[ZawGyi]

မိုးတြင္းမွာေျပးမယ္ဆိုရင္ ဘာေတြျပင္ဆင္မလဲ

လမ္းေလွ်ာက္ေနက် ေျပးေနက်လူေတြဆုိရင္ မုိးတြင္းမွာလည္းလမ္းေလွ်ာက္ၾက ေျပးၾကတာပါပဲ။ တခ်ိဳ႕ေတြကေဆာင္းတြင္းေရာက္မွ ျပန္ေျပးမယ္၊ ေဆာင္းတြင္းေရာက္မွ လမ္းေလွ်ာက္မယ္ဆုိျပိး ရာသီဥတုကိုတြက္ဆၾကပါတယ္။ တကယ္ေတာ႔ မိုးတြင္းမွာလည္း ကိုယ္
႔ရဲ႕ အေလ႔အက်င္႔ေကာင္းကိုအပ်က္ခံဖို႔မလုိပါဘူး။ ဒါေၾကာင္႔ မုိးတြင္းမွာလည္း ဒါေတြကိုျပင္ဆင္ျပီးဆက္လက္ခ်ီတက္ႏိုင္ပါတယ္။

Neon ကိုေရြးခ်ယ္မယ္

မိုးတြင္းမွာကိုယ္ေျပးေနခ်ိန္ မိုးသည္းတာပဲျဖစ္ျဖစ္ ဖြဲဖြဲက်တာပဲျဖစ္ျဖစ္ ကိုယ္႔ကိုလူေတြ ကားသမားေတြျမင္သာထင္သာရွိေစဖုိ႔က အေရးၾကီးပါတယ္။ အေရာင္ေဖ်ာ႔ေတြနဲ႔ အမည္းေရာင္ေတြ ခဲေရာင္ေတြက ကိုယ္႔ကိုေပ်ာက္ေနေစပါတယ္။ ဒါေၾကာင္႔ ဒီရာသီမွာေတာ႔ Rain Coat ကို အဝါေရာင္၊ အစိမ္းေရာင္၊ ပန္းေရာင္၊ လိေမၼာ္ေရာင္ ေျပာင္ေျပာင္ထင္းထင္းေလးေတြကိုဝတ္ပါ။ ညေနဘက္ေတြေျပးရင္ေတာ႔ အလင္းျပန္တဲ႔အစင္းေၾကာင္းေလးေတြပါတာမ်ိဳးက ပိုစိတ္ခ်ရပါတယ္။

wear-neon-color

wear-neon-color

မိုးကာသားဝတ္ပါ

အဝတ္အစားေရြးခ်ယ္တဲ႔ေနရာမွာလည္း မိုးေရထိရင္အိက်ေလးက်သြားေစမယ္႔ အဝတ္အထည္ေတြကိုမေရြးရပါဘူး။ ႏိုင္လြန္ကို ေရြးႏိုင္ပါတယ္။ စြပ္က်ယ္ပါးပါးနဲ႔ မိုးကာအက်ီတြဲဝတ္တာမ်ိဳး၊ မိုးကာသားအေပၚေအာက္ ဝမ္းဆက္ဝတ္တာမ်ိဳးေတြ လုပ္ႏိုင္ပါတယ္။

လွ်ပ္စစ္ပစၥည္းေတြကို သတိျပဳပါ

ကိုယ္အျပင္ထြက္လာခ်ိန္မွာ ဖုန္းကေတာ႔မျဖစ္မေနပါလာမွာပါ။ ဒါေၾကာင္႔ ဖုန္းနဲ႔အျခားေသာလွ်ပ္စစ္ပစၥည္းေတြကို ေသေသခ်ာခ်ာေရလံုေအာင္သိမ္းဆည္းဖို႔ေတာ႔လုိပါတယ္။ မိုးသည္းေလတိုက္ေနခ်ိန္မွာေတာ႔ ဖုန္းမေျပာ ဖုန္းမဆက္ပါနဲ႔။ ဆိုင္ ဒါမွမဟုတ္ အိမ္လုိမ်ိဳး အကာအကြယ္ေကာင္းတဲ႔ေနရာေရာက္မွ ဖုန္းကိုျပန္အသံုးျပဳပါ။

choose-right-shoes

choose-right-shoes

ဖိနပ္ကအေရးၾကီးပါတယ္

မိုးတြင္းမွာေတာ႔ အားကစားဖိနပ္ဟာ အျခားေသာရာသီေတြထက္ ပိုအေရးၾကီးပါတယ္။ ေအာက္ေျခဟာေျခကုပ္ျမဲေစဖို႔ အေရးၾကီးပါတယ္။ ဖိနပ္ဟာ ေရနဲ႔ေလးလံကၽြတ္ထြက္သြားတာမ်ိဳးလည္းမျဖစ္ေစရပါဘူး။ ဖိနပ္ေအာက္ေျခရဲ႕ထြန္းရာအျခစ္ရာဟာ တစ္မီလီမီတာထက္ပိုနက္ရပါမယ္။ ေျခအိတ္ပါးပါးဝတ္ပါ။ Running Shoe ကို Waterproof အမ်ိဳးအစားေရြးခ်ယ္ျပီး အသစ္ဝယ္ႏိုင္ရင္ေတာ႔အေကာင္းဆံုးပါပဲ။

ဒီအခ်က္ေတြကို ျပင္ဆင္လုိက္ရင္ မိုးတြင္းမွာေျပးရတာအဆင္ေျပတယ္ဆုိေပမယ္႔ လူေတာ္ေတာ္မ်ားမ်ားကေတာ႔ မိုးတြင္းမွာေျပးတာကို သိပ္အားမေပးပါဘူး။ ေလအရမ္းတိုက္ေနခ်ိန္၊ မိုးအရမ္းသည္းေနခ်ိန္မ်ိဳးကို ေရွာင္တာေကာင္းပါတယ္။ မိုးကိုဆန္ျပီးေျပးရတဲ႔အတြက္ ကိုယ္႔ရဲ႕ေျပးတဲ႔ Speed ကိုလည္းက်ေစတယ္ဆုိတာသိထားဖုိ႔လုိပါတယ္။

မိုးမသည္းတဲ႔အခ်ိန္ မိုးေလးဖြဲဖြဲက်ေနခ်ိန္မ်ိဳးမွာေတာ႔ အခုေဖာ္ျပခဲ႔တဲ႔အခ်က္ေလးေတြကိုျဖည္႔ဆည္းျပီး ေျပးျမဲတိုင္းေျပးႏိုင္ၾကပါတယ္။

ဂ်ဴဂ်ဴး(Akhayar)

www.akhayar.com

[Unicode]

မိုးတွင်းမှာပြေးမယ်ဆိုရင် ဘာတွေပြင်ဆင်မလဲ

လမ်းလျှောက်နေကျ ပြေးနေကျလူတွေဆိုရင် မိုးတွင်းမှာလည်းလမ်းလျှောက်ကြ ပြေးကြတာပါပဲ။ တချို့တွေကဆောင်းတွင်းရောက်မှ ပြန်ပြေးမယ်၊ ဆောင်းတွင်းရောက်မှ လမ်းလျှောက်မယ်ဆိုပြိး ရာသီဥတုကိုတွက်ဆကြပါတယ်။ တကယ်တော့ မိုးတွင်းမှာလည်း ကိုယ်
့ရဲ့ အလေ့အကျင့်ကောင်းကိုအပျက်ခံဖို့မလိုပါဘူး။ ဒါကြောင့် မိုးတွင်းမှာလည်း ဒါတွေကိုပြင်ဆင်ပြီးဆက်လက်ချီတက်နိုင်ပါတယ်။

Neon ကိုရွေးချယ်မယ်

မိုးတွင်းမှာကိုယ်ပြေးနေချိန် မိုးသည်းတာပဲဖြစ်ဖြစ် ဖွဲဖွဲကျတာပဲဖြစ်ဖြစ် ကိုယ့်ကိုလူတွေ ကားသမားတွေမြင်သာထင်သာရှိစေဖို့က အရေးကြီးပါတယ်။ အရောင်ဖျော့တွေနဲ့ အမည်းရောင်တွေ ခဲရောင်တွေက ကိုယ့်ကိုပျောက်နေစေပါတယ်။ ဒါကြောင့် ဒီရာသီမှာတော့ Rain Coat ကို အဝါရောင်၊ အစိမ်းရောင်၊ ပန်းရောင်၊ လိမ္မော်ရောင် ပြောင်ပြောင်ထင်းထင်းလေးတွေကိုဝတ်ပါ။ ညနေဘက်တွေပြေးရင်တော့ အလင်းပြန်တဲ့အစင်းကြောင်းလေးတွေပါတာမျိုးက ပိုစိတ်ချရပါတယ်။

wear-neon-color

wear-neon-color

မိုးကာသားဝတ်ပါ

အဝတ်အစားရွေးချယ်တဲ့နေရာမှာလည်း မိုးရေထိရင်အိကျလေးကျသွားစေမယ့် အဝတ်အထည်တွေကိုမရွေးရပါဘူး။ နိုင်လွန်ကို ရွေးနိုင်ပါတယ်။ စွပ်ကျယ်ပါးပါးနဲ့ မိုးကာအကျီတွဲဝတ်တာမျိုး၊ မိုးကာသားအပေါ်အောက် ဝမ်းဆက်ဝတ်တာမျိုးတွေ လုပ်နိုင်ပါတယ်။

လျှပ်စစ်ပစ္စည်းတွေကို သတိပြုပါ

ကိုယ်အပြင်ထွက်လာချိန်မှာ ဖုန်းကတော့မဖြစ်မနေပါလာမှာပါ။ ဒါကြောင့် ဖုန်းနဲ့အခြားသောလျှပ်စစ်ပစ္စည်းတွေကို သေသေချာချာရေလုံအောင်သိမ်းဆည်းဖို့တော့လိုပါတယ်။ မိုးသည်းလေတိုက်နေချိန်မှာတော့ ဖုန်းမပြော ဖုန်းမဆက်ပါနဲ့။ ဆိုင် ဒါမှမဟုတ် အိမ်လိုမျိုး အကာအကွယ်ကောင်းတဲ့နေရာရောက်မှ ဖုန်းကိုပြန်အသုံးပြုပါ။

choose-right-shoes

choose-right-shoes

ဖိနပ်ကအရေးကြီးပါတယ်

မိုးတွင်းမှာတော့ အားကစားဖိနပ်ဟာ အခြားသောရာသီတွေထက် ပိုအရေးကြီးပါတယ်။ အောက်ခြေဟာခြေကုပ်မြဲစေဖို့ အရေးကြီးပါတယ်။ ဖိနပ်ဟာ ရေနဲ့လေးလံကျွတ်ထွက်သွားတာမျိုးလည်းမဖြစ်စေရပါဘူး။ ဖိနပ်အောက်ခြေရဲ့ထွန်းရာအခြစ်ရာဟာ တစ်မီလီမီတာထက်ပိုနက်ရပါမယ်။ ခြေအိတ်ပါးပါးဝတ်ပါ။ Running Shoe ကို Waterproof အမျိုးအစားရွေးချယ်ပြီး အသစ်ဝယ်နိုင်ရင်တော့အကောင်းဆုံးပါပဲ။

ဒီအချက်တွေကို ပြင်ဆင်လိုက်ရင် မိုးတွင်းမှာပြေးရတာအဆင်ပြေတယ်ဆိုပေမယ့် လူတော်တော်များများကတော့ မိုးတွင်းမှာပြေးတာကို သိပ်အားမပေးပါဘူး။ လေအရမ်းတိုက်နေချိန်၊ မိုးအရမ်းသည်းနေချိန်မျိုးကို ရှောင်တာကောင်းပါတယ်။ မိုးကိုဆန်ပြီးပြေးရတဲ့အတွက် ကိုယ့်ရဲ့ပြေးတဲ့ Speed ကိုလည်းကျစေတယ်ဆိုတာသိထားဖို့လိုပါတယ်။

မိုးမသည်းတဲ့အချိန် မိုးလေးဖွဲဖွဲကျနေချိန်မျိုးမှာတော့ အခုဖော်ပြခဲ့တဲ့အချက်လေးတွေကိုဖြည့်ဆည်းပြီး ပြေးမြဲတိုင်းပြေးနိုင်ကြပါတယ်။

ဂျူဂျူး(Akhayar)

www.akhayar.com