[Zawgyi]

လက္ထပ္လက္စြပ္ ၀ယ္တဲ့အခါ သိထားသင့္တဲ့ အခ်က္မ်ား

သီတင္းကၽြတ္နားလည္း ေရာက္လာၿပီဆိုေတာ့ မဂၤလာပြဲဆင္ႏႊဲမယ္လို႔ ဆံုးျဖတ္ထားတဲ့သူေတြအေနနဲ႔ ဒီလိုအခ်ိန္မ်ိဳးမွာ ျပင္ဆင္ရတာ မ်ားျပားေနတတ္ပါတယ္။ ဘယ္ေနရာမွာ ဘယ္လိုက်င္းပမယ္ကအစ ပြဲေန႔ၿပီးသည္ထိ အဆံုး ဘယ္လိုလုပ္ရမလဲဆိုတာ ေတာ္ေတာ္ေလး ေခါင္းစားေစတာ အမွန္ပါ။ ဒီလို ျပင္ဆင္ရတဲ့အထဲမွာ လက္ထပ္လက္စြပ္ ေရြးခ်ယ္ရတာလည္း တစ္ခုအပါအ၀င္ျဖစ္ပါတယ္။ အခုေျပာျပမယ့္အခ်က္ေလးေတြကေတာ့ လြယ္လြယ္ကူကူ ေရြးခ်ယ္လို႔ရေအာင္ ကူညီေပးႏိုင္မယ့္အျပင္ တစ္သက္လံုးအတြက္ အမွတ္တရျဖစ္ေနေစမယ့္ လက္ထပ္လက္စြပ္ေလးကို ပိုင္ဆိုင္ေစမွာပါ။

Wedding Ring

Wedding Ring

၁ – ကိုယ့္အႀကိဳက္ကို ကိုယ္အရင္စဥ္းစားပါ။
အရင္ဆံုး ကုိယ္ရဲ႕ လက္ထပ္လက္စြပ္ကုိ ဘယ္လုိ ေက်ာက္မ်က္ရတနာသံုးမွာလဲ၊ စိန္ထည့္မွာလား၊ ေက်ာက္မထည့္ဘူးလား၊ ကုိယ္ေရြးမယ့္ ပံုစံက ကိုယ့္ ပါတနာရဲ႕ လက္စြပ္နဲ႔ေရာ လိုက္ဖက္ညီရဲ႕လားဆိုတာ စဥ္းစားပါ။ ကုိယ္ႏွစ္သက္တဲ့ ေက်ာက္မ်က္ရတနာေလးေတြ သံုးခ်င္လား၊ ရိုးရိုးေျဗာင္ေလးပဲ ထားမွာလား
ဆိုတာကို ပထမဦး ဆံုးျဖတ္ခ်က္ခ်ၿပီးမွ ပံုစံေရြးသင့္ပါတယ္။

၂ – Budget ကို နဂုိတည္းက ႀကိဳတြက္ၿပီး ခ်င့္ခ်ိန္ပါ။
ကိုယ့္အေနနဲ႔ ဘယ္လုိပံုစံမ်ိဳးေလး ၀တ္မယ္ဆုိတာ စဥ္းစားၿပီးသြားရင္ ပိုက္ဆံဘယ္ေလာက္ထိသံုးမွာလဲဆိုတာ ႀကိဳစဥ္းစားပါ။ ကိုယ္သံုးမယ့္ ေငြပမာဏမေရာက္မခ်င္း ပိုက္ဆံစုထားၿပီးမွ ေသေသခ်ာခ်ာ ေရြးခ်ယ္ၿပီး၀ယ္ပါ။ ဒါမွပဲ ေငြလည္း အလဟသမျဖစ္ေတာ့ဘဲ အနားနီးမွ လိုတာ၊ပိုတာေတြေၾကာင့္ စိတ္မညစ္ရေတာ့မွာ ျဖစ္ပါတယ္။

Wedding Ring

Wedding Ring

၃ – ဘယ္လို Brand ၊ ဘယ္လိုဆိုင္က ၀ယ္မွာလဲေရြးပါ။
ကိုယ့္လက္ထဲ သင့္တင့္တဲ့ ေငြေလးမ်ား စုမိေဆာင္းမိျဖစ္သြားရင္ ဆိုင္ေရြးပါ၊ Brand ေရြးပါ။ ကိုယ္က ႏုိင္ငံျခားျဖစ္ ေရႊျဖဴ Ready-made Brand ၀တ္ခ်င္တာလား၊ ေရႊခ်ည္းသီးသန္႔၀တ္မွာလားဆိုတာ စဥ္းစားၿပီးရင္ Brand စစ္တဲ့ဆိုင္၊ ေရႊရည္ေကာင္းမြန္စိတ္ခ်ရတဲ့ဆိုင္မွာပဲ ၀ယ္ပါ။ ေရရွည္အၿမဲ၀တ္ထားမွာျဖစ္လို႔ စိတ္ခ်စစ္မွန္ရတဲ့ဆိုင္မွာ ၀ယ္တာအေကာင္းဆံုးျဖစ္ပါတယ္။

၄ – ႀကိဳတင္ၿပီး ၀ယ္ယူပါ။
အနားနီးမွ ၀ယ္တဲ့အခါ လက္အတိုင္းမေတာ္ရင္ ျပန္ျပင္ရတာ မမွီတာမ်ိဳး၊ ကုိယ့္စိတ္ႀကိဳက္ လိုခ်င္တဲ့ ဒီဇိုင္းမရတာမ်ိဳး ျဖစ္တတ္တာမို႔ ေစာေစာစီးစီး ႀကိဳေရြးထားတာ ေကာင္းပါတယ္။ ေစာေစာ၀ယ္ေတာ့ ေအးေအးေဆးေဆးနဲ႔ ကိုယ့္စိတ္ႀကိဳက္ တစ္ဆိုင္၀င္တစ္ဆိုင္ထြက္ သေဘာရွိေရြးလို႔ ရတယ္ေလ။

Wedding Ring

Wedding Ring

၅ – လက္တုိင္းကို မွန္ကန္ေအာင္ တုိင္းပါ။
လက္အတိုင္းမွန္ကန္ဖို႔ကလည္း အေရးႀကီးတဲ့အခ်က္တစ္ခ်က္ပါ။ တစ္ခါတေလမွာ ကိုယ္အေလးခ်ိန္ ေလ်ာ့ေနတဲ့အခ်ိန္ တိုင္းမိတာတို႔၊ ျဖစ္သလိုပဲ တုိင္းလိုက္မိတာတုိ႔ ဘာတုိ႔ ျဖစ္တတ္တယ္ေလ။ အဲဒီအခါက် ေနာက္ပိုင္းမွာ လက္စြပ္ကေခ်ာင္တာ၊ၾကပ္တာေတြ ျဖစ္လာႏုိင္တဲ့အတြက္ ကိုယ့္လက္အတိုင္းနဲ႔ ကြက္တိက်တဲ့ လက္စြပ္ဆုိဒ္ကို ၀ယ္ယူပါ။

၆ – ေရရွည္အတြက္ကို စဥ္းစားၿပီးမွ ေရြးခ်ယ္၀ယ္ယူပါ။
ေရရွည္၀တ္မွာျဖစ္တဲ့အတြက္ ပထမဦးဆံုး ဒီဇိုင္းက ေနာက္ႏွစ္ေတြ အမ်ားႀကီးၾကာသြားေတာင္ ရိုးမသြားတဲ့ ဒီဇိုင္းျဖစ္ဖို႔ လိုပါတယ္။ ေက်ာက္မ်က္ရတနာေတြ ထည့္မယ္ဆုိလည္း ေသခ်ာထိန္းသိမ္းဖို႔၊ ျပဳတ္ထြက္မသြားေအာင္ ဂရုစိုက္ဖုိ႔ သတိထားရမွာပါ။ ေနာက္တစ္ခ်က္က ကိုယ္အၿမဲ၀တ္မွာျဖစ္တဲ့ အရည္အေသြးေကာင္းမြန္တာကိုပဲ ေရြးခ်ယ္ပါ။ ေပါေခ်ာင္ေကာင္းေတြေနာက္ မလုိက္ပါနဲ႔။

ကဲ…ဒါဆုိ လက္ထပ္လက္စြပ္ေလးကို ဘယ္လိုေရြးခ်ယ္၀ယ္ယူရမလဲဆိုတာ သိသြားေလာက္ၿပီလို႔ ထင္ပါတယ္ေနာ္။

Su Yi Htet (Akhayar)

[Unicode]

လက်ထပ်လက်စွပ် ဝယ်တဲ့အခါ သိထားသင့်တဲ့ အချက်များ

သီတင်းကျွတ်နားလည်း ရောက်လာပြီဆိုတော့ မင်္ဂလာပွဲဆင်နွှဲမယ်လို့ ဆုံးဖြတ်ထားတဲ့သူတွေအနေနဲ့ ဒီလိုအချိန်မျိုးမှာ ပြင်ဆင်ရတာ များပြားနေတတ်ပါတယ်။ ဘယ်နေရာမှာ ဘယ်လိုကျင်းပမယ်ကအစ ပွဲနေ့ပြီးသည်ထိ အဆုံး ဘယ်လိုလုပ်ရမလဲဆိုတာ တော်တော်လေး ခေါင်းစားစေတာ အမှန်ပါ။ ဒီလို ပြင်ဆင်ရတဲ့အထဲမှာ လက်ထပ်လက်စွပ် ရွေးချယ်ရတာလည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။ အခုပြောပြမယ့်အချက်လေးတွေကတော့ လွယ်လွယ်ကူကူ ရွေးချယ်လို့ရအောင် ကူညီပေးနိုင်မယ့်အပြင် တစ်သက်လုံးအတွက် အမှတ်တရဖြစ်နေစေမယ့် လက်ထပ်လက်စွပ်လေးကို ပိုင်ဆိုင်စေမှာပါ။

Wedding Ring

Wedding Ring

၁ – ကိုယ့်အကြိုက်ကို ကိုယ်အရင်စဉ်းစားပါ။
အရင်ဆုံး ကိုယ်ရဲ့ လက်ထပ်လက်စွပ်ကို ဘယ်လို ကျောက်မျက်ရတနာသုံးမှာလဲ၊ စိန်ထည့်မှာလား၊ ကျောက်မထည့်ဘူးလား၊ ကိုယ်ရွေးမယ့် ပုံစံက ကိုယ့် ပါတနာရဲ့ လက်စွပ်နဲ့ရော လိုက်ဖက်ညီရဲ့လားဆိုတာ စဉ်းစားပါ။ ကိုယ်နှစ်သက်တဲ့ ကျောက်မျက်ရတနာလေးတွေ သုံးချင်လား၊ ရိုးရိုးဗြောင်လေးပဲ ထားမှာလား
ဆိုတာကို ပထမဦး ဆုံးဖြတ်ချက်ချပြီးမှ ပုံစံရွေးသင့်ပါတယ်။

၂ – Budget ကို နဂိုတည်းက ကြိုတွက်ပြီး ချင့်ချိန်ပါ။
ကိုယ့်အနေနဲ့ ဘယ်လိုပုံစံမျိုးလေး ဝတ်မယ်ဆိုတာ စဉ်းစားပြီးသွားရင် ပိုက်ဆံဘယ်လောက်ထိသုံးမှာလဲဆိုတာ ကြိုစဉ်းစားပါ။ ကိုယ်သုံးမယ့် ငွေပမာဏမရောက်မချင်း ပိုက်ဆံစုထားပြီးမှ သေသေချာချာ ရွေးချယ်ပြီးဝယ်ပါ။ ဒါမှပဲ ငွေလည်း အလဟသမဖြစ်တော့ဘဲ အနားနီးမှ လိုတာ၊ပိုတာတွေကြောင့် စိတ်မညစ်ရတော့မှာ ဖြစ်ပါတယ်။

Wedding Ring

Wedding Ring

၃ – ဘယ်လို Brand ၊ ဘယ်လိုဆိုင်က ဝယ်မှာလဲရွေးပါ။
ကိုယ့်လက်ထဲ သင့်တင့်တဲ့ ငွေလေးများ စုမိဆောင်းမိဖြစ်သွားရင် ဆိုင်ရွေးပါ၊ Brand ရွေးပါ။ ကိုယ်က နိုင်ငံခြားဖြစ် ရွှေဖြူ Ready-made Brand ဝတ်ချင်တာလား၊ ရွှေချည်းသီးသန့်ဝတ်မှာလားဆိုတာ စဉ်းစားပြီးရင် Brand စစ်တဲ့ဆိုင်၊ ရွှေရည်ကောင်းမွန်စိတ်ချရတဲ့ဆိုင်မှာပဲ ဝယ်ပါ။ ရေရှည်အမြဲဝတ်ထားမှာဖြစ်လို့ စိတ်ချစစ်မှန်ရတဲ့ဆိုင်မှာ ဝယ်တာအကောင်းဆုံးဖြစ်ပါတယ်။

၄ – ကြိုတင်ပြီး ဝယ်ယူပါ။
အနားနီးမှ ဝယ်တဲ့အခါ လက်အတိုင်းမတော်ရင် ပြန်ပြင်ရတာ မမှီတာမျိုး၊ ကိုယ့်စိတ်ကြိုက် လိုချင်တဲ့ ဒီဇိုင်းမရတာမျိုး ဖြစ်တတ်တာမို့ စောစောစီးစီး ကြိုရွေးထားတာ ကောင်းပါတယ်။ စောစောဝယ်တော့ အေးအေးဆေးဆေးနဲ့ ကိုယ့်စိတ်ကြိုက် တစ်ဆိုင်ဝင်တစ်ဆိုင်ထွက် သဘောရှိရွေးလို့ ရတယ်လေ။

Wedding Ring

Wedding Ring

၅ – လက်တိုင်းကို မှန်ကန်အောင် တိုင်းပါ။
လက်အတိုင်းမှန်ကန်ဖို့ကလည်း အရေးကြီးတဲ့အချက်တစ်ချက်ပါ။ တစ်ခါတလေမှာ ကိုယ်အလေးချိန် လျော့နေတဲ့အချိန် တိုင်းမိတာတို့၊ ဖြစ်သလိုပဲ တိုင်းလိုက်မိတာတို့ ဘာတို့ ဖြစ်တတ်တယ်လေ။ အဲဒီအခါကျ နောက်ပိုင်းမှာ လက်စွပ်ကချောင်တာ၊ကြပ်တာတွေ ဖြစ်လာနိုင်တဲ့အတွက် ကိုယ့်လက်အတိုင်းနဲ့ ကွက်တိကျတဲ့ လက်စွပ်ဆိုဒ်ကို ဝယ်ယူပါ။

၆ – ရေရှည်အတွက်ကို စဉ်းစားပြီးမှ ရွေးချယ်ဝယ်ယူပါ။
ရေရှည်ဝတ်မှာဖြစ်တဲ့အတွက် ပထမဦးဆုံး ဒီဇိုင်းက နောက်နှစ်တွေ အများကြီးကြာသွားတောင် ရိုးမသွားတဲ့ ဒီဇိုင်းဖြစ်ဖို့ လိုပါတယ်။ ကျောက်မျက်ရတနာတွေ ထည့်မယ်ဆိုလည်း သေချာထိန်းသိမ်းဖို့၊ ပြုတ်ထွက်မသွားအောင် ဂရုစိုက်ဖို့ သတိထားရမှာပါ။ နောက်တစ်ချက်က ကိုယ်အမြဲဝတ်မှာဖြစ်တဲ့ အရည်အသွေးကောင်းမွန်တာကိုပဲ ရွေးချယ်ပါ။ ပေါချောင်ကောင်းတွေနောက် မလိုက်ပါနဲ့။

ကဲ…ဒါဆို လက်ထပ်လက်စွပ်လေးကို ဘယ်လိုရွေးချယ်ဝယ်ယူရမလဲဆိုတာ သိသွားလောက်ပြီလို့ ထင်ပါတယ်နော်။

Su Yi Htet (Akhayar)