ကွန်ပျူတာဝယ်တာ ပိုက်ဆံရှိနေရင် ဘာမှ မစဉ်းစားပဲနဲ့ ဝယ်နိုင်တယ်ဆိုမယ့် Budget ပြန်ချိန်ရတဲ့အခါ ၊ ကိုယ်လိုချင်တာနဲ့ ကိုက်ရဲ့လား ၊ နောက်မှ နောင်တရတာမျိုး မဖြစ်ရအောင် တွေးရတဲ့အခါမျိုးနဲ့ ကြုံရင်တော့ ဘာတွေဦးစားပေးရမလဲဆိုတာ ရုတ်တရက်တွေဝေသွားတတ်ပါတယ်။ အဲ့ဒါကြောင့် Laptop ၊ Desktop ပဲ ဝယ်ဝယ် ကိုယ်ရည်မှန်းထားတာလေးနဲ့ အဆင်ပြေအောင် သိထားရမယ့်အချက်တွေကို အကျယ်တဝင့် ရေးသားဖော်ပြလိုက်ပါတယ်။

Dell XPS Core i3 Version

Laptop ဝယ်ရင် အရေးကြီးဆုံး Processor ကို ဘယ်လိုရွေးချယ်ကြမလဲ?

ပထမဦးဆုံး ကွဲကွဲပြားပြား ဖြစ်သွားစေချင်တာက ကိုယ်က Power User မလို့ Gamer မလို့ ရုံးသုံး၊ ကျောင်းသုံးအတွက်ဆိုပြီး အကန့်လေး ခွဲစေချင်တာပါ။ ဆိုလိုချင်တဲ့သဘောကို အမျိုးစားခွဲပြရမယ်ဆိုရင် High-end ၊ Mid-range နဲ့ Budget ဆိုပြီး ၃ မျိုး ရှိတယ်ဆိုတာပါ။ အခုလို Level ၃ မျိုးရှိတယ်ဆိုတာသိသွားရင် High-end Build တွက်ဆင်မလား? သူ့အတွက်ဆိုရင် $1500 အထက်ရှိနိုင်မယ်၊ Mid-range ဆိုရင်တော့ $1000 ဝန်းကျင်ပေါ့၊ ရိုးရိုးပဲ သုံးချင်တယ်ဆိုရင်တော့ $300 အောက်နဲ့ ရုပ်ရှင်လည်းကြည့်နိုင်၊ ပေါ့ပေါ့ပါးပါး ဂိမ်းကစားနိုင်တဲ့ ကွန်ပျူတာ တစ်လုံးဆင်လို့ ရတယ်ဆိုတာကို သဘောပေါက် စေချင်ပါတယ်။

Razer Blade 15 Mercury White Edition

ကယ်… ဒီလိုဆိုရင် ကိုယ်အသုံးပြုချင်တဲ့ Build အလိုက် ကွန်ပျူတာထဲက အစိတ်ပိုင်းတွေ ဘယ်လို ရွေးချယ်မလဲဆိုတဲ့ထဲမှာ Processor ဘယ်လို ရွေးချယ်မလဲဆိုတာ ပြောပြသွားပါ့မယ်။

Central Processing Unit (CPU)

ကွန်ပျူတာဝယ်ရင် ပထမဆုံး စိတ်ဝင်စားကြတာက CPU ခေါ် Processor ပါ။ သူကဘယ်လောက် အရေးပါသလဲဆိုရင် လူဦးနှောက်နဲ့ သဘောတရားချင်း သွားဆင်တူတယ်။ ဂိမ်းပဲကစားကစား၊ Rendering ပဲချချ၊ ဘာပဲလုပ်လုပ် Processor Command မရှိရင် အသက်မဲ့နေတဲ့ လူတယောက်လိုပါပဲ။ ဒီလိုဆိုတော့ အရေးပါဆုံး Processor ကို ဘယ်လို ရွေးချယ်ကြမလဲ?

Intel Processor

Core i7 or equivalent AMD Processor

Intel Processor ထဲမှာ စွမ်းဆောင်ရည် အမြင့်ဆုံး Core i7 တွေကို Gaming Laptop ၊ Desktop တွေမှာ အများဆုံးတွေ့ရလေ့ရှိပါတယ်။ သူ့မှာပါလာတဲ့ Core အရေတွက် အများဆုံးရှိတာမလို့ Powerful ဖြစ်တယ်လို့ ပြောရတာပါ။ တချို့ Ultra-powerful ကွန်ပျူတာတွေမှာ Core i9 Processor တွေ မြင်ရလေ့ရှိပြီး ဒီကောင်တွေက Render ကောင်းကောင်း ချဖို့အတွက် တမင်ဈေးကြီးကြီး ထုတ်ထားတဲ့ Processor ပါ။

Intel Core i7

ဒါကြောင့်မလို့ Core i7 ၊ Core i9 စတာတွေကို Power User တွေ နှစ်သက်ကြသလို High-end Build ဆင်ချင်တဲ့လူမှ ရွေးချယ်ကြတာပါ။ သာမန် ရုံးသုံး၊ ကျောင်းသုံးအတွက် မလိုအပ်သလို Game ကစားချင်သူတွေ ဒေါ်လာ ၂၀၀ လောက် ချွေတာလိုက်ပြီး ပိုပြီး Strong ဖြစ်တဲ့ Graphics Card ရွေးချယ်လိုက်တာက ပိုသင့်တော်ပါတယ်။

Core i7 excels performance in gaming

Core i5 or equivalent AMD Processor

အလယ်လတ်ဈေးနှုန်းနဲ့ Mid-range to High Performance ပိုင်ဆိုင်ထားတဲ့ Core i5 Processor တွေဟာ CPU သုံးဖို့ အရမ်းမလိုဘူး၊ ပုံမှန်ထက်ပိုတဲ့ စွမ်းဆောင်ရည်မျိုးနဲ့ အလုပ်လုပ်ချင်သူတွေအတွက် အသင့်တော်ဆုံးပါပဲ။ လုပ်ငန်းသုံးအတွက် သင့်တော်သလို Game ကစားချင်သူအတွက်လည်း Ready ဖြစ်နေတဲ့ Procesor ပါပဲ။

Intel Core i5

နောက်ပြီး Core i5 ကို ရွေးချယ်တာ ကောင်းတယ်ဆိုတဲ့ နောက်တစ်ချက်က ရေရှည်မှာ ကြာကြာသုံးနိုင်သေးသလို အသစ်ထွက်လာမယ့် Software တွေကို ကောင်းကောင်းကိုင်တွယ်နိုင်ဦးမယ်ဆိုတာပါ။ ဒီလိုဆိုတော့ ဘယ်အတွက်ပဲ ကွန်ပျူတာဝယ်ဝယ် Core i5 လောက်ဆွဲထားလိုက်တာက ပိုကောင်းပါတယ်။ တချို့ Budget ပဲ မှန်းထားတဲ့သူ၊ ရံဖန်ရံခါပဲ ကွန်ပျူတာသုံးလေ့ရှိသူအတွက်က ဒီအချက် မစဉ်းစားလဲ ကိစ္စမရှိပါဘူး။

An ideal Processor for Mac Family

Core i3 or equivalent AMD Processor

Core i3 Processor တွေကတော့ Budget ကနေ Mid-Range ရှိတဲ့ ကွန်ပျူတာဆင်ဖို့ သင့်တော်ပါတယ်။ ဒါမယ့် Mid-range သွားချင်တယ်ဆိုရင်တော့ Quad Core i3 သွားတာထက် Core i5 ရွေးတာ ပိုကောင်းပါတယ်။ သူ့ဘာသူ Generation မြင့်လို့ Core 4 လုံးပဲ ပါပါ Level ပိုမြင်တဲ့ Processor ရွေးချယ်လိုက်တာ ပြိုင်ကားနဲ့ လေယာဉ်စီးရသလို ကွာခြားမှုတွေ ရှိနိုင်ပါတယ်။

Intel Core i3

နောက်ပြီး ရုံးသုံး၊ ကျောင်းသုံးအတွက် ကွန်ပျူတာဝယ်ဖို့စဉ်းစားထားရင် Core i3 အစား Core M ဒါမှမဟုတ် Pentium ၊ Celeron ၊ Atom Processor တွေ ရွေးချယ်နိုင်ပါသေးတယ်။ အဲ့သလို Budget အဆင့်မှာ စကားပြောမယ့်အချက်က ငွေဘယ်လောက်သုံးနိုင်မလဲ အဓိက ဖြစ်သွားတာမလို့ ရုံးသုံး၊ ကျောင်းသုံးနဲ့ အင်တာနက်၊ YouTube ဗီဒီယိုကြည့်တာမျိုးအတွက်ဆိုရင်တော့ အမြင့်ဆုံး Core i3 ကနေ Atom Processor အထိ နှစ်သက်ရာ ရွေးချယ်နိုင်ပါတယ်။

Core M for light weight Multi-tasking

Laptop or Desktop

ဒီလို အကန့် ၂ ခု ခွဲလိုက်ရတယ်ဆိုတာက Laptop အတွက်ထုတ်ထားတဲ့ Processor တွေမှာ ULV (Ultra Low Voltage) နဲ့ HQ (High Quaility) ဆိုပြီး ၂ မျိုး ရှိနေလို့ပါ။ ဥပမာ 8th Generation Intel Core i7 Processor ထဲမှာဆိုရင် Core i7-8550U နဲ့ Core i7-8750H ဆိုပြီး မော်ဒယ် ၂ မျိုးခွဲထုတ်ထားပါတယ်။ ရှေ့ U ဆိုတဲ့ စကားလုံးက ULV လို့ ရည်ညွန်းပြီး ပါဝါအစားနည်းတယ်၊ H ကတော့ Powerful လို့ ပြောချင်တာဖြစ်ပြီး ပါဝါပိုစားမယ်၊ စွမ်းဆောင်ရည်ပိုကောင်းမယ်၊ U စီးရီးထက်စာရင် Core အရေတွက်လည်း ပိုများပါမယ်။

Two variant Core i7 Processors

အထူးသဖြင့် U မော်ဒယ်တွေကို Ultrabook လို ပါးပါးလပ်လပ် လက်တော့တွေမှာ အများဆုံးတွေ့ရတတ်ပြီး အဓိက ရည်ရွယ်ချက်က ပါဝါအစားနည်းနည်းနဲ့ စွမ်းဆောင်ရည် များများပေးချင်တဲ့ သဘောပါ။ H စီးရီးတွေကျ Desktop Level စွမ်းဆောင်ရည် ရဖို့အတွက် ပါဝါ Control ပိုင်း ဒီဇိုင်းပြောင်းဆွဲထားသလို Desktop Core i7-8700 နီးပါး စွမ်းဆောင်နိုင်ဖို့အတွက်ပါ။ ဒါပေမယ့် Desktop လောက်တော့ ဘယ်မြန်ပါ့မလဲနော်။

Ultrabook inspired by Intel U Series Processor

အခုလို Processor ရွေးချယ်တာနဲ့ ပတ်သက်လို့ သိပြီးသွားရင် အနှစ်ချုပ်ပြောချင်တာ Internet သုံးမယ်၊ Facebook နဲ့ Instagram သုံးမယ်၊ ရုပ်ရှင်ကြည့်ဖို့အတွက်ပဲဆိုရင် Core i3 ကိုမှ 8GB RAM ပါတာကို ရွေးချယ်ပါ။ ဒီထက်ပိုသုံးချင်တယ် ဥပမာ ဂိမ်းကစားဖို့အတွက်ဆိုရင် Core i5 သုံးလိုက်တာက Performance ပိုတက်သွားနိုင်သလို SSD တွေပါ ပါလာခဲ့ရင် Perfect ဖြစ်နေပြီလို့ ပြောနိုင်နေပါပြီ။ အဲ့လိုမှမဟုတ်ပဲ High-end ဆင်ချင်တယ်ဆိုရင်တော့ Core i7 ကိုမှ 16GB RAM ၊ SSD စတာတွေနဲ့ ဆင်လိုက်ရင် Powerful Build ကွန်ပျူတာတလုံးပိုင်ဆိုင်နိုင်မှာပါ။

Sitting tight on ROG Gaming Motherboard

နောက်ပြီး Intel နဲ့ AMD ဘာကိုရွေးမလဲ အကြမ်းဖျင်းပြောရမယ်ဆိုရင် Single Core စွမ်းဆောင်ရည်မှာ Intel အမြဲ အသာရလေ့ရှိပါတယ်၊ Thermal Instability ဖြစ်ခဲတယ်၊ Cooling လုံလုံလောက်လောက် သုံးထားရင်ပဲ Processor Throttling မဖြစ်နိုင်ဘူး။ ဒါပေမယ့် Intel ထက်စာရင် AMD ပို အားသာနေတာတွေက ဈေးသက်သာတယ်၊ တန်ဖိုးချင်းတူရင်တောင် Clock Speed ၊ Core Count ပိုများတယ်။ ဒီလိုကွာခြားချက်လေးရှိတဲ့အတွက် Ryzen လို Processor မျိုးသုံးချင်တယ်ဆိုရင် အပေါ်က အချက်လေးတွေအတိုင်း ချင့်ချိန် ရွေးချယ်နိုင်ပါသေးတယ်။

Laptop ဝယ်ရင် အရေးပါဆုံး Display Panel နဲ့ Resolution ကို ဘယ်လိုရွေးချယ်ကြမလဲ?

ဒုတိယ ဦးစားပေး အနေနဲ့ကတော့ အမေ့လွယ်ဆုံး Display Panel ပါပဲ။ တန်ဖိုးကြီး $1,000 အထက် Laptop ဝယ်လိုက်ရင် IPS ၊ 120Hz Screen ရနိုင်တာမှန်ပေမယ့် ဘယ်တော့မှ လျှော့မတွက်မိပါစေနဲ့။ အခုချိန်မှာ Laptop အများစု စွမ်းဆောင်ရည်ပိုင်း ပိုအားဖြည့်လာတယ်ဆိုမယ့် Display ပိုင်းကိုကျ လျှော့ထားတတ်တယ်။ ကိုယ်က Gamer မို့လို့ Game ကောင်းကောင်းဆော့ချင်လို့ MSI ၊ Acer လို Gaming Laptop ဝယ်လိုက်ပြီးမှ Display Quality ကညံ့နေလို့ External Display နဲ့ ချိတ်ကစားနေရရင် မဟုတ်သေးပါဘူး။ နောက်ပြီး Display က မှိန်နေတဲ့အပြင် Color Accuracy လည်းမမှန်လို့ ရုပ်ရှင်ကြည့်ရင်း စိတ်တိုင်းမကျဖြစ်နေရင် မဟုတ်သေးပါဘူး။

Macbook Pro with Retina Display

ကျွန်တော် ပြောချင်တာ Laptop ဝယ်တဲ့အခါမှာ စွမ်းဆောင်ရည် တစ်ခုထဲကိုပဲ ကြည့်ပြီး ဝယ်ယူတာထက် Display ပိုင်းကို ဦးစားပေးသင့်တယ်ဆိုတာပါ။ ဒီနေရာမှာ Display အရည်အသွေးက Panel အမျိုးစားများလိုက် ကွာခြားသွားတာမလို့ မှန်မှန်ကန်ကန် ရွေးချယ်နိုင်အောင် မတူညီတဲ့ Panel အလိုက် ဖော်ပြသွားပါ့မယ်။

TN (Twisted Nematic) Panel

Laptop တွေရဲ့ ၉၀% လောက်က TN Panel ကို မှီခိုနေကြတာဖြစ်ပြီး အားသာချက်တွေကတော့ အနည်းဆုံး ရနိုင်တဲ့ 1ms Reponse Time နဲ့ 240Hz Refresh Rate ပါ။ တခြား Panel အမျိုးအစားတွေနဲ့ ယှဉ်လိုက်ရင် စွမ်းအင်သုံးစွဲမှု အနည်းဆုံးလည်း ဖြစ်ပါတယ်။ ဒါပေမယ့် သူ့မှာ Viewing Angel မကောင်းတာနဲ့ Colour Accuracy တိကျမှန်ကန်မှုမရှိတဲ့ အားနည်းချက်တွေတော့ ရှိပါတယ်။ (ချွင်းချက် အနေနဲ့ ဖော်ပြလိုတာက ဈေးကြီးတဲ့ TN Panel တွေမှာ 100%sRGB အထောက်ပံ့ရနေပါပြီ)

Bluish TN Panel

ဒါ့အပြင် ဈေးသက်သက်သာသာ ထုတ်လုပ်ထားတဲ့ Budget TN Panel တွေမှာ အပြာရောင်သန်းနေတဲ့ Display ပြဿနာမျိုး ကြံရတတ်ပါသေးတယ်။ ဒါကို Blue Colour Shift လို့ ပြောလေ့ရှိပြီး တစ်လက်မပတ်လည် ပုံဖော် မျက်နှာပြင်ထဲမှာပါတဲ့ RGB (Red, Green & Blue) Pixel အုပ်စုအထဲမှာမှ Blue sub-pixel ရဲ့ အလင်းရောင်က တခြား Sub-pixel တွေထက် ပိုထွက်နေတတ်တာကြောင့် Low-end TN Panel တွေမှာ အပြာရောင်သန်းတဲ့ ပြဿနာရှိနေတာပါ။ အဲ့ဒါထက် အဆိုးရွားဆုံး အားနည်းချက်က Graphic Card  ကထောက်ပံ့ပေးတဲ့ Colour Bit ကို မလိုက်နိုင်တာပါ။ ဘာလို့လဲဆိုတော့ TN Panel တွေဟာ 6-bit Per RGB အထိပဲ ထောက်ပံ့ပေးနိုင်တာကြောင့် Professional Monitor နဲ့ Premium Laptop တွေမှာ လုံးဝမသုံးပါဘူး။

IPS (In-plane Switching) Panel

IPS Panel တွေရဲ့ ပိုကောင်းတဲ့ Viewing Angel နဲ့ Colour Reproduction ကြောင့် Multi-media ပိုင်းမှာ ပိုအသုံးတည့်ပါတယ်။ နောက်ပြီး High End Computing အတွက် တိကျပြတ်သားတဲ့ ပုံရိပ်တွေ ပေးနိုင်တဲ့အပြင် တောက်ပတဲ့ White Colour နဲ့ ကောင်းမွန်တဲ့ Response Time ကြောင့် IPS Panel အသုံးများလာပါတယ်။ အဓိက အားနည်းချက်ကတော့ Power ပိုစားတာပဲ။ ဒါကလည်း IPS Panel ရဲ့ Strong Backlight နည်းပညာကြောင့်ပါ။ နောက် IPS Panel ထုတ်လုပ်မှု ပိုခက်ခဲတာကြောင့် ဈေးလဲပိုများပါတယ်။ အဲ့ဒါအပြင် Standard အနေနဲ့ပဲ ပါဝင်လေ့ရှိတဲ့ Refresh Rate ကြောင့် ဂိမ်းကစားရာမှာ ကျေနပ်အားရဖွယ် မရှိနိုင်ပါဘူး။ အခုချိန်မှာ Overclock လုပ်ထားတဲ့ IPS Panel သုံးလာပြီဆိုမယ့် ဈေးကြီးနေတာကဘဝင်မကျစရာပါ။

TN vs IPS Panel Comparison

နောက်ပြီး Black Colour နဲ့ Black Tone ကို ကောင်းကောင်းမွန်မွန် ဖော်ပြနိုင်ချင်းမရှိပါဘူး (TN ထက်တောင် စုတ်ပါတယ်) ။ Contrast Ratio နည်းပါးတဲ့ အတွက်ကြောင့်လဲ Colour Reproduction ဟာ တစ်သမတ်တည်း မဖြစ်တော့ဘဲ Colour Shift လည်းရှိနိုင်ပါတယ်။ ဒါကြောင့် နောက်ပိုင်း Advanced High Performance AH-IPS Display ကို သုံးလာကြသလို Apple က အထူးပြုလုပ်ထားတဲ့ Retina Display မှာတော့ ဒီပြဿနာအားလုံး ဖြေရှင်းပြီးသားဖြစ်ပေမယ့် ထုံးစံအတိုင်း ဈေးအရမ်းကြီးလွန်းတဲ့ အားနည်းချက်တော့ ရှိပါတယ်။

OLED (Organic Light Emitting Diode)

OLED Panel ကို အကောင်းဆုံးလို့ ပြောနိုင်ပေမယ့် အားလုံးထဲမှာအနုဆုံးလည်း ဖြစ်ပါတယ်။ Overall Performance မှာ ပြတ်ပြတ်သားသား အနိုင်ရထားပေမယ့် သီးသန့် Backlight မပါတဲ့အတွက် နေရောင်အောက် ဒါမှမဟုတ် တောက်ပတဲ့ အလင်းရောင်တစ်ခုခုအောက်မှာ ကောင်းကောင်းမွန်မွန် အသုံးမပြုနိုင်ပါဘူး။ ဒါပေမယ့် Y-Octa Panel လို အဆင့်မြင့် OLED Panel မျိုး ထွက်ရှိထားပြီမလို့ Display Panel ပိုပါးလာသလို နေရောင်နဲ့ပဲတွေ့တွေ့ အလင်းပြန်မှာ စိတ်မပူရပါဘူး။

OLED vs IPS Panel

OLED Panel ရဲ့အဓိကအားသာချက်တွေက Pitch Black ဆိုတဲ့ Black Value ကောင်းမွန်တာပါပဲ။ Infinite Contrast ပိုင်ဆိုင်ထားသလို သီးသန့်အလင်းလွှတ်မပါဝင်တဲ့အတွက် ပါဝါစားပိုနည်းပါတယ်။ ဒါပေမယ့် Organic Constituent ဖြစ်နေတဲ့ သဘာဝ အလင်းလွှတ်အလွှာဟာ Active နဲ့ Passive ဆိုပြီး နှစ်မျိုးရှိသလို LED/LCD တွေနဲ့ ယှဉ်လိုက်ရင် ပိုပြီးပျက်စီးလွယ်တဲ့ အားနည်းချက်ရှိပါတယ်။ ဒါ့အပြင် OLED နှစ်မျိုးစလုံးရဲ့ ထုတ်လုပ်မှု ကုန်ကျစရိတ်ဟာ Display Panel တွေထဲ အများဆုံးဖြစ်တဲ့ အတွက်ကြောင့်လည်း High End Device တွေမှာပဲ အသုံးပြုလေ့ရှိပါတယ်။ ဒီလို Display Panel ၃ မျိုးရှိတယ်လို့ သိသွားပြီးရင် ဈေးအကြီးဆုံးဖြစ်တဲ့ OLED ကို Alienware နဲ့ Lenovo Yoga မော်ဒယ်တွေမှာပဲ ရနိုင်ပါတယ်။ ရှာမှရှားဆိုတဲ့ သဘောပေါ့၊ ဈေးကလည်းမတရားကြီးတာဆိုတော့ OLED Panel နဲ့ ဂိမ်းကစားဖို့ မေ့ထားလို့ရပါတယ်။ ဒါကြောင့် IPS Panel ကို တန်ဖိုးနဲ့ Performance အရ Laptop Display အားလုံးထဲမှာ အကောင်းဆုံးလို့ ပြောနိုင်ပါတယ်။ ဒီလို IPS Panel ရွေးချယ်ပြီးသွားလို့ ဒါတစ်ခုတင်လားဆို မဟုတ်သေးပါဘူး၊ Display Panel မှာ သုံးထားတဲ့ Resolution တွေက စကားပြောပါသေးတယ်။

Resolution ဆိုတာ ဘာလဲ

Display Panel မှာ Resolution ကဘာလို့ အရေးပါတာလဲဆိုတော့ ကြည်လင်ပြတ်သားတဲ့ ပုံရိပ်တွေ ပေးစွမ်းနိုင်ဖို့ တစ်လက်မ ပုံဖော် မျက်နှာပြင်မှာပါဝင်တဲ့ Pixel သိပ်သည်းဆနဲ့ ဆုံးဖြတ်ပေးလို့ ဖြစ်ပါတယ်။ သီအိုရီအရ Resolution မြင့်လေ ရုပ်ထွက်ကြည်လင် ပြတ်သားလေဖြစ်ပြီး ဒီလို အရည်အသွေးတက်လာရခြင်းဟာ PPI (Pixel Per Inch) လို့ခေါ်တဲ့ Pixel သိပ်သည်းဆ Resolution အလိုက် များလာလို့ ဖြစ်ပါတယ်။ တစ်ခုရှိမှာက Resolution မြင့်တိုင်း ရုပ်ထွက်အရည်အသွေး ပိုကောင်းမယ်လို့ ပြောလိုရပေမယ့် Display Panel မှာ သုံးထားတဲ့ Screen Size ကိုလည်း ထည့်သွင်းစဉ်းစားရဦးမှာပါ။ ဥပမာ Full HD Resolution (1920 x 1080) ကို 22” Monitor မှာ သုံးထားရင် PPI က 110 လောက်ပဲ ရှိမှာပါ။ ဒီ Full HD Resolution ကို 5.5” ရှိမယ့် Smartphone တစ်လုံးမှာ သုံးလိုက်မယ်ဆိုရင်တော့ PPI က 400 အထိ ရှိမှာဖြစ်ပါတယ်။ အခုလို ကွာခြားသွားရခြင်းဟာ Display Panel နှစ်ခုမှာသုံးထားတဲ့ Screen Size ကြောင့်ဖြစ်ပြီး သီအိုရီအရ Pixel ကွက်ကြီးလေ ရုပ်ထွက်ကြည်လင်မှု ကျဆင်းလေ၊ Colour အရည်သွေးကျဆင်းလေလို့ အကြမ်းဖျင်း ယူဆလို့ရပါတယ်။

A Typical 16:9 Resolution List

နောက်ပြီး ဒီ Pixel တွေကို Aspect Ratio လို့ခေါ်တဲ့ Resolution Scale အတိုင်း ထည့်သွင်းထားတာမလို့ Aspect မတူရင် Pixel သိပ်သည်းဆလဲ မတူနိုင်ပါဘူး။ Display တော်တော်များများမှာ 16:9 Aspect Ratio ကို သုံးနေကြပေမယ့် ပန်းသီးကတော့ 16:10 Scale ကို အခုထိ လက်မလွှတ်သေးပါဘူး။ PPI ချင်းယှဉ်လိုက်ရင်လဲ 16:10 Aspect Ratio က 16:9 Aspect Ratio ထက် အနည်းငယ်သာတဲ့ အနေအထားမှာရှိနေပြီး အခုဆိုရင် 21:9 Aspect Ratio ရှိတဲ့ 1800R Curvature အသုံးပြုထားတဲ့ Curved Screen Ultra Wide Display တွေ ခေတ်စားနေပြီ ဖြစ်ပါတယ်။

Two Aspect Ratio Difference [Left 16:9, Right 16:10]

အပေါ်ပုံမှာဆိုရင် ၁၃ လက်မရှိတဲ့ Display မှာ မတူညီတဲ့ 16:9 နဲ့ 16:10 Aspect Ratio ၂ ခုရဲ့ PPI ကွာခြားပုံလေးကို ယှဉ်ပြထားတာပါ။ နောက် Theory အရလည်း တစ်လက်မ ပုံဖော်မျက်နှာပြင်မှာ Pixel Density များလေ ရုပ်ထွက် ပိုပြီးအနုစိပ်သွားလေ၊ Colour ထွက်လည်း ပိုကောင်းသွားလေ ဖြစ်ပါတယ်။ အဲ့ဒါကြောင့် Ultra HD Resolution တွေဟာ PPI (Pixel Per Inch) ပိုများလေ့ရှိပြီး မျက်နှာပြင်ပိုကျယ်တဲ့ Display တွေအတွက် ပိုကောင်းမွန်တဲ့ ရုပ်ထွက်ပေးစွမ်းနိုင်ပါတယ်။

How A Resolution is set into a display

ဆိုတော့ Display ၊ Resolution ၂ ချက်ကို ပြန်အနှစ်ချုပ်ရမယ်ဆိုရင် Performance ပိုင်းထက် Display ပိုင်းကို ဦးစားပေးရမယ်ပေါ့။ အလုပ်လုပ်မယ့် မျက်နှာပြင်လည်းဖြစ်နေတော့ ကျွန်တော့်အနေနဲ့ Full HD (1920 x 1080) Resolution ပါဝင်တဲ့ IPS Panel သုံးထားတဲ့ Laptop မျိုးကို ရွေးချယ်စေချင်ပါတယ်။ ဒီလို Specs မျိုးနဲ့ဆို အနိမ့်ဆုံး ၅ သိန်းဝန်းကျင်ပေးရမှာဖြစ်ပြီး ဂိမ်းပဲကစားကစား၊ ရုပ်ရှင်ပဲကြည့်ကြည့် စိတ်ချမ်းချမ်းသာသာ အသုံးပြုနိုင်ပါတယ်။ Budget ပဲမှန်းထားသူအတွက်တော့ တကဏ္ဍပေါ့။ နောက်ပြီး Anti-glare Panel လို အလင်းပြန်တာလျှော့ချပေးနိုင်မယ့် Panel မျိုးရွေးချယ်တာ ပိုကောင်းတယ်လို့ပြောရင်း ဒုတိယပိုင်းကို အဆုံးသတ်လိုက်ပါတယ်။

Razer’s Project Valerie

Graphics နဲ့ RAM ကို ဘယ်လိုရွေးချယ်ကြမလဲ?

Processor နဲ့ Display ၂ ချက်ပြီးသွားရင် နောက်ဆုံး အကြံပေးလိုတာက Graphics Card နဲ့ RAM ကို ဘာအတွက် ရွေးချယ်ကြမလဲဆိုတာပဲ ဖြစ်ပါတယ်။ RAM က အနည်းဆုံး 8GB ရှိရင် ပြဿနာနည်းတယ်ဆိုမယ့် Graphics ကိုကျ သုံးမယ့်အနေထားလိုက် ထည့်သင့်၊ မထည့်သင့် စဉ်းစားရမှာဖြစ်ပါတယ်။ စာရေး၊ စာဖတ်နဲ့ YouTube ၊ ရုပ်ရှင်ကြည့်ဖို့အတွက် GTX Graphics ပါနေလည်း ဘာမှမထူးပါဘူး။ သီအိုရီအရ Dedicated Graphics က Integrated အမျိုးစားထက် ပိုကောင်းတယ်ဆိုမယ့် ခုသုံးမယ့်အနေထားတွက် Intel HD Graphics က ပိုပြီး Optimize ဖြစ်ပါတယ်။ ဒါကြောင့် Graphics ပိုင်းကို ဂိမ်မာတွေအတွက် ဦးစားပေးဖော်ပြသွားမှာဖြစ်ပြီး ဘယ်လို ရွေးချယ်နိုင်မလဲ တင်ဆက်သွားပါ့မယ်။

2GB Graphics is now Standard

လွန်ခဲ့တဲ့ ၅ နှစ်တုန်းကဆိုရင်ဗျာ 1GB VRAM ပါတဲ့ Graphics Card ရှိနေရင်ပဲ ဂိမ်းတော်တော်များများ ကစားနိုင်ခဲ့ပါတယ်။ အဲ့တုန်းက Graphics ပါဝါအရမ်းမကြိတ်သေးသလို Render ချဖို့ RAM ကိုလည်း ခုခေတ်လို 8GB ရှိမှတို့ 16GB တို့လို့ မတောင်းခဲ့ပါဘူး။ ပြောရမယ်ဆိုရင်တော့ Windows 32bit နဲ့တောင် Battlefield ၊ Call of Duty လို ဂိမ်းမျိုးတွေ အေးဆေးကစားနိုင်ခဲ့တယ်၊ နောက်ပြီး Graphics Setting ကိုလည်း 1080p Medium လောက်နဲ့ အသာလေးဆွဲနိုင်ခဲ့တယ်။

Core i7 & Geforce Sticker

ပရိသတ်ကြီးတော့မသိဘူး၊ ကျနော်ဆို GTX 550ti ကို ၄ နှစ်လောက် သုံးခဲ့ဖူးတယ်၊ နောက်ဆုံးကစားခဲ့တဲ့ဂိမ်းပြောရမယ်ဆိုရင် Bethesda ကထုတ်တဲ့ The Evil Within ပါပဲ။ 2014 ထွက်ဆိုမယ့် Hardware ပါဝါအသားကုန်ကြိတ်တဲ့ဂိမ်း။ Minimum တောင် Core i7 or Equivalent Quad Core Processor ၊ 4GB RAM နဲ့ GTX 460 တဲ့ဗျာ။ အဲ့တုန်းက ကျနော့်ကွန်ပျူတာမှာ Core i3 ၊ 4GB RAM နဲ့ 550ti ပဲရှိတယ်။ Graphics ချင်းယှဉ်လိုက်ရင် GTX 460 က ပိုသာနေတယ်။ ပြောရင်တော့ဗျာ Minimum Requirement ကို မမှီဘူးပေါ့။ ဒါမယ့် Windows 8 ပေါ်မှာ The Evil Within ဂိမ်းကို အစဆုံးအောင်သွားအောင် ဒီ Specs နဲ့ပဲ ကစားခဲ့တယ်။ 900p Resolution မှာ Texture Quality ၊ Reflection ၊ FXAA စတာတွေ အားလုံးလျှော့၊ Disabled လုပ်ပြီး 45fps (Frame per Second) နဲ့ ဆွဲခဲ့ဖူးပါတယ်။

Laura Boss Fight (The Evil Within)

နောက်ပိုင်း GTX 550ti ကြီးပျက်သွားတော့ အရမ်းနှမြောမိခဲ့တယ်ဗျ။ ဒီ Graphics ကတ်လေးနဲ့ Bioshock Infinite ၊ Resident Evil 4 to 6 ၊ Battlefield 3 & 4 ၊ Need For Speed: The Run/Most Wanted/Rivals နဲ့ Wolfenstein: The New Order စတဲ့ ဂိမ်းတွေကောင်းကောင်းဆွဲခဲ့ရတယ်။ နောက်ပိုင်း GTX 1050 လှဲလိုက်ပြီး အဲ့ကတ်နဲ့ ဂိမ်းကစားရတာ ပို Smooth ဖြစ်လာတယ်ဆိုမယ့် အရင်လို အရသာမတွေ့လာတော့ဘူး။ ဘာလို့လဲဆိုတော့ Graphics Requirement ပိုများလာသလို RAM တောင်းတာလည်း ကြမ်းလာတယ်။ 2017 နဲ့ 2018 ထွက် ဂိမ်းတွေလှမ်းရှိုးကြည့်လိုက် Minimum ဆို Graphics 2GB ဖြစ်နေပြီ၊ Adjusted ဆို လာထား အနိမ့်ဆုံး 4GB ပဲ။ Open World ဂိမ်းသွားဆွဲမယ်ဆိုရင်တော့ GTX 1080 ထည့်ထားရင်တောင် Ultra Setting မှာ အများဆုံး 70fps လောက်ပဲ ရနေလိမ့်မယ်။ အဓိက In-game Demand အရမ်းများလာလို့ Frame Rate များများမထုတ်နိုင်တော့တဲ့ ပြဿနာရှိလာတာပါ။

My Lovely GTX 550ti

6GB Graphics may be Future Proof

ဒီတော့ ဂိမ်းကစားချင်လို့ Gaming Laptop ပဲဝယ်ဝယ်၊ Desktop ပဲဆင်ဆင် အရေးကြီးဆုံး အချက်က Graphics ဘယ်လောက် Powerful ဖြစ်သလဲဆိုတာပါပဲ။ Processor က ဒုတိယဖြစ်သွားပြီပေါ့နော်၊ ကျနော်ကစားခဲ့ဖူးတဲ့ The Evil Within နဲ့ပဲ ယှဉ်ကြည့်လိုက်။ i7 က Minimum ဖြစ်နေပေမယ့် i3 နဲ့လည်း ကစားနိုင်တာပဲ၊ 1050 နဲ့တွဲသုံးတော့လည်း 60fps အပြည့်ရတယ်။ ဆိုတော့ Processor ကို Generation မြင့် Quad Core တလုံး ထည့်ထားလိုက်ရင် Gaming Performance အတွက် လက်ခံနိုင်တဲ့ အနေထားရှိသွားပြီဆိုမယ့် အနှစ်ပြည့်ပြည့် ကစားဖို့ ချင်တယ်ဆိုရင်တော့ Graphics ဘယ်လောက်သုံးမလဲဆိုတာပဲ စကားပြောပါလိမ့်မယ်။ RAM က တတိယလိုက်တာပေါ့နော်။

Is 2GB GTX 1050 enough for Gaming

Know Resolution and Frame Rate You Wish to Play

ကယ်..ဒီလိုဆိုရင် Game ကစားဖို့ Graphics ဘယ်လောက်လိုလည်းဆိုတာ ဆွေးနွေးကြည့်ရအောင်။ ပထမဆုံး ကျနော်ပြောချင်တာက Target ထားတဲ့ Resolution ပါပဲ။ အဲ့ဒါကိုမှ Frame Rate ဘယ်လောက်နဲ့ ဆွဲချင်တာလည်းဆိုပြီး ထည့်ပြောနိုင်သလို အလွယ်ကူဆုံး 1080p ကပဲ စလိုက်ရအောင်။ ဆိုတော့ Standard Full HD Resolution အတွက် Graphics ဘယ်လောက်သုံးရင်ကောင်းမလဲဆိုတာမပြောခင် ပထမဦးဆုံး Graphics Engine သဘောတရားကို နားလည်ထားဖို့ လိုပါလိမ့်မယ်။

Battlefield V Powered by Frostbite Engine

ပြောချင်တာ Rendering Resolution ဘယ်လောက်ထားမလည်း Texture Quality ကိုရော Med or High ဒါမှမဟုတ် Ultra အတွက်လား? နောက်ပြီး Anti-aliasing Method ကို Max Out လုပ်ပြီး 1080p နဲ့ကစားမယ်ဆိုရင်တော့ အနိမ့်ဆုံး Graphics VRAM 6GB ရှိမှ ဖြစ်နိုင်ပါလိမ့်မယ်။ တကယ်လို့ Triple A Title ဂိမ်းတွေချည်းပဲ ကစားဖို့ ရည်ရွယ်ထားမယ်ဆိုရင် ခုခေတ်အနေထားအရ GTX 1070 ti/ 1660ti ဒါမှမဟုတ် Ray Trace သမားဆိုရင်တော့ RTX 2070 လောက်သုံးထားမှ Full HD မှာ 60fps နဲ့ အထက်ကစားနိုင်ပါမယ်။ ဒိထက်တဆင့်လျှော့သုံးချင်တယ်ဆိုရင် GTX 1060/RTX 2060 ရှိတယ်ဆိုမယ့် Future Proof မဖြစ်နိုင်ပါဘူး။

Shadow of Mordor (2014)

တကယ်လို့ Triple A Title ဂိမ်းတွေကို Medium သို့ High လောက်ပဲ ကစားဖို့ မှန်းထားရင် 6GB VRAM သုံးထားတဲ့ Nvidia ၊ AMD ကတ်တွေအတွက် အစဉ်ပြေနိုင်ပေမယ့် အောက်က GTX 1050ti တို့လို RX560 တို့လို Mid-range ကတ်တွေ Struggle လုပ်ရဖွယ်ရှိပါတယ်။ eSports တွက်ပဲဆိုရင် ဒီကတ်တွေနဲ့ Frame Rate မြင့်မြင့်ကစားနိုင်တယ်ဆိုမယ့် Budget ပဲ မှန်းထားသူတွေ Medium Setting ဆိုတာ မေ့ထားလို့ရပါတယ်။

Know Your game & Your limit

ဒါကတော့ ကိုယ့် Graphics Card နဲ့ ကစားမယ့် Game လိုအပ်ချက်ကိုကြည့်ပြီး Low ၊ Medium နဲ့ High Setting တွေကို Optimize အဖြစ်ဆုံး ကစားတတ်ဖို့ပါပဲ။ GTX 1080 လောက် သုံးထားပြီး Metro Exdous ၊ Rage 2 လို ဂိမ်းတွေကို 1080p မှာ Everything Max Out လုပ် (RT Effect မပါ) ကစားတာ fps နည်းနေရင် ကတ်ကို အပြစ်မတင်ပါနဲ့။ Generation အိုသွားပြီဖြစ်သလို ပိုကြမ်းတဲ့ Graphics Engine သုံးထားတဲ့ဂိမ်းနောက် မလိုက်နိုင်တာ ကတ်ကိုပဲ သနားလိုက်ပါ။

Photo: Nvidia

 

ဘာလို့ဒီလိုဖြစ်ရသလဲ ဥပမာပေးရရင် 1080p ကို Target ထားရေးဆွဲနေတဲ့ Game Engine တွေရဲ့ Prime Requirement ပြောင်းလဲလာတို့လို့ပဲ ပြောရပါလိမ့်မယ်။ လွန်ခဲ့တဲ့ ၅ နှစ်ကျော်လောက်က Graphics Card တွေဟာ ဂီမ်းတွေထက် ပိုသာတာမှန်ပေမယ့် ခုချိန် RTX 2080 ကိုင်ထားရင်တော့ Frame Rate အမြင့်ကြီး တွန်းဆော့နိုင်မယ် ရည်ရွယ်ချက်နဲ့ မဝယ်ပါနဲ့။ ကိုယ့်ရဲ့ GPU Excel ဖြစ်တဲ့ Power အလိုက် ကန့်သတ်ချက်လေး တခုထားမယ်၊ Ray Tracing ဖွင့်ကစားမယ်၊ Everything Max Out လုပ်တာထက် Gameplay ကိုပဲ Focus ထားမယ်၊ Battlefield V လို ဂိမ်းမျိုးကျ Visual ကို အသားပေးရင် အရမ်းလှတဲ့အတွက် သုံးနေတဲ့ Graphics Card ကို ကောင်းကောင်း Tweak လုပ်တတ်ဖို့လိုပါတယ်။ (Graphics အကြောင်းသိထားရင် Nvidia Geforce Experience တို့ သုံးစရာမလိုပါဘူး)

Battlefield 4 Graphics Setting

အပေါ်ပုံက Battlefield 4 ရဲ့ Graphics Setting ပဲဖြစ်ပြီး Minimum Requirement ကို Nvidia 8800GT ၊ Recommended ကို GTX 660 တောင်းတဲ့ဂိမ်းပါ။ ဒီမှာ Recommended ထားတယ်ဆိုတဲ့ Target ဟာ Resolution အမြင့်ကြီးမှာ Max Out လုပ်ဆော့နိုင်တယ် မဆိုလိုပါဘူး။ ဆိုကျပါစို့ 1080p မှာ Ultra နဲ့ဆော့မယ်ဆိုရင် GTX 660 မနိုင်ပါဘူး၊ သူ Target ထားတာ Playable ကစားနိုင်တယ်လို့ပဲ ပြောတာဖြစ်ပြီး ခုခေတ်အနေထားအရ RTX 2080 ကို နောက်ဆုံးထားတောင်းရင် ဂိမ်းဆိုရင်တောင် Core Technology ဟာ GPU ပေါ် မူတည်တယ်လို့ သုံးသပ်နိုင်ပါတယ်။

Photo: Nvidia

ဒီ သဘောတရားကို Battlefied 4 နဲ့ပဲ ပြန်ရှင်းရရင် Resolution Scale ဆိုတာဟာ Graphics Setting တခုလုံးရဲ့ အသက်လို့ပြောနိုင်ပြီး Default အတိုင်းဆိုရင် Half Resolution (ဥပမာ Native 1080p ကို 720p Resolution နဲ့ပဲ Render ချပါတယ်)။ ဒါကို 1080p အပြည့်တင်လိုက်ရင် 2GB Buffer Frame ကို Exceed ဖြစ်သွားနိုင်ပြီး 2160p ဒါမှမဟုတ် 1440p နဲ့ Render ချရင် Super Sampling လုပ်တာဖြစ်တဲ့အတွက် ခုခေတ် RTX ၊ GTX 10 စီးရီးကတ်တွေနဲ့ပဲ ကောင်းကောင်း ကစားနိုင်မှာပါ။

Photo: Nvidia

ဒီပြီးသွားရင် DirectX Features ဖြစ်တဲ့ Anti-aliasing ၊ Texture Quality ကို Ultra နဲ့ Ambient Occlusion စတာတွေပါ ဖွင့်ကစားရင် ရုပ်ထွက် လန်ပြန်နေပြီဆိုမယ့် ဒီ Setting အတိုင်း GTX 660 နဲ့သွား Run ရင် မီးခိုးထွက်နေလောက်ပါပြီ။ Ambient Feature တွေမပါရင်လည်း ရုပ်ထွက်တုံးတိကြီးနဲ့ ကစားနေရဦးမယ်။ အဲ့ဒါကြောင့် 2GB VRAM ပါတဲ့ Graphics Card အများစုက AAA ဂိမ်းတွေကို Resolution အနိမ့်နဲ့ပဲ ထိုက်တန်ပါတော့တယ်။ (မဝယ်ပါနဲ့တော့ AAA ဂိမ်းတွေ ကစားဖို့ ရည်ရွယ်ထားရင်) ဒါပေမယ့် DOTA 2 နဲ့ CS:GO လို ဂိမ်းမျိုးအတွက်ဆိုရင်တော့ 2GB VRAM ပါတဲ့ Graphics Card တွေက အသင့်တော်ဆုံးလဲဖြစ်၊ ဈေးလည်းချိုတာမလို့ esports Center အများစုမှာ အသုံးများနေတာပါ။

Fallout 4 DRAM Test

120Hz တို့ 144Hz တို့ဆိုတာ RTX ကတ်နဲ့တောင် မက်လို့မရသေးတဲ့ အိမ်မက်မလို့ ရွေးချယ်စရာ လမ်းက ၂ လမ်းရှိပါတယ်။ eSport ဖက်သွားမယ်ဆိုရင်တော့ Refresh Rate မြင့်တဲ့ Panel နဲ့ အနိမ့်ဆုံး RTX 2070 ပါတာရွေးချယ်ပါ။ AAA သမားဆိုရင်တော့ Graphics Card ကိုပဲ ဂိတ်ဆုံးရွေးချယ်ပြီး Budget သမားဆိုရင် 4GB VRAM ပါတာကိုပဲ eSport တွက်ရော AAA အတွက်ပါ ရွေးချယ်ပါ။ Desktop ဆင်မယ့်သူဆိုရင် SLI ၊ Crossfire သုံးနိုင်တယ်ဆိုမယ့် Graphics ၂ ကတ်၊ ၃ ကတ်သုံးတာကို ဂိမ်းက Advantage ပေးလား၊ မပေးဘူးလား အရင်ဆုံး လေ့လာပါ။ သိရသလောက်ဆိုရင်တော့ SLI Setup တွေကို ခုခေတ်ဂိမ်းတွေ ထောက်ပံ့တာ အရမ်းနည်းပြီး Nvidia ၊ AMD တို့ကလည်း ၁ ကတ်ထဲကိုပဲ သုံးဖို့အကြံပြုထားပါတယ်။ ဒီလောက်ဆိုရင် Graphics ရွေးချယ်တဲ့အကြောင်း လုံလောက်ပြီထင်ပါတယ်။

Ray Tracing Demo (Nvidia)

16GB RAM might be a better choice

ဒီလိုပဲ 8GB RAM က ဂိမ်းကစားဖို့ လုံလောက်ရဲ့လားဆိုတာကို Multi-tasking မလုပ်ဘူး၊ ဂိမ်တမျိုးပဲ ကစားမယ်ဆိုရင်တော့ ပြဿနာမရှိပါဘူး။ ဒါပေမယ့် Graphics Engine တောင်းသလောက် RAM လုံလုံလောက်လောက် ရှိထားဖို့လိုပြီး Open World ဂိမ်းတွေဖြစ်တဲ့ Mass Effect နဲ့ GTA ကစားရင် တစ်ခါတရံ အစဉ်မပြောတာမျိုး ရှိပေမယ့် Performance သိသိသာသာ ကျသွားတာမျိုးမရှိပါဘူး။ အထူးသဖြင့် Background မှာ Active ဖြစ်နေတဲ့ Unit တွေ ဖော်ပြဖို့ Processor နဲ့ RAM သုံးရရင် Recommended လုပ်ထားတဲ့ 8GB ပမာဏကို ကျော်သွားတတ်ပါတယ်။ ဒီတော့ ဂိမ်းကစားဖို့ရည်ရွယ်ထားရင် 12GB ဒါမှမဟုတ် 16GB လောက်သုံးတာက ပိုကောင်းပါတယ်လို့ ပြောကြားရင်း အကောင်းဆုံး Laptop ၊ Desktop ရွေးချယ်နိုင်ပါစေလို့ နိဂုံးချုပ်လိုက်ရပါတယ်။

2B (Akhayar)
www.akhayar.com