[Zawgyi]

ကိုယ့္အိမ္က မိန္းကေလးေတြကို ကာကြယ္ၾကရေအာင္လား

ဒီစာေလးက ေမေမေတြကို ရည္ရြယ္ၿပီး ေရးလိုက္ပါတယ္။ ကိုယ့္မွာ သမီးေခ်ာေလးတစ္ေယာက္ရွိေနတာဟာ မိခင္တိုင္းအတြက္ တန္ဖိုးမျဖတ္ႏိုင္တဲ့ ရတနာတစ္ပါးပါပဲ။ သူတို႔ေလးေတြ ေက်ာ့ေကာ့လွပစြာ ေမြးဖြားႀကီးျပင္းလာတာကို ၾကည့္ရင္း ႏွစ္သိမ့္ေပ်ာ္ရႊင္ရပါတယ္။ ဒါေပမယ့္ အခုေခတ္ႀကီးဟာလည္း တျဖည္းျဖည္းနဲ႔ ပို ပိုၿပီး ပ်က္စီးယိုယြင္းလာတဲ့အခါက်ေတာ့ လွပလာေလေလ ေၾကာက္ရေလေလပါပဲ။ သမီးေလးက ကေလးငယ္ေလးဘဝကေန တျဖည္းျဖည္း လွေသြးႂကြတဲ့ အပ်ိဳစင္ေလး အျဖစ္ ႀကီးျပင္းလာၿပီ။ သူတို႔မျမင္ႏိုင္ဘဲ အနီးဆံုးေနရာမွာရွိေနတဲ့ လိင္ပိုင္းဆိုင္ရာအၾကမ္းဖက္မႈေတြကို သူတို႔ကိုယ္တိုင္ တားဆီးကာကြယ္ႏိုင္ဖို႔ ကၽြန္မတို႔ ဘယ္လိုမ်ိဳး ခြန္အားေပးရမလဲ။ ေသခ်ာတာကေတာ့ သူတို႔ေလးေတြသြားသမွ် ေနရာတကာကို မိခင္ေတြ တေကာက္ေကာက္ လိုက္လို႔မရတာေသခ်ာပါတယ္။ လိုက္လည္း မလိုက္သင့္ပါဘူး။ ဒီေတာ့ သူတို႔ကိုပဲ ကိုယ့္ကိုယ္ကိုယ္ ထိန္းသိမ္းေစာင့္ေရွာက္ႏိုင္ေအာင္ သင္ၾကားျပသေပးရေတာ့မွာပါပဲ။

သင့္ေတာ္တဲ့အကန္႔အသတ္စည္းေတြဆြဲထားေပးပါ

ညဘက္ ဘယ္အခ်ိန္ထိေတာ့ ညနက္ေအာင္ ေလွ်ာက္လည္လို႔ရမယ္။ ဘယ္လိုေနရာမ်ိဳးေတြေတာ့ တစ္ေယာက္တည္းသြားလို႔မရဘူး။ ဘယ္သူေတြနဲ႔ မေပါင္းသင့္ဘူးကစတင္လို႔ လိုအပ္တဲ့အကန္႔အသတ္ေလးေတြကို အျပဳသေဘာ နားသြင္းေျပာျပၿပီး စည္းကမ္းေလးေတြ ေရးဆြဲေပးပါ။ ဒီလိုကန္႔သတ္ေပးတဲ့ေနရာမွာလည္း အမိန္႔ဆိုတာမ်ိဳး မဟုတ္ဘဲ ဘာေၾကာင့္ မလုပ္သင့္ဘူးဆိုတဲ့ အက်ိဳးဆက္ေလးေတြကိုပါ နား၀င္ေအာင္ အက်ိဳးသင့္အေၾကာင္းသင့္ ေျပာဆိုျပဖို႔ လိုအပ္ပါတယ္။ “ဒါ ငါ့အမိန္႔” ဆိုတဲ့အယူအဆေတြက ရုပ္ရွင္ကားေတြထဲမွာပဲ ရွိပါေတာ့တယ္။

နားေထာင္ၿပီး နားလည္ေပးပါ

အေၾကာင္းကိစၥတစ္ခုခုျဖစ္လာလို႔ ကိုယ့္ရဲ႕ သမီးက ရင္ဖြင့္တာပဲျဖစ္ျဖစ္၊ တိုင္တာပဲျဖစ္ျဖစ္၊ ေဆြးေႏြးတာပဲျဖစ္ျဖစ္လုပ္ၿပီဆိုရင္ ပထမဆံုး နားေထာင္ေပးပါ။ နားမေထာင္ေပးတဲ့သူေတြကေတာ့ ဘာမွသိရမွာမဟုတ္ပါဘူး။ ဒါေပမယ့္ နားေထာင္ေနရံုနဲ႔လည္း မၿပီးသြားေသးပါဘူး။ ထပ္ၿပီးလုပ္ေပးရမွာကေတာ့ နားလည္ေပးဖို႔ပါပဲ။ ေနာက္ဆံုး ရည္းစားထားတာကအစ သမီးျဖစ္သူက ယံုယံုၾကည္ၾကည္ဖြင့္ေျပာျပလာၿပီဆိုရင္ နားေထာင္ေပးၿပီး နားလည္ေပးပါ။ ေနာက္ၿပီးမွ ျဖစ္သင့္တာကို ေျပာဆိုေဆြးေႏြးေပးပါ။ ဒီလိုအေလ့အက်င့္မရွိဘူးဆိုရင္ေတာ့ မိဘနဲ႔ သားသမီးၾကားမွာ လွ်ိဳ႕၀ွက္ခ်က္ေတြမ်ားလာၿပီး ၾကာလာတဲ့အခါ အခ်ိန္ေႏွာင္းမွ သိရတာမ်ိဳးေတြ ျဖစ္လာတတ္ပါတယ္။

ခ်စ္ခင္ရင္းႏွီးစြာေနပါ

ဘယ္ေလာက္ပဲ အလုပ္ရွဳပ္ပါေစ ကိုယ့္ရဲ႕ သားသမီးကို အခ်ိန္မေပးႏိုင္တာမ်ိဳးေတာ့ ဘယ္ေတာ့မွအျဖစ္မခံပါနဲ႔။ အနီးနားမွာ ခ်စ္ခ်စ္ခင္ခင္ေနျခင္းက ကေလးေတြ ေန႔စဥ္နဲ႔အမွ်ေျပာင္းလဲေနတာေတြကို ခ်က္ခ်င္းသိျမင္ခံစားႏိုင္ပါတယ္။ အိမ္တြင္းမွာ ခ်စ္ခင္ရင္းႏွီးမႈမရရွိတဲ့ ကေလးေတြနဲ႔ လူငယ္ေတြဟာ ျပင္ပသူစိမ္းေတြဆီက ေမတၱာကို မက္ေမာၾကေလ့ရွိတာကို သတိထားရပါမယ္ေနာ္။ ကိုယ္က ခ်စ္ခင္ရင္းႏွီးစြာနဲ႔ ရင္အုပ္မကြာေနမွ အခ်ိန္မလြန္ခင္ သိရွိရမယ့္ကိစၥေတြနဲ႔ တားဆီးရမယ့္ကိစၥေတြကို မိဘေတြအေနနဲ႔ ေဆာင္ရြက္ႏိုင္မွာပါ။ သားသမီးရဲ႕ ပထမဆံုးသူက ကိုယ္ျဖစ္ေနဖို႔ လိုအပ္ပါတယ္။

အျပစ္မတင္ပါနဲ႔

အမ်ားစု လူငယ္ေတြ အသက္ဆံုးပါးရတဲ့အထိ လမ္းမွားေရာက္သြားၾကရတဲ့ စကားတစ္ခြန္းပဲရွိပါတယ္။ “အေမက ငါ့ကို သတ္ေတာ့မွာပဲ။” ဆိုတဲ့စကားပါ။ ဒီစကားဟာ ကေလးေတြနဲ႔ လူငယ္ေတြရဲ႕ အႀကီးမားဆံုးအခက္အခဲနဲ႔ ျပႆနာပဲျဖစ္ပါတယ္။ သူတို႔ေလးေတြရဲ႕ စိတ္ထဲမွာ အနီးဆံုးရွိေနတဲ့ မိဘေတြကေတာင္ သတ္ေတာ့မွာပဲလို႔ ခံစားလုိက္ၾကရၿပီဆိုရင္ ခိုကိုးရာမရွိေတာ့တဲ့အတြက္ ဘ၀ႀကီးပ်က္စီးသြားသလို ခံစားလာရတာကေနစတင္ၿပီး မျဖစ္သင့္တာေတြ ျဖစ္လာေတာ့တာပါပဲ။ အမွားေတြ ဘယ္ေလာက္ႀကီးပဲျဖစ္လာပါေစ၊ ျပႆနာေတြ ဘယ္ေလာက္ႀကီးပဲ တက္လာပါေစ မိဘေတြက အတူတူရင္ဆိုင္ေျဖရွင္းေပးဖို႔ အသင့္ရွိတယ္ဆိုတာကို သူတို႔ေလးေတြသိပါေစ။ အျပစ္မတင္ဘဲ ကူညီဆယ္ယူရမွာက မိဘေတြရဲ႕ တာ၀န္လို႔ ထင္ပါတယ္။ ခုန အေပၚကေျပာခဲ့သလို အခ်က္ေတြကို လိုက္နာက်င့္သံုးေနတဲ့ သားသမီးနဲ႔ မိဘေတြဆိုရင္ေတာ့ ဒီအဆင့္ထိကို ေရာက္မလာဘူးဆိုတာ အာမခံႏိုင္ပါတယ္။ အေပၚကလို ခ်စ္ခင္ၾကင္နာနားလည္ေပးေနတဲ့မိဘေတြလက္ထဲက သားသမီးေတြဟာ ဘယ္ေတာ့မွ ဆိုးဆိုးရြားရြားမျဖစ္ၾကပါဘူး။

ျဖစ္တည္မႈကို နားလည္ပါေစ

ျမန္မာေတြရဲ႕ အရွက္အေၾကာက္ႀကီးတဲ့ ေရွးရိုးအစဥ္အလာေတြက တခ်ိဳ႕ေသာ ဒုကၡေတြကို ျဖစ္ေစတဲ့အေၾကာင္းတရားတစ္ခုလို႔ ေျပာပါရေစ။ အေမနဲ႔ အေဖျဖစ္သူကလည္း ကိုယ့္သားသမီး လူပ်ိဳ၊ အပ်ိဳေလးေတြကို လိင္မႈေရးရာနဲ႔ ပတ္သက္ၿပီး ပညာေပးဖို႔ရွက္ၾကတယ္။ သားသမီးေတြကလည္း မိဘျဖစ္သူကို ေမးျမန္းဖို႔ ေၾကာက္ၾကတယ္။ သူတို႔ရဲ႕ တန္ဖိုးေတြ၊ ေသြးသားဖြဲ႕စည္းပံုေတြနဲ႔ အေရးႀကီးတဲ့သားဆက္ျခားနည္းလမ္းေတြကို အရွက္အေၾကာက္ေတြေၾကာင့္ ပြင့္လင္းစြာေဆြးေႏြးဖို႔ ေႏွာင့္ေႏွးေနမယ္ဆိုရင္ေတာ့ ဘာမွမသိဘဲ ျဖဴစင္တဲ့ ကိုယ့္ရဲ႕သားသမီးေတြကို သားရဲေလာကထဲ “ေရာ့ …… အင့္” ဆိုၿပီး ပစ္ခ်လိုက္တာနဲ႔ အတူတူပါပဲ။

နည္းစနစ္နဲ႔ ကာကြယ္မႈေတြေပးထားပါ

လိင္ေစာ္ကားမႈေတြနဲ႔ လိင္ပိုင္းဆိုင္ရာအၾကမ္းဖက္မႈေတြကို ေန႔စဥ္နဲ႔အမွ် ႀကံဳေတြ႕ေနႏိုင္တာမို႔လို႔ အရင္ဆံုး သင္ၾကားေပးရမယ့္ နည္းစနစ္ကေတာ့ သတၱိပါ။ သူတို႔ကို ဘာပဲျဖစ္လာျဖစ္လာ ေၾကာက္ရြံ႕ေနတာထက္ ႀကံ႕ခိုင္ၿပီး သတၱိရွိေအာင္ သင္ၾကားျပသေပးထားပါ။ ေနာက္ၿပီးမွ လိုအပ္တဲ့ ကိုယ္ခံကာကြယ္မႈနည္းပညာေတြ၊ အသိပညာေတြနဲ႔ အခုဆိုရင္ မိန္းကေလးေတြအတြက္ ငရုတ္ေကာင္းစပေရးဘူးစတဲ့ အေရးေပၚကာကြယ္ေရးပစၥည္းေတြပါ ၀ယ္လို႔ရေနၿပီဆိုေတာ့ ဒီပစၥည္းေလးေတြကိုပါ ၀ယ္ယူၿပီး ေပးထားပါ။ ဒါမ်ိဳး နည္းစနစ္နဲ႔ ကာကြယ္ႏိုင္ဖို႔ သတၱိေရာ၊ ပညာေရာ ေပးထားမယ္ဆိုရင္ေတာ့ သိပ္ၿပီး ေၾကာက္စရာလိုမယ္ မထင္ပါဘူး။

မိန္းကေလးေတြဟာ ေန႔စဥ္နဲ႔အမွ် လမ္းမေပၚမွာ၊ ဘတ္စ္ကားေပၚမွာ၊ ရံုးေတြေက်ာင္းေတြမွာ လိင္ပိုင္းဆိုင္ရာအျမတ္ထုတ္မႈ၊ လိင္ေစာ္ကားမႈ၊ လိင္ပိုင္းဆိုင္ရာအၾကမ္းဖက္မႈေတြကို ႏႈတ္နဲ႔တစ္မ်ိဳး၊ အမူအရာနဲ႔တစ္မ်ိဳး၊ ကိုယ္ထိလက္ေရာက္တစ္မ်ိဳး အမ်ိဳးမ်ိဳးခံစားေနရပါတယ္။ ဒါဟာ ကၽြန္မတို႔ရဲ႕ ၀တ္စားဆင္ယင္ပံု၊ ေနထိုင္ပံု၊ ေျပာဆိုဆက္ဆံပံုစတဲ့ ကိုယ္ပိုင္ပံုရိပ္ေလးေတြနဲ႔ ဘာမွမဆိုင္ပါဘူး။ ယဥ္ေက်းမႈမရွိဘဲ ယုတ္မာတဲ့တခ်ိဳ႕ေသာ ေယာက္်ားေလးေတြရဲ႕ စိတ္ဓာတ္နဲ႔ပဲ တုိက္ရိုက္သက္ဆိုင္ေနပါတယ္။ ဒါေၾကာင့္ ကိုယ့္ရဲ႕ အဖိုးတန္သားသမီးေတြကိုလည္း ဒီလို လိင္ပိုင္းဆိုင္ရာအျမတ္ထုတ္မႈေတြကေန ကာကြယ္ႏုိင္ေအာင္ ေကာင္းမြန္စြာ ျပဳစုပ်ိဳးေထာင္ေစာင့္ေရွာက္ၾကရေအာင္လား။

Moethaesay (Akhayar)

[Unicode]

ကိုယ့်အိမ်က မိန်းကလေးတွေကို ကာကွယ်ကြရအောင်လား

ဒီစာလေးက မေမေတွေကို ရည်ရွယ်ပြီး ရေးလိုက်ပါတယ်။ ကိုယ့်မှာ သမီးချောလေးတစ်ယောက်ရှိနေတာဟာ မိခင်တိုင်းအတွက် တန်ဖိုးမဖြတ်နိုင်တဲ့ ရတနာတစ်ပါးပါပဲ။ သူတို့လေးတွေ ကျော့ကော့လှပစွာ မွေးဖွားကြီးပြင်းလာတာကို ကြည့်ရင်း နှစ်သိမ့်ပျော်ရွှင်ရပါတယ်။ ဒါပေမယ့် အခုခေတ်ကြီးဟာလည်း တဖြည်းဖြည်းနဲ့ ပို ပိုပြီး ပျက်စီးယိုယွင်းလာတဲ့အခါကျတော့ လှပလာလေလေ ကြောက်ရလေလေပါပဲ။ သမီးလေးက ကလေးငယ်လေးဘဝကနေ တဖြည်းဖြည်း လှသွေးကြွတဲ့ အပျိုစင်လေး အဖြစ် ကြီးပြင်းလာပြီ။ သူတို့မမြင်နိုင်ဘဲ အနီးဆုံးနေရာမှာရှိနေတဲ့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေကို သူတို့ကိုယ်တိုင် တားဆီးကာကွယ်နိုင်ဖို့ ကျွန်မတို့ ဘယ်လိုမျိုး ခွန်အားပေးရမလဲ။ သေချာတာကတော့ သူတို့လေးတွေသွားသမျှ နေရာတကာကို မိခင်တွေ တကောက်ကောက် လိုက်လို့မရတာသေချာပါတယ်။ လိုက်လည်း မလိုက်သင့်ပါဘူး။ ဒီတော့ သူတို့ကိုပဲ ကိုယ့်ကိုယ်ကိုယ် ထိန်းသိမ်းစောင့်ရှောက်နိုင်အောင် သင်ကြားပြသပေးရတော့မှာပါပဲ။

သင့်တော်တဲ့အကန့်အသတ်စည်းတွေဆွဲထားပေးပါ

ညဘက် ဘယ်အချိန်ထိတော့ ညနက်အောင် လျှောက်လည်လို့ရမယ်။ ဘယ်လိုနေရာမျိုးတွေတော့ တစ်ယောက်တည်းသွားလို့မရဘူး။ ဘယ်သူတွေနဲ့ မပေါင်းသင့်ဘူးကစတင်လို့ လိုအပ်တဲ့အကန့်အသတ်လေးတွေကို အပြုသဘော နားသွင်းပြောပြပြီး စည်းကမ်းလေးတွေ ရေးဆွဲပေးပါ။ ဒီလိုကန့်သတ်ပေးတဲ့နေရာမှာလည်း အမိန့်ဆိုတာမျိုး မဟုတ်ဘဲ ဘာကြောင့် မလုပ်သင့်ဘူးဆိုတဲ့ အကျိုးဆက်လေးတွေကိုပါ နားဝင်အောင် အကျိုးသင့်အကြောင်းသင့် ပြောဆိုပြဖို့ လိုအပ်ပါတယ်။ “ဒါ ငါ့အမိန့်” ဆိုတဲ့အယူအဆတွေက ရုပ်ရှင်ကားတွေထဲမှာပဲ ရှိပါတော့တယ်။

နားထောင်ပြီး နားလည်ပေးပါ

အကြောင်းကိစ္စတစ်ခုခုဖြစ်လာလို့ ကိုယ့်ရဲ့ သမီးက ရင်ဖွင့်တာပဲဖြစ်ဖြစ်၊ တိုင်တာပဲဖြစ်ဖြစ်၊ ဆွေးနွေးတာပဲဖြစ်ဖြစ်လုပ်ပြီဆိုရင် ပထမဆုံး နားထောင်ပေးပါ။ နားမထောင်ပေးတဲ့သူတွေကတော့ ဘာမှသိရမှာမဟုတ်ပါဘူး။ ဒါပေမယ့် နားထောင်နေရုံနဲ့လည်း မပြီးသွားသေးပါဘူး။ ထပ်ပြီးလုပ်ပေးရမှာကတော့ နားလည်ပေးဖို့ပါပဲ။ နောက်ဆုံး ရည်းစားထားတာကအစ သမီးဖြစ်သူက ယုံယုံကြည်ကြည်ဖွင့်ပြောပြလာပြီဆိုရင် နားထောင်ပေးပြီး နားလည်ပေးပါ။ နောက်ပြီးမှ ဖြစ်သင့်တာကို ပြောဆိုဆွေးနွေးပေးပါ။ ဒီလိုအလေ့အကျင့်မရှိဘူးဆိုရင်တော့ မိဘနဲ့ သားသမီးကြားမှာ လျှို့ဝှက်ချက်တွေများလာပြီး ကြာလာတဲ့အခါ အချိန်နှောင်းမှ သိရတာမျိုးတွေ ဖြစ်လာတတ်ပါတယ်။

ချစ်ခင်ရင်းနှီးစွာနေပါ

ဘယ်လောက်ပဲ အလုပ်ရှုပ်ပါစေ ကိုယ့်ရဲ့ သားသမီးကို အချိန်မပေးနိုင်တာမျိုးတော့ ဘယ်တော့မှအဖြစ်မခံပါနဲ့။ အနီးနားမှာ ချစ်ချစ်ခင်ခင်နေခြင်းက ကလေးတွေ နေ့စဉ်နဲ့အမျှပြောင်းလဲနေတာတွေကို ချက်ချင်းသိမြင်ခံစားနိုင်ပါတယ်။ အိမ်တွင်းမှာ ချစ်ခင်ရင်းနှီးမှုမရရှိတဲ့ ကလေးတွေနဲ့ လူငယ်တွေဟာ ပြင်ပသူစိမ်းတွေဆီက မေတ္တာကို မက်မောကြလေ့ရှိတာကို သတိထားရပါမယ်နော်။ ကိုယ်က ချစ်ခင်ရင်းနှီးစွာနဲ့ ရင်အုပ်မကွာနေမှ အချိန်မလွန်ခင် သိရှိရမယ့်ကိစ္စတွေနဲ့ တားဆီးရမယ့်ကိစ္စတွေကို မိဘတွေအနေနဲ့ ဆောင်ရွက်နိုင်မှာပါ။ သားသမီးရဲ့ ပထမဆုံးသူက ကိုယ်ဖြစ်နေဖို့ လိုအပ်ပါတယ်။

အပြစ်မတင်ပါနဲ့

အများစု လူငယ်တွေ အသက်ဆုံးပါးရတဲ့အထိ လမ်းမှားရောက်သွားကြရတဲ့ စကားတစ်ခွန်းပဲရှိပါတယ်။ “အမေက ငါ့ကို သတ်တော့မှာပဲ။” ဆိုတဲ့စကားပါ။ ဒီစကားဟာ ကလေးတွေနဲ့ လူငယ်တွေရဲ့ အကြီးမားဆုံးအခက်အခဲနဲ့ ပြဿနာပဲဖြစ်ပါတယ်။ သူတို့လေးတွေရဲ့ စိတ်ထဲမှာ အနီးဆုံးရှိနေတဲ့ မိဘတွေကတောင် သတ်တော့မှာပဲလို့ ခံစားလိုက်ကြရပြီဆိုရင် ခိုကိုးရာမရှိတော့တဲ့အတွက် ဘဝကြီးပျက်စီးသွားသလို ခံစားလာရတာကနေစတင်ပြီး မဖြစ်သင့်တာတွေ ဖြစ်လာတော့တာပါပဲ။ အမှားတွေ ဘယ်လောက်ကြီးပဲဖြစ်လာပါစေ၊ ပြဿနာတွေ ဘယ်လောက်ကြီးပဲ တက်လာပါစေ မိဘတွေက အတူတူရင်ဆိုင်ဖြေရှင်းပေးဖို့ အသင့်ရှိတယ်ဆိုတာကို သူတို့လေးတွေသိပါစေ။ အပြစ်မတင်ဘဲ ကူညီဆယ်ယူရမှာက မိဘတွေရဲ့ တာဝန်လို့ ထင်ပါတယ်။ ခုန အပေါ်ကပြောခဲ့သလို အချက်တွေကို လိုက်နာကျင့်သုံးနေတဲ့ သားသမီးနဲ့ မိဘတွေဆိုရင်တော့ ဒီအဆင့်ထိကို ရောက်မလာဘူးဆိုတာ အာမခံနိုင်ပါတယ်။ အပေါ်ကလို ချစ်ခင်ကြင်နာနားလည်ပေးနေတဲ့မိဘတွေလက်ထဲက သားသမီးတွေဟာ ဘယ်တော့မှ ဆိုးဆိုးရွားရွားမဖြစ်ကြပါဘူး။

ဖြစ်တည်မှုကို နားလည်ပါစေ

မြန်မာတွေရဲ့ အရှက်အကြောက်ကြီးတဲ့ ရှေးရိုးအစဉ်အလာတွေက တချို့သော ဒုက္ခတွေကို ဖြစ်စေတဲ့အကြောင်းတရားတစ်ခုလို့ ပြောပါရစေ။ အမေနဲ့ အဖေဖြစ်သူကလည်း ကိုယ့်သားသမီး လူပျို၊ အပျိုလေးတွေကို လိင်မှုရေးရာနဲ့ ပတ်သက်ပြီး ပညာပေးဖို့ရှက်ကြတယ်။ သားသမီးတွေကလည်း မိဘဖြစ်သူကို မေးမြန်းဖို့ ကြောက်ကြတယ်။ သူတို့ရဲ့ တန်ဖိုးတွေ၊ သွေးသားဖွဲ့စည်းပုံတွေနဲ့ အရေးကြီးတဲ့သားဆက်ခြားနည်းလမ်းတွေကို အရှက်အကြောက်တွေကြောင့် ပွင့်လင်းစွာဆွေးနွေးဖို့ နှောင့်နှေးနေမယ်ဆိုရင်တော့ ဘာမှမသိဘဲ ဖြူစင်တဲ့ ကိုယ့်ရဲ့သားသမီးတွေကို သားရဲလောကထဲ “ရော့ …… အင့်” ဆိုပြီး ပစ်ချလိုက်တာနဲ့ အတူတူပါပဲ။

နည်းစနစ်နဲ့ ကာကွယ်မှုတွေပေးထားပါ

လိင်စော်ကားမှုတွေနဲ့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေကို နေ့စဉ်နဲ့အမျှ ကြုံတွေ့နေနိုင်တာမို့လို့ အရင်ဆုံး သင်ကြားပေးရမယ့် နည်းစနစ်ကတော့ သတ္တိပါ။ သူတို့ကို ဘာပဲဖြစ်လာဖြစ်လာ ကြောက်ရွံ့နေတာထက် ကြံ့ခိုင်ပြီး သတ္တိရှိအောင် သင်ကြားပြသပေးထားပါ။ နောက်ပြီးမှ လိုအပ်တဲ့ ကိုယ်ခံကာကွယ်မှုနည်းပညာတွေ၊ အသိပညာတွေနဲ့ အခုဆိုရင် မိန်းကလေးတွေအတွက် ငရုတ်ကောင်းစပရေးဘူးစတဲ့ အရေးပေါ်ကာကွယ်ရေးပစ္စည်းတွေပါ ဝယ်လို့ရနေပြီဆိုတော့ ဒီပစ္စည်းလေးတွေကိုပါ ဝယ်ယူပြီး ပေးထားပါ။ ဒါမျိုး နည်းစနစ်နဲ့ ကာကွယ်နိုင်ဖို့ သတ္တိရော၊ ပညာရော ပေးထားမယ်ဆိုရင်တော့ သိပ်ပြီး ကြောက်စရာလိုမယ် မထင်ပါဘူး။

မိန်းကလေးတွေဟာ နေ့စဉ်နဲ့အမျှ လမ်းမပေါ်မှာ၊ ဘတ်စ်ကားပေါ်မှာ၊ ရုံးတွေကျောင်းတွေမှာ လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်မှု၊ လိင်စော်ကားမှု၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေကို နှုတ်နဲ့တစ်မျိုး၊ အမူအရာနဲ့တစ်မျိုး၊ ကိုယ်ထိလက်ရောက်တစ်မျိုး အမျိုးမျိုးခံစားနေရပါတယ်။ ဒါဟာ ကျွန်မတို့ရဲ့ ဝတ်စားဆင်ယင်ပုံ၊ နေထိုင်ပုံ၊ ပြောဆိုဆက်ဆံပုံစတဲ့ ကိုယ်ပိုင်ပုံရိပ်လေးတွေနဲ့ ဘာမှမဆိုင်ပါဘူး။ ယဉ်ကျေးမှုမရှိဘဲ ယုတ်မာတဲ့တချို့သော ယောက်ျားလေးတွေရဲ့ စိတ်ဓာတ်နဲ့ပဲ တိုက်ရိုက်သက်ဆိုင်နေပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့ အဖိုးတန်သားသမီးတွေကိုလည်း ဒီလို လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်မှုတွေကနေ ကာကွယ်နိုင်အောင် ကောင်းမွန်စွာ ပြုစုပျိုးထောင်စောင့်ရှောက်ကြရအောင်လား။

Moethaesay (Akhayar)