[Zawgyi]

ဒီေန႔တိုင္ ေခတ္မီေနဆဲ Lady Diana ရဲ႕ ဖက္ရွင္မ်ား

ၿဗိတိန္ေတာ္၀င္မိသားစုက Lady Diana ဟာဆုိရင္ Fashion Icon တစ္ေယာက္လည္း ျဖစ္ပါတယ္။ သူမသက္ရွိထင္ရွားရွိခ်ိန္မွာတုန္းက သူမရဲ႕ ျပင္ဆင္မႈေတြ၊ ၀တ္စားဆင္ယင္ပံုေတြ လူေတြ စိတ္၀င္တစားနဲ႔ လုိက္ျပင္ဆင္ၾက၊လိုက္၀တ္ၾကခဲ့သလို ေနာက္ပိုင္းသူမကြယ္လြန္ၿပီးခ်ိန္မွာလည္း Lady Diana ရဲ႕ ဖက္ရွင္ေတြနဲ႔ အလွအပေတြက လူေတြၾကားထဲ အၿမဲမွတ္စရာ ျဖစ္ခဲ့ပါတယ္။ အခုခ်ိန္ေတာင္  Lady Diana ရဲ႕ တခ်ိဳ႕ဖက္ရွင္ေတြက ျပန္ၿပီး စတိုင္လ္ထုတ္လို႔ရတဲ့ အေနအထားမွာ ရွိပါတယ္။ ေအာက္မွာ ေျပာျပေပးထားတဲ့ စတိုင္လ္ေတြဟာဆိုရင္ Lady Diana ရဲ႕ ဖက္ရွင္ေတြထဲက ဒီဘက္ေခတ္၊ဒီေန႔ေရစီးေၾကာင္းနဲ႔ လိုက္ဖက္ညီတဲ့ ဖက္ရွင္ေတြပါ။ ျပန္ၿပီး ေသခ်ာ၀တ္လုိက္မယ္ဆိုရင္အသံုး၀င္မယ့္ ဖက္ရွင္ေတြမို႔ စမ္းၾကည့္လိုက္ပါဦး။

Lady Diana

Lady Diana

Shirt နဲ႔ Jean Pant
Shirt ေတြက ဘယ္ေခတ္ေရာက္ေရာက္ ဒိတ္မေအာက္သြားပါဘူး။ ေန႔စဥ္ထသြားထလာလည္း ၀တ္လို႔ရသလို လုပ္ငန္းခြင္မွာလည္း ၀တ္လို႔ရပါတယ္။ Lady Diana ၀တ္သလို ခပ္ပြပြ ရွပ္အက်ၤ ီကို ေအာက္ ဂ်င္းေဘာင္းဘီေလးေတြနဲ႔ တြဲဖက္၀တ္လိုက္မယ္ဆိုရင္ လံုလံုၿခံဳၿခံဳ၊ ရိုးရိုးရွင္းရွင္းေလးနဲ႔ လွသြားမွာပါ။ မိန္းကေလးျဖစ္တဲ့အတြက္ Shirt ၀တ္မယ္ဆိုရင္ အေရာင္ထင္းထင္းေလးေတြ၊ ခ်စ္စရာေကာင္းတဲ့ အေရာင္ေဖ်ာ့ေလးေတြကို တစ္လွည့္စီ ၀တ္ၾကည့္လို႔
ရပါတယ္။

Lady Diana

Lady Diana

Pleated Skirt
Lady Diana ၀တ္ခဲ့တဲ့ ဘာဂ်ာေခါက္တြန္႔ စကတ္လုိ႔ ေခၚတဲ့ Pleated Skirt ေလးေတြကလည္း ခုထိ၀တ္ေနၾကတုန္းပါပဲ။ ေဆာင္းဦးရာသီလိုမ်ိဳးအခ်ိန္ဆို Velvet Pleated Skirt ေလး ၀တ္လိုက္မယ္ဆိုရင္ျဖင့္ ေတာ္ေတာ္ေလး လိုက္ဖက္သြားမွာ ေသခ်ာပါတယ္။ ဒါ့အျပင္ သာမန္ထသြားထလာအတြက္ မဟုတ္ဘဲ Office Outfit မွာပါ ထည့္၀တ္ၾကည့္ပါ။ ရိုးရိုး Midi Skirt ေတြထက္ပိုဆန္းသြားတာ ျမင္ရပါလိမ့္မယ္။ အေပၚက ဆြယ္တာေလးေတြ၊ တီရွပ္ေလးေတြနဲ႔ တြဲ၀တ္ၾကည့္လိုက္ေပ့ါ။

Lady Diana

Lady Diana

Hoodie
လူငယ္ဆန္တဲ့ Hoodie ေတြကိုလည္း Lady Diana ၀တ္ခဲ့ဖူးပါတယ္။ အထူးသျဖင့္  ေပါ့ေပါ့ပါးပါး အျပင္သြားတဲ့အခ်ိန္၊ သာမန္မိသားစုကစားပြဲေတြ သြားတဲ့အခ်ိန္မွာ ၀တ္ခဲ့ဖူးတာပါ။ သူမကေတာ့ Jean Pant ၊ Skirt ၊ Short Pant မ်ိဳးစံုေအာင္ တြဲ၀တ္ခဲ့ပါတယ္။ Hoodie ေတြ ၀တ္မယ္ကုိယ္သြားမယ့္ေနရာ၊ ကုိယ့္ရဲ႕ Mood နဲ႔ တြဲဖက္ၿပီး ေရြးခ်ယ္၀တ္ဆင္လုိက္လို႔ ရပါတယ္။ လူငယ္ဆန္ခ်င္တဲ့အခါ Jean Pant နဲ႔ တြဲလိုက္တာမ်ိဳး၊ မိန္းမဆန္ဆန္ဘက္လည္း
မေရာက္ဘဲ အျမင္ဆန္းခ်င္တဲ့အခါ Skirt လွလွေလးေတြနဲ႔ တြဲလိုက္တာမ်ိဳးေပါ့။

Lady Diana

Lady Diana

Sweater
Sweater မထူမပါးေလးေတြကလည္း Lady Diana ရဲ႕ အႀကိဳက္ေတြထဲမွာပါေလာက္ပါတယ္။ Lady Diana အေနနဲ႔ Sweater ေျဗာင္ေလးေတြ၊ မထူမပါးေလးေတြ မၾကာခဏဆိုသလို ၀တ္တာေတြ႔ရၿပီးေတာ့  Skirt ေတြ၊ ေဘာင္းဘီေတြနဲ႔ တြဲ၀တ္ေလ့ရွိပါတယ္။ Sweater ေရွ႕ကြဲေလးေတြဆုိရင္ အေပၚထပ္အေနနဲ႔ ထပ္၀တ္လုိ႔ရသလို တစ္ထည္တည္း၀တ္၀တ္၊ Sweater ေအာက္က ေကာ္လံပါတဲ့ တီရွပ္ေလး ခံ၀တ္တာျဖစ္ျဖစ္ လုပ္လို႔ရပါတယ္။

Lady Diana

Lady Diana

Dress
Lady Diana တစ္ေယာက္ဟာဆိုရင္ ဂါ၀န္ေလးေတြလည္း ၀တ္တတ္သူပါ။ ကိုယ္နဲ႔ လိုက္ဖက္တဲ့ ဂါ၀န္ေလးေတြ၊ လတ္တေလာ  ေရပန္းစားေနတဲ့
ပံုစံေလးေတြ ေရြး၀တ္ၿပီး လန္းလို႔ရပါတယ္။ Lady Diana ၀တ္တာကေတာ့ဒူးဖံုးဂါ၀န္ေလးေတြ ပိုမ်ားပါတယ္။ ရိုးရိုးရွင္းရွင္းနဲ႔ ၾကည့္လိုက္ရင္ စမတ္လည္းက်၊ ခ်စ္စရာလည္း ေကာင္းတဲ့ပံုစံေလးေတြေပါ့။

Lady Diana

Lady Diana

Spot Fashion
အစက္အေပ်ာက္ စေပါ့လံုးဖက္ရွင္ကလည္း ဘယ္ေတာ့မွရိုးမသြားတဲ့ ဖက္ရွင္ပါ။ Lady Diana ကိုၾကည့္ရင္ စေပါ့လံုးဂါ၀န္ေလးေတြ၊ ဘေလာက္စ္ေတြ ၀တ္တာကို ေတြ႔ရမွာျဖစ္ပါတယ္။ ဒီဘက္ေခတ္မွာေတာ့ အရမ္းမႀကီးလြန္း မေသးလြန္းတဲ့ စေပါ့လံုးေလးေတြနဲ႔ ခပ္ႏုပ္ႏုပ္ စိပ္စိပ္ Spot ေလးေတြက ပုိသင့္ေတာ္ပါတယ္။

Lady Diana

Lady Diana

Blazer Fashion
မိန္းကေလးတစ္ေယာက္အတြက္ မရွိမျဖစ္အထဲမွာ Blazer Coat ေတြလည္းပါပါတယ္။ Blazer ရွိျခင္းအားျဖင့္ ပံုမွန္ကိုယ္၀တ္မယ့္ ၀တ္စံုေပၚမွာ ထပ္လုိက္လုိ႔ရသလို Fashionအသားေပး အေနနဲ႔ ရႈိးထုတ္လုိ႔လည္း ရပါတယ္။ ေနာက္ၿပီး လုပ္ငန္းခြင္၀င္ေနတဲ့ Office Lady ေတြအတြက္လည္း တကယ္ကို လုိက္ဖက္တဲ့အျပင္ Blazer ကို Suit လို ေအာက္က ေဘာင္းဘီနဲ႔ တစ္ဆက္တည္း တြဲဖက္ၿပီး ၀တ္ႏိုင္ပါေသးတယ္။

Lady Diana

Lady Diana

Monochrome Fashion
ေတာ္၀င္မိသားစုတို႔ရဲ႕ ထံုးစံအတိုင္း ရိုးရွင္းၿပီး တန္းျမင့္တဲ့ ဖက္ရွင္ေတြကုိသာ ၀တ္ၾကတာအမ်ားဆံုးမို႔ Monochrome Fashion ကလည္း မေျပာမျဖစ္ပါ။ အခုလတ္တေလာေလးကမွ လုပ္သြားတဲ့ Spring/Summer 2019 Fashion Week မွာလည္း တစ္ေရာင္တည္း ၀မ္းဆက္၀တ္တဲ့ ဖက္ရွင္က ျပန္ေခတ္ထေနေတာ့ Lady Diana တုိ႔ရဲ႕ Monochrome Fashion ကို စမ္းၾကည့္လုိ႔ရပါေသးတယ္။ အထူးသျဖင့္အေရာင္ေဖ်ာ့ေဖ်ာ့ ၿငိမ္ၿငိမ္ေလးေတြကို ၀မ္းဆက္၀တ္ၾကည့္ရင္ ေတာ္ေတာ္ေလး မိုက္မွာပါ။

Su Yi Htet (Akhayar)

[Unicode]

ဒီနေ့တိုင် ခေတ်မီနေဆဲ Lady Diana ရဲ့ ဖက်ရှင်များ

ဗြိတိန်တော်ဝင်မိသားစုက Lady Diana ဟာဆိုရင် Fashion Icon တစ်ယောက်လည်း ဖြစ်ပါတယ်။ သူမသက်ရှိထင်ရှားရှိချိန်မှာတုန်းက သူမရဲ့ ပြင်ဆင်မှုတွေ၊ ဝတ်စားဆင်ယင်ပုံတွေ လူတွေ စိတ်ဝင်တစားနဲ့ လိုက်ပြင်ဆင်ကြ၊လိုက်ဝတ်ကြခဲ့သလို နောက်ပိုင်းသူမကွယ်လွန်ပြီးချိန်မှာလည်း Lady Diana ရဲ့ ဖက်ရှင်တွေနဲ့ အလှအပတွေက လူတွေကြားထဲ အမြဲမှတ်စရာ ဖြစ်ခဲ့ပါတယ်။ အခုချိန်တောင် Lady Diana ရဲ့ တချို့ဖက်ရှင်တွေက ပြန်ပြီး စတိုင်လ်ထုတ်လို့ရတဲ့ အနေအထားမှာ ရှိပါတယ်။ အောက်မှာ ပြောပြပေးထားတဲ့ စတိုင်လ်တွေဟာဆိုရင် Lady Diana ရဲ့ ဖက်ရှင်တွေထဲက ဒီဘက်ခေတ်၊ဒီနေ့ရေစီးကြောင်းနဲ့ လိုက်ဖက်ညီတဲ့ ဖက်ရှင်တွေပါ။ ပြန်ပြီး သေချာဝတ်လိုက်မယ်ဆိုရင်အသုံးဝင်မယ့် ဖက်ရှင်တွေမို့ စမ်းကြည့်လိုက်ပါဦး။

Lady Diana

Lady Diana

Shirt နဲ့ Jean Pant
Shirt တွေက ဘယ်ခေတ်ရောက်ရောက် ဒိတ်မအောက်သွားပါဘူး။ နေ့စဉ်ထသွားထလာလည်း ဝတ်လို့ရသလို လုပ်ငန်းခွင်မှာလည်း ဝတ်လို့ရပါတယ်။ Lady Diana ဝတ်သလို ခပ်ပွပွ ရှပ်အင်္ကျ ီကို အောက် ဂျင်းဘောင်းဘီလေးတွေနဲ့ တွဲဖက်ဝတ်လိုက်မယ်ဆိုရင် လုံလုံခြုံခြုံ၊ ရိုးရိုးရှင်းရှင်းလေးနဲ့ လှသွားမှာပါ။ မိန်းကလေးဖြစ်တဲ့အတွက် Shirt ဝတ်မယ်ဆိုရင် အရောင်ထင်းထင်းလေးတွေ၊ ချစ်စရာကောင်းတဲ့ အရောင်ဖျော့လေးတွေကို တစ်လှည့်စီ ဝတ်ကြည့်လို့
ရပါတယ်။

Lady Diana

Lady Diana

Pleated Skirt
Lady Diana ဝတ်ခဲ့တဲ့ ဘာဂျာခေါက်တွန့် စကတ်လို့ ခေါ်တဲ့ Pleated Skirt လေးတွေကလည်း ခုထိဝတ်နေကြတုန်းပါပဲ။ ဆောင်းဦးရာသီလိုမျိုးအချိန်ဆို Velvet Pleated Skirt လေး ဝတ်လိုက်မယ်ဆိုရင်ဖြင့် တော်တော်လေး လိုက်ဖက်သွားမှာ သေချာပါတယ်။ ဒါ့အပြင် သာမန်ထသွားထလာအတွက် မဟုတ်ဘဲ Office Outfit မှာပါ ထည့်ဝတ်ကြည့်ပါ။ ရိုးရိုး Midi Skirt တွေထက်ပိုဆန်းသွားတာ မြင်ရပါလိမ့်မယ်။ အပေါ်က ဆွယ်တာလေးတွေ၊ တီရှပ်လေးတွေနဲ့ တွဲဝတ်ကြည့်လိုက်ပေ့ါ။

Lady Diana

Lady Diana

Hoodie
လူငယ်ဆန်တဲ့ Hoodie တွေကိုလည်း Lady Diana ဝတ်ခဲ့ဖူးပါတယ်။ အထူးသဖြင့် ပေါ့ပေါ့ပါးပါး အပြင်သွားတဲ့အချိန်၊ သာမန်မိသားစုကစားပွဲတွေ သွားတဲ့အချိန်မှာ ဝတ်ခဲ့ဖူးတာပါ။ သူမကတော့ Jean Pant ၊ Skirt ၊ Short Pant မျိုးစုံအောင် တွဲဝတ်ခဲ့ပါတယ်။ Hoodie တွေ ဝတ်မယ်ကိုယ်သွားမယ့်နေရာ၊ ကိုယ့်ရဲ့ Mood နဲ့ တွဲဖက်ပြီး ရွေးချယ်ဝတ်ဆင်လိုက်လို့ ရပါတယ်။ လူငယ်ဆန်ချင်တဲ့အခါ Jean Pant နဲ့ တွဲလိုက်တာမျိုး၊ မိန်းမဆန်ဆန်ဘက်လည်း
မရောက်ဘဲ အမြင်ဆန်းချင်တဲ့အခါ Skirt လှလှလေးတွေနဲ့ တွဲလိုက်တာမျိုးပေါ့။

Lady Diana

Lady Diana

Sweater
Sweater မထူမပါးလေးတွေကလည်း Lady Diana ရဲ့ အကြိုက်တွေထဲမှာပါလောက်ပါတယ်။ Lady Diana အနေနဲ့ Sweater ဗြောင်လေးတွေ၊ မထူမပါးလေးတွေ မကြာခဏဆိုသလို ဝတ်တာတွေ့ရပြီးတော့ Skirt တွေ၊ ဘောင်းဘီတွေနဲ့ တွဲဝတ်လေ့ရှိပါတယ်။ Sweater ရှေ့ကွဲလေးတွေဆိုရင် အပေါ်ထပ်အနေနဲ့ ထပ်ဝတ်လို့ရသလို တစ်ထည်တည်းဝတ်ဝတ်၊ Sweater အောက်က ကော်လံပါတဲ့ တီရှပ်လေး ခံဝတ်တာဖြစ်ဖြစ် လုပ်လို့ရပါတယ်။

Lady Diana

Lady Diana

Dress
Lady Diana တစ်ယောက်ဟာဆိုရင် ဂါဝန်လေးတွေလည်း ဝတ်တတ်သူပါ။ ကိုယ်နဲ့ လိုက်ဖက်တဲ့ ဂါဝန်လေးတွေ၊ လတ်တလော ရေပန်းစားနေတဲ့
ပုံစံလေးတွေ ရွေးဝတ်ပြီး လန်းလို့ရပါတယ်။ Lady Diana ဝတ်တာကတော့ဒူးဖုံးဂါဝန်လေးတွေ ပိုများပါတယ်။ ရိုးရိုးရှင်းရှင်းနဲ့ ကြည့်လိုက်ရင် စမတ်လည်းကျ၊ ချစ်စရာလည်း ကောင်းတဲ့ပုံစံလေးတွေပေါ့။

Lady Diana

Lady Diana

Spot Fashion
အစက်အပျောက် စပေါ့လုံးဖက်ရှင်ကလည်း ဘယ်တော့မှရိုးမသွားတဲ့ ဖက်ရှင်ပါ။ Lady Diana ကိုကြည့်ရင် စပေါ့လုံးဂါဝန်လေးတွေ၊ ဘလောက်စ်တွေ ဝတ်တာကို တွေ့ရမှာဖြစ်ပါတယ်။ ဒီဘက်ခေတ်မှာတော့ အရမ်းမကြီးလွန်း မသေးလွန်းတဲ့ စပေါ့လုံးလေးတွေနဲ့ ခပ်နုပ်နုပ် စိပ်စိပ် Spot လေးတွေက ပိုသင့်တော်ပါတယ်။

Lady Diana

Lady Diana

Blazer Fashion
မိန်းကလေးတစ်ယောက်အတွက် မရှိမဖြစ်အထဲမှာ Blazer Coat တွေလည်းပါပါတယ်။ Blazer ရှိခြင်းအားဖြင့် ပုံမှန်ကိုယ်ဝတ်မယ့် ဝတ်စုံပေါ်မှာ ထပ်လိုက်လို့ရသလို Fashionအသားပေး အနေနဲ့ ရှိုးထုတ်လို့လည်း ရပါတယ်။ နောက်ပြီး လုပ်ငန်းခွင်ဝင်နေတဲ့ Office Lady တွေအတွက်လည်း တကယ်ကို လိုက်ဖက်တဲ့အပြင် Blazer ကို Suit လို အောက်က ဘောင်းဘီနဲ့ တစ်ဆက်တည်း တွဲဖက်ပြီး ဝတ်နိုင်ပါသေးတယ်။

Lady Diana

Lady Diana

Monochrome Fashion
တော်ဝင်မိသားစုတို့ရဲ့ ထုံးစံအတိုင်း ရိုးရှင်းပြီး တန်းမြင့်တဲ့ ဖက်ရှင်တွေကိုသာ ဝတ်ကြတာအများဆုံးမို့ Monochrome Fashion ကလည်း မပြောမဖြစ်ပါ။ အခုလတ်တလောလေးကမှ လုပ်သွားတဲ့ Spring/Summer 2019 Fashion Week မှာလည်း တစ်ရောင်တည်း ဝမ်းဆက်ဝတ်တဲ့ ဖက်ရှင်က ပြန်ခေတ်ထနေတော့ Lady Diana တို့ရဲ့ Monochrome Fashion ကို စမ်းကြည့်လို့ရပါသေးတယ်။ အထူးသဖြင့်အရောင်ဖျော့ဖျော့ ငြိမ်ငြိမ်လေးတွေကို ဝမ်းဆက်ဝတ်ကြည့်ရင် တော်တော်လေး မိုက်မှာပါ။

Su Yi Htet (Akhayar)