[Zawgyi]











(၉) Imperial College London (UK)

(၁ဝ) University of Chicago (United States)


ကျော်စိုးအောင် (အခရာ)

www.akhayar.com 

[Unicode]

၂ဝ၁၉ခုနှစ်အတွက် ကမ္ဘာ့အကောင်းဆုံးတက္ကသိုလ်စာရင်း ထုတ်ပြန်လိုက်ပြီ

လန်ဒန်မြို့ မှာ အခြေစိုက်တဲ့ Times Higher Education ပညာရေးမဂ္ဂဇင်းဟာ ကမ္ဘာ့အကောင်းဆုံးတက္ကသိုလ်စာရင်းကို နှစ်စဉ်ထုတ်ပြန်လေ့ရှိပါတယ်။ ၂ဝဝ၄ခုနှစ်တည်းက စတင်ထုတ်ပြန်ခဲ့တာဖြစ်ပြီး အခုဆိုရင် (၁၄) နှစ်တိုင်တိုင်ရှိလာပြီဖြစ်ပါတယ်။ ၂ဝဝ၉ခုနှစ်အထိ Quacquarelli Symonds (QS) ပညာရေးအဖွဲ့အစည်းနဲ့ ပူးပေါင်းပြီး Times Higher Education–QS World University Rankings အနေနဲ့ ထုတ်ပြန်ခဲ့ပေမယ့် ၂ဝ၁ဝခုနှစ်နောက်ပိုင်းမှာတော့ လက်တွဲဖြုတ်ခဲ့ပြီး Times Higher Education World University Rankings အနေနဲ့သာ ထုတ်ပြန်ခဲ့ပါတယ်။

(၁) University of Oxford (UK)

(၂) University of Cambridge (UK)

(၃) Stanford University (United States)

(၄) Massachusetts Institute of Technology (United States)

(၅) California Institute of Technology (United States)

(၆) Harvard University (United States)

(၇) Princeton University (United States)

(၈) Yale University (United States)

(၉) Imperial College London (United States)

(၁ဝ) University of Chicago (UK)

၂ဝ၁၉ခုနှစ်အတွက် ကမ္ဘာ့အကောင်းဆုံးတက္ကသိုလ်စာရင်းကို စက်တင်ဘာလ (၂၆) ရက်နေ့မှာ တရားဝင်ထုတ်ပြန်ခဲ့ပါတယ်။ Times Higher Education အဖွဲ့ဟာ သင်ကြားမှု (လေ့လာမှုပတ်ဝန်းကျင်)၊ သုတေသန (ဂုဏ်သတင်း)၊ ကိုးကားဖော်ပြချက် (သုတေသနလွှမ်းမိုးနိုင်မှု)၊ နိုင်ငံတကာအမြင် (ကျောင်းသားဝန်ထမ်းအချိုး၊ သုတေသနရလဒ်)၊ ဈေးကွက်ဝင်ငွေ (လူစိတ်ဝင်စားမှု) စတဲ့ အချက် (၅) ချက်ကို အခြေခံပြီး တက္ကသိုလ်တွေရဲ့ အဆင့်အတန်းကို အကဲဖြတ်တာပါ။ အဆင့် (၁) နဲ့ (၂) နေရာမှာတော့ ဗြိတိန်နိုင်ငံအခြေစိုက်တဲ့ University of Oxford နဲ့ University of Cambridge တို့က ဒုတိယအကြိမ်ရပ်တည်နေပါတယ်။

ကျော်စိုးအောင် (အခရာ)

www.akhayar.com