင့်ဖျားဟာ မြေပြင်နဲ့အမြဲတွယ်ကုပ်မိနေမှာပါ။ ဖိနပ်ရဲ့ဒေါက်ကလည်း အရမ်းကြီးမမြင့်ဘဲ စီးရတာသက်သောင့်သက်သာရှိပါတယ်။ ဒီအချက်က Christian Louboutin ရဲ့ဝိသေသလို့ဆိုနိုင်ပါတယ်။ ဖိနပ်အသားဟာ ရှေ့ခြမ်းရောဖနောင့်ခြမ်းရော ထပ်တူညီအောင်ပြုလုပ်ထားပါတယ်။ ဖိနပ်အောက်ခံ Sole ဟာ အမြဲတမ်းအနီရောင်ပဲဖြစ်ပါတယ်။ ဒီအပေါ်မှာ “Christian Louboutin,“ ”Made in Italy,“ ဆိုတဲ့စာသားနဲ့ Size တွေကို ထွင်းထားပါတယ်။

အခရာပရိသတ်ကြီး Quality Brand တွေနဲ့ပတ်သက်ရင်ဆရာကြီးတစ်ဆူ ဖြစ်ပါစေသား။

Ref# www.brightside.me

ဂျူဂျူး(အခရာ)

www.akhayar.com