အခရာပရိသတ်ကြီးခင်ဗျာ…အခုဆို Online Shopping Page တွေ အရမ်းကို ပေါများလာတဲ့ အခါမှာ ကိုယ့်ကုန်ပစ္စည်းကို ဓာတ်ပုံရိုက်ပြီး Facebook ပေါ် တင်ရောင်းတတ်ကြတာ အစဉ်အလာတစ်ခုလို ဖြစ်နေပါပြီ။ တစ်ချို့ Page တွေက ဓာတ်ပုံလေးတွေ ကောင်းလွန်းတဲ့ အတွက် တကယ့်ကုန်ပစ္စည်းကို မတွေ့ရသေးတာတောင် ဝယ်ချင်သူတွေ ဝိုင်းဝိုင်းလည်နေတာ မြင်ဖူးကြမှာပါ။

ဒါဟာ ကိုယ့်ကုန်ပစ္စည်းက တကယ်လည်း ကောင်းတဲ့ အပြင် ဓာတ်ပုံရိုက်တဲ့ ပညာကိုလည်း ကောင်းကောင်းအသုံးချတတ်လို့ ဖြစ်ပါတယ်။ ဟုတ်ပါတယ်.. ဒါဟာ တကယ်ကို အရေးကြီးတာပါ။ Facebook မှာ ကျွန်တော်တို့ Newsfeed ကို ပွတ်ရင်တောင် ဓာတ်ပုံကောင်းကောင်းလေးတစ်ပုံတွေ့ရင် ချက်ချင်းရပ်တန့်ပြီး Reaction လေးတော့ ပေးတတ်ကြတာပဲမလား။

ဒီတော့ Facebook ကို အသုံးပြုပြီး ဈေးရောင်းမယ်၊ စီးပွားရှာမယ်ဆိုရင် ကိုယ့် Product လေးကို ဓာတ်ပုံလှလှရိုက်ပြီး တင်တတ်ဖို့က အရေးကြီးသွားပါပြီ။ Post ကို Boost လုပ်ပြီး Facebook Ad ( Facebook ကနေ ကြော်ငြာမယ်) ဆို ဓာတ်ပုံကောင်းကောင်းလေးနဲ့ ကြော်ငြာဖို့က ပိုလို့တောင် အရေးကြီးပါသးတယ်။ ဒီတော့ ကိုယ့် Product အတွက် ဓာတ်ပုံ ဘယ်လို ကောင်းအောင်ရိုက်မလဲဆိုတာအတွက် Facebook က ဟောဒီ Tips လေးတွေ မျှဝေပေးထားပါတယ်။

 

၁။ Moblie ဖုန်းပေါ် မြင်ရမယ့် မြင်ကွင်းအတွက်ပဲ အရင်ဆုံးစဉ်းစားပါ

Think Mobile First

ပုံတစ်ပုံကို Facebook ပေါ်တင်ပြီး ဈေးမရောင်းခင် ခင်ဗျားဖုန်းပေါ်မှာ ပေါ်လာမယ့် အမြင်ကို အရင်စဉ်းစားပါ။ ခင်ဗျားရိုက်လိုက်တဲ့ ပုံဟာ ဖုန်းပေါ်မှာဆို အဓိက ကုန်ပစ္စည်းပေါ်ပါ့မလား၊ ရေးထားတဲ့ စာတွေ ရှိရင် မြင်ရပါ့မလား၊ သင်္ကေတတွေရော မြင်သာထင်သာရှိရဲ့လား စသည်ဖြင့် အဲဒီလိုမျိုးပေါ့။ ဘာလို့လဲဆိုတော့ ခင်ဗျားရဲ့ Customer ဖြစ်လာနိုင်တဲ့ Facebook သုံးသူတွေအထဲက ၁ ဘီလီယံကျော်ဟာ  Facebook ကို ဖုန်းကနေ တစ်ဆင့် အသုံးပြုကြတာမို့လို့ပါ ခင်ဗျာ။

 

၂။ အရိုးဆုံးဟာ အဆန်းဆုံးပါပဲ။

Keep it simple

ကိုယ်ရောင်းမယ့် ပစ္စည်းရဲ့ ဓာတ်ပုံကောင်းကောင်းတစ်ပုံရဖို့ လူအများကြီး၊ အဆင်တန်ဆာတွေ အများကြီး သုံးစရာမလိုပါဘူး။ အထိရောက်ဆုံး ဓာတ်ပုံတွေဆိုတာ အရိုးရှင်းဆုံးဓာတ်ပုံတွေပါပဲတဲ့။ ဥပမာပြောရရင် ဆေးရေး ပန်းချီကားတစ်ခုကို ရောင်းမယ်ဆို ပန်းချီကားကို ဆေးခြယ်နေတဲ့ ပုံနဲ့သာ ကြော်ငြာတာမျိုးပေါ့။­

 

­­

၃။ ­Rule of thirds ကို လိုက်နာပါ။

follow the rule of thirds

ကိုယ်ရိုက်မယ့် အရာဝတ္ထုကို အလယ်မှာ ထားမရိုက်တဲ့ ဓာတ်ပုံတွေဟာ ပိုစိတ်ဝင်စားစရာကောင်းတတ်ပါတယ်တဲ့။ ရိုက်မယ့် ကုန်ပစ္စည်းကို ပုံရဲ့ တစ်ဖက်ဖက်ကို ပိုကပ်ထားတာမျိုး ဒါမှမဟုတ် ပုံရဲ့ အပေါ်ဘက် ဒါမှ မဟုတ် အောက်ဘက်မှာ ထားပြီး ရိုက်သင့်ပါတယ်။ အဲ့ဒါကို Rule of Thirds လို့ ခေါ်ပါတယ်။ ခြွင်းချက်အနေနဲ့ကတော့ လူမျက်နှာပုံဆိုရင်တော့ ဓာတ်ပုံဘောင်ထဲမှာ ဘယ်နေရာမှာမဆို ထားပြီးရိုက်နိုင်ပြီး ယေဘူယျအားဖြင့်တော့ ပိုကြီးကြီးပေါ်လေ၊ ပိုကောင်းလေပါတဲ့။

 

 ၄။ ကွဲပြားခြားနားတဲ့ ရှုထောင့်အမျိုးမျိုးက ရိုက်ကြည့်ပါ၊ အစွန်းအနားတွေကို ဂရုစိုက်ပါ။

Try varied perspectives; watch your edges

အရာဝတ္ထုအကြီးနဲ့ အသေးတွေ ရောထွေးပြီးတော့ ရိုက်တာဖြစ်ဖြစ်၊ ရှုထောင့်အမျိုးမျိုးက ရိုက်ကြည့်တာ ဖြစ်ဖြစ် စိတ်ဝင်စားစရာကောင်းတဲ့ ဓာတ်ပုံတစ်ပုံဖန်တီးနိုင်ပါတယ်။ ဥပမာပြောရရင်တော့ အရာဝတ္ထုတစ်ခုကို Camera နဲ့ နီးနီးမှာ ထားရိုက်ပြီး ကျန်တဲ့ ပစ္စည်းတွေကို Background မှာ ထားတာမျိုးပေါ့။ အဲဒီ Background က အရာဝတ္ထုပစ္စည်းတွေကိုတော့ ပုံ Frame အစွန်းတွေကနေ လွတ်အောင် ထားသင့်ပြီး ဒါမှသာ မလွတ်လို့ ဖြတ်ပစ်ရတာမျိုးတွေ ဘာတွေ မကြုံရတော့မှာပါ။

 

၅။ စိတ်ဝင်စားစရာကောင်းတဲ့ အပြင်အဆင်အထားအသိုမျိုးနဲ့ ရိုက်ပါ။

Use interesting layouts

ဓာတ်ပုံတစ်ပုံအတွက် ပစ္စည်းတွေ ဘယ်လို နေရာချထားမလဲ ပြင်ဆင်တဲ့ အခါ ဥပမာ အမျိုးသမီးဝတ် ရှူးဖိနပ်နဲ့ Accessories တွေကို ရိုက်တော့မယ်ဆိုရင် စိတ်ဝင်စားစရာကောင်းအောင် နေရာချပြီးမှ ရိုက်ပါ။ များပြားလှတဲ့ အရာဝတ္ထုတွေကို သပ်သပ်ရပ်ရပ်နေရာချခြင်းနဲ့ပဲ စိတ်ဝင်စားစရာကောင်းတဲ့ Design တစ်ခုဖန်တီးနိုင်တယ်ဆိုတာရယ်၊ အဲ့ဒီ စီချထားတဲ့ အရာတွေကို အပေါ်စီးကနေ ဓာတ်ပုံရိုက်ပြီး အမြင်အာရုံကို ဖမ်းစားနိုင်တဲ့ ဓာတ်ပုံတစ်ပုံဖန်တီးနိုင်တယ်ဆိုတာရယ်ကို ထည့်သွင်းစဉ်းစားပါ။

 

၆။ အလင်းဆုံမှတ်တစ်ခုနဲ့ အမျိုးမျိုးသော Textures တွေကို ပေါင်းထည့်ပေးပါ။

Add a focal point and varied textures

ဓာတ်ပုံရိုက်ဖို့ ပြင်ဆင်နေတဲ့ မြင်ကွင်းတစ်ခုမှာ Landscape ပုံဖြစ်ဖြစ်၊ Shopfront View ဖြစ်ဖြစ် အရာဝတ္ထုတစ်ခုကို အရှေ့မှာ ထားပြီး Focal point (ဆုံချက်တစ်ခု) ကို ထောက်ပံ့ပေးထားပါ၊ အရှေ့မှာ Shoes ဖိနပ်တွေစုပြီး ချိတ်ထားတဲ့ ပုံလိုမျိုးပေါ့။ ဖြစ်နိုင်ရင် Textures များများသုံးပြီး ကောင်းမွန်ပြတ်သားတဲ့ ပုံရိပ်တစ်ခုဖန်တီးကြည့်ပါဗျ။

 

၇။ အလင်း၊အမှောင် ကစားခြင်းနဲ့ ရုပ်လုံးကြွစေတဲ့ ပုံရိပ်တစ်ခုဖန်တီးနိုင်ပါတယ်။

Light and shadow create a nice contrast

ကိုယ်ဓာတ်ပုံရိုက်နေတုန်း ရိုက်ကွင်းရဲ့ အလင်းအမှောင်ကို ဂရုစိုက်ပါ။ တောက်ပတဲ့ အလင်းရောင်နဲ့ နက်မှောင်တဲ့ အရိပ်ကျပုံဟာ Contrast ကို ပြတ်သားစေပြီး စိတ်ဝင်စားစရာကောင်းတဲ့ ဓာတ်ပုံတစ်ပုံဖြစ်စေပါတယ်။ ဥပမာ  စိတ်ဝင်စားစရာကောင်းတဲ့ ကြော်ငြာပုံတစ်ပုံဆိုတာ တစ်စုံတစ်ယောက်ကို ကိုယ့် Product တွေ ဝတ်ပေးထားပြီး ကန့်လန့်ကာကြားက ဖြာထွက်နေတဲ့ နေရောင်ရှေ့မှာ အဲဒီလူကို ထားပြီး ရိုက်တာမျိုးပေါ့။

 

၈။ ဆွဲဆောင်မှုရှိတဲ့ အရောင် ပေါင်းစပ်ပုံတွေကို အသုံးချပါ။

Use attractive colour combinations

 

ဓာတ်ပုံအတွက် ဘယ်အရာဝတ္တုတွေ ပေါင်းစပ်ရိုက်ရမလဲလို့ ရွေးချယ်တဲ့ အခါ Colour Wheel Handy ကို အသုံးပြုပြီး စိတ်ဝင်စားဖို့ကောင်းတဲ့ အရောင်ပေါင်းစပ်မှုတွေ ဖန်တီးကြည့်ပါ။ Colour စက်ဝိုင်းရဲ့ ဆန့်ကျင်ဘက်တစ်ဖက်တစ်ချက်စီမှာ ရှိတဲ့ အရောင်တွေကို ရောစပ်အသုံးပြုတာပဲ ဖြစ်ဖြစ်၊ တူညီတဲ့ အရောင်ထဲမှာပဲ နွေးတဲ့ အရောင်အုပ်စု နဲ့ အေးတဲ့ အရောင်အုပ်စု ကို ရောစပ်အသုံးပြုတာမျိုး ပြုလုပ်ကြည့်ပါ။ ကြော်ငြာမယ့် လူကို ဖြစ်ဖြစ်၊ အရာဝတ္ထုကိုဖြစ်ဖြစ် ကိုယ်ရွေးချယ်ထားတဲ့ အရောင်တွေပဲ ဆင်မြန်းပေးပြီး ရိုက်ကြည့်ရင်ဖြင့် ထူးခြားပြီး အမြင်အာရုံကို ဖမ်းစားနိုင်တဲ့ ဓာတ်ပုံကောင်းတစ်ပုံရရှိမှာ အသေအချာပါပဲ။

 

ဟုတ်ကဲ့။ အခရာပရိသတ်ကြီးလည်း ဓာတ်ပုံလှလှလေးတွေနဲ့ Facebook ဈေးကွက်ကြီးကို သိမ်းပိုက်နိုင်ပြီး ရောင်းပန်းသာလို့ ဝယ်ပန်းလှပါစေကြောင်း ဆန္ဒပြုရင်း

 

ရိုးလူ (အခရာ)

www.akhayar.com

Ref : Facebook Business

Photo Credit : cultofmac.com