[Zawgyi]

 

လုပ္ငန္းခြင္မွာ ကိုယ့္ကိုယ္ကိုယ္ ယံုၾကည္မႈရွိေစမယ့္ အေျခခံ Fashion Tip မ်ား

လုပ္ငန္းခြင္၀င္ေနရသူတစ္ေယာက္အတြက္ေတာ့ ကိုယ့္အလုပ္ဟာ အိမ္လိုပါပဲ။ ၂၄ နာရီရွိတဲ့ အထဲမွာမွ အလုပ္ခြင္မွာပဲ အခ်ိန္ကုန္ဆံုးရတာမ်ားပါတယ္။ ဒီလိုရံုးတက္ရအခါ၊ လုပ္ငန္းခြင္မွာ အမ်ားနဲ႔ ဆက္ဆံရတဲ့အခါ သင့္အေနနဲ႔ ကိုယ့္ကိုယ္ကိုယ္ Confidence ရွိရွိျဖစ္ေနဖုိ႔ လိုလာပါၿပီ။ အထူးသျဖင့္ ကိုယ့္ရဲ႕အျပင္ပန္းသြင္ျပင္ကိုပဲ အရင္ အကဲခတ္လို႔ရတာမို႔ လုပ္ငန္းခြင္မွာ အေကာင္းဆံုး Impresssion ရေအာင္ျပင္ဆင္ဖုိ႔ လိုအပ္ပါတယ္။ အမ်ဳိးသားျဖစ္ျဖစ္၊ အမ်ဳိးသမီးျဖစ္ျဖစ္ လုပ္ငန္းခြင္၀င္တဲ့အခါ အခုေျပာျပမယ့္ အခ်က္ေလးေတြနဲ႔ ကိုယ့္ကိုယ္ကိုယ္ Upgrade လုပ္လုိက္မယ္ဆုိရင္ လုပ္ငန္းခြင္မွာ ေသေသသပ္သပ္ ဖက္ရွင္က်က်လည္း ျဖစ္သြားေစသလို သင့္ရဲ႕ ယံုၾကည္မႈေတြ ေကာင္းေကာင္းတိုးပြားေစလို႔ အလုပ္လုပ္ရတာလည္း ပိုၿပီး တက္ၾကြေစမွာျဖစ္ပါတယ္။ လုပ္ငန္းခြင္၀င္ေနရေပမယ့္ တစ္ေန႔ထက္ တစ္ေန႔ပိုလည္း မိုက္လာတယ္၊အလုပ္လုပ္ရတာလည္း ေပ်ာ္လာမယ္…ကဲ..တစ္ခ်က္ခုတ္ႏွစ္ခ်က္ျပတ္ ျဖစ္မသြားဘူးလား။

သင့္ရဲ႕ ကိုယ္ပိုင္ စတိုင္လ္ရွိပါ။
လူတိုင္းမွာ ကိုယ္ႏွစ္သက္တဲ့ ဖက္ရွင္၊ ကိုယ္သေဘာက်တဲ့ စတိုင္လ္ဆိုတာ ရွိၿပီးသားပါ။ ဒီအေပၚမွာပဲ အေျခခံၿပီး ကိုယ့္လုပ္ငန္းခြင္နဲ႔ လိုက္ဖက္တဲ့ အ၀တ္အစား၊ စတိုင္လ္ကို ေရြးခ်ယ္ၿပီး ကိုယ့္အတြက္သက္ေတာင့္သက္သာရွိဖုိ႔ကို ဦးစားေပးပါ။ ေခတ္ေရစီးေၾကာင္းမွာ ေခတ္စားေပမယ့္ လုပ္ငန္းခြင္အတြက္ အဆင္မေျပတာမိ်ဳးဆို ဘယ္ေတာ့မွ ၀တ္ဖုိ႔ မစဥ္းစားပါနဲ႔။ အရိုးရွင္းဆံုး၊ အသပ္ရပ္ဆံုးနဲ႔ ကိုယ့္အတြက္ေရာ၊ ကိုယ့္အလုပ္ခြင္အတြက္ေရာ  အံ၀င္ခြင္က်ျဖစ္မယ့္ စတုိင္လ္ကိုပဲ ေရြးခ်ယ္သင့္ပါတယ္။

အေရာင္ေရြးခ်ယ္မႈ မွန္ကန္ပါေစ။
လုပ္ငန္းခြင္အတြက္ ၀တ္စံုေရြးတဲ့အခါ အေရာင္ေရြးခ်ယ္မႈကလည္း မွန္ကန္ဖု႔ိလိုပါေသးတယ္။ အရမ္းေတာက္လြန္းတဲ့အေရာင္ေတြ၊ ပြင့္ရိုက္အစင္းရႈပ္ရႈပ္ေတြက လူအာရံုစိုက္တာ ပိုခံရသလုိ ေၾကာင္ေၾကာင္က်ားက်ား အဆင္ေတြက လုပ္ငန္းခြင္နဲ႔ မလုိက္ဖက္ပါဘူး။ အေရာင္ၿငိမ္တာ၊ အေရာင္ ရင့္တာေလးေတြကိုပဲ ပိုသံုးေပးသင့္သလို တစ္ခါတေလမွာ ကိုယ့္အသားအေရာင္၊ကိုယ့္ဆံပင္အေရာင္ စတာေတြနဲ႔ လုိက္ဖက္တဲ့ အေရာင္မ်ိဳးကို သံုးဖုိ႔လည္း လိုအပ္ပါေသးတယ္။

အရိုးရွင္းဆံုးက အဆန္းဆံုးပါ။
အရိုးဆံုးက အဆန္းဆံုးဆိုတဲ့စကားအတိုင္းပါပဲ။ ဘာမွ ေထြေထြထူးထူး တြဲစပ္ၿပီး မ၀တ္ရင္ေတာင္ ရိုးရိုးရွင္းရွင္းေလး ၀တ္သြားတာက သင့္ကို ေနရထိုင္ရတာလည္း အဆင္ေျပေစပါတယ္။ ေဘးလူေတြ အျမင္မွာလည္း မ်က္စိမေနာက္ေတာ့ဘူးေပါ့။

Uniform အတြက္ အရည္အေသြးေကာင္းတဲ့ Basics ေတြ စုထားပါ။
သင့္ရဲ႕ အလုပ္က Uniform ၀တ္ရတာမ်ိဳးပဲျဖစ္ျဖစ္၊ ကိုယ္က ေန႔တိုင္း စတိုင္လ္တစ္မ်ဳိးကိုပဲ အျမဲ၀တ္ရတာႀကိဳက္လို႔ပဲ ျဖစ္ျဖစ္ တစ္မ်ိဳးတည္းကိုပဲ ၀တ္ရၿပီဆိုရင္ အရည္အေသြးေကာင္းတဲ့  အတြဲအစပ္ Basics ေလးေတြကို စုေဆာင္းထားပါ။ ဥပမာ ကိုယ္က ရွပ္နဲ႔ စတိုင္လ္ေဘာင္းဘီ အၿမဲ၀တ္မယ္ဆိုရင္ ရွပ္အက်ၤ ီကို Brand ထဲက ေကာင္းေကာင္းေလး ႏွစ္ထည္ေလာက္ျဖစ္ျဖစ္ ၀ယ္ထားတာမ်ိဳး၊ အျဖဴဘေလာက္စ္အၿမဲ ၀တ္ေနက်ဆုိ ပံုစံမတူတဲ့ အရည္အေသြးေကာင္းတာေလးေတြ အရံသင့္စုထားတာမ်ိဳး လုပ္ပါ။

ကိုယ္ရဲ႕ ကိုယ္ပိုင္Look တစ္ခုရွိပါေစ။
မိန္းကေလးေတြအတြက္ ေျပာရမယ္ဆုိရင္ေတာ့ Signature Beauty Look ေပါ့။ ကိုယ့္အတြက္လည္း ျပင္ရတာ အခ်ိန္သိပ္မကုန္သလို ေန႔တိုင္း လုပ္ငန္းခြင္မွာ ျပင္ဆင္လို႔ရမယ့္ Office Look တစ္ခုကို သတ္သတ္မွတ္မွတ္ထားၿပီး ျပင္ဆင္လိုက္ရင္ အလွမေလ်ာ့သြားတဲ့အျပင္ ဥပမာေျပာရရင္ အၿမဲလုိလုိ ဆံပင္စုစည္းထားတာတုိ႔ ၊ ႏႈတ္ခမ္းနီအနီေရာင္ အၿမဲဆိုးတာတို႔က Signature တစ္ခုလိုျဖစ္သြားေစမွာျဖစ္ပါတယ္။ေယာက်ာ္းေလးေတြဆုိရင္
ဆံပင္ကို အၿမဲ သပ္သပ္ရပ္ရပ္ျဖစ္ေနေအာင္ ဆီလိမ္းတာတို႔ ၊ပံုသြင္းတာတုိ႔၊ေရေမႊးေကာင္းေကာင္းသံုးတာတို႔ လုပ္လို႔ရပါတယ္။

Su Yi Htet (Akhayar)

[Unicode]

 

လုပ်ငန်းခွင်မှာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိစေမယ့် အခြေခံ Fashion Tip များ

လုပ်ငန်းခွင်ဝင်နေရသူတစ်ယောက်အတွက်တော့ ကိုယ့်အလုပ်ဟာ အိမ်လိုပါပဲ။ ၂၄ နာရီရှိတဲ့ အထဲမှာမှ အလုပ်ခွင်မှာပဲ အချိန်ကုန်ဆုံးရတာများပါတယ်။ ဒီလိုရုံးတက်ရအခါ၊ လုပ်ငန်းခွင်မှာ အများနဲ့ ဆက်ဆံရတဲ့အခါ သင့်အနေနဲ့ ကိုယ့်ကိုယ်ကိုယ် Confidence ရှိရှိဖြစ်နေဖို့ လိုလာပါပြီ။ အထူးသဖြင့် ကိုယ့်ရဲ့အပြင်ပန်းသွင်ပြင်ကိုပဲ အရင် အကဲခတ်လို့ရတာမို့ လုပ်ငန်းခွင်မှာ အကောင်းဆုံး Impresssion ရအောင်ပြင်ဆင်ဖို့ လိုအပ်ပါတယ်။ အမျိုးသားဖြစ်ဖြစ်၊ အမျိုးသမီးဖြစ်ဖြစ် လုပ်ငန်းခွင်ဝင်တဲ့အခါ အခုပြောပြမယ့် အချက်လေးတွေနဲ့ ကိုယ့်ကိုယ်ကိုယ် Upgrade လုပ်လိုက်မယ်ဆိုရင် လုပ်ငန်းခွင်မှာ သေသေသပ်သပ် ဖက်ရှင်ကျကျလည်း ဖြစ်သွားစေသလို သင့်ရဲ့ ယုံကြည်မှုတွေ ကောင်းကောင်းတိုးပွားစေလို့ အလုပ်လုပ်ရတာလည်း ပိုပြီး တက်ကြွစေမှာဖြစ်ပါတယ်။ လုပ်ငန်းခွင်ဝင်နေရပေမယ့် တစ်နေ့ထက် တစ်နေ့ပိုလည်း မိုက်လာတယ်၊အလုပ်လုပ်ရတာလည်း ပျော်လာမယ်…ကဲ..တစ်ချက်ခုတ်နှစ်ချက်ပြတ် ဖြစ်မသွားဘူးလား။

သင့်ရဲ့ ကိုယ်ပိုင် စတိုင်လ်ရှိပါ။
လူတိုင်းမှာ ကိုယ်နှစ်သက်တဲ့ ဖက်ရှင်၊ ကိုယ်သဘောကျတဲ့ စတိုင်လ်ဆိုတာ ရှိပြီးသားပါ။ ဒီအပေါ်မှာပဲ အခြေခံပြီး ကိုယ့်လုပ်ငန်းခွင်နဲ့ လိုက်ဖက်တဲ့ အဝတ်အစား၊ စတိုင်လ်ကို ရွေးချယ်ပြီး ကိုယ့်အတွက်သက်တောင့်သက်သာရှိဖို့ကို ဦးစားပေးပါ။ ခေတ်ရေစီးကြောင်းမှာ ခေတ်စားပေမယ့် လုပ်ငန်းခွင်အတွက် အဆင်မပြေတာမျိုးဆို ဘယ်တော့မှ ဝတ်ဖို့ မစဉ်းစားပါနဲ့။ အရိုးရှင်းဆုံး၊ အသပ်ရပ်ဆုံးနဲ့ ကိုယ့်အတွက်ရော၊ ကိုယ့်အလုပ်ခွင်
အတွက်ရောအံဝင်ခွင်ကျဖြစ်မယ့် စတိုင်လ်ကိုပဲ ရွေးချယ်သင့်ပါတယ်။

အရောင်ရွေးချယ်မှု မှန်ကန်ပါစေ။
လုပ်ငန်းခွင်အတွက် ဝတ်စုံရွေးတဲ့အခါ အရောင်ရွေးချယ်မှုကလည်း မှန်ကန်ဖု့ိလိုပါသေးတယ်။ အရမ်းတောက်လွန်းတဲ့အရောင်တွေ၊ ပွင့်ရိုက်အစင်းရှုပ်ရှုပ်တွေက လူအာရုံစိုက်တာ ပိုခံရသလို ကြောင်ကြောင်ကျားကျား အဆင်တွေက လုပ်ငန်းခွင်နဲ့ မလိုက်ဖက်ပါဘူး။ အရောင်ငြိမ်တာ၊ အရောင် ရင့်တာလေးတွေကိုပဲ ပိုသုံးပေးသင့်သလို တစ်ခါတလေမှာ ကိုယ့်အသားအရောင်၊ကိုယ့်ဆံပင်အရောင် စတာတွေနဲ့ လိုက်ဖက်တဲ့
အရောင်မျိုးကို သုံးဖို့လည်း လိုအပ်ပါသေးတယ်။

အရိုးရှင်းဆုံးက အဆန်းဆုံးပါ။
အရိုးဆုံးက အဆန်းဆုံးဆိုတဲ့စကားအတိုင်းပါပဲ။ ဘာမှ ထွေထွေထူးထူး တွဲစပ်ပြီး မဝတ်ရင်တောင် ရိုးရိုးရှင်းရှင်းလေး ဝတ်သွားတာက သင့်ကို နေရထိုင်ရတာလည်း အဆင်ပြေစေပါတယ်။ ဘေးလူတွေ အမြင်မှာလည်း မျက်စိမနောက်တော့ဘူးပေါ့။

Uniform အတွက် အရည်အသွေးကောင်းတဲ့ Basics တွေ စုထားပါ။
သင့်ရဲ့ အလုပ်က Uniform ဝတ်ရတာမျိုးပဲဖြစ်ဖြစ်၊ ကိုယ်က နေ့တိုင်း စတိုင်လ်တစ်မျိုးကိုပဲ အမြဲဝတ်ရတာကြိုက်လို့ပဲ ဖြစ်ဖြစ် တစ်မျိုးတည်းကိုပဲ ဝတ်ရပြီဆိုရင် အရည်အသွေးကောင်းတဲ့ အတွဲအစပ် Basics လေးတွေကို စုဆောင်းထားပါ။ ဥပမာ ကိုယ်က ရှပ်နဲ့ စတိုင်လ်ဘောင်းဘီ အမြဲဝတ်မယ်ဆိုရင် ရှပ်အင်္ကျ ီကို Brand ထဲက ကောင်းကောင်းလေး နှစ်ထည်လောက်ဖြစ်ဖြစ် ဝယ်ထားတာမျိုး၊ အဖြူဘလောက်စ်အမြဲ ဝတ်နေကျဆို ပုံစံမတူတဲ့ အရည်အသွေးကောင်းတာလေးတွေ အရံသင့်စုထားတာမျိုး လုပ်ပါ။

ကိုယ်ရဲ့ ကိုယ်ပိုင်Look တစ်ခုရှိပါစေ။
မိန်းကလေးတွေအတွက် ပြောရမယ်ဆိုရင်တော့ Signature Beauty Look ပေါ့။ ကိုယ့်အတွက်လည်း ပြင်ရတာ အချိန်သိပ်မကုန်သလို နေ့တိုင်း လုပ်ငန်းခွင်မှာ ပြင်ဆင်လို့ရမယ့် Office Look တစ်ခုကို သတ်သတ်မှတ်မှတ်ထားပြီး ပြင်ဆင်လိုက်ရင် အလှမလျော့သွားတဲ့အပြင် ဥပမာပြောရရင် အမြဲလိုလို ဆံပင်စုစည်းထားတာတို့ ၊ နှုတ်ခမ်းနီအနီရောင် အမြဲဆိုးတာတို့က Signature တစ်ခုလိုဖြစ်သွားစေမှာဖြစ်ပါတယ်။ယောကျာ်းလေးတွေဆိုရင်
ဆံပင်ကို အမြဲ သပ်သပ်ရပ်ရပ်ဖြစ်နေအောင် ဆီလိမ်းတာတို့ ၊ပုံသွင်းတာတို့၊ရေမွှေးကောင်းကောင်းသုံးတာတို့ လုပ်လို့ရပါတယ်။

Su Yi Htet (Akhayar)