[ZawGyi]

အသစ္စက္စက္ဒယ္ဒီဘဝ ခံယူေတာ႔မယ္ဆုိရင္

အမ်ိဳးသားတစ္ေယာက္အတြက္ လူပ်ိဳဘဝမွသည္ ခင္ပြန္း၊ ခင္ပြန္းမွသည္ ဖခင္တစ္ေယာက္ျဖစ္လာရမယ္႔သူေတြပါပဲ။ ဖခင္ေနရာေရာက္ရွိလာတာဟာ အမ်ိဳးသားတစ္ေယာက္အတြက္စိန္ေခၚမႈေတြျပည္႔ႏွက္ေနတဲ႔အေျပာင္းအလဲအခ်ိဳးအေကြ႔ၾကီးတစ္ခုျဖစ္ပါတယ္။ ဒီအခ်ိဳးအေကြ႔မွာ ေပ်ာ္ရႊင္မႈေတြအျပင္ စိတ္လႈပ္ရွားမႈေတြ၊ စိတ္ဖိစီးမႈေတြကို ယွဥ္တြဲရရွိလာတတ္တာကေတာ႔ သဘာဝပါပဲ။
ဖခင္တစ္ေယာက္ျဖစ္လာတဲ႔အခါၾကံဳလာရမယ္႔ မိသားစုတာဝန္ေတြ၊ ေငြေရးေၾကးေရးျပႆနာေတြကိုနားလည္သေဘာေပါက္ျပီး ျပင္ဆင္ထားမယ္ဆုိရင္ ဒီအခ်ိဳးအေကြ႕ၾကီးတစ္ခုကို ေအးေအးေဆးေဆးျဖတ္ေက်ာ္ႏိုင္မွာပါ။ ဒါေၾကာင္႔ ဒယ္ဒီအသစ္စက္စက္ေတြသိထားသင္႔တဲ႔အခ်က္အလက္တခ်ိဳ႕ကို မွ်ေဝေပးခ်င္ပါတယ္။

တာဝန္အသစ္ေတြနဲ႔ ပင္ပန္းမႈေတြ

ေမြးကင္းစကေလးကို ကူညီေစာင္႔ေရွာက္ေပးရတဲ႔ကိစၥဟာ လြယ္ကူတဲ႔အရာေတာ႔ မဟုတ္ပါဘူး။ ကိုယ္ကအလုပ္တစ္ဖက္နဲ႔ဆို ပိုဆိုးႏိုင္ပါတယ္။ ကေလးအတြက္ ညဘက္ေတြမွာ အိပ္ေရးပ်က္ႏိုင္ပါတယ္။ ကေလးႏို႔ဗူးေဖ်ာ္ေပးရမယ္၊ Diaper လဲေပးရမယ္ စတဲ႔အလုပ္ေတြဟာ ေအာ္တိုမစ္တစ္ကိုယ္႔တာဝန္ေတြျဖစ္လာမွာပါ။ အလုပ္မွာ ကေလးမိခင္လုိမ်ိဳး ခြင္႔ရက္ရွည္လည္းမရႏိုင္တာမုိ႔ ကေလးေလးေရာက္ရွိလာတဲ႔အေစာပိုင္းကာလေတြဟာ ဖခင္တစ္ေယာက္အတြက္ေတာ႔ အပင္ပန္းရဆံုးအခ်ိန္ေတြျဖစ္လာမွာပါ။

ေငြေၾကးကုန္က်မယ္

မီးဖြားစရိတ္မွစျပီး မိခင္နဲ႔ကေလးကိုေစာင္႔ေရွာက္စရိတ္၊ ကေလးအတြက္ အသံုးအေဆာင္ပစၥည္းဝယ္တာေတြအျပင္ ေဆးဖုိးဝါးခေတြအတြက္ ေငြေၾကးပိုမိုကုန္က်မွာပါ။ ဇနီးျဖစ္သူရဲ႕ဝင္ေငြနဲ႔ပါရပ္တည္ေနရသူေတြဆုိရင္ေတာ႔ ေငြေရးေၾကးေရး က်ပ္တည္းတဲ႔အဆင္႔ကိုေရာက္ႏိုင္ပါတယ္။ ဒါေၾကာင္႔ ကေလးယူမယ္ဆုိရင္ေငြေၾကးအတြက္ အေတာ္ေလးတြက္ဆျပင္ဆင္ထားပါမွ အဆင္ေျပပါလိမ္႔မယ္။

အိမ္ေထာင္ဖက္နဲ႔ဆက္ဆံေရး ေျပာင္းလဲမယ္

ကေလးအတြက္အခ်ိန္ဖဲ႔ေပးရတဲ႔အခါ ဇနီးနဲ႔ခင္ပြန္းၾကားမွာ အရင္လိုအခ်ိန္ေပးႏိုင္မႈေတြ၊ ဂရုစိုက္မႈေတြနဲ႔ ခ်စ္ေရးခ်စ္ရာေတြနည္းသြားႏိုင္ပါတယ္။ ဒီလုိအေနအထားဟာ ဒယ္ဒီအသစ္ေတြအတြက္ ေအးစက္စက္ခံစားမႈနဲ႔ အထီးက်န္သလုိခံစားရမႈျဖစ္လာႏိုင္ပါတယ္။

စိတ္ဓာတ္က်ႏိုင္တယ္

အသစ္စက္စက္မိခင္ေတြလုိပဲ ဖခင္ေတြဟာလည္း ကေလးေလးေရာက္ရွိလာျပီးခ်ိန္မွာ တာဝန္ဝတၱရားေတြနဲ႔ အနာဂတ္အတြက္ စဥ္းစားေတြးေတာမိတာေတြေၾကာင္႔ Depression ျဖစ္လာႏိုင္ပါတယ္။ သုေတသနျပဳခ်က္ေတြအရ ဒီအခ်က္ကိုဖခင္အသစ္စက္စက္ေတာ္ေတာ္မ်ားမ်ားက ခံစားၾကရတယ္လုိ႔ဆုိပါတယ္။

ၾကိဳတင္ျပင္ဆင္ပါ

ဖခင္ေလာင္းေတြအေနနဲ႔ ဒီျပႆနာေတြကိုရင္ဆုိင္ဖုိ႔ ၾကိဳတင္ျပင္ဆင္ထားရပါမယ္။ ႏိုင္ငံျခားမွာဆုိရင္ ဖခင္ေလာင္းေတြတက္ေရာက္ရမယ္႔ သင္တန္းေတြရွိပါတယ္။ ဒီသင္တန္းေတြမွာ ကေလးျပဳစုေစာင္႔ေရွာက္ျခင္းနဲ႔ ေတြ႔ၾကံဳလာရမယ္႔အေျခအေနေတြကို အဓိကေျပာျပျပီးသင္ၾကားေပးတာမ်ိဳးျဖစ္ပါတယ္။
ကေလးယူမယ္ဆိုကတည္းက အိမ္ေထာင္ဖက္နဲ႔ေသေသခ်ာခ်ာတုိင္ပင္ေဆြးေႏြးပါ။ မိတ္ေဆြမ်ား ေဆြမ်ိဳးမ်ားထံကေန အကူအညီရယူပါ။ ကိုယ္ဖခင္တစ္ေယာက္ျဖစ္လာခ်ိန္မွာ ဘယ္လုိရွင္သန္ရပ္တည္မယ္၊ ကေလးကို ဘယ္လုိျပဳစုပ်ိဳးေထာင္မယ္ ဆုိတာေတြကို ေလးေလးနက္နက္ေတြးဆထားဖုိ႔လုိပါတယ္။ ဇနီးသည္ကို ၾကင္နာယုယဖုိ႔၊ ကေလးေမြးဖြားေနစဥ္မွစျပီး ေမြးဖြားျပီးခ်ိန္အထိ ကူညီေစာင္႔ေရွာက္ႏိုင္ဖုိ႔ ဆုိတဲ႔အခ်က္ေတြကို ၾကိဳတင္ေတြးထားရမွာပါ။

ဒါေၾကာင္႔ အသစ္စက္စက္ဒယ္ဒီေတြအခ်င္းခ်င္း ေဖးမကူညီမႈေတြနဲ႔ ဖခင္ဘဝကိုရင္ဆုိင္ျဖတ္ေက်ာ္ၾကဖုိ႔လုိပါတယ္ေနာ္။

ဂ်ဴဂ်ဴး(အခရာ)

www.akhayar.com

[Unicode]

အသစ်စက်စက်ဒယ်ဒီဘဝ ခံယူတော့မယ်ဆိုရင်

အမျိုးသားတစ်ယောက်အတွက် လူပျိုဘဝမှသည် ခင်ပွန်း၊ ခင်ပွန်းမှသည် ဖခင်တစ်ယောက်ဖြစ်လာရမယ့်သူတွေပါပဲ။ ဖခင်နေရာရောက်ရှိလာတာဟာ အမျိုးသားတစ်ယောက်အတွက်စိန်ခေါ်မှုတွေပြည့်နှက်နေတဲ့အပြောင်းအလဲအချိုးအကွေ့ကြီးတစ်ခုဖြစ်ပါတယ်။ ဒီအချိုးအကွေ့မှာ ပျော်ရွှင်မှုတွေအပြင် စိတ်လှုပ်ရှားမှုတွေ၊ စိတ်ဖိစီးမှုတွေကို ယှဉ်တွဲရရှိလာတတ်တာကတော့ သဘာဝပါပဲ။
ဖခင်တစ်ယောက်ဖြစ်လာတဲ့အခါကြုံလာရမယ့် မိသားစုတာဝန်တွေ၊ ငွေရေးကြေးရေးပြဿနာတွေကိုနားလည်သဘောပေါက်ပြီး ပြင်ဆင်ထားမယ်ဆိုရင် ဒီအချိုးအကွေ့ကြီးတစ်ခုကို အေးအေးဆေးဆေးဖြတ်ကျော်နိုင်မှာပါ။ ဒါကြောင့် ဒယ်ဒီအသစ်စက်စက်တွေသိထားသင့်တဲ့အချက်အလက်တချို့ကို မျှဝေပေးချင်ပါတယ်။

တာဝန်အသစ်တွေနဲ့ ပင်ပန်းမှုတွေ

မွေးကင်းစကလေးကို ကူညီစောင့်ရှောက်ပေးရတဲ့ကိစ္စဟာ လွယ်ကူတဲ့အရာတော့ မဟုတ်ပါဘူး။ ကိုယ်ကအလုပ်တစ်ဖက်နဲ့ဆို ပိုဆိုးနိုင်ပါတယ်။ ကလေးအတွက် ညဘက်တွေမှာ အိပ်ရေးပျက်နိုင်ပါတယ်။ ကလေးနို့ဗူးဖျော်ပေးရမယ်၊ Diaper လဲပေးရမယ် စတဲ့အလုပ်တွေဟာ အော်တိုမစ်တစ်ကိုယ့်တာဝန်တွေဖြစ်လာမှာပါ။ အလုပ်မှာ ကလေးမိခင်လိုမျိုး ခွင့်ရက်ရှည်လည်းမရနိုင်တာမို့ ကလေးလေးရောက်ရှိလာတဲ့အစောပိုင်းကာလတွေဟာ ဖခင်တစ်ယောက်အတွက်တော့ အပင်ပန်းရဆုံးအချိန်တွေဖြစ်လာမှာပါ။

ငွေကြေးကုန်ကျမယ်

မီးဖွားစရိတ်မှစပြီး မိခင်နဲ့ကလေးကိုစောင့်ရှောက်စရိတ်၊ ကလေးအတွက် အသုံးအဆောင်ပစ္စည်းဝယ်တာတွေအပြင် ဆေးဖိုးဝါးခတွေအတွက် ငွေကြေးပိုမိုကုန်ကျမှာပါ။ ဇနီးဖြစ်သူရဲ့ဝင်ငွေနဲ့ပါရပ်တည်နေရသူတွေဆိုရင်တော့ ငွေရေးကြေးရေး ကျပ်တည်းတဲ့အဆင့်ကိုရောက်နိုင်ပါတယ်။ ဒါကြောင့် ကလေးယူမယ်ဆိုရင်ငွေကြေးအတွက် အတော်လေးတွက်ဆပြင်ဆင်ထားပါမှ အဆင်ပြေပါလိမ့်မယ်။

အိမ်ထောင်ဖက်နဲ့ဆက်ဆံရေး ပြောင်းလဲမယ်

ကလေးအတွက်အချိန်ဖဲ့ပေးရတဲ့အခါ ဇနီးနဲ့ခင်ပွန်းကြားမှာ အရင်လိုအချိန်ပေးနိုင်မှုတွေ၊ ဂရုစိုက်မှုတွေနဲ့ ချစ်ရေးချစ်ရာတွေနည်းသွားနိုင်ပါတယ်။ ဒီလိုအနေအထားဟာ ဒယ်ဒီအသစ်တွေအတွက် အေးစက်စက်ခံစားမှုနဲ့ အထီးကျန်သလိုခံစားရမှုဖြစ်လာနိုင်ပါတယ်။

စိတ်ဓာတ်ကျနိုင်တယ်

အသစ်စက်စက်မိခင်တွေလိုပဲ ဖခင်တွေဟာလည်း ကလေးလေးရောက်ရှိလာပြီးချိန်မှာ တာဝန်ဝတ္တရားတွေနဲ့ အနာဂတ်အတွက် စဉ်းစားတွေးတောမိတာတွေကြောင့် Depression ဖြစ်လာနိုင်ပါတယ်။ သုတေသနပြုချက်တွေအရ ဒီအချက်ကိုဖခင်အသစ်စက်စက်တော်တော်များများက ခံစားကြရတယ်လို့ဆိုပါတယ်။

ကြိုတင်ပြင်ဆင်ပါ

ဖခင်လောင်းတွေအနေနဲ့ ဒီပြဿနာတွေကိုရင်ဆိုင်ဖို့ ကြိုတင်ပြင်ဆင်ထားရပါမယ်။ နိုင်ငံခြားမှာဆိုရင် ဖခင်လောင်းတွေတက်ရောက်ရမယ့် သင်တန်းတွေရှိပါတယ်။ ဒီသင်တန်းတွေမှာ ကလေးပြုစုစောင့်ရှောက်ခြင်းနဲ့ တွေ့ကြုံလာရမယ့်အခြေအနေတွေကို အဓိကပြောပြပြီးသင်ကြားပေးတာမျိုးဖြစ်ပါတယ်။
ကလေးယူမယ်ဆိုကတည်းက အိမ်ထောင်ဖက်နဲ့သေသေချာချာတိုင်ပင်ဆွေးနွေးပါ။ မိတ်ဆွေများ ဆွေမျိုးများထံကနေ အကူအညီရယူပါ။ ကိုယ်ဖခင်တစ်ယောက်ဖြစ်လာချိန်မှာ ဘယ်လိုရှင်သန်ရပ်တည်မယ်၊ ကလေးကို ဘယ်လိုပြုစုပျိုးထောင်မယ် ဆိုတာတွေကို လေးလေးနက်နက်တွေးဆထားဖို့လိုပါတယ်။ ဇနီးသည်ကို ကြင်နာယုယဖို့၊ ကလေးမွေးဖွားနေစဉ်မှစပြီး မွေးဖွားပြီးချိန်အထိ ကူညီစောင့်ရှောက်နိုင်ဖို့ ဆိုတဲ့အချက်တွေကို ကြိုတင်တွေးထားရမှာပါ။

ဒါကြောင့် အသစ်စက်စက်ဒယ်ဒီတွေအချင်းချင်း ဖေးမကူညီမှုတွေနဲ့ ဖခင်ဘဝကိုရင်ဆိုင်ဖြတ်ကျော်ကြဖို့လိုပါတယ်နော်။

ဂျူဂျူး(အခရာ)

www.akhayar.com